ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, May 29, 2009

မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး

မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မိုင် ၉၀၀ ခရီးရှည် ချီတက်ခြင်းနှင့် အစာငတ်ခံ ဆန္ဒပြပွဲကို စတင်နေကြောင်း ကြားသိရပါတယ်။ http://longmarchforburma.blogspot.com/

ဒီဘလောဂ့်မှာ သွားကြည့်နိုင်ပါတယ်၊ ဒီရဲဘော်များကို လေးစားမိပါတယ်၊ ကျနော်တို့ မြို့က ရဲဘော် တွေလဲပါတော့ ပိုပြီး ဂုဏ်ယူမိပါတယ်၊ ဒီရဲဘော်များဟာ Indiana ပြည်နယ် Fortwayne မြို့ကနေ နယူးယောက်ပြည်နယ် နယူးယောက် မြို့သို့ ချီတက်နေတာ ဖြစ်ပါတယ်၊ လက်ရှိ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို အတင်းထောင်သွင်း အကျဉ်းချနေတဲ့အချိန်မှာ တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ ကော နိုင်ငံတကာ က မြန်မာပြည် လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းပြီး ဆန္ဒပြနေတဲ့ အချိန်မှာ မြန်မာနိုင်ငံသား ရဲဘော်တစု က အခုလို ပြုလုပ်နေတာကို ကျနော်တို့ အနေနဲ့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိတာ အမှန်ပါ၊ ယခုအချိန်မှာ မြန်မာနိုင်ငံသားအားလုံး ရဲ့  အခန်း က အရမ်းအရေး ကြီးနေပါ ပြီ၊ ကျနော်တို့ အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံဖို့ အရေး ကြီး နေပါပြီ၊ အဘ ဦးဝင်းတင် ကိုလဲ ၀ိုင်းရံ သင့်ပါပြီ၊ မြန်မာနိုင်ငံကြီး စစ်ကျွန်ဘ၀ က လွတ်မြောက်ဖို့ ကျနော်တို့က နည်းလမ်းပေါင်းစုံ ကို သုံးသင့်ပါပြီ၊ အထူးသဖြင့်တော့ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့  အခန်း က ပိုပြီး အရေး ကြီးကြောင်းပါပဲ၊ ပြည်ပမှာ ရှိတဲ့ ပြည်သူတွေကလဲ ဆန္ဒ ဖော်ထုတ်တဲ့ နည်း လမ်းတွေမျိုးစုံ သုံးပြီး ကမ္ဘာကို ပြရမှာပါ၊ မနက်ဖြန် မေလ၊ ၃၀၊ ၂၀၀၉ ခုနှစ်ဟာလဲ ဒီပဲယင်း ၆ နှစ်မြောက် ပြည့်ပါပြီ၊ အမေရိကား ရှိ ရဲဘော်များကလဲ Global Action Day လို့ လှုံ့ ဆော်နေပါတယ်၊ အဲ့ဒီ ဆန္ဒ ပြပွဲကို လဲ သွားရောက်ပြီး ပူးပေါင်းကြပါလို့ တိုက်တွန်းလိုပါတယ်၊ မြန်မာနိုင်ငံရဲ့  အရေး ဟာ တမျိုးသားလုံး ရဲ့  အရေးပါ၊ တမျိုးသားလုံးက ၀ိုင်းဝန်းပြီး ပါဝင်ပူးပေါင်းမှာသာ အောင်မြင်မှု ရမှာ ဖြစ်ကြောင်း ထပ်လောင်းပြောပါရစေ။

0 comments: