အရောင် သုံးရောင် လွှမ်းနေတဲ့ မြန်မာပြည်
အရောင်တချို့ ကို အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် အဖြူရောင်ဟာ သန့်ရှင်းစဉ်ကြယ်ခြင်းလို့ အဓိပ္ပါယ်ရကြောင်း၊ အနီရောင်ဆိုတာက ရဲရင့်တည်ကြည်ခြင်းလို့ အဓိပ္ပါယ်ရကြောင်း၊ အမဲရောင်ကတော့ မှောင်မိုက်ခြင်း၊ အ’ မဂ္ဂင်္လာ လို့ အဓိပ္ပါယ်ရကြောင်း စာတွေထဲမှာ ဖတ်ခဲ့ဖူးပါတယ်၊ မှားနေရင်လဲ ပြင်ပေးကြပါနော်၊
ကျနော်ရဲ့  မြန်မာပြည်နိုင်ငံက နိုင်ငံသားများကို ကိုယ်ပိုင်အရောင်သုံးမျိုးချယ်ပေးလိုက်ပါတယ် (လွပ်လပ်စွာထင်မြင်ယူဆမှုအရနော်) အရောင်များနဲ့ ပတ်သက်တဲ့ အမြင်များကို ပြောပြရရင်တော့ ……….. မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသားများကို အရောင် သုံးမျိုးခွဲခြား ကြည့်ချင်ပါတယ်၊ ဒါတွေကတော့ အောက်ပါအတိုင်းပါပဲ ……….
အနီရောင်
(အနီရောင် အုပ်စု ၀င်များ -နမူနာ-)
အနီရောင် ကတော့ ရဲရင့်တည်ကြည်ခြင်းဆိုတဲ့ အဓိပ္ပါယ်အတိုင်း သတ္တိ၊ ဗျတ္တိနဲ့ ပြည့်စုံတဲ့ လူတွေကို ကိုယ်စားပြုပေးလိုက်ပါတယ်၊ ကျနော် Idea နော်..... မြန်မာနိုင်ငံကို လွပ်လပ်မှု၊ လု့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ စတဲ့ လူသားများ မွေးရာပါ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ မွေးရာပါ အခွင့်အရေးများကို ကိုယ်ကျိုးမဖက်ပဲ အသက်၊ ဘ၀ များကို စတေးပြီး တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်၊ အဘ ဦးဝင်းတင် အပါအ၀င် NLD ပါတီဝင်များ၊ ဗကသ ကဲ့သို့ ကျောင်းသားသမဂ္ဂ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၊ ဦးဇာဂနာ ကဲ့သို့ တသီးပုဂ္ဂလ နိုင်ငံရေးသမားများ၊ ထိုကဲသို့၊ ထိုကဲ့သို့သော မြန်မာ့အရေးကို အသက်ထက်ဆုံး လွပ်လပ်ရေးကို အသက်ထက်ဆုံး တိုက်ပွဲဝင်နေသော activists များကို အနီရောင်များအဖြစ် ကင်ပွန်း တပ်ပေးလိုက်ပါတယ်။
အဖြူရောင်
(အဖြူရောင် အုပ်စု ၀င်များ -နမူနာ-)
