မနေ့ညက ရဲဘော်မင်းရွှေဦး၊ ရဲဘော်မောင်မောင်တိတ်နှင့် ရဲဘော်ကျော်ထွန်းတို့နဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်၊ သူတို့လျှောက်နေတဲ့ "မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည်ချီတက်ပွဲနှင့် အစာအငတ်ခံဆန္ဒပြပွဲ" ခရီးရှည်ဟာ Akron မြို့ နားကို ရောက်နေပါပြီတဲ့ သူတို့စထွက်ခဲ့ ကတည်းက ဒုက္ခသုက္ခ ပေါင်းစုံတွေကို ကျနော့်ကို ပြောပြခဲ့ပါတယ်၊ သူတို့မှာ တရက်တရက် မနက်စာနဲ့ ညနေစာကို ပေါင်းပေါင်းပြီး စားခဲ့ရတဲ့ နေ့တွေလဲများနေပါပြီ၊ ကျနော်လဲ စိတ်မကောင်းပါဘူး၊ သူတို့ အသုံးပြုနေတဲ့ ဖုန်းကလဲ ပြတ်ခါနီးနေပြီ၊ (payment တွေက နှစ်လစာတောင်ရှိနေပြီလေ) ဖုန်းကလဲ ရှိတာမှ နှစ်လုံးထဲရယ်၊ သတင်းသမားတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေက သတင်းတွေလှမ်းမေး၊ အဆက်အသွယ်တွေ လှမ်းလုပ်နဲ့ သူတို့လဲ မပြောမဖြစ်နဲ့ ပြောနေကြတာ၊ အခုတော့ အခက်တွေ့ နေကြပြီ၊ ခြေထောက်တွေလဲ ပေါက်ပြဲ၊ မြန်မာနိုင်ငံသားတွေနဲ့ လဲ အဆက်အသွယ်တွေပြတ်နဲ့၊ ဒါပေမယ့် သူတို့ ဇွဲမလျှော့ပါဘူး၊
သူတို့ရဲ့  လမ်းခရီးကို အောင်မြင်စေဖို့ သူတို့မှာ ရန်ပုံငွေတွေ လိုနေတယ်၊ သူတို့ကို တတ်နိုင်သလောက် ၀ိုင်းပြီး ဖေးမ စေခြင်ပါတယ်၊ သူတို့ အခုလုပ်နေတဲ့ အလုပ်ဟာ processing ပါ သူတို့ အခုလမ်းလျှောက်နေတယ်၊ NYC ရှိ UN ရုံးရောက်ရင် ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြပါအုံးမယ်၊ ဒီတော့ သူတို့ ရဲ့  လုပ်ငန်းဟာ မပြီးပြတ် သေးတဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကြီးပါ၊
ဒါနဲ့ပဲ Norway အကြောင်းပြောရအုံးမယ်၊ နော်ဝေးမှာရှိတဲ့ ရဲဘော်များကလဲ အခုလို Campaign ကို ဆက်လက် လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း ပြောလာကြပါတယ်၊ ယနေ့ မြန်မာပြည်ရဲ့  နိုင်ငံရေးအခြေအနေဟာ အဆိုးဘက်ကို ပြောင်းလဲနေတဲ့ ကာလပါ၊ တိုင်းပြည်ကို ခြောက်ထဲ တွန်းပို့နေတဲ့ ကာလပါ၊ ဒါတွေကို ကျနော်တို့က လက်ပိုက်ကြည့်နေရင် သမိုင်းရဲ့  တရားခံတွေ ဖြစ်သွားကြမှာပါ၊
အခုလက်ရှိကာလမှာ ကျနော်တို့ စုပေါင်းပြီး လုပ်သင့်တာက နိုင်ငံတကာကို ပြောပြရမယ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွတ်ပေးဖို့ စစ်အစိုးရကို ပြောပေး၊ ဒီစစ်အစိုးရက မတရားလုပ်နေပါတယ်၊ ကျနော်တို့က ဒီလုပ်ရပ်ကို သဘောမတူဘူး၊ ဒီစစ်အစိုးရကို ၀ိုင်းပြီး ဆန့်ကျင်ကြပါ၊ ဒီအစိုးရနဲ့ အဆက်အဆံ မလုပ်ပါနဲ့ ၊ ဒီလိုမျိုးတွေလုပ်ဖို့ ဆန္ဒပြပွဲတွေ လုပ်ကြရမယ်၊ ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နေတဲ့ သူတွေကို အကူအညီပေးကြပါလို့ တိုက်တွန်းပါရစေ။
သူတို့အကြောင်း ကို ဒီလင့်ခ်မှာhttp://longmarchforburma.blogspot.com/သွားဖတ်ကြပါ သူတို့ကို နိုင်သလောက် အားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကျနော်တို့ရဲ့  ရဲဘော်ကြီးများ လျှောက်နေကြတဲ့ ခရီးမှတ်တမ်းပုံလေးတွေပါ ရဲဘော်များကို ၀ိုင်းပြီး အားပေးကြပါ။
1 comments:
လမ်းလျှောက်ရတာ အဆင်ပြေလားဗျို့။ ရာသီဥတု ဘယ်လိုနေလဲဗျ။ LA ဖက်တော့ မိုးတွေ ရွာနေတယ်။
Post a Comment