ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, July 3, 2010

လူရွှင်တော်

ဟာသကို မာနနဲ့
နားဆင်ရင်
အာဃာတတွေ များကုန်မှာပေါ့


ရယ်သံကို အမှန်အကန်လို့
မထင်ချင်နေပါ
သံတမန်ကိုတော့
ငွေပေးပြီး ပြန်မလွှတ်နဲ့


စင်ပေါ်ကလူ သေနတ်မကိုင်
တုတ်မကိုင်ပေမယ့်
မိုက်(mic)ကိုင် ထားလေတော့
စင်အောက်ကလူ အပြုံးတခိုင်ခိုင်
လက်ခုပ်သံ တဖြိုင်ဖြိုင်နဲ့
ထောက်ခံလေတော့တယ်



ငါတို့ ပိုင်တာ အနုပညာကို ချစ်တဲ့လူ
သူတို့ ပိုင်တာ လူသေစေတဲ့အနုမြူ
ငါတို့ ချစ်တာ စစ်မှန်တဲ့ လွပ်လပ်မှူ
သူတို့ လုပ်တာ လူသေနေလည်း လစ်လျူရှူ
ငါတို့ မုန်းတာ လူစိတ်မရှိတဲ့ စစ်ခွေးများ
သူတို့ ဖြုန်းတာ ပြည်သူ့ငွေလည်း အမှူမထား
ငါတို့ တောင်းတာ အမှောင်ပြည်အတွက် လူ့အခွင့်အရေး
သူတို့ ရောင်းတာ တိုင်းပြည်ရဲ့ အနှစ်အသွေး



ငါတို့က ဘာကောင်တွေလဲ .........



ဟာသပြက်ပေမယ့် စိတ်ဓါတ်မပျက်တဲ့
လူရွှင်တော်...
တောင်ရှည်ဝတ်ပေမယ့် အရောင်မပေတဲ့
လူရွှင်တော်...
ခေါင်းပေါင်းဆောင်းပေမယ့် ဘီလူးခေါင်းမပေါင်းတဲ့
လူရွှင်တော်...

ခဏတာ ရိုင်းချင်ရိုင်းမယ် တစ်သက်တာတော့ ထင်ရာမစိုင်းတဲ့
လူရွှင်တော်...


ငါတို့တွေ ရယ်နေပေမယ့်
ရင်ထဲမှာတော့ ငိုနေရတယ်
ငါတို့တွေ ပျော်နေပေမယ့်
ဘ၀မှာတော့ အဆော်ခံနေရတယ်
ငါတို့တွေ ပြုံးနေပေမယ့်
အမုန်းတွေကတော့ ရှိနေသေးတယ်။ ။



