မာန်မာနတွေ မထားတတ်ပေမယ့်
စိတ်ထားလှတော့ ရိုးသားတယ်
တားဆီးမှုတွေ များလာပေမယ့်
လျစ်လျူရှုလို့ ရှေ့ဆက်တယ်
မဖြစ်နိုင်ဘူး ထင်ကြပေမယ့်
ယုံကြည်ချက်နဲ့ လျှောက်လှမ်းတယ်
ဘဝခရီးက ကြမ်းတမ်းပေမယ့်
ကြံ့ကြံ့ခံလို့ အားတင်းတယ်
ကမ္ဘာကျော်တစ်ယောက်တော့ မဟုတ်သေးပေမယ့်
ဇွဲလုံ့လနဲ့ ကြိုးစားတယ်
စိတ်ထားလှတော့ ရိုးသားတယ်
တားဆီးမှုတွေ များလာပေမယ့်
လျစ်လျူရှုလို့ ရှေ့ဆက်တယ်
မဖြစ်နိုင်ဘူး ထင်ကြပေမယ့်
ယုံကြည်ချက်နဲ့ လျှောက်လှမ်းတယ်
ဘဝခရီးက ကြမ်းတမ်းပေမယ့်
ကြံ့ကြံ့ခံလို့ အားတင်းတယ်
ကမ္ဘာကျော်တစ်ယောက်တော့ မဟုတ်သေးပေမယ့်
ဇွဲလုံ့လနဲ့ ကြိုးစားတယ်
ကဗျာဆန်စွာ မပြောတတ်ပေမယ့်
ကျိန်စာကိုတော့ တိုက်တတ်တယ်
သံစဉ်များကို မညည်းတတ်ပေမယ့်
အားမာန်အပြည့်နဲ့ စကားပြောတယ်
ဇာတ်မင်းသားလို မကတတ်ပေမယ့်
ဗီလိန်လိုတော့ ကြမ်းရဲတယ်
စည်းမျဉ်းစည်းကမ်းတွေ ဂရုမစိုက်ပေမယ့်
ကိုယ့်တန်ဖိုးကို ထိန်းသိမ်းတယ်
ရူးတယ်လို့ ထင်ကျပေမယ့်
ရေးချင်တာတော့ ဆက်ရေးမယ်။ ။
လူရိုင်းလေး
9 comments:
အမလေးး ဘာတွေ ဖြစ်ကုန်ကြတာလဲ ။
ကျိန်စာတိုက်တတ်တဲ့ ဗီလိန်ကြီး လုပ်နေပြီလား ကိုဇော် ရဲ့ ..း))
ကိုကိုချောလေး
ကြမ်းစေ ကြမ်းစေ
ဟီ ဟီ ဘာတွေကြမ်းပြမှာလဲဟင်?
ဦးဗီလိန်ကြီး
နေကောင်းလားဗျို့းးးးးးးး
လူရွေးပြီးတော့သာ ကြမ်းပစ်ဗျာ အေးရော :)
ကိုဇော်ရေ ဘာတွေ ခံစားချက်တွေ ဖြစ်နေတာလဲ။ ပြောမတတ်ပေမဲ့၊ ရေးမတတ်ပေမဲ့နဲ့ ပြောထား၊ ရေးထားတာ စုံနေတာပဲ။
ဘယ်လို ဘယ်လို ဖြစ်သွားရတာလဲ ကိုခြေလှန်းသစ်ရဲ့ 
ပေါက်ကွဲ မှု သံစဉ်တွေပါလားဗျ။
တင်းလာရင် ဖြေးညေဖးချင်း လျှော့  ပေးပေါ့ ။
ကျါန်တော် တော့  တင်းနေတာတွေကို တစ်ဖက်လှည့် နဲ့ 
ဖြေလျှော့ ဘို့ အတွက် အနှိုင်းမဲ့  ကို ညှစ်ရေးလိုက်မိပြီ။
အိမ်တွေပြင်ဆင်ထားလို့ပါလားဗျ။
သိတောင်မသိလိုက်ဘူး။
ကဗျာအရ... တစ်ခုခုတော့တစ်ခုခုဘဲ။
ဗီလိန်လိုတော့ မကြမ်းလိုက်ပါနဲ့ဗျာ။ ကြမ်းမှကြမ်းရင် ဟစ်တလာတို့ မော်စီတုံးတို့ ပုံစံမျိုးသာ ကြမ်းပစ်။
ဒါပေမဲ့ ကိုမြစ်ကျိုးပြောသလို လူတော့ရွေးပြီး ကြမ်းဦး။းဝ
ပျော်ရွှင်ပါစေဗျော။
ကဗျာအရမ်းမိုက်တယ် ကိုဇော်...
မော်ဒန်ဆန်အောင်လို့ တကြောင်းချင်းစီ မရေးတာလား သိချင်ပါတယ်...
းဝ)
ဗိန်နောင်... ဗိန်နောင် ... ဗိန်...( ငယ်ငယ်တုန်းက သူများတွေရန်ဖြစ်ရင်... အဲလို ၀ိုင်းအော်နေကြ... ဟဲဟဲ)....
စတာ... ကဗျာကောင်းတယ် ကိုဇော်ရေ...
Post a Comment