ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts

Friday, June 18, 2010

၆၅ နှစ်မြောက် အမေ့မွေးနေ့ မင်္ဂလာ

ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တဦးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် တင်းတင်းပြည့် မွေးနေ့လေးပါ၊ လူအခွင့် အရေးကို လေးစားလိုက်နာကြသော ကမ္ဘာသူ၊ ကမ္ဘာသားများ၊ မြန်မာ့ဒီမိုကရေစီ အရေးတွက် အဖက်ဖက်မှ ကြိုးစားနေကြသော မြန်မာနိုင်ငံ သားများနှင့် နိုင်ငံတကာမှ ဒီမိုကရေစီ လိုလားသူ အင်အားစုများ၊ အဖွဲ့အစည်းများဟာ၊ နိုင်ငံအသီးသီးရှိ အမြို့မြို့ အနယ်နယ် တွင် နည်းလမ်းပေါင်းစုံဖြင့် ဤ ၆၅ နှစ်ပြည့် မွေးနေ့ပွဲလေးကို ကျင်းပ ပေးနေကြပါတယ်။

မြန်မာ့ယဉ်ကျေးမှူနှင့် ကမ္ဘာပေါ်ရှိ လူသားများ၏ ယဉ်ကျေးမှူများအရ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟာ မင်္ဂလာတပါးပါ၊ ဤမင်္ဂလာတရား နှင့်အညီ သွေးမတော် သားမစပ်သည့် နိုင်ငံခြားသား များကလည်း ကိုယ့်ကို ကိုယ် အကျယ်ချုပ်ချခံ၍ မွေးနေ့ပွဲ ကျင်းပနေကြသလို၊ ကိုယ်ပိုင် ငွေကြေး အကုန်ကျ ခံကာ မွေးနေ့ပွဲ ပြုလုပ် ပေးသူများလည်း ရှိကြပါတယ်၊ တချို့သော နိုင်ငံခြားသား များကလည်း မြန်မာအတိုက်အခံများနှင့် ပူးပေါင်းကာ ၀ိုင်းဝန်း ကျင်းပနေကြပါတယ်။

အချိန်တွေ ကြာလာတာနဲ့ အမျှ နိုင်ငံခြားသား များ၏ ထောက်ခံအားပေးမှူများဟာ တစ တစနှင့် သိသိသာသာ တိုးတက်လာနေကြပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဆိုသော မင်္ဂလာ တရားကို နိုင်ငံခြားသားများ ပိုမို အသုံးပြုနေကြတာ ဖြစ်မှာပါ ....

ကျနော်တို့ မြို့ တွင်လည်း နှစ်စဉ်လိုလို ကျင်းပ ပြုလုပ် ပေးနေကြ အမေစု မွေးနေ့ပွဲလေးကို ယခုနှစ်မှာ အစဉ် မပြေ ဖြစ်ခဲ့ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ရဲ့ ကျေးဇူးရှင်ကို ဂုဏ်ပြုခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဆိုတဲ့ မင်္ဂလာ နဲ့အညီ ကိတ်မုန့်လေးခွဲခါ ကော်ဖီများ တိုက်၍ အလုပ်လုပ်နေရင်း အကျဉ်းရုံးကာ အမေစုအတွက် ယခုနှစ် မွေးနေ့ပွဲလေးကို အလုပ်ခွင်ထဲမှာတင် ဂုဏ်ပြုဖြစ်ခဲ့ပါတယ် ....

အမေစုရဲ့ ယခုနှစ် မွေးနေ့ပွဲလေးကို အောက်ပါ ဗီဒီယိုလေးဖြင့် ထပ်မံ ဂုဏ်ပြုလိုက်ပါတယ် .....



အထက်ပါ ဗီဒီယိုကို http://www.dailymotion.com/video/xdq2ny_aung-san-suu-kyi-who-is-a-symbol-of_news ဤလင့်ခ်မှ ရရှိပါတယ် ......

