
ဒီ ဓါတ်ပုံလေးတွေကို New York က Utica မြို့ မှာ ရှိတဲ့ MVRCR လို့ ခေါ်တဲ့ ရဖျူဂျီး ရုံးမှာ အမှတ်တရ ရိုက်ခဲ့တာပါ၊ ဒီမှာ ပြောချင်တာက၊ ဗမာနိုင်ငံကို 1962 မှာ မတရားသိမ်းပိုက်ကာ အာဏာမြဲခဲ့တဲ့ ဦးနေ၀င်းက အုပ်ချုပ်ခဲ့တဲ့ မဆလ ပါတီရဲ့ အလံတော်ကို တကမ္ဘာလုံးက အသိအမှတ်ပြုထားတာတင်မကဘဲ၊ Refugee များကို အထောက်အကူပေးနေတဲ့ အမေရိကန်က ရုံး တချို့ တွေမှာတောင် အသိအမှတ်ပြုကာ တင်ထားနေတာကို တွေ့ ရလို့ အမှတ်တရ ဖော်ပြပေးတာပါ၊

ဒီရုံးက နိုင်ငံတကာက နိုင်ငံသားများကို Utica မြို့ မှာ ပြည်လည်နေရာချထားပေးရေးအတွက် ဆောင်ရွက်ပေးနေပါတယ်၊ ဒါနဲ့ နိုင်ငံတကာ ကို ကိုယ်စားပြုဖို့ အလံများစွာကို အခုလို ထားထားပါတယ်၊ ဒါပေမယ့်လဲ ဒီအလံတွေထဲမှာ ပြည်သူများကို မတရား ဖိနှိပ်ပြီး အာဏာသိမ်းထားတဲ့ မြန်မာစစ်အစိုးရများရဲ့ အလံကို အသုံးပြုထားတာဖြင့် မြန်မာစစ်အစိုးရကို အသိအမှတ်ပြုရာ ရောက်နေကြောင်း သုံးသပ်မိပါတယ်။ ဒါတင်မကဘဲ မြန်မာနိုင်ငံကြီး လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး၊ နိုင်ငံရေးသမားများကို လည်း စော်ကားရာရောက်နေကြောင်း သုံးသပ်မိပါကြောင်း။
0 comments:
Post a Comment