ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, May 31, 2009

နယူးယောက်မြို့ ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ရှိ ဒီပဲယင်း ၆ နှစ်မြောက် ဆန္ဒပြပွဲ

၈၈ ခေါင်းဆောင်များလဲ လာရောက် ဆန္ဒပြနေကြပါတယ်
ကချင်အမျိုးသားများနှင့် ရခိုင် အမျိုးသားများ လည်း လာရောက်ကြောင်းပါ

ဒီပဲယင်း ၆ နှစ်ပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက် ပြနေသော (နယူးယောက်မြို့ရှိ ) စစ်အစိုးရ ဆန့် ကျင် ဆန္ဒပြပွဲ
ကိုယ်အလံကို တောင် မတင်ထားရဲတဲ့ ဘယ်တော့မှ အလံမရှိတဲ့ သောက်ရှာက်မရှိတဲ့ လူသတ်စစ်အစိုးရများ ရဲ့ ကောင်စစ်ဝန်ရုံးလေးပါ။
ဒီကနေ့ မေ ၃၀၊ ၂၀၀၉ ခုနှစ် နေ့ ဟာ ဒီပဲယင်း မြို့မှာ မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပါတီဝင် တွေနဲ့ ထောက်ခံသူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခဲ့သော နေ့ဖြစ်ပါတယ်၊ ဒီနေ့ နဲ့ ဆို ၆ နှစ် တင်းတင်းပြည့်မြောက်သွားပါပြီ၊ စစ်အစိုးရဟာ သူတို့ခိုင်းခဲ့တဲ့ လက်ပါးစေများကို ဘယ်လိုမှ အရေးမယူပဲ သတ်ဖြတ်ညှင်းဆဲ ခံလိုက်ရတဲ့ လူထုခေါင်းဆောင် နှင့် ပါတီဝင်များ ကိုသာ ရုံးတင်တရားဆွဲစိုပြီး ထောင်သွင်း အကျဉ်းချခဲ့တာ ယနေ့ထိတိုင်ပါပဲ၊ သူတို့ လက်သုံး ပြောနေတာကတော့ ဥပဒေ ရဲ့  အထက်မှာ ဘာမှ မရှိဘူး ဆိုပေမဲ့ လက်တွေ့မှာတော့ မည်သည့် ဥပဒေ ကိုမှ မလေးစား မလိုက်နာပဲ သူတို့ရဲ့  နောက်လိုက် တရားသူကြီး များ၏ ဆုံးဖြတ်ချက်သာလျှင် ဥပဒေ ဖြစ်နေသည်မှာ ယနေ့ထိတိုင်ပင် ယခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချနေပါပြီ၊ ထိုအရာများကို မခံနိုင်သော အမေရိကန်ရောက် မြန်မာနိုင်ငံသားများက အနယ်နယ်အရပ်ရပ်မှ လာရောက် စုဝေးဆန္ဒပြခဲ့ကြသည်၊ ဆန္ဒပြပွဲသို့ North Carolina, Gorgia, အပါအ၀င် NY upstate (ကျနော်တို့မြို့အပါအ၀င်) မြို့ အသီးသီးမှာ နာရီပေါင်းများစွာ ကားမောင်းလာ၍ စုဝေးခဲ့ကြပါသည်၊ အခမ်းအနားတွင် ၈၈ ကျောင်းသားဟောင်းများနှင့် နိုင်ငံရေးသမားမျာက ဦးဆောင်၍ မိန့် ခွန်းပြောခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းတို့ ပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီကျော်တွင် ရုပ်သိမ်းခဲ့ကြသည်။
ဆန္ဒပြပွဲ သို့ မြန်မာနိုင်ငံသားများ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။



2 comments:

Amara Thiha said...
This comment has been removed by the author.
Unknown said...

There is no flag because 30th May is Saturday and its office is close :P

I also think there is nobody inside the office in weekend :P