ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, September 16, 2009

ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်းပေါ့ (ဇတ်သိမ်းပိုင်း)

Moe.DownX ပွဲလေးရဲ့  အကျဉ်းချုပ်

ဒီ Moe.DoenX ပွဲတော်လေးကို Moe အဖွဲ့က အမေရိကန်ပြည်ထောင်စုတခုလုံးမှာ ပွဲအမည်မျိုးစုံနဲ့ လှည့်ပတ် ဖျော်ဖြေနေကြပါတယ်၊ ကျနော်တို့ သွားရောက်ခဲ့တဲ့ Moe.DownXပွဲတော်လေးကျတော့ နှစ်စဉ်လိုလို အမေရိကန်နိုင်ငံရဲ့  Labor day ကျရောက်မဲ့ Weekend မှာ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှ စ၍ ကျင်းပခဲ့ကြတာပါ၊ ဒီပွဲလေးကို နယူယောက်ပြည်နယ်ရဲ့  အထက်ပိုင်းမှာရှိတဲ့ Lewis County ရဲ့  Turin Village လေးမှာ နှစ်စဉ် လိုလို ကျင်းပခဲ့ကြပါတယ်၊ ပြည်နယ်ပေါင်းစုံမှ MOEရဲ့  ပိရိသတ်များ လာရောက်ခါ အားပေးကြတယ်၊ လက်မှတ် တစောင်ကို USD 125 ပေးရပြီး၊ ကား Parking ခ မှာ ကားအသေးကို USD 10 နှင့် အသေးရဲ့  အထက် ကားများကို USD 50 ကောက်ယူပါတယ်၊ ပွဲကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၄၊ ၅၊ ၆၊ ရက်များမှာ ကျင်းပလေ့ ရှိပါတယ်၊ သေကြာ၊ စနေနှင့် တနင်္ဂနွေနေ့များမှာ ကျင်းပလေ့ရှိပါတယ်၊ ဒီ Moe.DownX ပွဲခမှာ Stage Show ကြည့်ခအပါအ၀င် Camping ခ ပါ တခါတည်း ပါဝင်ပြီးသားပါ၊ ဒီနှစ်ဟာ Moe.DownX ရဲ့  ၁၀ နှစ်မြောက် ပွဲစဉ်ဖြစ်ပါတယ်။ Moe.DwonX အကြောင်းကို သိချင်ရင်တော့ အောက်ပါလင့်ခ်တွင် သွားရောက် လေ့လာ နိုင်ပါတယ်။ http://www.moedown.com/ ဒီနှစ် Moe.DownX မှာ တီးဝိုင်း ၄ ဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ပါ တယ်။

Moe.DownX ပွဲကြည့်သူများအကြောင်း

Moe.DownX ပွဲလေးကို အနယ်နယ်အရပ်ရပ်မှ၊ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရှိ သူတို့ရဲ့  ပရိသတ်များက မိသားစုလိုက် လာရောက် အားပေးကြပါတယ်၊ သူတို့လာတဲ့ပုံစံက Vacation နားရက်များမှာ ခရီးထွက်လာသကဲ့သို့ မိသားစုလိုက်လာကာ Tent များ၊ အလွယ်တကူချက်ပြုတ်စားသောက်နိုင်ရန် မီးဖို အသေးစားလေးများ၊ စားသောက်ဖွယ်ရာများ၊ အိပ်ယာအသုံးအစောင်များနှင့် ယာမကာများ လည်း တပြိုင်တည်း ယူဆောင်လာခဲ့ကြပါတယ်၊ တချို့ ဆိုရင် အပျော့စားမူးယစ်ဆေးများပါ ယူဆောင်လာခဲ့ကြပါတယ်၊ အပျော့စား ဆိုတာကို သိကြရဲလားဟင်? Wee လို့ခေါ်တဲ့ ဆေးခြောက်ကိုပြောတာပါ၊ Moe.Down ပွဲတော်တွင် ထူးခြားသည့်အချက်က လုံခြုံရေးနှင့် ပတ်သက်လျှင် မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ စောင့်ကြပ်ခြင်းမရှိပဲ၊ ပွဲကျင်းပရေးကော်မတီကပဲ လုံခြုံရေးတာဝန်ကို ယူကြခြင်းပါ၊ သောက်စားမူးယစ်မှုများရှိသော်လည်း ရန်ဖြစ်ရမ်းကားခြင်း လုံးဝအလျှဉ်းမရှိပါ၊ ထိုအခါ မြန်မာနိုင်ငံမှပွဲတော်များကို သွား၍ သတိရ သွားမိပါတယ်၊ သြ …. တို့မြန်မာတွေ အတော်ယဉ်ကျေးပါလားလို့? အဟိ ကိုယ့်ရိုးရာသင်္ကြန်ဆို လူမသတ်ရရင် သင်္ကြန် မမြောက်ဘူး လို့တောင် ဆိုရမလားမသိ?

