ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, August 26, 2009

ဆန္ဒများကို ဖော်ထုတ်ခြင်း


မကောင်းမှုများကို တိုက်ထုတ်ခြင်း (James Street ရဲ့  ဆန္ဒပြခြင်း ရလာဒ်)


ပြီးခဲ့တဲ့အပတ်ထဲမှာ အလုပ်ကိစ္စတခု (Home Visit) နဲ့ မြို့ ထဲက မြန်မာနိုင်ငံသားများအိမ်တွေကို လိုက်သွားခဲ့တယ်၊ အဓိကရောက်ဖြစ်ခဲ့တဲ့ လမ်းကတော့ ကျနော်တို့နေတဲ့မြို့ မှာ နာမည်အကြီးဆုံး လမ်းကလေးဖြစ်ခဲ့တဲ့ James Street လေးပါပဲ၊ James Street ရဲ့  ပတ်ဝန်းကျင်အခြေအနေတွေအားလုံးဟာ အရင်ကနဲ့မတူပဲ အပြောင်းအလဲကြီး ပြောင်းလဲလို့သွားခဲ့တယ်၊ ပတ်ဝန်းကျင်တခုလုံးမှာ သွားလာနေကြတဲ့လူတွေဟာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ရွှင်မှုလေးတွေကို သူတို့ရဲ့  မျက်နှာတွေမှာ တွေ့လိုက်ရတော့ ကျနော် အတော်အံ့အားသင့်သွားမိသေးတယ်၊ ပြီးတော့မှ သူငယ်ချင်း ရဲတယောက် ပြောပြခဲ့တဲ့ စကားလေးကို သွားသတိရမိရင်း၊ ပြောင်းလဲမှုတွေကို သတိပြန်ရလိုက်တယ်။

ဒီလမ်းလေးက လွန်ခဲ့တဲ့နှစ်တွေက အတော်လူစည်းကားသလို လူတော်တော်များများကလည်း ရွံရှာကြောက်ရွံ့  ခဲ့ကြတဲ့ လမ်းကလေးပါ၊ တယောက်တည်း လမ်းရှောက်ဖို့ဆို နိုင်ငံခြားသားများ မပြောနဲ့ ဒီနိုင်ငံပေါက်တွေတောင် မသွားလာရဲကြဘူးလို့ မြို့ ခံလူဟောင်းများက ပြောပြခဲ့ဘူးတယ်၊ ဒီလမ်းကလေးကို စည်းကားအောင် ဖန်တီးပေးမှုတွေကတော့ စုံလို့ပါပဲ၊ အဓိက စည်းကားစေတာတွေကတော့၊ ဒီလမ်းတလျှောက်မှာ African America တွေဟာ တအိမ်မလွတ် နေထိုင်ကြလို့ပါပဲ၊ သူတို့ရဲ့  ယေဘုယျ စရိုက်တွေကတော့ ပျော်ပါးမယ်၊ သောက်စားမယ်၊ ဒီတော့ စီးပွါးရေးသမားများကလည်း၊ ယာမကာ ဆိုင်တွေကို အပြိုင်အဆိုင်လုပ်ပြီး ဒီလမ်းကလေးထဲမှာ သွားရောက်ဖွင့်ခဲ့ကြတယ်၊ အမေရိကားက Grocery Store လို့ ခေါ်တဲ့ ဆိုင်တိုင်းမှာ ဆေးလိပ်နဲ့ ဘီယာကို တွဲရက်ရောင်းကြတာ အားလုံးသိကြမှာပါ၊ Liquor Store တွေကတော့ ဆေးလိပ်နဲ့ အရက်ကိုပဲ အဓိကထားပြီး ရောင်းလေ့ရှိကြတယ်၊ အဲ့ဒီတော့ မည်သည့် Grocery Story တိုင်းတွင်မဆို ဘီယာနှင့် ဆေးလိပ်များကိုဝယ်ယူနိုင်ကြပါတယ်။



