ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ဆန္ဒပြပွဲ. Show all posts
Showing posts with label ဆန္ဒပြပွဲ. Show all posts

Sunday, October 4, 2009

ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အခမ်းအနားမှ ကိုပန်ချာ ပြောကြားခန်း



ရွှေဝါရောင် ၂ နှစ်ပြည့်အခမ်းအနားကို နယူးယောက်မြို့ ရှိ United Nation အဆောက်အဦးရှေ့  တွင် ကျင်းပခဲ့သည် အခမ်းအနား၌ နယူးယောက်မြို့ ရှိ မြန်မာနိုင်ငံသားများ၊ ရွှေဝါရောင်ကိုယ်တော်များနှင့် ယူတီကာမြို့ မှ မြန်မာ့ဒီမိုကရေစီအင်အားစုများ သွားရောက်ဆန္ဒပြခဲ့ခါ ကျင်းပခဲ့ကြပါတယ်။

ကိုဇော်

Saturday, October 3, 2009

ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်နှင့် နိုင်ငံတကာ ဆန္ဒပြပွဲ



အမေရိကန်ပြည်ထောင်စု United Nation ရုံးရှိ နှစ်ပတ်လည် ယူအန် အစည်းအဝေးတွင် အမေရိကန်သမ္မတ မစ္စတာအိုဘားမားမှ အမှာစကားပြောကြားသော စက်တင်ဘာလ၊ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံတကာမှ အတိုက်အခံများနှင့် မြန်မာနိုင်ငံသားများမှ သွားရောက် ဆန္ဒပြနေကြစဉ်၊ မြန်မာနိုင်ငံသားများကလည်း Saffron Revolution ၂ နှစ်ပြည့် နှစ်ပတ်လည်ကို ထိုနေ့တွင် ကျင်းပခဲ့ကြသည်။

(မှတ်ချက် - ပိုစ့်အဖြစ်မတင်နိုင်သောကြောင့် ဗဟုသုတ အဖြစ်သာ မှတ်တမ်းဓါတ်ပုံများ တင်ပေးလိုက်ပါတယ်)
ကိုဇော်

Saturday, June 6, 2009

ဆက်လျှောက်နေဆဲ

မနေ့ညက ရဲဘော်မင်းရွှေဦး၊ ရဲဘော်မောင်မောင်တိတ်နှင့် ရဲဘော်ကျော်ထွန်းတို့နဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်၊ သူတို့လျှောက်နေတဲ့ "မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည်ချီတက်ပွဲနှင့် အစာအငတ်ခံဆန္ဒပြပွဲ" ခရီးရှည်ဟာ Akron မြို့ နားကို ရောက်နေပါပြီတဲ့ သူတို့စထွက်ခဲ့ ကတည်းက ဒုက္ခသုက္ခ ပေါင်းစုံတွေကို ကျနော့်ကို ပြောပြခဲ့ပါတယ်၊ သူတို့မှာ တရက်တရက် မနက်စာနဲ့ ညနေစာကို ပေါင်းပေါင်းပြီး စားခဲ့ရတဲ့ နေ့တွေလဲများနေပါပြီ၊ ကျနော်လဲ စိတ်မကောင်းပါဘူး၊ သူတို့ အသုံးပြုနေတဲ့ ဖုန်းကလဲ ပြတ်ခါနီးနေပြီ၊ (payment တွေက နှစ်လစာတောင်ရှိနေပြီလေ) ဖုန်းကလဲ ရှိတာမှ နှစ်လုံးထဲရယ်၊ သတင်းသမားတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေက သတင်းတွေလှမ်းမေး၊ အဆက်အသွယ်တွေ လှမ်းလုပ်နဲ့ သူတို့လဲ မပြောမဖြစ်နဲ့ ပြောနေကြတာ၊ အခုတော့ အခက်တွေ့ နေကြပြီ၊ ခြေထောက်တွေလဲ ပေါက်ပြဲ၊ မြန်မာနိုင်ငံသားတွေနဲ့ လဲ အဆက်အသွယ်တွေပြတ်နဲ့၊ ဒါပေမယ့် သူတို့ ဇွဲမလျှော့ပါဘူး၊

သူတို့ရဲ့  လမ်းခရီးကို အောင်မြင်စေဖို့ သူတို့မှာ ရန်ပုံငွေတွေ လိုနေတယ်၊ သူတို့ကို တတ်နိုင်သလောက် ၀ိုင်းပြီး ဖေးမ စေခြင်ပါတယ်၊ သူတို့ အခုလုပ်နေတဲ့ အလုပ်ဟာ processing ပါ သူတို့ အခုလမ်းလျှောက်နေတယ်၊ NYC ရှိ UN ရုံးရောက်ရင် ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြပါအုံးမယ်၊ ဒီတော့ သူတို့ ရဲ့  လုပ်ငန်းဟာ မပြီးပြတ် သေးတဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကြီးပါ၊