ပွဲတော်အတွင်းတွင် Weel လို့ ခေါ်တဲ့ မြန်မာအခေါ် ဆေးခြောက်တမျိုးဖြစ်နိုင်သောအနံများမှာ မွှေးလို့ကြိုင်လို့၊ လူအုပ်ကြီးရဲ့  ဘယ်နေရာကိုရောက်ရောက် ထိုအနံကိုမကြာမကြာ ရှုရှိုက်မိပါတော့တယ်၊ တချို့ တွေကလည်း ကျနော်တို့ကို စေတနာနှင့် ပေးဝေပါသေးတယ် ကျနော်တို့ကလည်း ရဟန်းများနှင့်သွားတော့ အဟဲ …. သိက္ခာ ထိန်းခဲ့ရတာပေါ့လေ။ တခါတခါမှာလည်း Weeအနံများနှင့် ကိုယ့်လဲ ဖီးတွေတက်ကုန်တော့တာပေါ့ …. အလကားပြောတာ ကျနော်က ညိမ်သွားတဲ့ feel ကို မကြိုက်ဖူးဗျ၊ ကြွစေတဲ့ ဘီယာလောက်ပဲ ကြိုက်တာဗျ။

ပွဲတော်ကို သောကြာနေ့မှာ နေ့လည် ၁၂ နာရီမှာ စတင်ပြီး ကျင်းပခဲ့ပါတယ် အဲ့ဒီနေ့ညမှာပဲ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တဲ့ Al က ရွှေဝါရောင်ကိုယ်တော်များကို စင်ပေါ်သို့ခေါ်တင်၍ ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့တယ် ပထမဦးစွာ သူက မြန်မာပြည်အကြောင်း မိတ်ဆက်စကားပြောကြားရင်း၊ သံဃာတွေအကြောင်းကို ရှင်းပြ ခဲ့တယ် ပြီးတော့ သံဃာတပါးခြင်းစီကို ပရိသတ်များနှင့်မိတ်ဆက်ပေးခဲ့တယ် ပရိသတ်များကလည်း မြန်မာ သံဃာအကြောင်းကို သိသူကလည်းသိ၊ မသိသေးသူများကလည်းမသိနှင့် အားရ၀မ်းသာ အားပေးခဲ့ကြပါတယ်၊ မိတ်ဆက်ပေးခံရပြီး နောက်ပိုင်းမှာ လမ်းမှာတွေ့တိုင်း၊ အမေရိကန်တွေက လက်အုပ်တွေချီလို့ ခေါင်းလေးတွေ ငုံလို့ သံဃာတော်များကို အလေးအစားပြုခဲ့ကြပါတယ်၊ ပထမနေ့ Stage Show ပွဲကို ညဘက် ၂ နာရီကျော် တွင် ရပ်နားခဲ့ကြပါတယ်၊ ကျနော်တို့လည်း အဆင့်သင့်ငှားထားပေးတဲ့ ပွဲတော်နှင့်မလှမ်းမကမ်း ၈ မိုင် အကွာရှိမြို့ လေးက ဟိုတယ်လေးတခုမှာ သွားရောက်အိပ်စက်ခဲ့ကြပါတယ်၊ နောက်တနေ့မှာ မနက် ၁၀ နာရီကျော်မှာ မြန်မာအပြည်အကြောင်း