ဒေါ်အေးသိန်းအား ပန်းစည်းပေးကာ နုတ်ဆက်နေကြသော ရခိုင်ကျောင်းသားများ နှင့်အတူ အမျိုးသမီးအမတ်အသစ် (ဓါတ်ပုံ Narinjara) 

ဒီပုံလေးကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ အမျိုးသမီးအမတ်အဖြစ် ကျမ်းကျိန်ဆိုခဲ့တဲ့ ရခိုင်အမျိုးသမီး ဒေါ်အေးသိန်း ရဲ့ ပုံကို Narinjara သတင်းဝဘ်ဆိုက်က ကူးယူထားတာပါ၊
ဒီပုံလေးနဲ့ သတင်းကို မနေ့ က Narinjara သတင်းမှာ ဖတ်လိုက်ရတော့ အတော်လေးကို ၀မ်းသာမိသွားတယ်၊ Bengladesh နိုင်ငံရဲ့  နိုင်ငံသားတွေအပေါ်မှာပေးထားတဲ့အခွင့်အရေးနဲ့ ၊ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်တို့ ကို လေးစားသွားပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ဆီနဲ့ ရေ လို ကွာခြားနေတာကို တွေ့ မြင်လိုက်ရတယ်။ နောက်ပြီး ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံက နိုင်ငံသားများရဲ့ အခွင့်အရေးတွေဟာလည်း ဘယ်အချိန်အထိတောင် ဆက်လက်ပြီးပျောက်ဆုံး နေမှာလဲလို့ တွေးမိနေသေးတယ်။ ကျနော်တို့ နိုင်ငံ၊ လွပ်လပ်ရေးနဲ့ ဒီမိုကရေစီ မရသရွေ့ တော့ ဒီအခွင့်အရေးတွေ ပျောက်ဆုံးနေမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ တိုင်းရင်းပေါင်းစုံနဲ့ လူမျိုးနွယ်စု ပေါင်းစုံဟာလည်း ယနေ့ အချိန်အထိ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးတွေ ပျောက်ဆုံး နေဆဲပါပဲ၊ လတ်တလော ဖြစ်ပေါ်နေတဲ့ Rohinja ဆိုတဲ့ တိုင်းရင်းသား မျိုးနွယ်တစုဆိုရင်၊ အသားအရောင်အရ၊ ဘာသာရေးအရ၊ စသဖြင့် ကွာခြားမှုပေါင်းများစွာနဲ့ ပဲ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးပျောက်ကွယ်နေဆဲပါ၊ နိုင်ငံတနိုင်နဲ့ ၊ ပထ၀ီ၊ ရေ၊ မြေ၊ တနေရာမှာ မွေးဖွားလာတဲ့ လူတယောက်ဟာ ထို နယ်မြေရဲ့ နယ်သား၊ နိုင်ငံသားအဖြစ် တကမ္ဘာလုံးအတိုင်းအတာနဲ့ အသိအမှတ်ပြုခံနေရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ ဘိုး၊ဘွား၊ဘီ၊ ဘင် ကပင် မွေးဖွားနေထိုင်လာစေကာမူ စစ်အာဏာရှင်များ၏ လက်အောက်တွင် မည်သည့်အခွင့်အရေးမှ မပေးပဲ စစ်အာဏာရှင်များ၏ အလိုတော်ကျ၊ အထင်ကြီးလေးစားရသော တရုတ်လူမျိုးများကိုသာ မြေတောင်မြောက်ပေးနေတာကို တွေ့ ရနေရပါတယ်၊ ဒီမတရားမှုကြီးကို တိုက်ထုတ်ဖို့ မြန်မာနိုင်ငံမှာ Civil Right movement များ လိုအပ်နေကြောင်း သုံးသပ်မိပါတယ်။
0 comments:
Post a Comment