အဖြစ်ချင်ဆုံး ဆန္ဒတဲ့ ညီမလေး မြူး တဂ့် ထားတာလေ ….. ရေးကြည့်တာပေါ့ ရင်ထဲရှိတာတွေနော် …. စာမှ… မရေးတတ်ပဲ …..
ညီမလေးရေ…. ညီမလေး ပြောသလိုပါပဲ လူတွေ… လူတွေမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ အမြဲတမ်းလဲ ပြောင်းလဲ နေတတ်တယ်၊ အမျိုးမျိုးလဲ ရှိတတ်တယ်လေ၊ မိမိဘ၀ အတွက်လား? မိမိရဲ့  မိသားစုအတွက်လား? မိမိနိုင်ငံ အတွက်လား? စသဖြင့်… စသဖြင့်… ပေါ့နော် ညီမလေးက ဘောင်မခတ်ထားပဲ ပြောထားတော့ ဘယ်ကြောင်း အရာဘဲ ဖြစ်ဖြစ် ပြောလို့ ရတယ်လို့ အကို ယူဆလိုက်မယ်နော်….
Long term ဆန္ဒ နဲ့ Short term ဆန္ဒတွေလဲ ရှိနိုင်တာပဲနော်၊ ဆန္ဒ ဆိုတာကတော့ ကိုယ့်စိတ်ထဲမှာ တဖွဖွ ဖြစ်ပေါ်နေတဲ့ စိတ်ရဲ့ ခံစားချက်တွေကို လက်တွေ့အကောင်အထည် ပေါ်လာအောင် စိတ်ထဲက တောင်းဆိုနေခြင်းလို့ ကျနော်နားလည်မိတယ်၊ လက်တွေ့လဲ အကောင်အထည်ဖေါ်ကြတယ်လေ … ဆန္ဒ ဆိုတာက မိမိလိုချင်တာ၊ ဖြစ်ချင်တာတွေလို့လဲ ကျနော် ယူဆမိတယ်၊ ကျနော့်မှာ ဆန္ဒတွေ အများကြီး ရှိပါတယ်၊ အဲ့ဒီဆန္ဒတွေထဲက တချို့ ကိုတော့ တင်ပြလိုက်ပါတယ်၊ တကယ်ပြောပြရမယ်ဆိုရင်တော့ ကျနော်မှာ ဆန္ဒတွေ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။
ကျနော့်ကိုယ်ပိုင်အတွက် ဖြစ်ချင်တဲ့ ဆန္ဒတွေကတော့ လက်ရှိနဲ့ အနာဂတ်အထိပါပဲ၊ လက်ရှိ ဆန္ဒဟာဆိုရင် ကျနော့်မိဘတွေ၊ ညီမလေးတွေ၊ အသက်ရှင်ကျန်ရှိနေတဲ့ အဖေ့ဘက်က အဖွားတယောက်ရယ်၊ ဦးလေးများ၊ ဒေါ်ဒေါ်များနဲ့ ပြန်လည်ပြီး တွေ့ချင်ပါသေးတယ်၊ အမေ့ရဲ့ ပေါင်ပေါ်မှာ ကိုကြီးနဲ့အတူ အပြိုင်လုပြီး မှေးစက်ချင်နေပါသေးတယ်၊ အမေရယ်…. လွမ်းလိုက်ရာတာ ဒီဆန္ဒလေးတွေ ဘယ်တော့မှာ ပြည့်ဝပါ့မလဲ မသိတော့ပါဘူး? အမေထိုင်နေတဲ့အခါ အမေ့ရဲ့  ပေါင်ပေါ်မှာ မအိပ်ရတော့တာနဲ့ မိသားစုများနဲ့ ဝေးခဲ့တာ ၁၀ စုနှစ် နှစ်စု ပြည့်သွားပြီလေ… ဒီတော့ ကိုယ့်မိသားစုတွေကိုလွမ်းပြီး ပြန်လည်တွေ့ချင်တဲ့ ဆန္ဒကတော့ ကိုယ်ဘက်ကိုယ်ရက်တဲ့ ဆန္ဒပေါ့နော်။
အများဘက်ရက်တဲ့ ဆန္ဒလဲရှိသေး ….
