ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, June 26, 2009

အနှစ်သက်ဆုံး အနုပညာသည် မိုက်ကယ်လ်ဂျက်ဆင်အတွက် အမှတ်တရ



ကျနော်က ငယ်ငယ်လေးကတည်းကစပြီး အက ကိုဝါသနာပါခဲ့ပါတယ် (ပေါ့ပ်နဲ့ ရောခ့် အက သက်သက်ပါပဲ) အဖေတို့က လုံးဝမကြိုက်ပါဘူး အမြဲတစေ ကျနော့်ကို ဆူပူကြိမ်းမောင်းခဲ့ပါတယ် ဒါပေမယ့် လုံးဝ တားမရခဲ့တဲ့ ၀ါသနာကို စစေခဲ့တာကတော့ အခု တမလွန်ကို ပြောင်းရွှေ့သွားတဲ့ မိုက်ကယ်ဂျက်ဆင်ပါပဲ အရွယ်ရောက်တဲ့ အချိန်ကစပြီး အခုအချိန်အထိလဲ music သံ ကြားရင် ခြေထောက်တွေ လက်တွေ ခေါင်းတွေ က အငြိမ်နေလို့ မရသေးပါဘူး........

မှတ်မှိနေပါသေးတယ် ကျူရှင်သွားရင်း လက်ဘက်ရည် ဆိုင်အရှေ့မှာ သူငယ်ချင်းများနဲ့ ချိန်းပြီး ကခဲ့လို့ အဒေါ်တွေက မိဘများကိုတိုင်လိုက်လို့ အရိုက်ခံလိုက်ရသေးတာတွေ....... ဆောင်းတွင်းတွေမှာ မနက် အစောကြီးထပြီး ကျမ်းမာရေးလုပ်မယ်လို့ (အပြေး) လိမ်ပြောကာ သုဝဏ အားကစားကွင်း (တရုတ်ကွင်း) မှာ သွားပြေးရင်း သူငယ်ချင်းများနဲ့ ချိန်းကာ မိဘ မသိအောင် ခိုးခိုးပြီး က ခဲ့တာတွေကိုလည်း ဒီနေ့မှာ စုပုံပြီး အမှတ်ရနေပါတယ်....

ဒီနေ့ အရမ်းဝမ်းနည်း နေမိတယ်ဗျာ .... ကျနော် အရမ်းမြတ်နိုး၊ ရူးသွပ်ခဲ့ရတဲ့ အကပညာရှင်၊ အနုပညာရှင် တယောက် ဤလောက ကြီးက အပြီးအပိုင် ထွက်သွားလိုက်ရလို့လေ............ မိုက်ကယ်ဂျက်ဆင် တယောက် ကောင်းရသုဂတိလားပါစေဗျာ... ဘုရားသခင်ကောင်းချီးပေးပါစေ.... ကောင်းရာဘုံမှာစံမြန်းနိုင်ပါစေလို့ ဆုတောင်းရင်း.....
(အထက်ကဗွီဒီယိုလေးကို အလွမ်းပြေကြည့်မိပါတယ်)

သူကိုချစ်တဲ့ ကျနော်
ကိုဇော်

6 comments:

Anonymous said...

အေးဗျာ.... ကျွန်တော်လဲ ကြားကြားချင်း ဆေးရုံကို ပြေးကြည့်မိတယ်။ သူ့သီချင်းတွေကို အရမ်းကြိုက်ဗျ.... အကကတော့ ပြောမနေနဲ့ သူက POP ဘုရင်ကိုးဗျ

ဝက်ဝံလေး said...

အင်းးးး မမမျက်မှန်လေး ဆီမှာ တွေ့လို့ ဖတ်ပြီးပါပြီ ငယ်ငယ်နဲ့ကြွေသွားရှာတာကိုးနော် ကိုဇော်ရေ

အယ် ယောင်းမြူးကခေါ်တယ် ကိုကြီးတဲ့ ကဲ ဘယ်ဟာကိုယုံရမှာလဲနော် ဟွန်းးး နော် ငှက်ကို ခေါင်းရှုတ်အောင် မလုပ်နဲ့နော် ဘာမှတ်လဲ ရည်းစားထားလိုက်မှာ ဗျ ဟဟဟဟဟဟ

နေဟယ် အသက်မပြောလဲ ယောင်းမြူးပြောပုံအရ ဆိုရင် ကြီးမယ်ထင်တယ် (အသက် ) ကိုဇော်လို့ပဲ ပြန်ပြင်ခေါ်တော့မယ် ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ် ဘိုင်

မြူးလေး said...

ကိုကြီး
စိတ်မကောင်းဘူးနော်
ကိုကြီးဆရာသမားအတွက်
မြူးလဲကြိုက်ပါတယ်
သူ့အကကိုလေ
ကိုကြီးအကကိုဟုတ်ဖူးနော်
ဟီးးးးးးးးးးးငှဲငှဲငှဲ

ချစ်တဲ့
ညီမလေး

ကိုလူထွေး said...

အဲဒီသီချင်းကတော့ မိုက်ကယ်ရဲ့ အဓိပ္ပာယ်အပြည့်ဝဆုံးသီချင်းတွေထဲက တပုဒ်ပါပဲဗျာ...

Sein Lyan Tun said...

ကျနော်လဲ မိုက်ကယ်ဂျက်ဆင်အကဆိုသိပ်ကြိုက်...


နှမြောမိတယ်...


သူ့သီချင်းတွေ ဒီနေ့ထိနားထောင်လို့ကောင်းတုန်းပါ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

rose of sharon said...

ကျမတော့သူ့ရဲ့လူသားအကျိုးပြုသီချင်းတွေကို ကြိုက်တယ်...