African American နှင့် Spanish တွေဟာ ဒီလိုဆိုင်များမှာ အိပ်ရာကနိုးတာနဲ့ အိပ်ယာဝင်တဲ့အထိ ရှိတတ်ကြတယ်၊ (African American နှင့် Spanish အားလုံးကို မဆိုလိုပါ၊ ဒီလမ်းတွင်ရှိသော အခြေအနေများကို တင်ပြခြင်းသာ)၊ တဆင့်တဆင့်နဲ့ ဒီလမ်းထဲမှာ စီးပွါးရေးများနဲ့ စည်ကားလာခဲ့တယ်၊ သာမန်လူများနှင့်အတူ ဆိုင်ရှင်များကလည်း မူးယစ်ဆေးဝါးများကို စတင်ရောင်းချလာခဲ့ကြတယ်၊ (ဆေးခြောက်မှအစ ဘိန်းမည်းတို့အဆုံးပေါ့ အများဆုံးကတော့ crack လို့ခေါ်တဲ့ ပစ္စည်းတမျိုးကို လူကြိုက်အများဆုံးပါ)၊ ကြာလာတာနဲ့အမျှ လူစည်းကားမှုနှင့် မူးယစ်ဆေးဝါးများကြောင့် ကိုယ်နှင့်ရင်းစားသော မိန်းကလေးများလည်း အလုပ်ဖြစ်လာခဲ့ကြတယ်၊ နောက်ပြီး ဆေးသမားများနှင့် ပြည့်တန်စာများ ပေါများလာတာနဲ့အမျှ လုယက်မှုများလည်း တပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်၊ ဆေးဝါးသုံးစွဲရန် ပိုက်ဆံမရှိသူများက လုယက်ခြင်းနှင့်၊ ခိုးဆိုးခြင်းတို့ဖြင့် မိမိတို့ဆေးဝါးရရှိရန်၊ ကြိုးစားလာခဲ့ကြတယ်၊ လုယက်မှုအသက်မွေးဝမ်းကြောင်းကို အဓိကလုပ်ကိုင်ကြသောသူများက လုကြ၊ ယက်ကြရင်း ခိုက်ရန် ဒေါသတွေဖြစ်ကာ တယောက်နှင့်တယောက်၊ တဖွဲ့နှင့်တဖွဲ့ သတ်ဖြတ်ခဲ့ကြတယ်၊ ဒါနဲ့ပဲ ဒီလမ်းကလေးထဲမှာ အောက်ပါ စီးပွါးရေး လုပ်ငန်း (၄) ခု အောင်မြင်လာခဲ့တယ်၊



(၁) မူးယစ်ဆေးဝါး အရောင်းအ၀ယ်
(၂) မိန်းမအရောင်းအ၀ယ်
(၃) လုယက်မှု
(၄) ခိုက်ရန်ဖြစ်ပွားမှု (လူသတ်မှု)



အထက်ပါ လုပ်ငန်းများ အောင်မြင်လာတာနဲ့အတူ ရဲတွေရဲ့  လူဆိုးဖမ်းရေးတွေလည်း တနေ့နဲ့တနေ့ ပိုပိုရှုပ်ထွေး လာခဲ့တယ်၊ လမ်းစုံတိုင်းနှင့် လူစည်ကားရာ ဆိုင်များရဲ့  အနီးတ၀ိုက်မှာ Security camera တွေနှင့် ရဲများက စောင့်ကြည့်ခဲ့ကြတယ်၊ ဒါပေမယ့်လည်း လူယက်သူများနှင့် (Gang Star) အဖွဲ့ဝင်များရဲ့  အင်အားများ ဟာလည်း တစထက်တစ ပိုမိုကြီးမားလာခဲ့တယ်၊ လူဆိုးဂိုဏ်းများဟာ ရဲများလာရောက်ဖမ်းဆီး သောအခါ သေနတ်များနှင့် ပြန်ခံပစ်ခတ်လေ့ရှိကြတယ်၊ လူဆိုးဂိုဏ်းများဟာ ကြီးထွားလာပြီး ရဲများကိုလည်း မကြာခဏ ပစ်သတ်လေ့ရှိကြတယ်၊ ထိုရာဇ၀တ်မှုများကြီးထွားလာမှုကြောင့် မိဘမဲ့များနှင့် သားသမီးများ ဆုံးရှုံးမှုများမှာလည်း တိုးတက်ထွန်းကားလာခဲ့တယ်၊ လူငယ်များ ကျောင်းတပိုင်းတစနှင့် လမ်းဘေးသို့ ရောက်ကုန်ကြတော့တယ်၊ အေးချမ်းတည်ငြိမ်စွာ မှီတင်းနေထိုင်ခြင်ကြသော ရပ်ကွက်တွင်း ပြည်သူများကလည်း ဟိုပြောင်းဒီရွှေ့နှင့် ပြောင်းသွားသူများတချို့ နှင့် မပြောင်းနိုင်ဘဲ ဆက်လက်မှီတင်း နေထိုင်သူများကလည်း ဒုနဲ့ဒေး၊ ဒီကိစ္စတွေကို ခါးစည်းခံစားနေကြရင်း ဒုစရိုက်မှုများကို သည်းမခံနိုင်ကြ တော့သော လူတစုကလည်း အံတွေကြိတ်ရင်း စောင့်ဆိုင်းနေကြတယ်။