ကျနော့်ကိုယ်ပိုင်အတွက် ဖြစ်ချင်တဲ့ ဆန္ဒတွေကတော့ လက်ရှိနဲ့ အနာဂတ်အထိပါပဲ၊ လက်ရှိ ဆန္ဒဟာဆိုရင် ကျနော့်မိဘတွေ၊ ညီမလေးတွေ၊ အသက်ရှင်ကျန်ရှိနေတဲ့ အဖေ့ဘက်က အဖွားတယောက်ရယ်၊ ဦးလေးများ၊ ဒေါ်ဒေါ်များနဲ့ ပြန်လည်ပြီး တွေ့ချင်ပါသေးတယ်၊ အမေ့ရဲ့ ပေါင်ပေါ်မှာ ကိုကြီးနဲ့အတူ အပြိုင်လုပြီး မှေးစက်ချင်နေပါသေးတယ်၊ အမေရယ်…. လွမ်းလိုက်ရာတာ ဒီဆန္ဒလေးတွေ ဘယ်တော့မှာ ပြည့်ဝပါ့မလဲ မသိတော့ပါဘူး? အမေထိုင်နေတဲ့အခါ အမေ့ရဲ့  ပေါင်ပေါ်မှာ မအိပ်ရတော့တာနဲ့ မိသားစုများနဲ့ ဝေးခဲ့တာ ၁၀ စုနှစ် နှစ်စု ပြည့်သွားပြီလေ… ဒီတော့ ကိုယ့်မိသားစုတွေကိုလွမ်းပြီး ပြန်လည်တွေ့ချင်တဲ့ ဆန္ဒကတော့ ကိုယ်ဘက်ကိုယ်ရက်တဲ့ ဆန္ဒပေါ့နော်။
အများဘက်ရက်တဲ့ ဆန္ဒလဲရှိသေး ….
ဒီဆန္ဒတွေနဲ့အတူ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆန္ဒကတော့ ဒီမိသားစုနဲ့ ဝေးအောင် ဖြစ်ပေါ်လာတဲ့ နောက်ခံအကြောင်းရင်းဖြစ်တဲ့ စစ်အစိုးရရဲ့  ဒီရန္တယားကြီး ဘက်ကို ပြန်လှည့်ရတော့မယ်၊ ကျနော်တို့ နိုင်ငံကို စစ်အစိုးရက ဆက်လက်ပြီး အာဏာသိမ်းယူထားမယ်ဆိုရင် ကျနော်လဲ ဒီတသက် ရင်ထဲကဆန္ဒတွေ ပြည့်ဝတော့မှာ မဟုတ်တော့ပါဘူး၊ ဒီတော့ ဒီစနစ်ဆိုးကြီးကို ၀ိုင်းပြီး တွန်းလှန်မောင်းထုတ်ဖို့ ရင်ထဲမှာ ဆန္ဒတွေ ဒုနဲ့ဒေး ပေါက်ဖွားနေတယ်၊ ဒီစနစ်ဆိုးကြီးကို တွန်းလှန်ဖို့ နဂိုကတည်းကပင် ပေါ်ခဲ့တဲ့ ဆန္ဒကလည်း ရှိသေးတယ်နော် ဒီနေ့အဖို့တော့ အဲ့ဒါမပြောတော့ဘူး၊ ဒီစစ်အာဏာရှင်စနှစ်နဲ့ အတူ Totalitarian ကို နအဖက ဆက်လက်သယ်ဆောင်ပြီး သူတို့ပြောတဲ့ ကိုယ်ပိုင် made, "Home made ဒီမိုကရေစီ" ကြီးကို မြန်မာနိုင်ငံရဲ့  အနာဂတ်သစ်စီ ဆက်လက် သယ်ဆောင်လာမှာပါ၊ ဒါကို သူတို့ မသယ်ဆောင်နိုင်စေရန် ကျနော်တို့က ၂၀၁၀ မှာ လုပ်မယ့် တဖက်သတ် မတရားရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မပျက်ပျက်အောင် ဖျက်ကြရမယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ရဲ့  ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်းလွတ်မြောက် စေချင်တာ အကြီးမားဆုံး ဆန္ဒ တခုပါပဲ (ညီမလေးမြူး ရဲ့  ဆန္ဒနဲ့လည်း ကိုက်ညီနေပါတယ်) ကျနော်ရဲ့  အသိက အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရဲ့  ဖိအားပေးမှုတွေကြောင့် သူတို့တွေ လွှတ်ပေးခဲ့ရင်တောင် (ကမ္ဘာကြီးပျက်သွားလိမ့်မယ် ဘယ်တော့မှ မလွှတ်ပေးဘူး)၊ ဒီ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကို သူတို့ အနိုင်မရ' ရအောင် ပြုလုပ်သွားမှာလေ (Referendum ကိုပဲကြည့်လေ ပြည်သူတွေ သိန်းနဲ့ ချီပြီး နာဂစ်ကြောင့် အတိဒုက္ခ ရောက်နေတာတောင် လုပ်သွားတယ်လေ) ဒါကြောင့် ဒီ ၂၀၁၀ ဆိုတဲ့ မတရားသဖြင့် ပြုလုပ်မယ့် မြန်မာပြည်ကို ချောက်ထဲတွန်းကျ စေမယ့် ရွေးကောက်ပွဲကြီးကို ပျက်စီးယိုယွင်း စေချင်တာ ကျနော်ရဲ့  လက်ရှိ အကြီးအမားဆုံး ဆန္ဒပါလို့ အသိပေးလိုက်ပါရစေ …… “မြန်မာပြည်ကြီး လွတ်မြောက်ပါစေ”
၂၀၁၀ ရွေးကောက်ပွဲ လိမ်နေသည်
၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ
၂၀၁၀ ရွေးကောက်ပွဲ ကျဆုံးပါစေ
ညီမလေးရေ… အကိုမှာ နောက်ထပ်မြောက်များစွာသော၊ မြန်မာပြည်နှင့် ပတ်သက်သော လိုအင်ဆန္ဒများ ရှိသေးကြောင်း ညီမလေးမြူး နောက်ထပ် သိချင်ပါက ဆက်လက်ရှု့ စား … အဲ ဟုတ်ပေါင် … မေးမြန်းနိုင် ကြောင်း …..
