တခါတုံးက ရုရှားနိုင်ငံမှာ လယ်သမားကြီးတယောက်က ရုရှား ကွန်မြူနစ်ပါတီထဲ ဝင်ခွင့်ပြုဘို့ ဝင်ခွင့်ပုံစံဖြည့်ပြီး တင်သတဲ့၊
များမကြာမှီ ရုရှားကွန်မြူနစ်ပါတီရုံးမှ လယ်သမားကြီးကိုခေါ်ပြီး အင်တာဗျူးလုပ်သတဲ့၊
ပါတီ ။ ။ ခင်ဗျား ကျနော်တို့ ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်လမ်းစဉ်ကို တကယ်ယုံကြည်ပါသလား?
လယ်သမား ။ ။ ဟုတ်ကဲ့-တကယ်ယုံကြည်ပါတယ်၊
ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ တိုက်အိမ်တလုံးရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ်ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ ဟုတ်ကဲ့ ပေးနိုင်ပါတယ်၊
ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ မော်တော်ကား တစီးရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ် ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ ဟုတ်ကဲ့ပေးနိုင်ပါတယ်၊
ပါတီ ။ ။ တကယ်လို့ ခင်ဗျားမှာ မြင်းတကောင်ရှိတယ်ဆိုပါစို့ ကျနော်တို့ပါတီက အလိုရှိတယ်ဆိုရင် ပေးနိုင်ပါ့မလား?
လယ်သမား ။ ။ မပေးနိုင်ပါဘူး၊
ပါတီ ။ ။ ဘာဖြစ်လို့လဲ?
လယ်သမား ။ ။ ကျနော့မှာ မြင်းရှိလို့ပါ။
11 comments:
မိုက်တယ် မိုက်တယ်..
တကယ်ရှိနေတာလေးတော့ ဘယ်ပေးပါ့မလဲလေ..
ကျန်နေတာတွေ လေနဲ့ ပေး ။လေနဲ့ လှူ ။။
နာပြောသလိုသာလုပ်ကြ ။
နာလုပ်သလို လိုက်မလုပ်ကြနဲ့ ကွ ....တဲ့ ။
ရွှေလဒတွေက တကယ် မရှိတာတောင် မပေးလိုကြဘူး ကိုဇော်ရေ ...
မရှိသေးတာလည်း သူတို့ဟာပဲ..
ရှိနေတာ အားလုံးလည်း သူတို့ဟာပဲ ..
အားပေးလျှက်..
ခွိ..ခွိ..
လေနဲ့ တော့ရတယ် တကယ်ဆိုမရဘူး။ မအယ်ကို စောင်းပြောနေသလိုပဲ ဟားဟားဟား။
မအယ်
ဟဟဟဟားးးးးးးးးးးးးး
ဒီလို ရက်ရောမှပေါ့ဗျနော့်။
သဘောကျတယ် အဟုတ်။
ကျွန်တော်ကတော့ ပိန်းတယ်ဗျ ဖတ်ပြီးပြီးချင်းနားမလည်သေးဘူး ဟဟား ကိကိရဲ့ ကွန့်မန့်တွေ့မှ နားလည်တော့တယ် လူရိုင်းလေး မဟုတ်တော့ဘူ လူပိန်းလေးဖြစ်သွားပြီ
အားပေးလျှက်ပါ ကိုဇော်
ဟုတ်တယ် ကိုဇော် မရှိတာကို စိတ်ကူးယဉ်ပြီး အနှစ်နာခံဖို့လွယ်သလောက် တကယ့်လက်တွေ့ ယုတ္တိရှိတာကို အကောင်အထည်ဖေါ်ဖို့ကျတော့ ပြောသလောက်မလွယ်ဘူး ဆိုတာ ဒီပို့စ်လေးက သက်သေပြနေပါတယ်။ ကိုဇော်က ဟာသအဖြစ်နဲ့ တင်ထားတာ ဖြစ်နိုင်ပေမယ့် ဒီပို့စ်လေးမှာ အတွေးအခ်ါပါတယ်။
ဒိုင်ယာလော့ (ခ)လေးမိုက်တယ်၊ခိုက်တယ်ဗျို့ ။
မပိုင်တာ၊မရှိတာတွေတော့ ရက်ရောတတ်ပြီး၊
ကိုယ်ပိုင်တာရှိနေတာတော့ မသတာ ခြင်တဲ့ လူ့ 
သဘောကို မီးမောင်းထိုးပြ တယ်လို့ ထင်ပါတယ်။
ဟေ့ ဘာလဲ ဒါက ဆားချက်တာလား ဒါမှမဟုတ် ဟာသပဲရေးတော့မယ် ဆိုပြီး လိုင်းပြောင်းတော့မလို့လား လိုင်းပြောင်းမယ်ဆိုပြောနော် မာမီလူထွေးရှိတယ် သူနဲ့ ညှိလိုက်ကြ ဟိဟိ
မြူးပြောတယ် သဇင့်အနားကမခွာဘူး ဆို ခစ်ခစ် နာလိုဘူးနော် သိလား ပြန်မယ် သဇင်တော့ မယူပါနဲ့လိုချင်ရင် ရေဗက္ကာဝင်းပေးမယ် ခစ်ခစ်
အော်...
အဲလိုလား
ဝက်ကလေးဖွသွားလို့
သိသွားပြီး...းP
..........
ဟုတ်ပါ့ ကိုဇော်ရေ
မှန်လိုက်တာဗျာ..
မြင်းကိုပေးလိုက်ရင်လည်းလေ..
နောက်တော့
မပေးပေးပေး ပေးပေးပေး ငါ့မြင်းပြန်ပေး...
ဟဲ ဟဲ။
မြင်းရှိတဲ့သူတွေ တော်တော်များနေရင်တော့ ကျနော်တို့ နိုင်ငံလဲ မလွယ်ဘူးနော်။
လန်းတယ်ဗျာ
အမှန်အတိုင်းကြီးပဲ ကိုဇော်ရာ...
Post a Comment