ကိုဇော်

Monday, June 22, 2009

မချောအိသိန်း၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ Art Performance


ဒီပိုစ့်လေးကို အရင်ကတည်းက ကျနော် စနစ်တကျ ရေးပြီးတင်ဖို့ စဉ်းစားထားပါတယ် ဒါပေမယ့် အသေအချာ စနစ်တကျ မပြင်ဆင်နိုင်တာကြောင့် မရေးဖြစ်ခဲ့တာပါ၊ ဒါပေမယ့် အခုတော့ ရေးလိုက်ပါပြီ အဓိက ရေးဖြစ်တာ က ကျနော်ကလည်း စိတ်ဝင်စားတယ် ကိုလူထွေးကြီးနှင့် ငှက်ကလေး တို့ကလည်း ကျနော်တင်ထားတဲ့ ဓါတ်ပုံ ပိုစ့်မှာ လာပြီး မန့် ထားတဲ့အတွက် တင်ပေးလိုက်တာပါ ဘာပဲဖြစ်ဖြစ် ကိုလူထွေးကြီးကိုတော့ အထူးပဲ ကျေးဇူးတင်ရှိပါကြေင်း ----------


မချောအိသိန်း ၏ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် Art Performance

ပြီးခဲ့တဲ့ စနေနေ့က ကျနော်နဲ့အတူ ရွှေဝါရောင်ဦးပဇင်းများ (၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး မှ သံဃာတော်များ) နဲ့ အတူ နယူးယောက်မြို့ မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို သွားရောက်ခဲ့ ကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ပွဲ ကို jun လ 19 ရက် 2009 ခုနှစ် (စနေနေ့) မှာ နယူးယောက် မြို့ ရှိ United Nation Plaza အဆောက်အဦးရဲ့  ၈ ထပ်မှာ ပြုလုပ်ခဲ့ပါတယ်၊ ဒီမွေးနေ့ပွဲနဲ့အတူ World Refugee Day ကိုပါ ကျင်းပခဲ့ကြပါတယ်၊ အဓိက ဦးဆောင်ပြီး ကျင်းပပေးခဲ့ကြတဲ့ အဖွဲ့အစည်းများကတော့ Amnesty International, US Campaign for Burma, All Burma Monks Alliance စတဲ့ အဖွဲ့အစည်းများ ဖြစ်ကြပါတယ်၊ မွေးနေ့ပွဲကို လူပေါင်း ၂၀၀ လောက်တက်လာတယ်လို့ ကျနော်ခန့်မှန်းမိပါတယ်၊ အဓိက ထူးခြားတာက မြန်မာနိုင်ငံသားများထက် နိုင်ငံခြားသားများရဲ့  အင်အားက ပိုနေတာဘဲဗျ ဓါတ်ပုံတွေထဲမှာ တွေ့နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ဗျာ မတက်လာတဲ့လူတွေနဲ့စာရင် တကူးတကတက်လာကြတဲ့ လူတွေကို အထူးပဲ ကျေးဇူးတင်ရမယ့် ခေတ်ကြီးဖြစ်နေပြီဗျ (ခေတ်ဆိုတာက ကိုယ့်အရေးကို ကိုယ်ဦးစားပေးတဲ့ခေတ်လေ)၊ ဒီမွေးနေ့ပွဲလေးကို အထူးပဲလူတွေ စိတ်ဝင်စားအောင် စွဲဆောင်သွားတဲ့ action တခုကတော့ Art Performance လေးပါပဲ၊ အဲဒီ Art Performance လေးကို မြန်မာပြည်ကနေ နိုင်ငံတကာတွေကို သွားရောက်ပြီးတော့ တင်ဆင်ပြသနေတဲ့ Art Performance ပညာရှင် တဦးဖြစ်တဲ့ မချောအိသိန်း ပါပဲ ……


မချောအိသိန်း ရဲ့  သရုပ်ဆောင်မှုလေးကို ကျနော် မှတ်မှိသလောက် တင်ပြပေးလိုက်ပါတယ် ……


အခမ်းအနားစတင်တာနဲ့ မိန့်ခွန်း၊ ကျေးဇူးတင်စကားများပြောကြားကြပြီးနောက် …..

(အခန်းထဲသို့ မျက်နှာပူဝါစီးနှင့် လျှောက်လှမ်းလာနေစဉ်)

အခမ်းအနားရဲ့  အစီအစဉ် တ၀က်လောက်မှာ အခမ်းထဲသို့ အမျိုးသမီး တဦးက မျက်လုံးများမှ စ၍ မျက်နှာကို လက်ကိုင်ပုဝါ အနီရောင်လေးစီးပြီး လက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ အရှင်ဂမ္ဘီရနှင့် ကိုဇာဂနာ အပါအ၀င် လက်ရှိထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့  မျက်နှာဖုံးများ၊ ပိတ်စ အမဲရောင်များနှင့် နှင်းဆီပန်း အ၀ါရောင်များကို ကိုင်ဆောင်ကာ ခန်းမထဲကို တလှမ်းချင်း လျှောက်လှမ်းလာခဲ့ပါတယ်၊

ထိုမျက်နှာပုဝါစီးထား ရက်နှင့်ပင် အခန်းထဲမှာ ရှိတဲ့ ယောင်္ကျားလေးများ၊ မိန်းခလေးများနှင့် သံဃာများကို ရွေးချယ်ကာ သူတို့နှင့် သက်ဆိုင်သော မျက်နှာဖုံးပုံများကို ပေးဝေခဲ့ပါတယ် (လူဆိုလျှင် လူ၊ သံဃာဆိုလျှင် သံဃာ၊ ယေင်္ကျား၊ မိန်းမ သေချာခွဲခြားကာ ပေးနိုင်ခဲ့ပါတယ်) …..

