Moe.DownX ပွဲတော်သို့
(ဝေမျှခြင်တဲ့ပိုစ့်လေးတခုကို နာမည်ပေးခြင်တာနဲ့ အတော်လေးစဉ်းစားခဲ့ရတယ်၊ စဉ်းစားတာများလာတော့ ခေါင်းတောင် နောက်လာတယ် ဒါနဲ့ပဲ နှစ်သက်တဲ့ခေါင်းစဉ်လေးတခုကိုပဲ ရေးချမိလိုက်တယ်၊ အများတကာအတွက် ဒီခေါင်းစဉ်လေးဟာ စိတ်အနှောင့်အယှက်လေးဖြစ်ခဲ့ရင် ပထမဦးစွာ တောင်းပန် ပါရစေလို့ …..)
ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းဆိုတော့ ဘုရားဖူးသွားခဲ့တယ်လို့တော့ မထင်လိုက်ကြပါနဲ့၊ မြန်မာပြည်အတွက် Campaign တခုကိုလုပ်ခဲ့ရင်း နောက်ထပ် အတွေ့အကြုံဗဟုတုတ တခုက အလိုလို အကျိုး ဖြစ်ထွန်းသွားတာကို ဆိုလိုခြင်တာပါ၊ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်ရဲ့  သမိုင်းတခုကို အမေရိကန် ပြည်သားများ ပိုမိုသိရှိသွားအောင် ကမ္ဘာတလွှားမှာ နာမည်အရမ်းရပြီး အောင်မြင်နေတဲ့ Documentary Movie တခုကို သွားရောက်ပြသရင်း အမေရိကန်မှာရှိတဲ့ အမေရိကန်လူမျိုးတွေရဲ့  ပျော်ပွဲရွှင်ပွဲလေး တခုကို သွားရောက်လေ့လာမိကာ ကိုယ်တိုင် ပါဝင်ကြည့်ရှု့ခံစားလိုက်ခဲ့ရတာကို ဆိုလိုခြင်တာပါ။
ကျနော်… အမေရိကန်ပြည်ထောင်စုကို ရောက်ကတည်းက အမေရိကန်တွေဟာ အလုပ်နဲ့အိမ် လုံးလည် ချာလည်ပတ်ကာ အသက်ရှင် ရပ်တည်နေရတယ်လို့ ထင်ထားမိခဲ့ပါတယ်၊ တကယ်တမ်း ဒီပွဲလေးကို ကိုယ်တိုင်ရင်ဆိုင်လိုက်ရတဲ့ အခါကျတော့ အမေရိကန်တွေလဲ ကျနော်တို့လိုပဲ ပျော်တတ်ရွှင်တတ် ကြပါလားလို့လည်း သုံးသပ်မိလိုက်တယ်၊ ဒါပေမယ့် တချိန်လုံးတော့ အပျော်ကျူးနေကြတာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ မြန်မာပြည်မှာလိုပဲ ရွာတွေ၊ မြို့ တွေက ဘုရားပွဲများလို ပျော်ပွဲရွှင်ပွဲလေးများကို မြတ်နိုး တတ်ကြကြောင်း အတွေ့အကြုံလေးတွေ ရခဲ့ပါတယ်။
တကယ်တမ်းကျတော့ ကျနော်ကိုယ်တိုင်က အမေရိကန်လူမျိုးတွေရဲ့  ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ရာဇ၀င်သမိုင်းနောက်ခံများကို လေ့လာမှုအားနည်းတာတွေ၊ မလေ့လာဖြစ်တာတွေလို့လည်း ပြန်လည်သုံးသပ် မိပါတယ်၊ ဒါတွေနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ အဆင် ပြေသလို တင်ပြပေးသွားပါ့မယ်။
ကျနော်တို့ရဲ့  ခရီးစဉ်လေး ဖြစ်ပေါ်လာပုံ အကျဉ်း