ရိုက်ကူးထားတဲ့ Burma VJ မှတ်တမ်း ရုပ်ရှင်ကားကို စားသောက်ဆိုင် ကလေးထဲမှာ ပြသခဲ့ပါတယ်၊ ဓါတ်ပုံတချို့ ကို ပထမိုင်းမှာဖေါ်ပြခဲ့ပါတယ်၊ နောက်တခုထူးခြားတာက “US Campaign for Burma” လို့ခေါ်တဲ့ မြန်မာ့အရေးကို နိုင်ငံတကာမှာပြုလုပ်နေတဲ့ အဖွဲ့တဖွဲ့က Board အဖွဲ့ဝင် လည်းဖြစ်၊ အောက်အခြေမှအစ အပေါ်ပိုင်းတွင်ပါလှုပ်ရှားနေတဲ့ အမေရိကန်သူလေး Nicky လေးပါပဲ၊ သူဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီး၊ မြန်မာ့အရေးကို မြန်မာနိုင်ငံသားတယောက်ထက်ပင် စိတ်ဝင်စားက အချိန်ရှိသရွေ့ လုပ်ဆောင်နေသူပါ၊ ဒီပွဲကိုလည်း Nickyက ဒါရိုက်တာဖြစ်သူ Alဆိုသူနှင့် ချိတ်ဆက်ခါ လာရောက်ကြည့်ရှု့ရင်း မြန်မာ့အရေးကို ကျနော်တို့နှင့်အတူတကွ Lobby လုပ်ခဲ့ပါသေးတယ်၊ Head Count လို့ခေါ်တဲ့ အမေရရိကန် Lobby အဖွဲ့အစည်းတခုရဲ့  Tent လေးမှာ “FREE BURMA” ဆိုတဲ့ ဆိုင်းဘုတ်လေးကို ချိတ်ကာ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပွဲတော်လေးအတွင်းမှာ ထူးခြားတာလေးတွေက ခလေးများအတွက် “Kids Talent Show” လေးလုပ်ထားပေး ပါတယ် သားသမီးများပါလာတဲ့ မိသားစုများအတွက် စီစဉ်ပေးထားတာပါ၊ နောက်ထပ်ထူးခြားတာလေးတွေက လူတွေဟာ Stage Show ကြည့်ရင်း၊ အားရပါးရ ကခုန်ခဲ့ကြပါတယ်၊ အဲဒီလို ကခုန်ကြတဲ့နေရာမှာလည်း ယေင်္ကျားလေးများ က, နေတာကိုမြင်တဲ့ တချို့ မိန်းခလေးများက လာရောက်ကာ စုံတွဲတွဲ၍က, ခဲ့ကြပါတယ်၊ မြန်မာပြည်မှာဆို လက်ကိုင်မှုနဲ့တင် ပါးရှစ်စိပ်ကွဲမှာ အသေအခြာပင်၊ မောင်မင်းကြီးသားများကလည်း၊ သနားလို့ လက်ပေးကိုင်တယ်ဆိုရင် … ဘာညာတွေကို ရန်ရှာမှာလည်း စိုးရိမ်ရသေး…. ဆိုတော့၊ မြန်မာမ လေးတွေကလည်း ကြိုတင်ကာကွယ်ထားတာနဲ့ တူပါတယ်။

