ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label အခမ်းအနား. Show all posts
Showing posts with label အခမ်းအနား. Show all posts

Saturday, August 14, 2010

၂၂ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနား

၂၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် ပြီးခဲ့သည့် 08/08/2010 ခုနှစ် (တနင်္ဂနွေနေ့) တွင် ယူတီကာမြို့ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စုပေါင်း၍ ကျင်းပခဲ့ကြပါသည်။
အခမ်းအနားကို မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲနှင့် စတင်၍ ကြွေးကြော်သံများ ဟစ်ကြွေးကာ အခမ်းအနား ကျင်းပရာ Kopernicus ပန်းခြံသို့ ပြန်ဝင်လာကြရင်း၊ ပြည်ထောင်စု အလံတော်အား တိုင်တ၀က် လွှင့်ထူ၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပါသည်၊ အခမ်းအနားသို့ ယူတီကာမြို့နေ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ စုပေါင်း၍ အင်အား 100 ခန့် တက်ရောက်ခဲ့ကြပါသည်။



ကိုဇော်

Sunday, August 9, 2009

ရှစ်လေးလုံးနေ့နှင့် မိုင် ၉၀၀ ခရီးရှည်ချီတက်ရဲဘော်များအား ကြိုဆိုပွဲ

၂၁ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့နှင့် မိုင် ၉၀၀ ခရီးရှည်ချီတက်သူများအား ကြိုဆိုပွဲ

၈လ၊ ၈ရက်၊ ၂၀၀၉ ခုနှစ်

ယူတီကာမြို့ ၊ နယူးယောက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု



မိုင် ၉၀၀ ချီတက်သူများနှင့် ယူတီကာမြို့ ရှိ သံဃာတော်များနှင့် မြန်မာနိုင်ငံသားများ စုပေါင်း လမ်းလျှောက်နေကြစဉ်


မြို့ တွင်းသို့အ၀င် လာရောက်ကြိုဆိုသူများ


မြို့ တွင်းသို့အ၀င်


ရှစ်လေးလုံး အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲကြီးမှ ဆရာတော် ဦးပညာဇောတမှ အမှာစကား မိန့်ကြားနေစဉ်

Utica မြို့ ၏ ရှစ်လေးလုံးကြေညာချက်ကို ရဲဘော်စိုးစိုးမှ ဖတ်ကြားနေစဉ်

မိုင် ၉၀၀ ခရီးရှည်ချီတက်အဖွဲ့၏ ရှစ်လေးလုံးကြေညာချက်အား ရဲမေမိုးမိုးမှ ဖတ်ကြားနေစဉ်


မိုင် ၉၀၀ ခရီးရှည်ချီတက်အဖွဲ့ခေါင်းဆောင် ရဲဘော်မောင်မောင်တိတ်မှ အမှာစကားပြောကြားနေစဉ်


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သ၀ဏ်လွှာအား Albany မှ ပါတီဝင် ကိုဇော်နေမျိုးမှ ဖတ်ကြားနေစဉ်

ရဲဘော်ဇော်ကိုနိုင်မှ အမှာစကား ပြောကြားနေစဉ်

ALD မှ ရဲဘော် ခိုင်လင်း (မေဂ၀တီ) မှ အမှာစကားပြောကြားနေစဉ်

ABSDF ဥက္ကဌ ဟောင်း ရဲဘော်ထွန်းအောင်ကျော် အမှာစကားပြောကြားနေစဉ်


အခမ်းအနားအပြီး မြန်မာနိုင်ငံသားအချို့  အမှတ်တရ ဓါတ်ပုံရိုက်ကြစဉ်


ဒီကနေ့ဟာ မြန်မာ့သမိုင်းမှာတလျှောက်မှာ အရေးကြီးဆုံး သမိုင်းမှတ်တမ်းဝင် နေ့တနေ့ဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံကြီး ၂၁ နှစ်ပြည့်သွားတဲ့ နေ့ဖြစ်ပါတယ်၊ တော်လှန်ရေးဟာ အကြောင်းအမျိုးမျိုးကြောင့် မပြီးဆုံးသေးဘဲ ယနေ့အချိန်ထိ ရှည်ကြာလာခဲ့ပါပြီ၊ ထို့အတူ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေသော မြန်မာနိုင်ငံသားများဟာလဲ ဆက်လက်တိုက်ပွဲဝင်နေကြစဲပါ၊ ဒီအထဲမှာ လက်ရှိ America မှာ “မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မိုင် ၉၀၀ ခရီးရှည်ချီတက်ပွဲ” ခေါင်းစဉ်ဖြင့် တိုက်ပွဲဝင်နေသော ရဲဘော်များဟာလည်း သူတို့၏ယုံကြည်မှု၊ ဒေါ်အောင်ဆန်းစုကြည်၏လမ်းစဉ်၊ မဟတ္တမဂန္ဒီကြီး၏ လမ်းစဉ်များအရ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်နေကြပါတယ်၊ ဒီရဲဘော်များဟာ Fortwayne, Indiana ပြည်နယ်မှ New York မြို့  ရှိ UN ရုံးချုပ်သို့ မိုင် ၉၀၀ ခရီး ချီတက်လာနေရာကနေ၊ ကျနော်တို့ မြို့ သို့ ယနေ့ ရောက်ရှိလာပါပြီ၊ ကျနော်တို့မြို့ ကနေ ထိုရဲဘော်များအား မိမိတို့ မလုပ်နိုင်သောအလုပ်ကို ထိုရဲဘော်များ လုပ်ဆောင်နေသောကြောင့် မိမိတို့မှ ထိုရဲဘော်များကို ဂုဏ်ပြုရန်စီစဉ်၍ ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ၂၁ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့နှင့် မိုင် ၉၀၀ ခရီးရှည်ချီတက်သူများအား ကြိုဆိုပွဲ အခမ်းအနားကို Utica မြို့  နှင့် အနီးအနားရှိ မြို့ များဖြစ်ကြသော၊ Albany နှင့် Ithaca မြို့  တို့မှ မြန်မာနိုင်ငံသားများလာရောက် တက်ခဲ့ကြပါတယ်၊ Utica မြို့  ရှိ သံဃာတော်များနှင့် မြန်မာနိုင်ငံသားအချို့ တို့မှ ချီတက်သူရဲဘော်များနှင့် သူတို့ရောက်နေသော မြို့ အပြင်မှ သွားရောက်ပူးပေါင်းကာ ဒီကနေ့အတူ လမ်းလျှောက်ခဲ့ကြပါတယ်၊ မြို့ တွင်းသို့ အ၀င်မှာ Utica မြို့ နှင့် တခြားမြို့ များမှ မြန်မာနိုင်ငံသားတချို့ မှ လာရောက်၍ ကြိုဆိုခဲ့ကြပါတယ်၊ ပြီးနောက် ကြိုဆိုရေးအဖွဲ့များနှင့် ချီတက်သူများပူးပေါင်းကာ အခမ်းအနား လုပ်ရာနေရာဖြစ်သော မြို့ တွင်းရှိ Kopernicus Monument သို့ ကြွေးကြော်သံများ တိုင်၍ ချီတက် လာခဲ့ကြပါတယ်။