ရင်ဘတ်ချင်းတူသော သူများ ခံစားတွေးတော နိုင်ပါတယ် .... ဒီဟာကြီးက ကျနော်တို့ ခင်ဗျားတို့ အနာဂတ်ကို ပြောင်းလဲပြစ်တော့မှာနော်၊၊
ညီမလေးမြူး တဂ့် ထားတဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို အားကြိုးမန်တက် ရေးထားတာပါ အမှားများ ပါရင် နားလည်ပေးကြပါလို့
ကိုဇော်
10 comments:
ကိုကြီးးးးးးးးးးးးးးးး
လာဖတ်သွားတယ်နော်
ကျေးဇူးနော်
ဟုတ်တယ်လက်မခံဖူး
ကိုဇော်ရေ
အများပြည်သူရဲ့ သဘောလည်း ကိုဇော်ရဲ့ သဘောပါပဲ။ ဒီလိုအင်ဆန္ဒပြည့်ဝဖို့ အားလုံးဝိုင်းကူ လုပ်ကြစို့ ။
မအယ်
အင်းးး ညီမတို့လဲ မြန်မာပြည်ကြီး ကိုလွတ်လပ်ချင်သားနော် မြန်မာပြည်မှာ ဆင်းရဲဒုက္ခခံနေရတဲ့လူတွေကို သနားတယ် တကယ်ပြောတာ ကိုယ်ဘာလုပ်ပေးနိုင်မလဲ လို့ကြည့်လိုက်တော့လဲ ဘာမှမလုပ်ပေးနိုင်တော့ ပိုပြီးဝမ်းနည်းရတယ် အကိုရေ ဖူးးးးး အကိုပြောသလိုပါပဲ မြန်မာပြည်ကြီး မြန်မြန်လွတ်လပ်ပါစေဗျားးးးးးးးး
ကိုဇော်... ရာ ၂၀၁၀ ရွေးကောက်ပွဲကို တကမ္ဘာလုံးက မြောင်းထဲ ထည့်လိုက်ပါပြီဗျာ။
ဟုတ်တယ် ကိုဇော်ရေ မေလေးတို့ ဘာဆက်လုပ်ကြမလဲ ဟင်
ဟင်းးးးးးးးး(သက်ပြင်းးးချသွားပါတယ်)
ခင်တဲ့
မေလေး
ဒီမယ် ..သူများ အကြွေးဆပ်အုန်းနော်
ပို့စ်လေးကို သေသေချာချာဖတ်သွားတယ်
နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ?
ကျနော်ကတော့ အာဏာရှင်စနစ်ကိုပဲတော်လှန်ခြင်တယ်
ဒီလိုပါ မီကိုဇန်ရေ .....
၂၀၁၀ က အာဏာရှင်စနစ်ကို ဆက်လက်သယ်ဆောင်လာမှာလေ ဒါကြောင့် ၂၀၁၀ ကို အရင် ဆန့်ကျင်ဖို့ လိုတယ်လို့ ပြောတာပါ
တမျိုးသားလုံး လွတ်မြောက်ဖို့ပဲ ကိုဇော်ရာ...
အမှားမပါပါဘူး...
ရင်ဘတ်ချင်းတူသူမို့ အရောက်လာခဲ့ပါတယ်...
ဆရာတင်မိုးပြောခဲ့သလိုပေါ့...
"ရှေ့ကိုသာဆက်လျှောက် တနေ့နေ့ရောက်ရမယ်"
းဝ)
Post a Comment