နေ့ခင်းနေ့လည်ပိုင်းမှာဆို မိန်းခလေးတချို့ နှင့် ယေင်္ကျားလေးတချို့ တို့ဟာ အပူရှိန်ပြင်းတာကြောင့်တကြောင်း၊ လွပ်လွပ် လပ်လပ် နေခြင်ကြသောကြောင့်၊ Bra များနှင့် Half Nicked များနှင့် သာ၊ သွားလာနေကြပါတယ်၊ ပွဲတော်ရဲ့  နောက်ဆုံးနေ့မှာတော့ မိန်းခလေး တချို့ ဟာ ကိုယ်လုံးတီးများနှင့် တကိုယ်လုံးတွင် ဆေးရောင်များချယ်သကာ လမ်းလျှောက်ထွက်ကြပါတယ်၊ ဒီအချိန်မှာတော့ လုံခြုံရေးများက သူတို့အား အနည်းဆုံး Under Ware များဝတ်၍ လမ်းလျှောက်ကြရန် တောင်းပန်ခဲ့ကြပါတယ်၊ ဒီလို ၀စ်လစ်စလစ်များကို ပွဲတော် ၃ ရက်လုံးတွင် ၃ ယောက်သာ တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့်လည်း လုံခြုံရေးများရဲ့  တောင်းဆိုမှုကြောင့် အောက်ခံဘောင်းဘီများကိုတော့ မယ်မင်းကြီးမများက ပြန်လည်ဝတ်ခဲ့ကြပါတယ်။

ပွဲနောက်ဆုံးနေ့ ည ၁ နာရီမှာ ပွဲကို အဆုံးသတ်ခဲ့သော်လည်း ပရိသတ်ရဲ့  ထပ်လောင်းတောင်းဆိုမှုကြောင့် နောက်ထပ် ၁ နာရီခန့် ထပ်မံဖျော်ဖြေခဲ့ပါတယ်၊ နောက်ဆုံးမှာတော့ ပွဲတော်ကို မီးရှုးမီးပန်းများ ပစ်လွှတ်ကာ ရုပ်သိမ်းခဲ့ပါတယ်၊ တချို့ ကလည်း ပွဲတော် နေရာမှာတင် ည စက်အိပ်၍ မနက်မိုးလင်းမှ ပြန်ရင် အိပ်ယာထဲဝင်ခဲ့ကြပါတယ်၊ ကျနော်တို့ကတော့ ကိုယ့်မြို့ နှင့် အလွန်နီး၍ ထိုည တွင်ပင် ပြန်လာခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ ကျနော်တို့ခရီးဟာ ဒုတိယနေ့နှင့် တတိယနေ့များတွင် ညဘက်ဆို Stage Show ကြည့်လိုက် အမေရိကန်တွေကို မြန်မာပြည်အကြောင်းပြောလိုက် ၁ ရက်တစ်ခါ Burma VJ ပြလိုက်နဲ့ ပွဲနောက်ဆုံးနေ့အထိ အောင်မြင်စွာနဲ့ပဲ အဆုံးသတ်ခဲ့ကြပါတယ်။

“စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ” USA မှ ရှစ်လေးလုံးအထိမ်းအမှတ်ထုတ်ဝေသော မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ပါ အင်္ကျီကို ၀တ်၍ သီချင်းသီဆိုနေသော လေးစားဘွယ် ဒါရိုက်တာ Al Schnier

ပွဲခင်းနှင့် ကားတန်း တစိတ်တပိုင်းကို တောင်ပေါ်မှ လှမ်းမြင်ရပုံ

Moe.DownX ပွဲသို့ ရောက်ရှိလာသော ပရိသတ်များရဲ့  တည်းခိုရာ ရွက်ဖျင်တဲများ

ဈေးတန်းတစိတ်တပိုင်းကို အဝေးမှ လမ်းမြင်ရပုံ

Moe. Kids Talent Show မှ Al Schnier ၏ သမီးလေး အော်ဂင်တီးယှဉ်ပြိုင်နေစဉ်

Moe. Kids Talent Show မှ ပွဲကြည့်ပရိသတ်ထဲမှာ သမီးလေး တစ်ယောက် အကပြိုင်နေစဉ်

Naked painting ပန်းချီရေးချယ်နေသော မိန်းခလေးများ (ဝေမျှရုံသက်သက်ပါ)