အခမ်းအနားလုပ်ရာနေရာသို့ ရောက်ရှိလာပြီး ခဏတဖြုတ်နားကာ အခမ်းအနားကို အလေးပြုခြင်း ၃ ရပ်ဖြင့် စတင်ကျင်းပခဲ့ကြပါတယ်၊ အလေးပြုပြီးနောက် “မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး” မှ ဆရာတော်ဦးပညာဇောတမှ အဖွင့်အမှာစကားမိန့်ကြားခဲ့ပါတယ်၊ ပြီးနောက် အခမ်းအနားသို့ တက်ရောက် လာသော အဖွဲ့အစည်းအသီးသီးနှင့် တသီးပုဂ္ဂလများက အမှာစကားများ ပြောကြားခဲ့ကြပါတယ်၊ အခမ်းအနား၏ နောက်ဆုံးအစီအစဉ်ကို “ကမ္ဘာမကြေဘူး” အပါအ၀င် နိုင်ငံရေးသီချင်းများ သီဆို၍ အောက်ပါ ကြွေးကြော်သံများ ကြွေးကြော်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။

ကြွေးကြော်သံများမှာ -
FREE FREEE - FREE BURMA
FREE FREE - AUNG SAN SUU KYI
FREE FREE - ALL POLITICAL PRISONERS
WHAT DO WE WANT - DEMOCRACY
(မှတ်ချက် - ရှစ်လေးလုံး စိတ်ဓါတ် အဓွန့်ရှည်ပါစေ - ကြွေးကြော်သံတချို့ သာ တင်ပြလိုက်တာပါ - ခံစားချက်တူသူများ ခံစားသွားကြပါ)
ကိုဇော်

Friday, April 10, 2009

Inernational Festival ကို ပါဝင်ဆင်နွဲခဲ့တဲ့ မြန်မာနိုင်ငံသားများ

International Student Festival (နိုင်ငံတကာ ကျောင်းသားများ ပွဲတော်)April လ 8 ရက်နေ့ 2009 မှာ Utica မြို့ မှာရှိတဲ့ Mohawk Valley Community College မှာ International Festival တခု ကျင်းပခဲ့ပါတယ်၊ Utica မြို့ မှာ ရှိတဲ့ MVCC မှာ တက်နေတဲ့ မြန်မာ ကျောင်းသားများဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်းနဲ့ နိုင်ငံရေးအခြေအနေများကို ပွဲလာရောက်သူများကို တင်ပြ၊ ရှင်းလင်းပြခဲ့ပါတယ်၊ ဒီပွဲမှာ မြန်မာသမိုင်းကြောင်းကို PowerPoint Presentation ဖြင့် ပြသပြီး၊ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဗွီဒီယိုဖြင့် ပြသခဲ့ပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုလက်ရာများဖြစ်သော ရွှေချည်ထိုး လက်ရာများကိုလည်း ပြသခဲ့ပါတယ်၊ လာရောက်လည်ပတ်တဲ့ ပရိသတ်များနဲ့ ကျောင်းသားများဟာ မြန်မာ စားပွဲဝိုင်းကို စိတ်ဝင်စားစွာနဲ့ လာရောက်လေ့လာကြပါတယ်။
ပွဲဖြစ်မြောက်ရေးတွင် အီတလီ ရိုးရာဖြင့် ပလွေ အသံကို တင်ဆက်နေသော ကျောင်းသူတဦး
ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့သော ကျောင်းသားလေးတယောက်

ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့သော ရခိုင်ကျောင်းသူလေး

ပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းပါဝင်ခဲ့ကြသော ကျောင်းသားများနှင့် ရွှေဝါရောင်ကျောင်းမှ ဆရာတော်များ

လက်တင်အကဖြင့် ဖျော်ဖြေနေသော သမိုင်းနှင့် Public Policy ဌာနမှာ Professor Katz နှင့် ကျောင်းသူ၊ ကျောင်းသားများ