ဒါနဲ့ပဲ Norway အကြောင်းပြောရအုံးမယ်၊ နော်ဝေးမှာရှိတဲ့ ရဲဘော်များကလဲ အခုလို Campaign ကို ဆက်လက် လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း ပြောလာကြပါတယ်၊ ယနေ့ မြန်မာပြည်ရဲ့  နိုင်ငံရေးအခြေအနေဟာ အဆိုးဘက်ကို ပြောင်းလဲနေတဲ့ ကာလပါ၊ တိုင်းပြည်ကို ခြောက်ထဲ တွန်းပို့နေတဲ့ ကာလပါ၊ ဒါတွေကို ကျနော်တို့က လက်ပိုက်ကြည့်နေရင် သမိုင်းရဲ့  တရားခံတွေ ဖြစ်သွားကြမှာပါ၊

အခုလက်ရှိကာလမှာ ကျနော်တို့ စုပေါင်းပြီး လုပ်သင့်တာက နိုင်ငံတကာကို ပြောပြရမယ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွတ်ပေးဖို့ စစ်အစိုးရကို ပြောပေး၊ ဒီစစ်အစိုးရက မတရားလုပ်နေပါတယ်၊ ကျနော်တို့က ဒီလုပ်ရပ်ကို သဘောမတူဘူး၊ ဒီစစ်အစိုးရကို ၀ိုင်းပြီး ဆန့်ကျင်ကြပါ၊ ဒီအစိုးရနဲ့ အဆက်အဆံ မလုပ်ပါနဲ့ ၊ ဒီလိုမျိုးတွေလုပ်ဖို့ ဆန္ဒပြပွဲတွေ လုပ်ကြရမယ်၊ ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နေတဲ့ သူတွေကို အကူအညီပေးကြပါလို့ တိုက်တွန်းပါရစေ။

သူတို့အကြောင်း ကို ဒီလင့်ခ်မှာhttp://longmarchforburma.blogspot.com/သွားဖတ်ကြပါ သူတို့ကို နိုင်သလောက် အားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျနော်တို့ရဲ့  ရဲဘော်ကြီးများ လျှောက်နေကြတဲ့ ခရီးမှတ်တမ်းပုံလေးတွေပါ ရဲဘော်များကို ၀ိုင်းပြီး အားပေးကြပါ။

Wednesday, June 3, 2009

နယူးယောက် မြို့ ရှိ ဆန္ဒပြပွဲ အပိုင်း ဆက်များ မေလ၊ ၃၀၊ ၂၀၀၉ (အပိုင်း ၁)

Tuesday, June 2, 2009

against dictator

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာစစ်အစိုးရ ကောင်စစ်ဝန်ရုံးရှေ့ တွင် ဒီပဲယင်း လူသတ်ပွဲ ၆ နှစ်မြောက် ဆန္ဒပြပွဲ မေလ၊ ၃၀၊ ၂၀၀၉ ခုနှစ်

Sunday, May 31, 2009

နယူးယောက်မြို့ ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ရှိ ဒီပဲယင်း ၆ နှစ်မြောက် ဆန္ဒပြပွဲ

၈၈ ခေါင်းဆောင်များလဲ လာရောက် ဆန္ဒပြနေကြပါတယ်
ကချင်အမျိုးသားများနှင့် ရခိုင် အမျိုးသားများ လည်း လာရောက်ကြောင်းပါ

ဒီပဲယင်း ၆ နှစ်ပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက် ပြနေသော (နယူးယောက်မြို့ရှိ ) စစ်အစိုးရ ဆန့် ကျင် ဆန္ဒပြပွဲ
ကိုယ်အလံကို တောင် မတင်ထားရဲတဲ့ ဘယ်တော့မှ အလံမရှိတဲ့ သောက်ရှာက်မရှိတဲ့ လူသတ်စစ်အစိုးရများ ရဲ့ ကောင်စစ်ဝန်ရုံးလေးပါ။
ဒီကနေ့ မေ ၃၀၊ ၂၀၀၉ ခုနှစ် နေ့ ဟာ ဒီပဲယင်း မြို့မှာ မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပါတီဝင် တွေနဲ့ ထောက်ခံသူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခဲ့သော နေ့ဖြစ်ပါတယ်၊ ဒီနေ့ နဲ့ ဆို ၆ နှစ် တင်းတင်းပြည့်မြောက်သွားပါပြီ၊ စစ်အစိုးရဟာ သူတို့ခိုင်းခဲ့တဲ့ လက်ပါးစေများကို ဘယ်လိုမှ အရေးမယူပဲ သတ်ဖြတ်ညှင်းဆဲ ခံလိုက်ရတဲ့ လူထုခေါင်းဆောင် နှင့် ပါတီဝင်များ ကိုသာ ရုံးတင်တရားဆွဲစိုပြီး ထောင်သွင်း အကျဉ်းချခဲ့တာ ယနေ့ထိတိုင်ပါပဲ၊ သူတို့ လက်သုံး ပြောနေတာကတော့ ဥပဒေ ရဲ့  အထက်မှာ ဘာမှ မရှိဘူး ဆိုပေမဲ့ လက်တွေ့မှာတော့ မည်သည့် ဥပဒေ ကိုမှ မလေးစား မလိုက်နာပဲ သူတို့ရဲ့  နောက်လိုက် တရားသူကြီး များ၏ ဆုံးဖြတ်ချက်သာလျှင် ဥပဒေ ဖြစ်နေသည်မှာ ယနေ့ထိတိုင်ပင် ယခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချနေပါပြီ၊ ထိုအရာများကို မခံနိုင်သော အမေရိကန်ရောက် မြန်မာနိုင်ငံသားများက အနယ်နယ်အရပ်ရပ်မှ လာရောက် စုဝေးဆန္ဒပြခဲ့ကြသည်၊ ဆန္ဒပြပွဲသို့ North Carolina, Gorgia, အပါအ၀င် NY upstate (ကျနော်တို့မြို့အပါအ၀င်) မြို့ အသီးသီးမှာ နာရီပေါင်းများစွာ ကားမောင်းလာ၍ စုဝေးခဲ့ကြပါသည်၊ အခမ်းအနားတွင် ၈၈ ကျောင်းသားဟောင်းများနှင့် နိုင်ငံရေးသမားမျာက ဦးဆောင်၍ မိန့် ခွန်းပြောခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းတို့ ပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီကျော်တွင် ရုပ်သိမ်းခဲ့ကြသည်။
ဆန္ဒပြပွဲ သို့ မြန်မာနိုင်ငံသားများ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။