အဖြူရောင်ကတော့ ဘာမှမသိ၊ ပညာမရှိ၊ ဆင်းရဲနွမ်းပါးကာ လူ့အခွင့်အရေးမရှိ၊ မသိ၊ တနေ့တာဝမ်းစာနှင့် နှဘန်းလုံး နေရရှာသော၊ ဆိုးချင်တဲ့ အရောင်ကို အဆိုးခံနေရ ရှာတဲ့ အပြစ်မဲ့သူများ၊ ဖြူစင်လွန်းလို့ နအဖ (ခ) စစ်အစိုးရများက လုပ်ချင်သလိုလုပ် လယ်တွေကိုသိမ်း၊ အသိမ်းခံရတဲ့ လယ်ရှင်တွေက ထောင်အချခံရ၊ ခိုင်းချင်တဲ့ အလုပ်တွေကိုလုပ်အားပေးဆိုပြီးခိုင်း (Force labor) ၊ တောင်းချင်တဲ့ ငွေကိုတောင်း (မပေးမနေရ၊ အလူခံလို့အမည်တပ်) ၊ မြေတွေကိုသိမ်း၊ အိမ်တွေကိုရွေ့ပြောင်း၊ တိုင်းရင်းသား ဒေသများမှာဆို စွပ်စွဲချင်သလို စွပ်စွဲပြီး သူပုန်နဲ့ အဆက်အသွယ်ရှိလို့ဆိုပြီး သမုတ်ကာ သတ်ဖြတ်ချင်တိုင်းသတ်ဖြတ်၊ သူတို့တွေရဲ့  ရွာတွေကို မီးရှို့ ၊ မောင်းထုတ်၊ ယုံကြည်မှုတွေကို ချိုးဖျက်၊ ဒါ မ ကိုးကွယ်ရဘူး၊ ဟိုဟာ မ ကိုးကွယ်ရဘူးလို့၊ ဘာသာ၊ ယုံကြည် ကိုးကွယ်မှုများကို ချိုးဖျက်၊ ဟိုဘာသာနှင့် ဒီဘာသာကို ရန်တိုက်ပေးကာ ဘာသာရေးပြဿနာများ ဖြစ်အောင်ဖန်တီး၊ အပြစ်မရှိ၊ ဘာဆိုဘာမှ မသိရှာသော သနားစရာ ပြည်သူများ၊ မီးမရ ရေမရ ၀မ်းစာမဖူလှုံတဲ့ဘ၀၊ အိမ်ခြံမြေတွေကို ရောင်းကာ တိုင်းတပါးသို့ ကျွန်အပြုခံရန် ထွက်ပြေးနေရသော လူတန်းစားများကို အဖြူရောင်လို့ ကင်ပွန်းတပ်ပေး လိုက်ပါရစေ။
အမဲရောင်
(အမဲရောင် အုပ်စု ၀င်များ -နမူနာ-)
အမဲရောင်ကတော့ အမဲရောင်ကို သမုတ်တဲ့အတိုင်း မှောင်မှောင်မည်းမည်း ထဲကနေ ရုန်းမထွက် နိုင်သေး၊ အမိုက်လုပ်ငန်းတွေကိုလုပ်၊ အဖြူရောင်တွေကို လိုက်ပြီးအရောင်ဆိုး၊ အဖြူရောင် တွေကိုခိုင်း လူတွေကိုသတ်၊ မိမိကိုးကွယ်တဲ့ ဘုန်းကြီးများကို ကြိုးနဲ့တုတ်၊ ထောင်သွင်းအကျဉ်းချ၊ လူမြင်ကွင်းမှာ ရိုက်ပုတ်သတ်ဖြတ်ကာ အစအနတွေဖျောက်၊ အာဏကိုလက်ထဲမှာစုပ်၊ အာဏာကို လက်ဆင့်ကမ်း၊ လက်သတ်များမွေး၊ မျိုးဆက်သစ်များမွေး၊ အမွေဆိုးများပေး၊ အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်ခိုင်း၊ ပြည်သူတွေကို အမှောင်ထဲမှာလှောင်၊ ပညာမတတ်အောင်လုပ် တိုင်းပြည်ကို ချောက်ထဲတွန်းချ အကျင့်ပျက်ခြစားမှုတွေ သင်ပေး၊ ဘာသာရေး ဂိုဏ်းဂဏကွဲအောင် ဘုန်းတော်ကြီးများကို လာဘ်ထိုးသိမ်းသွင်း၊ အမိမြေရဲ့  သယံဇာတ များကို