ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Saturday, January 24, 2009

သီးလေးသီး၏ ယူတီကာသို့ 

ကျနော်ဒီစာလေးကို ဒီဘလောက့်ရဲ့ ပထမဦးဆုံး ပိုစ့်အဖြစ် ရေးလိုက်မိပါတယ်၊ ဒီဘလောက့်လေးကို စရေးဖြစ်တာကတော့ ၀ါသနာပါတာရယ် ဘလောက့်ရေးခြင်းကို နားလည်ချင်တာရယ်တို့ ပေါင်းမိရာကနေစမိတာပါပဲ၊ ကျနော်က ကွန်ပျူတာကို အသေအလဲဘဲ ၀ါသနာရှိပါတယ်၊ အရမ်းလဲဘဲ နားလည်ချင်ပါတယ်။ ဒါကြောင့် လေ့လာစည်းပူးရင်းနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ၊ နားလည် တတ်ကျွမ်းလို့ မဟုတ်ပါဘူးဆိုတာကို ပထမဦးစွာ အသိပေးပါရစေ၊ နောက်ပီး ကျနော်နေတဲ့မြို့ က မြန်မာနိုင်ငံသားတွေကို တိုင်းပြည်ချစ်စိတ်နဲ့ ၊ တိုင်းပြည်နဲ့ လူမျိုးကို မမေ့ဖို့ အတွက် ရည်ရွယ်ရင်းရေးဖြစ်သွားတာပါ၊ ဒီနေ့ ဒီပိုစ့်လေးကို ကျနော်ရဲ့ ပထမဦးဆုံး ယူတီကာမြို့ နဲ့ ပတ်သက်တဲ့ အကြောင်းလေးနဲ့ စလိုက်ပါရစေ၊ ကျနော်တို့ ရဲ့ မြို့ က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ တည်ရှိပြီး၊ ယူတီကာမြို့ လို့ ခေါ်ပါတယ်၊ ဒီမြို့ မှာရှိတဲ့ မြန်မာပြည်သားများဟာ လွန်ခဲ့တဲ့ ၉ နှစ် ၁၀ နှစ် ကတည်းက စတင်ပြီး အခြေချနေထိုင်လာခဲ့ကြတာပါ၊ မြန်မာ့ယဉ်ကျေးမှူ၊ ရိုးရာများနဲ့ ကင်းကွာခဲ့တာဟာ အတော်လေးကြာညောင်းခဲ့ပါပြီ၊ ဒါနဲ့ အခုတလောမြန်မာနိုင်ငံကို အလုပ်အကျွေးပြုနေတဲ့ ကိုဇာဂနာရဲ့ တပည့်တပန်းများဖြစ်ကြတဲ့ သီးလေးသီး နဲ့ ဆေးရောင်စုံ အဖွဲ့ သားများ အမေရိကန်ကို ရောက်နေတာနဲ့ ကျနော်တို့ မြို့ က ၀ါသနာရှင် တချို့ က စုပေါင်းပြီးတော့ သူတို့ အဖွဲ့ ကို ဖိတ်ခေါ်ထားပါတယ်၊ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မြို့ က မြန်မာပြည်သားများကို တင်ဆက်ချင်တာရယ်၊ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်တာရယ်၊ သီးလေးသီးအဖွဲ့ သားများကို အားပေးချင်တာရယ်၊ နောက်ပြီးတခုကျန်သေးတယ်၊ အဲ့ဒါကတော့ .............. ပြည်တွင်း ............ တို့ စုပေါင်းပြီး၊ လုပ်ဖြစ်သွားတာပါ၊ သီးလေးသီးဆိုတာကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန်မှ တာဝန်ကျေတဲ့ တိုင်းပြည်ချစ်စိတ်ရှိတဲ့ မျိုးချစ်အနုပညာသည်တွေပါ၊ (အဲ့ဒီအထဲမှာ .... ဟိုဟာတွေ၊ ရုပ်ရှင်လဲရိုက်၊ သီးချင်းလည်းဆို၊ အငြိမ့် ခွေလည်းထုတ်တဲ့၊) ပြည်သူတွေ ပိုက်ဆံကို လည်ပင်းထဲက ညှစ်ထုတ်နေတဲ့ ပြည်သူတွေကို ခိုင်းစားနေတဲ့ အနူပညာရှင်တွေ၊ အဲဟုတ်ပေါင်၊ အနုပညာရှင်တွေ မပါ ပါဘူး။ သူတို့ ကို မျှော်စင်ကျွန်းကိတ်စမှာထဲက၊ လေးစားနေတာ အခုကျနော်တို့ မြို့ ကို လာမယ်ဆိုတော့ သေလောက်အောင်ပျော်မိတာပေါ့၊ သူတို့ ကို ကျနော်တို့ မြို့ က လူကြီးတွေက၊ ဒီမြို့ မှာ က ပေးဖို့ ကမ်းလှမ်းပြီးသွားပြီလေ၊ အစီအစဉ်ကတော့၊ အောက်ပါအတိုင်းပါဘဲ၊

နေ့ ရက်၊ ၊ မတ်လ၊ ၇ ရက်၊ ၂၀၀၉ (စနေနေ့ )
အချိန် ၊ ၊ နေ့ လည် ၃ နာရီမှ ညနေ ၇ နာရီထိ
နေရာ ၊ ၊ Mohawk Valley Community College, IT building မှာပါ။
Utica, NY 13501

1 comments:

HRmyanmar said...

ကိုဇော်က နဂိုထဲက စာရေးကောင်းသားပဲဗျ
လေးစားလျက်