မြန်မာနိုင်ငံမှာ သံဃာတော်များက ဦးဆောင်ပြီး ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးနှင့် လူမှုရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ၂၀၀၇ ခုနှစ်တွင် လမ်းမပေါ်တက်၍ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်၊ ဒီမေတ္တာပို့ပွဲမှာ စစ်အစိုးရက မိမိတို့ကိုးကွယ်နေသော သံဃာတော်များကို ၀ိုင်းဝန်း ဖမ်းချုပ်၊ ရိုက်နှက်၊ ပစ်သတ်ခါ ထောင်များဆီသို့လည်း ပို့ခဲ့ပါသေးတယ်၊ ဒီကိစ္စကို မခံမရပ်နိုင်သော မြန်မာနိုင်ငံသားများက “ရွှေဝါရောင် သံဃာ့အရေးအခင်း” “Saffron Revolution” လို့ ကင်ပွန်း တပ်ခဲ့ကြပါတယ်၊ ဒီတော်လှန်ရေးကြီးကို မြန်မာနိုင်ငံသားများအပါအ၀င် ကမ္ဘာ့လူထုကြီးကလည်း မခံမရပ်နိုင်ဖြစ်ကာ စစ်အစိုးရအား ပြစ်တင်ဝေဘန် ခဲ့ကြပါတယ်၊ ဒီအရေးအခင်းမှာ ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တချို့ ဟာလည်း စစ်အစိုးရရဲ့  ဖမ်းဆီးချုပ်နှောင်မှုကို မလိုလား၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရင်း နိုင်ငံတကာသို့ ရောက်ရှိလာခဲ့ကြပါတယ်၊ ဒီလို နိုင်ငံတကာသို့ ရောက်ရှိလာကြသော သံဃာတော်များထဲမှ တချို့  သံဃာတော်များဟာ ကျနော်တို့မြို့ ကလေးသို့ ရောက်လာခါ သီတင်းသုံး နေကြပါတယ်။
ကျနော်တို့မြို့ လေးထဲမှာလည်း နိုင်ငံရေးအခြေခံရှိတဲ့ အမေရိကန်နိုင်ငံသားများက မြန်မာနိုင်ငံက သံဃာ့အရေးအခင်း အကြောင်းကို စိတ်ဝင်စားကာ ဒီမြို့ ကို ရောက်ရှိလာကြတဲ့ သံဃာတော်များကို လာရောက်ဖူးကြခါ ဆက်သွယ်လာခဲ့ကြပါတယ်၊ ပြီးတော့ သံဃာတော်များကို သူတို့ရဲ့ အိမ်တွေမှာ ပင့်ဖိတ်၍ ဆွမ်းခဲဘွယ်များ ဆက်ကပ်လူဒါန်းနေကြပါတယ်၊ ဒီလို ဆွမ်းဖိတ်ကြွေးကြတဲ့ထဲမှာ သီချင်းလဲဆို ဂီတာလည်းတီးပြီး Moe လို့ခေါ်တဲ့ တီးဝိုင်းကို ဦးဆောင်နေတဲ့ Director တယောက်ဖြစ်တဲ့ Al Schnier ဆိုတဲ့ လူတယောက်လဲ အပါအ၀င်ပါ၊ သူဟာ ရွှေဝါရောင်ကိုယ်တော်များကို အလွန်မှ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တယောက်ဆိုတာ ကျနော် ဒီ Moe.DownX လို့ခေါ်တဲ့ ဂီတပွဲတော်လေးကို သွားရောက်ရင်း လက်တွေ့ သိလိုက်ရပါတယ်၊ ဒီ Al ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကျနော်တို့မြို့ က သံဃာတော်များကို မကြာခဏ သူရဲ့ အိမ်ကို ပင့်ဖိတ်၍ ဆွမ်းကပ်လူနေသူပါ၊ သံဃာတော်များကိုလည်း ကြည်ညိုရင်း၊ နဂိုကတည်းက မြန်မာ့အရေးကို စိတ်ဝင်စားနေတဲ့ Al ဟာ သူတို့ပြုလုပ်မဲ့ Moe.DownX ပွဲလေးမှာ ဒီပွဲကိုလာမယ့် အမေရိကန်လူမျိုးများကို မြန်မာနိုင်ငံအကြောင်း “ရွှေဝါရောင်သံဃာ့အရေးအခင်း” အကြောင်းကို အသိပေးခြင်တာနဲ့ ဒီပွဲတော်မှာ Burma VJ လို့ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်ကားကို လာပြသရင်း မြန်မာနိုင်ငံအကြောင်းကို Lobby လုပ်ပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ကျနော်တို့မြို့ က သံဃာတော်များအပါအ၀င် ကျနော်တို့သူငယ်ချင်းတချို့ လဲ လိုက်ပါသွားခဲ့ကြပါတယ်။