အမေရိကန်ဆိုလို့ ဒုစရိုက်မှုများ မရှိနိုင်လို့ မထင်ပါနဲ့၊ မည်သည့်နိုင်ငံတွင်မဆို အမျိုးမျိုးသော ဒုစရိုက်မှုများဟာ လူ့အသိုင်းအ၀ိုင်းများ တည်ရှိနေသ၍ ဆက်လက်ရှင်သန်နေကြမှာပါ၊ လူဆိုတဲ့သတ္တ၀ါတွေဟာ၊ ကောင်းတာတွေကိုလည်း သူတို့ပဲလုပ်သလို မကောင်းမှုတွေကိုလည်း သူတို့ပဲ ခင်တွယ်ကြစမြဲပါ၊ ဒါပေမယ့် ဗမာနိုင်ငံနဲ့တော့ ကွာတာပေါ့ဗျာ ကောင်းမှုတွေကို ပြည်သူတွေကလုပ်ပြီး၊ မကောင်းမှုများကြတော့ စစ်အစိုးရသာ လုပ်တတ်ကြတယ်၊ ဒါကတော့ ချွင်းချက်ပေါ့နော်၊ သူတို့လဲ အချိန်တန်ရင် ဇတ်သိမ်းကြတော့ မှာပါ။



ကမ္ဘာပေါ်တွင်မှီတင်းနေထိုင်နေကြတဲ့ လူသားများအားလုံးထဲမှာ အင်အားကြီးတဲ့လူကို အင်အားနည်းတဲ့လူက ကြောက်ကြရတာ ဓမ္မတာပါပဲ၊ လူသားတွေရဲ့  သဘာဝအရ ကြောက်စိတ်နှင့် အားငယ်စိတ်တွေဟာ အစဉ်အမြဲကပ်လျှက် ပါလာကြစမြဲပါ၊ ဒီလိုပါပဲ ဒုစရိုက်သမားတွေက အင်အားကြီးလာကြတော့၊ ရိုးသားတဲ့အရပ်သားများက အနိုင်ကျင့်စော်ကားခံရလာခဲ့ကြတယ်၊ အင်အားကြီးတဲ့လူတွေက အင်အားနည်းတဲ့လူတွေကို အနိုင်ကျင့်လာခဲ့တာလဲ ကမ္ဘာဦးအစကပင် ယနေ့ခေတ်ကာလအထိပါပဲ၊ ထိုအကျင့်စရိုက်များကို တိရိစ္ဆန်များမှာလဲ တွေ့ရမှာဖြစ်ပါတယ်၊ လူနှင့်တိရိစ္ဆန်များတွင် တူညီတဲ့ စရိုက်ပေါင်းများစွာထဲမှ ထိုစရိုက်တခုဟာလဲ အပါအ၀င်ဖြစ်ပါတယ်၊ မြန်မာပြည်ကို ပြန်ကြည့်မယ်ဆိုရင် စစ်အစိုးရဟာ သူတို့မှာရှိတဲ့ လက်နက်များကို အားကိုးပြီး အပစ်မဲ့တဲ့ ပြည်သူတွေကို အနိုင်ကျင့်စော်ကားလာခဲ့တာ ဆယ်စုနှစ်တွေ အတော်ကြာခဲ့ပါပြီ၊ ဒါဟာ ကြီးနိုင်ငယ်ညှင်းဝါဒရဲ့  စရိုက်တခုပါပဲ။
အထက်မှာပြောခဲ့တဲ့အတိုင်း James Street မှာ နေထိုင်နေကြတဲ့ ရိုးသားတဲ့ပြည်သူများက ထိုရာဇ၀တ်မှုများကို ခေါင်းငုံမခံကြတော့ပဲ အာဏာပိုင်များနှင့် ပူးပေါင်းကာ ၀ိုင်းဝန်းနှိမ်နှင်းလာခဲ့ကြတယ်။



