ပိုစ့်တွေအမြဲတမ်းလဲ မတင်ဖြစ်တဲ့အတွက် ကိုယ့်စီလာနေတဲ့ အပေါင်းအသင်းများကိုလည်း အားနာမိတယ် ပိုစ့်တွေမတင်ဖြစ်တိုင်း အလုပ်တွေ အရမ်းရှုပ်နေတယ်လို့ ပြောနေရမှာလဲ သူများတွေကို ကြွားရာ ကြမှာလဲ သတိထားနေရတယ်၊ တကယ်တော့ ကျနော်က ကျောင်းတဖက်အလုက်တဖက်နဲ့ မြန်မာနိုင်ငံအတွက် Campaign တွေ အပါအ၀င် တခြားသောလုပ်ငန်းတွေနဲ့ တကယ်ပိနေတာပါ၊ ဘလောဂ့်ဂင်းရတာကို အရမ်းမြတ်နိုးနေတဲ့အချိန်နဲ့ အလုပ်တွေအရမ်းများနေတဲ့ အချိန်တွေ လာတိုက်ဆိုင်နေတော့ တကယ်ကို မအားလပ်တော့ပါဘူး၊ အခုလဲ ကွန်မသုံးရတာ ၂ ရက် ရှိသွားပြီ၊ အမြဲလုပ်နေကျဖြစ်တဲ့ သတင်းနားထောင်တဲ့ ကိစ္စကိုတောင် မလုပ်ဖြစ်ခဲ့ဘူး၊ အခုတခြားမြို့ ကို ခရီးထွက်ခဲ့တယ် Burma VJ ကိစ္စနဲ့လေ၊ ပြန်ရောက်လာရင် ဒီအကြောင်းပိုစ့်လေး တင်ပေးအုံးမယ်၊ ဒါနဲ့ အရေးကြီးတာလေးတခု တင်ချင်တယ်ဆိုပြီး Connection ရှိတဲ့နေရာလေးကို ရှာဖွေပြီး တို့မြို့ က ကြောင်းလေးကို ကြော်ငြာဝင်လိုက်ပါတယ်။
အောက်က ကြော်ငြာလေးပါ .....
အဆိုတော် Rဇာနည်၊ ချစ်ကောင်း၊ ဇော်ပိုင် နှင့် သဇင်တို့ အပါအ၀င် Lazy Club ၀ိုင်းတော်သားများ USA Tour 2009 ထွက်လာခဲ့တာ လူတွေလဲ ကြားကြမှာပေါ့၊ ဒါနဲ့ ကျနော်တို့ မြို့ က လုပ်နေကြအလုပ်ဖြစ်တဲ့ ရန်ပုံငွေ ရှာဖွေပွဲလေး တခုလုပ်ဖို့ ကြိုးစားကြတယ်၊ ဒီပွဲလေးက ရလာတဲ့ အကျိုးအမြတ်ကို ပြည်တွင်းကို ပို့ကြမယ်လေ၊ ဒီပွဲလေးကို ကျနော်တို့ မြို့ အနားမှာရှိတဲ့ လူတွေ လာကြည့်လို့ ရအောင် ဒီနေရာကနေ ကြော်ငြာဝင်ပေးလိုက်တာပါ။
ပွဲအစီအစဉ်
နေ့ရက် ၊ ၊ စက်တင်ဘာလ၊ ၂၆ ရက်၊ ၂၀၀၉ ခုနှစ် (စနေနေ့)
အချိန် ၊ ၊ နေ့လည် ၁၂ နာရီတွင် ရံပုံငွေ ဈေးရောင်းပွဲတော် စ၍ မွန်းလွဲ ၂၊ ၀၀ နာရီမှ ညနေ ၇၊၀၀ အထိ Stage Show
နေရာ ၊ ၊ Proctor High School, ယူတီကာ၊ နယူးယောက်
13 comments:
ဟောဗျာ
မြင်သာမြင်မကြင်ရဖြစ်နေပြီ
လုပ်တဲ့ပွဲက ဟိုးအဝေးမှာ
ချစ်ကောင်းရဲ့စင်ပေါ်ကဆိုဟန်လေးတွေတော့
ပြန်ကြည့်ချင်ပါရဲ့
ဒို့ ကတော့ ကြင်ရတယ်ဟေ့
သွားကြင်မှာ ဟဟ
ပွဲကောင်းလေးတွေ ကြည့်နိုင်ကြပါစေဗျာ။
ဟဟဟ မြူးကြွားလို့ သိတယ် ကိုဇော်ရေ anonymous က မြူးမလား ဟွင်းးးးးး ကြည့်ခဲ့အားရအောင် ကြည့်ခဲ့မြူးရေ ခိခိ ညီမကတော့ အဲဒါတွေ သိပ်စိတ်မဝင်စားဘူးရယ် လူရှုပ်လို့ ဟိဟိ ပိန်းတယ်ပဲ ပြောပြော ဘာပဲပြောပြော လေ ဟက်
ကဲမြူးနဲ့ ကိုဇော်ရေ ပြီးရင် ဓာတ်ပုံလေးတွေ တင်ဦးနော် သိလား ဘိုင် တာ့တာ
သွပ်ပြားလဲ ကြည့်ချင်တာပေါ့ ..