မချောအိသိန်းလက်ထဲရှိ မျက်နှာဖုံးများ ကုန်သွားတဲ့အခါ ….. သူမ စည်းထားတဲ့ လက်ကိုင်ပုဝါအနီရောင်လေး ကို ချွတ်ပြီး သူမရဲ့  ပါးစပ်ထဲကို တဖြည်းဖြည်းချင်းထိုးထည့်ကာ ခမ်းမရဲ့  အလည်တည့်တည့်မှာ နေရာယူပြီး ပါလာသော နှင်းဆီပန်း အ၀ါရောင်များကို တပွင့်ချင်း …. တပွင့်ချင်း ကြမ်းပြင်၌ စီကာ မြန်မာပြည်မြေပုံလေး ဖြစ်အောင် ဖန်တီးစီချယ်ခဲ့ပါတယ်၊ ထိုပန်းပွင့်များကို စီချယ်ရင်းနှင့်ပင် ကျန်နေသေးသော လက်ကိုင်ပုဝါစကို သူမရဲ့  ပါးစပ်ထဲသို့ တဖြည်းဖြည်းချင်း ကုန်သွားသည်အထိ ထိုးသွင်းနေပါသေးတယ် .....


(နှင်းဆီပန်များနှင့် မြန်မာပြည်မြေပုံ ပုံဖေါ်ရင်း လက်ထဲရှိ လက်ကိုင်ပုဝါကို ပါးစပ်ထဲသို့ ထိုးသွင်းနေစဉ်)

ပရိသတ်တချို့ ဟာ သူမအား စိုးရိမ်ပူပန်စိတ်များဖြင့် လည်းပင်တွင်ပဲ နင်သွားမလား… အသက်ရှုပဲ ရပ်သွား မလား….. ဆိုတဲ့ စိုးရိမ်စိတ်များနဲ့ သူမ အပေါ် ပူပင်နေကြပါတယ်၊

သူမ လက်ထဲမှာ ရှိတဲ့ နှင်းဆီပန်းအ၀ါရောင်များ ကုန်သွားတဲ့အခါမှာတော့ ကြမ်းခင်းပေါ်မှာ စီထားတဲ့ နှင်းဆီပန်းများဟာ မြန်မာပြည်မြေပုံလေးတခု ဖြစ်ပေါ်လာပါတော့တယ်….

ပြီးတာနဲ့ မချောအိသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်လေး ရှိရာကို လျှောက်လှမ်းသွားပြီး မွေးနေ့ကိတ်ကို လက်နှက်ဖက်ဖြင့် သယ်ဆောင်လာကာ ပရိတ်သတ်များကို တဦးချင်း … ယူမလား.. ယူမလား.. သဘောဖြင့် ကမ်းပေးနေခဲ့ပါတယ်… ပရိတ်သတ်ဟာလဲ မချောအိသိန်း ဆိုလိုသည်ကို နားမလည်လို့လား၊ မချောအိသိန်းကို သနားနေ၍လားတော့ မပြောတတ်ပါ၊ သူမ ပေးလာသော ကိတ်မုန်လေးကိုသာ ငေးကြည့်ရင်းသာ နေလိုက်ကြတာကို တွေ့မြင်လိုက်ရပါတော့တယ်၊

(ကိတ်မုန့်လေးကို ပရိသတ်မျာအား လိုက်ကမ်းပေးနေသော အမချောအိသိန်း)

အဲ့ဒီလို လိုက်ပေးရင်း.. ပေးရင်းနဲ့ အခန်းတပတ်ကုန်သွားတော့ မချောအိသိန်းဟာ ထိုကိတ်မုန့်လေးကို ကိုင်ရင်း မြန်မာပြည်မြေပုံလေးရဲ့  ဘေးမှာ ထိုင်ချကာ မိမိပါးစပ်ထဲရှိ ပုဝါအနီရောင်လေးကို နှင်းဆီပန်းများနဲ့စီထားတဲ့ မြန်မာပြည်မြေပုံ အပေါ်ကို အံချလိုက်ပါတော့တယ် …..


