စစ် ... မ ... စစ်
တခါတုန်းက ခရီးသည်တင်ကားတစီးဟာ မြို့ တမြို့ ကနေ တမြို့ သို့ ခရီးသည်များတင်ဆောင်ကာ ခရီးထွက် လာခဲ့တယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ လမ်းတ၀က်အရောက်မှာ အရှိန်မထိန်းနိုင်ပဲ ကားတိမ်းမှောက် သွားခဲ့ရှာတယ်။
ကံကောင်းချင်တော့ ကားမှောက်သွားတဲ့အနားမှာ လယ်သမားကြီးတဦးက လယ်လုပ်နေခဲ့တယ်၊ ဒီလိုနဲ့ပဲ ဒီလယ်သမားကြီးက ကားတိမ်းမှောက်ရာမှာ ပါလာတဲ့ ခရီးသည်များအားလုံးကို စေတနာနဲ့ မြေမြုပ်သင်္ဂြုံလ် ခဲ့လိုက်တယ်။
တပတ်လောက်ကြာလာတဲ့အခါမှာ ကားမှောက်တဲ့ကိစ္စကို စုံစမ်းဖို့ ရဲများနဲ့ လူတချို့ ဟာ ကားမှောက်တဲ့နေရာကို ရောက်လာပြီး လယ်သမားကြီးကို စုံစမ်းမေးမြန်းခဲ့ပါတယ်။
ရဲသားနှင့် လယ်သမားကြီးမေးမြန်းခန်းက ဒီလိုပါ …..
ရဲသား - ဘကြီးက ကားပေါ်ပါလာတဲ့ လူတွေအားလုံးကို မြေမြုပ်လိုက်တယ်ဆိုတာ ဟုတ်ပါ သလား?
လယ်သမား - ဟုတ်ပါတယ်။
ရဲသား - ကားပေါ်ပါလာတဲ့ လူတွေအားလုံး သေကုန်ကြတာကော ဟုတ်ပါသလား?
လယ်သမား - မဟုတ်ပါဘူး၊ တချို့  လည်း မသေသေးပါဘူး။
ရဲသား - ဟိုက် - ဒါဆိုရင် ဘာဖြစ်လို့ လူတွေအားလုံးကို မြေမြုပ်လိုက်ရတာလဲ?
လယ်သမား - ကျနော်ရောက်လာတဲ့ အခါမှာ သေတဲ့လူတွေကလည်း သေနေပြီ၊ မသေသေးပဲ ဒါဏ်ရာရနေတဲ့ သူတွေကလည်း ရပေါ့၊ ဒါနဲ့ မသေသေးတဲ့လူတွေက ပြောကြတယ် သူတို့ဟာ မသေသေးပါဘူး သူတို့ဟာ နိုင်ငံရေးသမားတွေပါပေါ့၊ ဒါနဲ့ ကျနော်ကလည်း ဘယ်သူဟာ နိုင်ငံရေးသမားလဲ? ဘယ်သူဟာ နိုင်ငံရေးသမား မဟုတ်ဘူးလဲ? ဆိုတာကို မယုံတော့တာနဲ့ အကုန်လုံးကို တခါတည်း မြေမြုပ်လိုက်တော့တာပါပဲ……
ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ ……
(မှတ်ချက် - ဒီပုံပြင်ကို အရင်းနှီးဆုံး နိုင်ငံရေးသမား တယောက်က ကျနော့်ကို ပြောပြတဲ့အခါ ကျနော်အူတက်အောင် ရယ်ခဲ့ရပါတယ် - အခု ကျနော်က မရယ်ရအောင် ရေးမိတဲ့အတွက် နားလည်ပေးကြပါရန်)
ကိုဇော်