သူတို့ရဲ့  ပူးပေါင်းမှုများက ဒီလိုဗျ၊ လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် တက်ကြွတဲ့ လူငယ်များနှင့် လူကြီးများက စုဝေးကာ ရပ်ကွက်ထဲတွင် စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြတယ်၊ ထိုဆန္ဒပြကြတဲ့အထဲမှာ အဖိနှိပ်ခံများဖြစ်ကြတဲ့ ကလေးများ၊ ဒုစရိုက်မှုများရဲ့  သားကောင်များအဖြစ် ကျန်ခဲ့ကြတဲ့ သားသမီးများ၊ သူတို့ရဲ့  ဇနီများ၊ ယေင်္ကျားများနှင့် မိဘများလည်း ပါဝင်ခဲ့ကြတယ်၊ သူတို့ရဲ့  တောင်းဆိုမှုများကတော့ No More Drug, No More Murder, No More Gun, No More Gang Star, စသဖြင့်ပေါ့၊ အောက်က Video မှတ်တမ်းတွင် ဆက်လက်ရှု့စားနိုင်ကြပါတယ်။

ဒီဆန္ဒပြပွဲကို နှစ်စဉ်နှစ်တိုင်းလိုလို ဒီလမ်းတွေရဲ့  ပတ်ဝန်းကျင် တလျှောက် လှည့်လည်ကာ အမြဲလိုလို ဆန္ဒပြခဲ့ကြတယ်။


ဒီမြို့ က ပြည်သူများနှင့် မြန်မာပြည်က ပြည်သူတချို့ ကတော့ ကွာလှပေါ့ဗျာ၊ စစ်အစိုးရက မတရား ဖိနှိပ်အုပ်ချုပ်ပြီး၊ ပြည်သူများကိုသတ်၊ ထောင်ချ၊ အတင်းအကျပ်လုပ်အားပေးခိုင်းတာတွေကို မနှစ်မြို့ လို့ တာဝန်သိ ပြည်သူများက လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်၊ ဒီမှာဘဲ ပြည်သူများက ဦးမဆောင်နိုင်လို့ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ လမ်းမပေါ်ထွက်၍ ဦးဆောင်ခဲ့ကြတယ်၊ ဒီလူတွေဟာ ပြည်သူတွေရဲ့  ကိုယ်စား ပြည်သူတွေ ခံစားနေရ တာတွေကို ကိုယ်စားပြု ရင်ဖွင့်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါ၊ ဒါတွေကို တိုင်းပြည်ချစ်စိတ်ရှိတဲ့ မည်သည့်ပြည်သူမဆို သိပြီးသားပါ၊ မသိသေးတာက ထို လမ်းမပေါ်တက်ကာ ဆန္ဒပြနေကြတဲ့ ပြည်သူများကို၊ ပြန်လည်အံတုပြီး နအဖ က ပေးတဲ့ နှစ်ပဲတပြား ကို ယူကာ ကြံဖွတ်ထဲ ၀င်၊ ပြည်သူ့အချစ်တော်တွေကို ၀ိုင်းဖမ်း၊ ၀ိုင်းရိုက်၊ ၀ိုင်းသတ် နေကြသော လူ့ငနွားများ၊ လူ့ပြိတာများ၊ နအဖခိုင်းတိုင်း မမြင်ဖူးသော အာဏာကို လက်ကိုင်ထား၍ ရပ်ကွက်ထဲတွင် ရပ်ကွက်သူ၊ သားများအား အနိုင်ကျင့်စော်ကားနေသော ရယကများ၊ ပညာတတ်ပြီး အသုံးမတည့်သော နအဖ မတရားရုံးများရှိ မတရားသူကြီးများ၊ နအဖ ရန္တယားကြီး တခုလုံးအား ၀ိုင်းဝန်း လည်ပတ်နေကြသော လူများအားလုံးကို ဆိုလိုပါသည်။


