စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ တို့ အပြန်အလှန် အာဏာသိမ်းကြကာ 2009 ခုနှစ်ကြီး ကုန်ဆုံးတော့မှာပါလား? အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားလို့ လူသားတွေရဲ့ အသက်ဟာလည်း တနှစ် ပိုကြီးလို့ သွားခဲ့ပြီ၊ 2009 ခုနှစ်ကြီးဟာ ပြဿနာတွေ ပေါင်းစုံနဲ့ ကျွန်ုပ်တို့ကို နှတ်ဆက်နေပြီ၊ ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ဘက်ခြမ်း အထိ မငြိမ်းချမ်းနိုင်သေး၊ ဘုရားသခင် တွေလည်း အဖိနှိပ်ခံ တွေဘက်က မရပ်တည်နိုင်သေး၊ ဒါပေမယ့် ကျွန်ုပ်တို့ ကိုယ့်အားကို ကိုးပြီး 2010 နှစ်သစ်ကြီးမှာ လွတ်မြောက်မှု ပေါင်းစုံ တွေရဲ့ သရဖူကို ဆောင်းနိုင်ဖို့
ဝိုင်းဝန်းကြိုးစား ကြရအောင် ……
ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်း လာမည့် ၂၀၁၀ ခုနှစ်တွင် ဒုက္ခအပေါင်းမှ ကင်းဝေး၍ အေးချမ်းသာယာ သော ဘ၀ ပိုင်ရှင်များ ဖြစ်နိုင်ကြပါစေလို့ …..
၂၀၀၉ ခုနှစ်၏ အရှုပ်တော်ပုံများကို သရုပ်ဖော်ထားသော jibjab တို့၏ ဟာသာ ဗွီဒီယို ဖိုင်လေးကို ကြည့်ရင်း ၂၀၀၉ ခုနှစ်ကို နှုတ်ဆက်နိုင်ရန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ ……..
(မှတ်ချက် - ဗွီဒီယိုကို http://sendables.jibjab.com/ မှ ရယူသည်)


