အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ရှိ ယူတီကာမြို့ ကလေးသည် မြန်မာနိုင်ငံမှ အခြေချ နေထိုင်ရန် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အများစု နေထိုင်ရာ မြို့တမြို့ အဖြစ် ထင်ရှား ကျော်ကြား လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်၊ တခြားနိုင်ငံမှ နိုင်ငံသားများလည်း မြန်မာနိုင်ငံသားများ နည်းတူ အရင့်အရင် ကတည်းက ရောက်ရှိလာခဲ့ ကြပြီး ယနေ့ထိ တိုင်လည်း ဆက်လက် လာရောက် နေထိုင်ကြ ဆဲပါ၊ မြန်မာနိုင်ငံသားများ မှာတော့ 1999 ခုနှစ်မှ စတင် ရောက်လာခဲ့ကြပြီး ယနေ့ထိတိုင် ဆက်လက် လာရောက် နေကြဆဲပါပဲ၊ လက်ရှိ အခြေချ နေထိုင်ရန် ရောက်ရှိလာနေသော နိုင်ငံသား အသစ်များမှာတော့ ဘူတန်နိုင်ငံရှိ နီပေါလ် လူမျိုးများ ဖြစ်ကြပါတယ်။
အမေရိကား နိုင်ငံတွင် နိုင်ငံတကာမှ ဒုက္ခသည်များကို အခြေချ နေထိုင်ရန် နိုင်ငံတော် အစိုးရမှ တိုက်ရိုက် တာဝန်ယူပြီး၊ အမေရိကန် နိုင်ငံအတွင်း ဒုက္ခသည်များ၏ အရေးရာ ကိစ္စများကို ဆက်လက်တာဝန်ယူရန် အမေရိကားရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)နှင့် ဘာသာရေး အဖွဲ့အစည်းများမှ တာဝန် ယူလျှက် ရှိနေပါတယ်၊ ထိုအဖွဲ့အစည်းများတွင် ဒုက္ခသည်များ အတွက် သီးသန့်ဖွဲ့စည်းထားသော အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGOs)များမှာ ဒုက္ခသည်များ၏ အရေးကို များစွာ အကူအညီ ပေးနိုင်ကြောင်း တွေ့ရှိလာရပါတယ်။
နယူးယောက်ပြည်နယ်ရှိ ယူတီကာ မြို့တွင်လည်း ထိုနည်းတူစွာ ဒုက္ခသည်များကို အကူအညီ ပေးနေသော အစိုးရ မဟုတ်သော အဖွဲ့စည်း တခု တည်ရှိနေပါတယ်၊ ထိုအဖွဲ့အစည်းမှာ Mohawk Valley Resource Center for Refugee (MVRCR) ဖြစ်ပါတယ်၊ MVRCR သည် နိုင်ငံတကာမှ ဒုက္ခသည်များကို ပြန်လည်နေရာ ချထား ရေး၊ အလုပ်ရရှိရေး၊ ယာယီ စားဝတ်နေထိုင်ရေး၊ ပညာရေး စသော အကူအညီများ ပေးကာ ဘ၀အသစ် ထူထောင်နိုင်ရန် လုပ်ဆောင်ပေးလျှက် ရှိနေပါတယ်၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဒုက္ခများ နေ့တွင်လည်း နိုင်ငံတကာမှ နိုင်ငံသားများ၏ ယဉ်ကျေး မှူများကို ဒေသခံများနှင့် ရင်းနှီးမှူရရန်နှင့် ဒုက္ခသည်များ၏ ဘ၀ကို စာနာ နားလည်စေရန် ဒုက္ခသည်များ နေ့ကို ကျင်းပပေးလေ့ ရှိပါတယ်။