လူရိုင်းလေး

Wednesday, February 3, 2010

ငါ့စရိုက်နဲ့ ငါ

မာန်မာနတွေ မထားတတ်ပေမယ့်

စိတ်ထားလှတော့ ရိုးသားတယ်

တားဆီးမှုတွေ များလာပေမယ့်

လျစ်လျူရှုလို့ ရှေ့ဆက်တယ်

မဖြစ်နိုင်ဘူး ထင်ကြပေမယ့်

ယုံကြည်ချက်နဲ့ လျှောက်လှမ်းတယ်

ဘဝခရီးက ကြမ်းတမ်းပေမယ့်

ကြံ့ကြံ့ခံလို့ အားတင်းတယ်

ကမ္ဘာကျော်တစ်ယောက်တော့ မဟုတ်သေးပေမယ့်

ဇွဲလုံ့လနဲ့ ကြိုးစားတယ်


ကဗျာဆန်စွာ မပြောတတ်ပေမယ့်

ကျိန်စာကိုတော့ တိုက်တတ်တယ်

သံစဉ်များကို မညည်းတတ်ပေမယ့်

အားမာန်အပြည့်နဲ့ စကားပြောတယ်

ဇာတ်မင်းသားလို မကတတ်ပေမယ့်

ဗီလိန်လိုတော့ ကြမ်းရဲတယ်

စည်းမျဉ်းစည်းကမ်းတွေ ဂရုမစိုက်ပေမယ့်

ကိုယ့်တန်ဖိုးကို ထိန်းသိမ်းတယ်

ရူးတယ်လို့ ထင်ကျပေမယ့်

ရေးချင်တာတော့ ဆက်ရေးမယ်။ ။

လူရိုင်းလေး

Sunday, November 29, 2009

ပိုင်ဆိုင်မှု


အတွေးတွေ နယ်ချဲ့
ဆွဲထုတ်မှ ထွက်ကျလာတဲ့
လုံးဝိုင်းဝိုင်း စာသားတွေနဲ့
ငါ မပျော်ပိုက်ဘူး

ခံစားချက်တွေ ကင်းမဲ့
ကိုယ်တွေ့ကြုံမှ ရေးလို့ရတဲ့
ကဗျာ တစ်ပုဒ်တည်းနဲ့
ငါ မရှင်သန်ဘူး

ကာရံတွေ သံစဉ်တွေ
ပညာရှင် တစ်ယောက်လို
ပိုင်နိုင်စွာ ငါမသိလို့
ခဲတံနဲ့ ခဲဖျက်ပဲ ငါပိုင်တယ်

ငါရေးတဲ့ စာသားတွေ
ကာရံတွေမဲ့ လင်္ကာတွေမဲ့
မင်းတို့ မမြင်နိုင်တာ
အဓိပ္ပာယ်မမဲ့တဲ့ ရသတွေ

ခဲတံကို ကောက်ကိုင်
ခဲဖျက်ကို ပြင်ဆင်လိုက်ချိန်မှာတော့
နှလုံးသားထဲက စာသားတွေ
အဆင်သင့် ရှိနေခဲ့ပြီ

ဘယ်သူတွေ ဘာထင်ထင်
ဘယ်သူတွေ ဘာပြောပြော
ငါ ရှင်သန်နေတာက
ဝေဖန်လာမယ့် စကားသံတွေနဲ့ပါ ။ ။

...
လူရိုင်းလေး
....
ဓါတ်ပုံကို အောက်ပါလင့်ခ်မှ ယူထားပါတယ် .....

Wednesday, October 7, 2009

ကြောက်တတ်ရင်...


ကြောက်တတ်ရင် မလုပ်နဲ့
ကြောက်တတ်ရင် မရေးနဲ့
ကြောက်တတ်ရင် မပြောနဲ့


နှုတ်ပိတ်ကာ နေ နေလို့
ရလိမ့်မယ် ထင်မနေနဲ့
ဆွံ့အဆဲ ဒီမိုကရေစီ


ရေးချပါ ကမ္ဘာသိစေဖို့
မြင်မိတာ အော်ဖတ်မိပြန်တော့
စာမထင်သေးတဲ့ ဒီမိုကရေစီ

ပြစ်ပယ်နေကျ နိုင်ငံ့အကျိုး
ခေါင်းငုံ့ခံ ဒီစိတ်ဓာတ်ကြောင့်
ပုံမပေါ်သေးတဲ့ ဒီမိုကရေစီ

သိသင့်ပြီ ဒီအချိန်၌
ရဲသင့်ပြီ ဒီအချိန်၌
တိုက်သင့်ပြီ ဒီအချိန်၌
နှစ်ပေါင်းများစွာ...
ငါတို့မျှော်လင့် တောင်းဆိုနေတဲ့
ဒီမိုကရေစီ က
ရသင့်ပြီ ဒီအချိန်၌


သို့သော်.....

ကြောက်စိတ်ကို မွေး
အတ္တကို သွင်း၍
သည်းခံ ခေါင်းငုံ့
ကိုယ့်အကျိုးသာ မြင်နေလျှင်တော့
လူရယ်မမည် ရှင်သန်၍သာ
စစ်ဖိနပ်အောက်ဝယ် နေလေတော့ ။ ။

လူရိုင်းလေး