ကိုဇော်ရေ .. ပွဲက ပုံတွေ ရိုက်ပြီး video file လေးတင်ပေးနော် ...(လက်စွမ်းရော ခြေစွမ်းရော အကုန်သာပြပြီး တွေ့ သမျှကျုံးရိုက်ပေတော့ ..)ပုံတွေ ပြောပါတယ်... အကျင့်ရအောင် လို့ လေ ..
(ဝက်လေး ကိုတော့ ဘလော့တကာလည် ဘွဲ့  ပေးရမယ် ဝေ့ ) ... ပြီးတော့ ပဟေဋိ အဖြေညှိ တာလည်း တယ်ဟုတ်ပါလား .. မြူးလေး တောင် မျက်ခုံးလှုပ် နေပြီ သိလား ..သိလားးးး ..ဟိဟိ
လုပ်ပြီး...
အလုပ်ရှုပ်နေပါတယ်ဆိုမှ. အားမနာတမ်းပြောနေပြန်ပြီး
ကိုဇော်ရေ... တင်ထားတဲ့သချင်းက
မြူးနေတာပဲ.. ဟား..ဟား..ဟား..
ကျွန်တော်တို့ အကိုက ပျော်နေပုံရတယ်နော်..
ဘလော့ကိုဖွင့်လိုက်တာနဲ့ ဟောလိုက်တာနော်..
ရပ်တယ်ဗျာ... အလုပ်လုပ်ရင်း ကျောင်းတက်ရတာဆိုတော့ ဘယ်လွယ်မလဲဗျ..
ကျွန်တော်တောင် အလုပ်တစ်ခုပဲလုပ်တာ..
တစ်ခါတစ်လေ.. နှစ်ရက်လောက်ကို ဘယ်မှမေ၇ာက် ဖြစ်ဘူး..
အပြင်သွားရတာနဲ့ ဟိုလူကခေါ် ဒီလူကခေါ်နဲ့
အိမ်တာင် ပြန်မေ၇ာက်ဘူး..
ပျော်ရွင်ပါစေဗျာ............
ဟိ ဟိ သဇင် အကြောင်းကတော့မွှေးနေတာပဲ
ကိုကြီးဇော် ဘော်ဘော်တွေ အတွက် ရိုက်ချက် ကောင်းကောင်းနော်
ဒေါ်မြူးရှရီ
r နီ က ကလေး အဖေကြီးနော်
ဇော်ပိုင် ကလဲ မမကြီး ကကပ်လိုက်နေတာတဲ့
ဦး ချစ်ကောင်း ပဲ ကျန်မယ်းP
ကြည့်ချင်ပေမယ့်.........
ကိုဇော်ရေ..လုပ်ပါဗျို့ ။ ဖြစ်နိုင်ရင် ဗီဒီယိုဖိုင်လေးပဲ ဖြစ်ဖြစ်၊ မဖြစ်နိုင်ရင်လည်း ဗီဒီယိုဖိုင်လေးပဲ ဖြစ်ဖြစ်.. တင်ပေးပါ...အဟီး။
yu ya
လက်မှတ်ဝယ်ထားပြီးပါပြီ...ရှေ့ဆုံးတန်းက
၁၀၀ ပေးရတယ်..ယူတီကာပွဲတော့ မဟုတ်ပါ
နယူးယော့ခ်အောက်ပိုင်းကပွဲပါ...
အာဇာနည် နဲ့ ဇော်ပိုင်တော့ မိန်းမတွေကြောက်လို့ ပတ်ပြေးနေရတယ်..
ချစ်ကောင်းကတော့ သူ့မဖက်ခင် သူကအရင်ဖက်လိုက်တယ်တဲ့လေဗျ...ဟုတ်မဟုတ်တော့
မသိဘူး ...ကိုယ်တိုင်မတွေ့သေးလို့...
စိုးသူပွဲတုန်းကတော့ စိုးသူတော့ တချိန်လုံး အဖက်ခံနေရတာတော့ ကိုယ်တိုင်တွေ့ခဲ့ရလို့ ယုံတယ်ဗျို့ ...အနုပညာသည်ဆိုတော့ ဒီလိုပါဘဲလေ..
ဘလော့ ထဲမှာလာဖတ်ဝင်ဖတ်နေသူတွေကို
ကိုယ်သိသလောက်လေးတွေကိုပေးချင်ပြောချင်တဲ့ 
စေတနာအရာမှာတော့  ကျွန်တော်တို့ အားလုံးတူကြ
ပါတယ်ဗျာ။အလုပ်များလို့ ၊ပင်ပန်းလွန်းလို့ မရေးနိုင်
ခဲ့ ပေမဲ့  ကိုယ်သိမိ၊ခင်မိတဲ့ ဘလော့ မိတ်ဆွေတွေကို
တော့ အမြဲသတိရလျက်ပါလို့ ..။
တယောက်စာ ပိုကြည့်ပေးပါဗျို့
းဝ)
Post a Comment