မိမိတို့ အသက်ဆက်ရေး အတွက် သာကြည့်ပြီး နိုင်ငံကို ချောက်ထဲတွန်းပို့ ခြင်ကာ သူတို့ကြီးပွားရေးသာ ကြည့်နေကြသော အိမ်နီးချင်းနိုင်ငံများကို ရောင်းစား၊ မိမိအာဏတည်မြဲရေးနှင့် ပတ်သက်လာရင် အချင်းချင်းလဲ သုတ်သင်ရှင်းလင်း မိမိကောင်းစားရေး၊ မိမိ မိသားစုဝင်များ ကောင်းစားရေး၊ မိမိနောက်လိုက်များ ကောင်းစားရေး ဘာသာရေးလဲမသိ နိုင်ငံရေးလဲ မရှိ ဘယ်သူသေသေ ငတေမာရင် ပြီးရော လမ်းစဉ်များနှင့်သွား တိုင်းသူပြည်သားအားလုံးကိုလည်း ဒီအမွေတွေပေး၊ တရားဥပဒေအထက်တွင် မည်သူမရ မရှိစေရဟု ဆိုကာ မိမိကအပေါ်ကတက်ထိုင် လူသားအကျိုးပြုသူများကို သုတ်သင် သမိုင်း ၀င် မြို့  တွေကို တစပြင်လုပ်၊ အုပ်ချုပ်မင်းလုပ်နေသော လက်တစုပ်စာ လူတစုကို အမဲရောင် သမားများဟု သမုတ်လိုက်ပါတယ်။
(အမဲရောင်များသည် အဖြူရောင်များကို အမြဲတမ်း အမဲရောင်များဖြစ်အောင် အရောင်းဆိုးပေး နေသော ကြောင့်၊ အဖြူရောင်များက အနီရောင်များနှင့်ပူးပေါင်းပြီး မိမိ၏ မူလအရောင် မပျောက်ကွယ်အောင် ကာကွယ်နိုင်ကြောင်းနှင့် အနီရောင်များနှင့် ပူးပေါင်းကာ အမဲရောင်များကို ပြန်လည်အရောင် ဆိုးပေး နိုင်ကြောင်း အသိပေးလိုက်ပါတယ်)
(မှတ်ချက်၊ ၊ ကျနော်သည် စာရေးဆရာမဟုတ် မည်သည့်စာမှမရေးတတ်ပါ ရေးချင်လို့ အဆီအငေါ် မတည့်အောင် ရေးထားခြင်းကို သီးခံပြီး ဖတ်ပေးကြဖို့ တောင်းပန်အပ်ပါတယ်)
4 comments:
အရောင်ဆိုးတာဟာ အုပ်စုဖွဲ့ ခြင်း ဂုဏ်းဂဏ ထောင်ခြင်းလို့  အဓိပ္ပါယ် သက်ရောက်ပါတယ်။
စစ်အုပ်စုက ဒီလို အရောင်ဆိုးပြီး သွေးခွဲ အုပ်ချုပ်နေတာပဲ။
နွားကွဲမှ ကျားဆွဲ နိုင်မှာ မို့ ပါ။
ခုနေ ဒီသုံးရောင်ခြယ်ဟာ ဒီသဘောပါပဲ။
ဘုံရန်သူက အမဲရောင်ပိုင်ရှင် စစ်အာဏာရှင် အုပ်စုပါပဲ။
မှတ်သား သွား၏။
ကိုလူထွေးလဲ နီချင်ပါတယ်...
ဒါပေမယ့် ဖျော့တော့တော့ပဲ ရှိသေးတယ်...
းဝ)
အရောင် ၃ ရောင် နဲ့ ခွဲခြားပြထားတဲ့  အတွေးအခေါ်လေး ကြိုက်တယ် ။
အဖြူရောင်တွေ မှ အနီရောင် ဘဝပြောင်း တာ များလေ ၊ အမဲရောင်တွေကို အောင်နိုင် ဖို့ များလေပါဘဲ ။
လေးစားလျှက်..
ကိကီ
Post a Comment