ကျနော်တို့ သွားရောက်ပြသခဲ့တဲ့ Documentary movie ဆိုတာကတော့ ယနေ့ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး အရေအသွေးရှိ၊ အဆင့် အတန်းမှီကာ reality ကို တကယ်ပြသထားတဲ့၊ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ကားလေးတစ်ကားပါ၊ ရုပ်ရှင်ပွဲတော်များမှာလည်း ပထမဆုကို ဆွတ်ခူးပေးခဲ့တဲ့ ကားလေးတစ်ကား လည်းဖြစ်ပါတယ်၊ (ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မိမိတို့ကိုယ်တိုင် သီးသန့် လေ့လာ စေချင်ပါတယ်)၊ ကျနော်ကတော့ ဒီနေရာမှာ အနည်းအကျဉ်းသာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
မှတ်တမ်းရုပ်ရှင်ကားလေးရဲ့  အမည်ကတော့ “BURMA VJ” BURMA VIDEO JOURNALIST လို့ ခေါ်ပါတယ်၊ ဒီရုပ်ရှင်ကားရဲ့  ဇတ်ကြော အကျဉ်းကတော့ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ “ရွှေဝါရောင် တော်လှန်ရေး” “Saffron Revolution” ရဲ့  သမိုင်းကို အဓိကထားပြီး ရိုက်ကူးထားတာပါ၊ ဒီတော်လှန်ရေးကို နိုင်ငံတကာက အချိန်နဲ့တပြေးညီသိရှိရအောင် ၀ါသနာရှင် video သတင်းထောက်များက ဘ၀၊ အသက်များနှင့် စတေးကာ စွန့်စားရိုက်ကူးခဲ့ရပုံများကို DVB အသံလွှင့်ဌာန က ဦးဆောင်၍ ထုတ်ဝေဖြန့်ချီခဲ့တာပါ။ ဒီရုပ်ရှင် ကားရဲ့  ဒါရိုက်တာကတော့ Anders Ostergaard ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့  နမူနာကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။
(ဓါတ်ပုံ ၀ဲမှယာ - အရှင်ပညာအဂ္ဂ၊ အရှင်ဦးဃောသိတ၊ အရှင်ဦးပညာဇောတ၊ Nickie (USCampaignforBurma) Al Schiner Moe ခေါင်းဆောင်)
(အရှင်ပညာအဂ္ဂမှ မိန့်ကြားနေစဉ်)ပွဲတော်သို့သွားရောက်ခဲ့သော တို့မြို့ မှ မြန်မာနိုင်ငံသားများ
(ဒုတိယပိုင်း .. ဆက်ရန် …. မျှော် ….. )
ကိုဇော်
13 comments:
စာတွေလာဖတ်သွားတယ်ကိုဇော်ရေ ဒုတိယပိုင်း ရေးပြီးရင် သံချောင်းချေက်လိုက်ဦးနော်း)
ရှယ်ပဲဗျာ
စွန့် စွန့် စားစား ရိုက်ယူထားပေးတဲ့ ဗီဒီယို ရိုက်ကူးသူရဲ့ကျေးဇူးကြောင့် တကဲ့ အဖြစ်မှန်တွေကို ကမ္ဘာက သိခွင့်ရခဲ့တာနော် ....
စိတ်မကောင်းစရာ မြင်ကွင်းတွေ ကို ရင်နင့်စွာ ထိတ်လန့်စွာကြည့်သွားပါတယ် ..
ဒီလို ပြန်ဝေမျှပေးတာ ကျေးဇူးပါဘဲ ကိုဇော်ရေ ..
မတရားမှုဆိုတာ ဆိတ်ကွယ်ရာ မရှိပါဘူး ။
မတရားမှု ပြုလုပ်ခဲ့သူများဟာလည်း တနေ့ တူသော အကျိုးပေး ပြန်ခံကြရမှာပေါ့လေ ။။
တူဖြစ်တုန်းနှံထားကြပစေအုံး ...