ပြီးတော့ မိမိလက်ထဲက မွေးနေ့ကိတ်လေးကို မြန်မာပြည် မြေပုံလေးရဲ့ ဘေးမှာ အသာလေး ချထားလိုက် ပြီးတော့ သူရဲ့  Art Performance လေးကို ရုပ်သိမ်းလိုက်ပါတော့တယ်…..

(ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ကိတ်ခွဲပေးနေသော ပင်နီဝမ်းဆက်နှင့် အမချောအိသိန်း)

ကျနော် ဒီလိုမျိုး အမ ချောအိသိန်းရဲ့  Art Performance ကို ကြည့်ဖြစ်တာဟာ ပထမ ဦးဆုံးပါပဲ ကျနော့် အနေနဲ့ အကုန်လုံးကို နားမလည်ခဲ့ပါဘူး အခမ်းအနားပြီးရင် အမနဲ့ စကားပြောမယ်လို့ ရည်ရွယ် ထားခဲ့ပေမယ့် အပြန်ခရီးကြောင့် တခြားသူများနဲ့ နုတ်ဆက်စကားများ ပြောကြားရင်း အမနဲ့မတွေ့ဖြစ်တော့ပါဘူး၊ လူအများနားလည်အောင် ကြိုးစားပြီး မချောအိသိန်းရဲ့  performance လေးကို အတတ်နိုင်ဆုံး တင်ပြပေးလိုက် တာပါ၊ ကျနော်ရေးထားတဲ့ အရေးအသားကို နားမလည်ကြရင်လဲ ကျနော်ကို ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်၊ အစကတည်းက ကျနော်ပလင်ခံထားတယ်နော် … ကျနော် စာမရေးတတ်ဘူးလို့ .. ဒါပေမယ့် ကျနော်နဲ့ အတူ အားလုံး ခံစားနိုင်အောင် ရသမျှ ဓါတ်ပုံများနှင့် အတူ တင်ပြပေးလိုက်ပါတယ်… အားလုံး ခံစားနိုင်ကြပါစေဗျာ….

မှတ်ချက် ...... လုံလောက်သော ဓါတ်ပုံများနှင့် စနစ်တကျ မတင်ပြနိုင်တာကို နားလည်ပေးကြပါလို့

ကိုဇော် (ခြေလှမ်းသစ်)

Sunday, June 21, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ Jun 20' 2009 နယူးယောက်မြို့ 

Thursday, June 18, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သို့

Free bird towards a free Burma


(By Daw Aung San Suu Kyi)


My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.


My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.


My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.


A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.



ဇွန်လ ၁၉ ရက် ၂၀၀၉ ခုနှစ် တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့မှသည် နောင်လာမည့် နှစ်ပေါင်းများစွာအထိ သက်တော်ရှည်၍ အကျဉ်းခံ ဘ၀မှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သို့

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်မိန့်ခွန်း)


ဒီမိုကရေစီ ဘာလို့လိုချင်ရတာလဲ ….



လွပ်လွပ်လပ်လပ်နေချင်လို့ဘဲဖြစ်တယ် … လွပ်လွပ်လပ်ပြောဆိုမယ် …



လွပ်လွပ်လပ်လပ် ဆွေးနွေးမယ် … လွပ်လွပ်လပ်လပ်နဲ့ လုပ်မယ်ဆိုရင်



အသိဥာဏ်တွေဟာ ပွင့်လင်းလာပြီးတော့



အောင်မြင်တိုးတက်လာမှာဖြစ်ပါတယ် …


Tuesday, June 16, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သို့

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်မိန့်ခွန်း)

"အမှန်တကယ်တော့ စံထားရမည့် အစိုးရဆိုတာ စိုးမိုးအုပ်ချုပ်မှု
အနည်းဆုံး ဖြစ်ရမယ်၊ ပြည်သူလူထုကို ဘာတခုမှ လုပ်ပိုင်ခွင့်
ချန်မထားတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်ဘူး၊ ဒါဟာ ငါတို့ လက်ရှိ
အဆင့်အတန်းအတိုင်း ထိမ်းသိမ်း စောင့်ရှောက်ခံ အဆင့်ဘဲဟု Gandhi
ကြီးက ရေးသားခဲ့ဖူးပါတယ်"

Monday, June 15, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သို့

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်မိန့်ခွန်း)