ပတ်ဝန်းကျင်တခု၊ နိုင်ငံတနိုင်ငံတွင် မဆို လူ့ဘောင်အသိုင်းအ၀န်းကို ထိခိုက်ပျက်စီးနိုင်သော အနိုင်ကျင့် စော်ကားမှုများကို မည်သည့်လူမျိုးများဖြစ်ပါစေ ခံစားလာရတာကြာလာတာနှင့်အမျှ လူသားများဟာ ကောင်းမွန်ငြိမ်းချမ်းသော လူ့ဘောင်တခုကို လိုချင်တမ်းတကြတာ သဘာဝပါ၊ ဒီတော့ လူသာများဟာ မိမိတို့ ရင်ထဲတွင် ခံစားနေရသော ခံစားမှုများကို အများသူငှာ သိရှိအောင် ထုတ်ဖော်ပြသလာခဲ့ကြတယ်၊ ဒီတော့ ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့ရင်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ကြတယ်လို့ ကျနော်ယူဆမိပါတယ်၊ ဒီလိုပဲ ကျနော်တို့နေတဲ့မြို့  ရှိ James Street ရဲ့  ဒုစရိုက်မှုများကို မခံစားနိုင်တော့လို့ ဓါးစားခံများဖြစ်သွားခဲ့ကြတဲ့ ရပ်ကွက်သူ ရပ်ကွက်သားများက ငြိမ်းချမ်းသော လူ့ဘောင်တခုရအောင် မိမိတို့ရဲ့  ဆန္ဒများကို အုပ်ချုပ်သူ လူတန်းစားများ၊ ဒုစရိုက်သမားများ သိအောင် ဖော်ထုတ်ပြသခဲ့ကြရင်း ငြိမ်းချမ်းသော ပတ်ဝန်းကျင်တခုကို ဖန်တီးနေကြပါတယ်။


ယခုတော့ ဒီ James Street လေးဟာ ငြိမ်းချမ်းသာယာသော လမ်းကလေးအဖြစ် တဖြည်းဖြည်းခြင်း ပြောင်းလဲလို့ နေပါပြီ။

(လူကြီးများကလည်း ယခုလို ဦးဆောင်ပြီး)

(ကလေးများကလည်း သူတို့ရဲ့  ဆန္ဒများကို ဒီလိုထုတ်ဖော်လို့)

(စည်းကမ်းတကျ ခလေးတွေကလည်း အမှိုက်ကောက်ရင်း ၀ိုင်းဝန်းဆန္ဒပြခဲ့ကြတယ်)


(မှတ်ချက် - ဒီဆန္ဒပြပွဲကို သွားရောက်အားပေးရင်း မြန်မာနိုင်ငံရှိ နအဖ လက်ကိုင်တုတ်များအကြောင်းကို စဉ်းစားမိ၍ ပိုစ့်လေးအဖြစ်တင်ပြလိုက်ရပါတယ် -

မြန်မာနိုင်ငံသားများ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်နိုင်ကြပါစေ)


ကိုဇော်

9 comments:

စည်သူ said...

ကိုဇော်ရေ...
၁ အရင်ယူသွားတယ်..

နိုက်ဆင်းရမှာမို့ စက်တော်လေးခေါ်လိုက်အုံးမယ်ဗျာ..

ပျော်ရွှင်ပါစေ
စည်သူ.

သားကြီး said...

မြန်မာပြည်သူတွေလည်း
ဒီစစ်အဆိုးရအောက်က
ဘယ်တော့များလွတ်မြောက်နိုင်မှာလဲမသိဘူး
သက်ဆိုးကိုရှည်တယ်ဗျာ

လူရိုင်းလေး said...