ပေ ဖြစ်တဲ့တနေ့  ရောက်လာတော့မှာပါ ။။
ကိုဇော်တခါ စကားပြောတုံးက ပြောပြလို့ အကြမ်းဖျင်းတော့ သိရတယ် video ပြန်ကြည့်ရတာ စိတ်ထဲ သိပ်မကောင်းဘူး ကိုဇော်ရယ် ရိုက်တဲ့လူကလဲ စွန့်စွန့်စားစား ရိုက်တတ်လိုက်တာ
ကိုဇော်ရေ
Al ဆိုတဲ့ ပုဂ္ဂိုလ်ကိုတော့လေးစားပါတယ်
trailerကြည့်သွားတယ်
ထွက်လာမှပဲအစအဆုံးကြည့်ရမယ်
ကိုကြီးဇော်ရေ ကျွန်တော်လည်း ဘလော့ခ် ပိတ်ပြီးကတည်းက ဘယ်မှ သိပ်မရာက်ဖြစ်ဘူးလေ
အခုတော့ ပြန်ရောက်လာပြီနော် လန်ဒန်မှာလည်း ပြသွားတယ်လေ ကျွန်တော်ကတော့ သွားမကြည့်ဖြစ်လိုက်ပါဘူးဗျာ ကြည့်ချင်တယ်ဗျ
နောက်မှ ရှာကြံပြီး အခွေရအောင်လုပ်ပြီး ကြည့်တော့မယ် ဒုတိယပိုင်းကိုလည်း မန့်ဖို့ စောင့်နေတယ်နော်
တာ့တာ ပါခင်မျာ
ကိုဇော်
နောက်ဆက်ရန်တွေလဲ
စိတ်ဝင်စားစရာကောင်းမှာအမှန်
ဒီ BURMA VJ က ခုကိုဇော့်ဆီ ကြည့်မိတော့လဲ မျက်ရည်ထပ်ဝဲ ရပြန်တယ် အံကြိတ်မိပြန်တယ်
လာဖတ်သွားတယ်နော်... ဒုတိယပိုင်းမျှော်နေမယ်
လာဖတ်သွားတယ်နော်
ရင်နာစရာအဖြစ်တွေကို မမေ့နိုင်ဘူး
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ ကျနော် Burma VJ ကို ကြည့်ပြီးတာ သိပ်မကြာသေးဘူး။ ကြည့်လို့ အတော်လေး အဆင်ပြေပါတယ်။ ထပ်ကြည့်ချင်စိတ် ရှိသေးတယ်။ အင်တာနက်မှာ လင့်ခ်ကလေးရှိရင် မျှပေးခဲ့စေချင်ပါတယ်။ အပြည့်အစုံပေါ့။
ခုလို အမေရိကန်ရောက် မြန်မာအကြောင်းလေးတွေကို တင်ပြပေးတာ အကျိုးရှိပါတယ်။ အားလုံး သိကြရတာပေါ့။
ပျော်ရွှင်ပါစေ။
ဗီဒီယိုကြည့် ဖြစ်တယ်ဗျ.။ပြောချင်တာက ဒီကောင်တွေ
ကွန်မြူနစ် နဲ့ တောင်ခပ်ဆင်ဆင်ရယ်၊ ကွန်မြူနစ်တွေက
ဘုန်းဘုန်းတွေကို ဆန်ကုန်မြေလေးလို့ သမုတ်ပြီးသံဃာ
တွေကို သင်္ဃန်းတွေဆွဲချွတ်ပြီး ယူနီဖောင်းချုပ်ဝတ်ခဲ့ 
တယ်။ရွာငါးရွာမှာ တစ်ကျောင်းပဲထားခွင့် ပေးခဲ့ တယ်
သူတို့ ကြီးစိုးခဲ့ တဲ့ နယ်တေါမှာပြောတာ။ရွှေတိဂုံဘုရား
က ထူပိန်းနေတဲ့ ရွှေတွေကိုကြည့် ကြည့် ပြီးနှမြော
နေတတ်တယ်၊ဒီကောင်တွေလဲဒီတိုင်းပဲလို့ ကျွန်တော်ပြောရင်မလွန်ဘူးထင်ပါတယ်နော်။
ဖတ်မန့် ပြန်ပြီ
ထွေလာကြည့်လိုက်ရမှ အစအဆုံး ကြည့်ချင်လာတယ် ကိုဇော်ရ...
၂၇ ရက်နေ့ Baldwin Park မှာ ပြမယ့်ပွဲအတွက် ဖိတ်စာတော့ရထားပြီ...
လာလို့တော့ မလွယ်ဘူး...း(
(ဒုတိယပိုင်း မျှော်နေမယ်)
းဝ)
အင်..
ကောင်းတယ်ကိုဇော်ရေ..
အားပေးပါတယ်..
ဗွီဒီယိုလည်းကြည့်သွားတယ်..
စိတ်မကောင်းဘူးဗျာ..
Post a Comment