Friday, May 29, 2009

မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး

မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မိုင် ၉၀၀ ခရီးရှည် ချီတက်ခြင်းနှင့် အစာငတ်ခံ ဆန္ဒပြပွဲကို စတင်နေကြောင်း ကြားသိရပါတယ်။ http://longmarchforburma.blogspot.com/

ဒီဘလောဂ့်မှာ သွားကြည့်နိုင်ပါတယ်၊ ဒီရဲဘော်များကို လေးစားမိပါတယ်၊ ကျနော်တို့ မြို့က ရဲဘော် တွေလဲပါတော့ ပိုပြီး ဂုဏ်ယူမိပါတယ်၊ ဒီရဲဘော်များဟာ Indiana ပြည်နယ် Fortwayne မြို့ကနေ နယူးယောက်ပြည်နယ် နယူးယောက် မြို့သို့ ချီတက်နေတာ ဖြစ်ပါတယ်၊ လက်ရှိ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို အတင်းထောင်သွင်း အကျဉ်းချနေတဲ့အချိန်မှာ တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ ကော နိုင်ငံတကာ က မြန်မာပြည် လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းပြီး ဆန္ဒပြနေတဲ့ အချိန်မှာ မြန်မာနိုင်ငံသား ရဲဘော်တစု က အခုလို ပြုလုပ်နေတာကို ကျနော်တို့ အနေနဲ့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိတာ အမှန်ပါ၊ ယခုအချိန်မှာ မြန်မာနိုင်ငံသားအားလုံး ရဲ့  အခန်း က အရမ်းအရေး ကြီးနေပါ ပြီ၊ ကျနော်တို့ အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံဖို့ အရေး ကြီး နေပါပြီ၊ အဘ ဦးဝင်းတင် ကိုလဲ ၀ိုင်းရံ သင့်ပါပြီ၊ မြန်မာနိုင်ငံကြီး စစ်ကျွန်ဘ၀ က လွတ်မြောက်ဖို့ ကျနော်တို့က နည်းလမ်းပေါင်းစုံ ကို သုံးသင့်ပါပြီ၊ အထူးသဖြင့်တော့ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့  အခန်း က ပိုပြီး အရေး ကြီးကြောင်းပါပဲ၊ ပြည်ပမှာ ရှိတဲ့ ပြည်သူတွေကလဲ ဆန္ဒ ဖော်ထုတ်တဲ့ နည်း လမ်းတွေမျိုးစုံ သုံးပြီး ကမ္ဘာကို ပြရမှာပါ၊ မနက်ဖြန် မေလ၊ ၃၀၊ ၂၀၀၉ ခုနှစ်ဟာလဲ ဒီပဲယင်း ၆ နှစ်မြောက် ပြည့်ပါပြီ၊ အမေရိကား ရှိ ရဲဘော်များကလဲ Global Action Day လို့ လှုံ့ ဆော်နေပါတယ်၊ အဲ့ဒီ ဆန္ဒ ပြပွဲကို လဲ သွားရောက်ပြီး ပူးပေါင်းကြပါလို့ တိုက်တွန်းလိုပါတယ်၊ မြန်မာနိုင်ငံရဲ့  အရေး ဟာ တမျိုးသားလုံး ရဲ့  အရေးပါ၊ တမျိုးသားလုံးက ၀ိုင်းဝန်းပြီး ပါဝင်ပူးပေါင်းမှာသာ အောင်မြင်မှု ရမှာ ဖြစ်ကြောင်း ထပ်လောင်းပြောပါရစေ။