ဒုက္ခသည်များ တန်းစီစောင့်စားနေကြစဉ်

EMS (Emergency Medical Service) အရေးပေါ်ဆေးဝန်ထမ်းများ

US Campaign for Burma အဖွဲ့ဝင် Nickey ၏ တကိုယ်ရေ မြန်မာ့အရေး Campaign

သူတို့ကလည်း အမှတ်တရ ရိုက်ပေးပါဆိုလို့

နေ့လည်ခင်း သီချင်းဆိုနေသော Stage စဉ် အသေးလေး အမှတ်တရ

Stage စဉ် အကြီးကြီး ရဲ့  ညဘက်သီချင်းဆိုစဉ် ရောင်စုံမီးအလှများ အမှတ်တရများ အပေါ်ပုံနှင့် အောက်ပုံ


Stage စဉ် အကြီးတွင် နေ့ခင်းဘက် တီးခတ်သီဆိုမှုကို အမှတ်တရ ရိုက်ကူးထားတဲ့ Video အတိုလေးပါ




(မှတ်ချက် - မိမိအမြင်များကိုသာရေးသားမိ၍ အမှားများပါသွားခဲ့ရင် နားလည်ပေးကြပါ ... ဓါတ်ပုံတချို့ နှင့် Video ဖိုင်တခုသာတင်ပေးထားပါတယ် - နောက်ထပ်အများကြီးရှိသေးတယ်ဗျ ...)

ကိုဇော်

8 comments:

kiki said...

မြန်မာ့ အရေးကို ကမ္ဘာကလူအများ စိတ်ဝင်တစားလှုံ့ ဆော်အားပေး နေကြတာ ...ဟိုလူဂျီးတွေ နားမလည်နိုင်ကြတာ .... အသိခေါက်ခက် အဝင်နက်နေကြတာ ....

အမှန်တရား တွေ မဝေးတော့တဲ့  တနေ့ မှာ အကောင်အထည်ပေါ်လာဖို့  မျှော်လင့်နေပါတယ် ကိုဇော်ရေ ..

Nge Naing said...

ကိုဇော်ရေ
မအားလို့ မရောက်ဖြစ်ခဲ့ဘူး။ ရောက်တာနဲ့ ဓါတ်ပုံတွေနဲ့ တန်းတိုးတာပဲ။ ဖတ်သွားပါတယ်။ ပုံတွေနဲ့ ဗွီဒယိုကိုပါ ကြည့်သွားပါတယ်။ ပျော်စရာကြီး ဖြစ်မှာပဲနော့်။

ကိုလူထွေး said...

ကိုဇော်ကြီး အဲဒီတုန်းက ကြွစေတဲ့ ဘီယာတွေချထားတယ် ထင်ပါ့...

အိမ်သာဝက ဒုက္ခသည်တွေကို အပီအပြင် ဓာတ်ပုံရိုက်ယူလာတယ်...

းဝ)

ဝက်ဝံလေး said...

ဟေးးး ကိုကြီးးးးဇော် လာတယ် ဖတ်တယ် မန့်တယ် သိလား ဟိဟိ မရောက်ဖြစ်တာ ဆော်ရီးနော် ဘိုင် တာ့တာ

ဝက်ဝံလေး said...

ဟေ့ ဘယ်သူ့အတွက် ရင်ထဲ လမ်းရှင်းထားတာလဲ သိတယ်နော် ဟွင်းးးး

လူရိုင်းလေး said...

တော်တော်လေး စည်ကားတာပဲနော် ကိုဇော်ရေ
မြန်မာပြည်အရေးကို ကမ္ဘာကသိစေပြီး လူတွေ စိတ်ဝင်တစားနဲ့ လှုပ်ရှားပေးအောင် ပြုလုပ်နေကြတဲ့ လူတွေကိုလဲ ချီးကျူးပါတယ်ဗျာ

rose of sharon said...

ဓာတ်ပုံတွေ လာကြည့်သွားတယ်

သူကြီးမင်း (တုံးဖလား) said...

ပျော်စရာကြီးဗျ။ နော်။
အခုလို စာလဲရေး ပုံတွေလဲတင် ဗီဒီယိုဖိုင်လဲပါဝင်ဆိုတော့ ကြည့်ရတာ အတော်လေး ကြည်နူးဖို့ကောင်းသွားတယ်။

လွတ်လပ်စွာ ပျော်ရွှင်နိုင်ကြပါစေဗျာ။