ယခုနှစ်တွင် ကမ္ဘာ့ဒုက္ခသည် များနေ့ကို MVRCR မှ ကြီးမှူး၍ ဇွန်လ၊ ၂၆ရက်၊ ၂၀၁၀ ခုနှစ် (စနေနေ့) တွင် ကျင်းပ ခဲ့ကြပါတယ်၊ ယခုလို နှစ်စဉ် ကျင်းပခဲ့တာဟာ ယခုနှစ်တွင် 7 နှစ် တင်းတင်းပြည့် ခဲ့ပါပြီ၊၊
နှစ်စဉ်နှစ်တိုင်း လိုလို မြန်မာနိုင်ငံသားများက အကများဖြင့် ဦးဆောင် ဖျော်ဖြေလေ့ရှိပါတယ်၊ အထူးသဖြင့် ကရင်အမျိုးသား အကများဖြင့် လည်းကောင်း၊ အခြားတိုင်းရားသား ပေါင်းစုံ ရိုးရာအက များဖြင့် လည်းကောင်း ဖျော်ဖြေ ဖြစ်ခဲ့ကြပါတယ်၊ အခြေအနေ အမျိုးမျိုးကြောင့် ယခုနှစ်မှာတော့ မြန်မာနိုင်ငံသားများ မပါဝင်ဖြစ်ခဲ့ကြပါ သို့သော် နိုင်ငံတကာရှိ နိုင်ငံသား အမျိုးမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှု ဖက်ရှင် လမ်းလျှောက်ပွဲ ကိုတော့ မြန်မာနိုင်ငံသားများ ပါဝင် သရုပ်ဆောင် ခဲ့ကြပါတယ်၊ ယခုနှစ် အထူးအစီအစဉ် အဖြင့် ယူတီကာမြို့သို့ မကြာသေးခင်ကမှ အခြေချ နေထိုင်ရန် ရောက်ရှိလာသော ဘူတန်နိုင်ငံသား နီပေါ လူမျိုးများက ပြဇတ်တို ဇတ်လမ်း တပုဒ်ဖြင့် ကပြ ဖျော်ဖြေခဲ့ကြပါတယ်၊ ပွဲတော်ကို မြို့တော်ဝန်မှ ဖွင့်လှစ်ပေးပြီး၊ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့မှလည်း လာရောက် သရုပ်ပြခဲ့ကြပါတယ်၊ ဆေးရုံများမှ လည်းကောင်း ကြက်ခြေနီအဖွဲ့မှ လည်းကောင်း၊ မြို့ခံ လူမှူရေး အဖွဲ့ပေါင်းစုံမှလည်း သရုပ်ပြ အမျိုးမျိုးနှင့် ပညာပေး အမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြပါတယ်၊ ပွဲတော်ကို ဖြစ်မြောက်ရေးကို ဦးဆောင်ခဲ့သော MVRCR မှ စက်ဘီး ၁၀ စီးကိုလည်း မဲဖောက်ပေးခဲ့ပါတယ်၊ လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စည်ကား သိုက်မြိုက်စွာဖြင့် ညနေ ၅ နာရီကျော်တွင် ပွဲတော်အား အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြပါတယ်။
MVRCR ၏ ကြိုဆိုရေး အဖွဲ့
နိုင်ငံတကာ ရိုးရာယဉ်ကျေးမှူ အ၀တ်အစား ဖက်ရှင်ပွဲ
မိုးရွာနေချိန်မှာတောင် ပွဲတော်အား လာရောက် အားပေးနေကြပုံ
စက်ဘီးလေးများ မဲဖောက်ပေးနေစဉ်
မြန်မာနိုင်ငံမှ ကရင်နီ ညီအကိုမောင်နှမများ အမှတ်တရ
1 comments:
ကိုဇော်ရေ.. လိုအပ်နေတဲ့ activity လေး တခု ပြန်လည်ဖော်ပြထားပေးတာ ကောင်းတယ် ဓါတ်ပုံလေးတွေ ကလဲ စိတ်ဝင်စား စရာ.. နိုင်ငံတကာ အ၀တ်အစားတွေ ၀တ်ပြထား တာ တကယ် စိတ်ဝင်စားတယ်
Post a Comment