ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, June 22, 2010

Does the Manager (Management) know who you are?

Walking into the factory, the MD noticed a guy standing against the wall and doing nothing.
He calmly said to the young man, “How much do you earn a month?”

“I earn R2,000 a month, Sir. Why?”
Without answering, MD took out his wallet and gave him R6,000 cash ….
Saying that “Around here, I pay people for working, not for standing and doing nothing!!! Here is 3 months salary, now you are fired, get out and don’t come back.” The young man disappeared.

Noticing onlookers, the MD said “that applies to everybody in this company” and then he approached one of the onlookers and asked him” who is the guy I just fired?”
The guy replied …………

“HE WAS THE PIZZA DELIVERY MAN SIR”

ဂျာကြီးတွေ management အပိုင်းမှာ အရမ်းတော်တာပဲနော် ....
ကိုဇော်

Friday, November 20, 2009

ပြည်သူ


မြန်မာနိုင်ငံတွင်ဖြစ်သည်။

ဦးနေ၀င်းအား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်းတင်ပြသည်။
ဦးနေ၀င်းက ပြည်သူတွေကို “မိုးပေါ်ထောင်မပစ်ဘူး” ဟု ခြိမ်းခြောက်လေ၏။

ဦးမောင်မောင်အား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်း တင်ပြသည်။
ဦးမောင်မောင်က “မစောင့်နိုင်ကြတော့ဘူးလား” ဟု ချော့လေ၏။

ဦးစောမောင်အား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်း တင်ပြသည်။
ဦးစောမောင်က “ကျုပ်တို့ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဟု ကတိပေးလေ၏။

ဦးသန်းရွှေအား လက်အောက် ငယ်သားများက ပြည်သူတွေမငြိမ်သက်ကြောင်း တင်ပြသည်။
ဦးသန်းရွှေက “ ဘာ … ပြည်သူ တွေ … ဟုတ်လား … ဘယ်ကလူတွေလဲ၊ ပြည်မြို့ ကလား ? ” ဟု ပြန်မေးလေ၏။

တင်ပြသူ (Clinton)
(မှတ်ချက် - Forward မေးက ရထားတဲ့ ဟသလေးကို မျှဝေးပေးလိုက်တာပါဗျာ)

Thursday, October 22, 2009

ပေါလွန်းလို့


အာဆီယံခေါင်းဆောင်များ စည်းဝေးပွဲအပြီးမှာ အိမ်ရှင် စင်္ကာပူဝန်ကြီးချုပ်က ဇိမ်ခံသင်္ဘောကြီးတစင်းပေါ်မှာ ညစာစားပွဲကျင်းပပေး၏။ နဲနဲညနက်လာတော့ ခေါင်းဆောင်ကြီးတွေ နဲနဲထွေလာကြသည်၊ ထိုစဉ်မှာ မလေးရှားဝန်ကြီးချုပ်က အလွန်အရသာရှိသော ပန်းသီးများချကြွေးကာ ဘယ်လိုလဲ စားလို့ကောင်းလား ဟုမေးလေသည်။ အားလုံးက အရမ်းအရသာရှိလိုက်တာဟု ဖြေဆိုကြလျှင် ပန်းသီးတောင်းများယူ၍ ရေထဲပစ်ချလိုက်၏၊ အားလုံးက ဘာဖြစ်လို့လဲ မေးသောအခါ ကျွန်တော်တို့ဆီမှာ ဒါမျိုးတွေက ပေါလွန်းလို့ဟု ခပ်ကြွားကြွားလေး ဖြေသည်။

အိမ်ရှင်ဝန်ကြီးချုပ်ကလည်း အားကျမခံ အလွန်အရသာရှိသော ချော့ကလက်တွေ ချကြွေးရင်း ချော့ကလက် ပါကင်များကို ရေထဲပစ်ချပြကာ ကျုပ်တို့ဆီမှာ ဒါမျိုးအရမ်းပေါတာဟု ၀င့်ကြွားစွာဆိုပြန်လေသည်။
ကျန်ခေါင်းဆောင်များက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြွားစရာရှာစဉ်းစားကြ၏။ ဒါပေမယ့် သိကြတဲ့အတိုင်း အာဆီယံ ၁၀ နိုင်ငံထဲမှာ သူတို့ ၂ နိုင်ငံကို ယှဉ်နိုင်သူက မရှိသလောက် ….

အဲ့ဒီအချိန်မှာ မြန်မာခေါင်းဆောင်က ၀ုန်းကနဲထရပ်ပြီး သူ့လူတွေဘက်ကို ကြည့်ကာ ဟေ့ တယောက် လာစမ်းဟု ခပ်မာမာလှမ်းခေါ်လိုက်သည် …
ထိုအခါ ပုခုံးအပေါ်တွင် အခွေအခက်များ တလက်လက်တောက်ပြောင်နေသော မြန်မာစစ်ဗိုလ်ချုပ် တစ်ယောက်က ခပ်ကုပ်ကုပ်လေး သူ့အနားမှာလာရပ်၏ ။ ခေါင်းဆောင်ကြီးက ထိုစစ်ဗိုလ်ချုပ်၏ လည်ကုတ် ကို ကိုင်ကာ သင်္ဘောဝရန်ဒါ အနီးသို့ ဆွဲခေါ်သွားပြီး ရေထဲသို့ဆောင့်ကန်ချလိုက်လေသည် … ပြီး နေရာသို့ ပြန်လာပြီး ကြောင်အမ်းအမ်းနှင့် သူအားဝိုင်းကြည့်နေသူ အားလုံးကို ၀င့်ကြွားကြွားကြည့်လိုက်ရင်း …..
“ကျုပ်တို့ဆီမှာ ဗိုလ်ချုပ်တွေ အရမ်းပေါတယ်ဗျာ” ဟု ပြောလိုက်လေတော့သည်။
(တင်ပြသူ - moekenlay)

(မှတ်ချက် - မေးထဲက ရလာတဲ့ ဟာသလေးတခုပါ ရင်ဘတ်တူသူများ ငါးထောင် ဖိုးလောက် ခံစားသွားနိုင်ပါတယ်ဗျာ)

ကိုဇော်

Wednesday, September 30, 2009

မြင်းရှိလို့

တခါတုံးက ရုရှားနိုင်ငံမှာ လယ်သမားကြီးတယောက်က ရုရှား ကွန်မြူနစ်ပါတီထဲ ဝင်ခွင့်ပြုဘို့ ဝင်ခွင့်ပုံစံဖြည့်ပြီး တင်သတဲ့၊
များမကြာမှီ ရုရှားကွန်မြူနစ်ပါတီရုံးမှ လယ်သမားကြီးကိုခေါ်ပြီး အင်တာဗျူးလုပ်သတဲ့၊

ပါတီ ။ ။ ခင်ဗျား ကျနော်တို့ ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်လမ်းစဉ်ကို တကယ်ယုံကြည်ပါသလား?
လယ်သမား ။ ။ ဟုတ်ကဲ့-တကယ်ယုံကြည်ပါတယ်၊

ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ တိုက်အိမ်တလုံးရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ်ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ ဟုတ်ကဲ့ ပေးနိုင်ပါတယ်၊

ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ မော်တော်ကား တစီးရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ် ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ ဟုတ်ကဲ့ပေးနိုင်ပါတယ်၊

ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ မြင်းတကောင်ရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ်ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ မပေးနိုင်ပါဘူး၊

ပါတီ ။ ။ ဘာဖြစ်လို့လဲ?
လယ်သမား ။ ။ ကျနော့မှာ မြင်းရှိလို့ပါ။