ညည်းခံတာဟာ ခေါင်းငုံ့ခံခြင်းမဟုတ်သလို လူတိုင်းလူတိုင်း အနည်းဆုံးတော့ မတရားမှုနဲ့ အမှန်တရားကို ထုတ်ဖော်ပြောရဲတဲ့ သတ္တိတော့ ရှိသင့်တယ်။

rose of sharon said...

လာဖတ်သွားတယ်.... အဲဒီမြို့သားတွေအတွက် ဝမ်းသာပါတယ်

ဝက်ဝံလေး said...

ကိုဇော် ရောက်တယ်နော် သိရား မလာနိုင်တာ ခွင့်လွှတ်ပါ မအားလို့ပါနော် ကိုဇော်ရေ

မြူးလေးဆီက မေးလ် တောင်းပြီးပို့တာ ပို့လို့လဲမရဘူး ကိုဇော်ဘာလို့လဲမသိဘူးနော်

HRmyanmar said...

ဗီဒီယိုဖိုင်ကြည့်၊ စာတွေဖတ်ဟို ဟိုလျှောက်နှိပ်ကြည့် ဒီလျှောက်နှိပ်ကြည့်လုပ်သွားတယ်ဗျို့ မြန်မာပြည်မှာလည်း ၂၀၁၀ မတိုင်မီ အပြောင်းအလဲ ဖြစ်တော့မယ်လို့ ယုံကြည်မိတယ် ကိုဇော်ရေ..........

ကိုလူထွေး said...

ငိုမိတဲ့ကလေး အရိုက်ခံရတတ်တဲ့ ဗမာပြည်ကြီးမှာ စနစ်မပြောင်းသရွေ့တော့ ဘယ်တော့မှ ကောင်းလာမှာမဟုတ်ဘူးကိုဇော်ရေ့...

ဆန္ဒပြပွဲဆိုတာ လွတ်လပ်တဲ့ နိုင်ငံ လွတ်လပ်တဲ့ လူမျိုးစုတွေရဲ့ သင်္ကေတမို့ အားကျမိတယ် ကိုဇော်ရေ့...

းဝ)

ahphyulay said...

ကိုဇော်ရေ...ရောက်ခဲ့ ပြန်ပြီ။
ဆန္ဒပြတယ်။ဆန္ဒတွေထုပ်ဖော်တယ်ဆိုတာက
လူကိုတန်ဘိုးထားတဲ့ တိုင်းပြည်၊လူကိုလူလိုသိတဲ့ 
တိုင်းပြည်တွေမှာသာ အရာထင်တယ်၊အကောင်ထည်ပေါ်နိုင်တယ်လို့ ထင်ပါ
တယ်။ကျွန်တော်တို့ နိုင်ငံမှာက သက်ဦးဆံပိုင်ဘုရင်
စနစ်လိုအုပ်ချုပ်နေတာလေ၊မကြိုက်ရင်ပစ်မှာပဲ။ပြောင်း
တော့ မှာပါ၊ဒို့ ခေတ်ရောက်တော့ မှာပါဆိုပြီးစောင့် ခဲ့ ရတာအဖေမဆုံးခင်ကတဲက၊သားအကြီးကောင်တောင်ဂျီ
တီ.စီ တက်နေပြီလေ၊ဘယ်ညာမောင်းပြီးစောင့် နေတဲ့ စစ်သားတွေကလဲငါးသိန်းကျော်နေပြီဘယ်လိုလဲလို့ 

kiki said...

လူ့ အခွင့် အရေး အပြည့်ရပြီး စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ နဲ့  တရားသဖြင့် အုပ်ချုပ်တဲ့  အစိုးရမျိုး ရှိလာတဲ့ တနေ့  .. တနေ့  နေ့  မှာပေါ့ ကွယ်.... မြန်မာ ပြည်ကြီး လည်း ဒီလို နေမှာပေါ့ လို့  ..အတွေးလွန် မိသွားတယ် ။

မနက်ဖန် သို့ မဟုတ် ဘယ်သောခါ..... ????