ရှေ့ ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ် မြို့ နယ်ပဲဖြစ်ဖြစ်၊

လူပုဂ္ဂိုလ် တဦးတယောက်ပဲ ဖြစ်ဖြစ်


ရှေ့ ဆောင်ပြီဆိုမှဖြင့်

ကိုယ်ဟာ တခြားသူတွေထက်ပိုပြီးတော့ ကြိုးစားရမယ်၊


တခြားသူတွေထက် ပိုပြီးတော့ စွန့်လွှတ်ရမယ်၊


တခြားသူတွေထက် ပိုပြီးတော့ စွန့်စားရမယ်၊


ကိုယ့်ရဲ့ ရှေ့ ဆောင်နေပါတယ် ဆိုတဲ့ အနေအထားကို



ကိုယ်ကနေပြီးတော့ သိက္ခာရှိရှိနဲ့ ထိန်းသိမ်းသွားရမယ်၊



Sunday, June 14, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သို့

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်မိန်ခွန်း)


ဒီမိုကရေစီ ရရှိရေးအတွက် ၀င်လာတယ်ဆိုလို့ရှိရင်


ဘာကိုပဲ ရင်ဆိုင်၊ ရင်ဆိုင်ရ၊


ဆက်ပြီးတော့ လုပ်ရမှာပဲ


အဲ့ဒီတော့


အဲ့ဒီလိုလုပ်ဖို့ သံဓိဌာန် ချလိုက်ကြပါ၊


စိတ်ပိုင်းချလိုက်ကြပါ၊


Saturday, June 13, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သို့

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်မိန့်ခွန်း)


"ခံရဲတာ သတ္တိဆိုတာမှန်ပါတယ်။




ဒါပေမယ့် လုပ်ရဲတဲ့ သတ္တိလဲ




ကျမတို့ ရှိရပါမယ်"



"အခုအခြေအနေအရ ကျမတို့နိုင်ငံ တနိုင်ငံလုံးဟာ ထောင်ချည်းပဲ၊

ဒီထောင်ကြီးထဲကနေ ထောင်သေးလေးကို

ဝင်သွားရမှာ ဘာဖြစ်လို့ကြောက်နေမှာလဲလို့ ကျမတို့ ပြန်မေးရပါမယ်၊"

(လာမည့် ဇွန်လ၊ ၁၉ ရက် နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့သို့ အမှတ်တရ)

ဒီပိုစ့်ကို တင်ရခြင်းအကြောင်းအရင်းက လက်ရှိအချိန်မှာ ဒေါ်စုဟာ လုံးဝ ထောင်ကျနိုင်သော အခြေအနေသို့ ရောက်ရှိနေပါတယ် ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိနေပါတယ် ဒါကြောင့် နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲများကို တကမ္ဘာလုံးအတိုင်းအတာထိ လူသိရှင်ကြား ကျင်းပပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုသောကြောင့် တင်ပေးရခြင်းဖြစ်ပါတယ်။

Monday, March 23, 2009

Photo Puzzle ဒေါ်အောင်ဆန်းစုကြည်ပုံလေးကို မှတ်မိအောင် ကစားကြရအောင်









Friday, February 27, 2009

Khaing Lin (May Ga Waddy)

This is a poem for Daw Aung Suu Kyi. Khaing Linn (Megga Waddi) read this poem in Daw Suu' 62 nd anniversary of birthay in Utica, NY USA.

အမှတ်တရ အမေ့မွေးနေ့ 

လာမည့် ဇွန်လမှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပတ်လည်မွေးနေ့ ကို သတိရရင်းနဲ့ ၊ ကျနော်တို့ ယူတီကာမြို့ မှာ ကျင်းပခဲ့တဲ့ အမှတ်တရ မွေးနေ့ ဓါတ်ပုံလေးတွေကို တင်ထားပေးလိုက်တာပါ၊ အဓိက ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦးကို ကျနော်တို့ မေ့နေလို့ ရမလား? သူ့ အတွက် ကျနော်တို့ ဘာတွေ လုပ်ပေးနိုင်မလဲ? သူရဲ့ မွေးနေ့ ပွဲနဲ့ အတူ နိုင်ငံတကာကို သူ့ လွတ်မြောက်ရေးအတွက် Lobby လုပ်ကြဖို့ တိုက်တွန်းပါရစေ၊ အခု ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြေက်ဖို့ အတွက် (အမေရိကန်အခြေစိုက်) လွတ်မြောက် နယ်မြေ NLD ကနေSignature Campaign လုပ်နေပါတယ်၊ အဲ့ဒီမှာ လက်မှတ်တွေဝိုင်းထိုးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့  ၀ိုင်းဝန်းကြိုးပန်းကြပါလို့ တိုက်တွန်း ပါရစေ။