ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, June 18, 2010

၆၅ နှစ်မြောက် အမေ့မွေးနေ့ မင်္ဂလာ

ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တဦးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် တင်းတင်းပြည့် မွေးနေ့လေးပါ၊ လူအခွင့် အရေးကို လေးစားလိုက်နာကြသော ကမ္ဘာသူ၊ ကမ္ဘာသားများ၊ မြန်မာ့ဒီမိုကရေစီ အရေးတွက် အဖက်ဖက်မှ ကြိုးစားနေကြသော မြန်မာနိုင်ငံ သားများနှင့် နိုင်ငံတကာမှ ဒီမိုကရေစီ လိုလားသူ အင်အားစုများ၊ အဖွဲ့အစည်းများဟာ၊ နိုင်ငံအသီးသီးရှိ အမြို့မြို့ အနယ်နယ် တွင် နည်းလမ်းပေါင်းစုံဖြင့် ဤ ၆၅ နှစ်ပြည့် မွေးနေ့ပွဲလေးကို ကျင်းပ ပေးနေကြပါတယ်။

မြန်မာ့ယဉ်ကျေးမှူနှင့် ကမ္ဘာပေါ်ရှိ လူသားများ၏ ယဉ်ကျေးမှူများအရ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟာ မင်္ဂလာတပါးပါ၊ ဤမင်္ဂလာတရား နှင့်အညီ သွေးမတော် သားမစပ်သည့် နိုင်ငံခြားသား များကလည်း ကိုယ့်ကို ကိုယ် အကျယ်ချုပ်ချခံ၍ မွေးနေ့ပွဲ ကျင်းပနေကြသလို၊ ကိုယ်ပိုင် ငွေကြေး အကုန်ကျ ခံကာ မွေးနေ့ပွဲ ပြုလုပ် ပေးသူများလည်း ရှိကြပါတယ်၊ တချို့သော နိုင်ငံခြားသား များကလည်း မြန်မာအတိုက်အခံများနှင့် ပူးပေါင်းကာ ၀ိုင်းဝန်း ကျင်းပနေကြပါတယ်။

အချိန်တွေ ကြာလာတာနဲ့ အမျှ နိုင်ငံခြားသား များ၏ ထောက်ခံအားပေးမှူများဟာ တစ တစနှင့် သိသိသာသာ တိုးတက်လာနေကြပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဆိုသော မင်္ဂလာ တရားကို နိုင်ငံခြားသားများ ပိုမို အသုံးပြုနေကြတာ ဖြစ်မှာပါ ....

ကျနော်တို့ မြို့ တွင်လည်း နှစ်စဉ်လိုလို ကျင်းပ ပြုလုပ် ပေးနေကြ အမေစု မွေးနေ့ပွဲလေးကို ယခုနှစ်မှာ အစဉ် မပြေ ဖြစ်ခဲ့ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ရဲ့ ကျေးဇူးရှင်ကို ဂုဏ်ပြုခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဆိုတဲ့ မင်္ဂလာ နဲ့အညီ ကိတ်မုန့်လေးခွဲခါ ကော်ဖီများ တိုက်၍ အလုပ်လုပ်နေရင်း အကျဉ်းရုံးကာ အမေစုအတွက် ယခုနှစ် မွေးနေ့ပွဲလေးကို အလုပ်ခွင်ထဲမှာတင် ဂုဏ်ပြုဖြစ်ခဲ့ပါတယ် ....

အမေစုရဲ့ ယခုနှစ် မွေးနေ့ပွဲလေးကို အောက်ပါ ဗီဒီယိုလေးဖြင့် ထပ်မံ ဂုဏ်ပြုလိုက်ပါတယ် .....



အထက်ပါ ဗီဒီယိုကို http://www.dailymotion.com/video/xdq2ny_aung-san-suu-kyi-who-is-a-symbol-of_news ဤလင့်ခ်မှ ရရှိပါတယ် ......

ကိုဇော်

2 comments:

Nge Naing said...

ကိုဇော်ရေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ဗွီဒယိုကြည့်သွားပါတယ်။ အကြာကြီး ပျောက်နေပြီး ပြန်ပေါ်လာတာ ၀မ်းသာတယ်။ ဘလော့ဂ်ပေါ် ပြန်ရောက်လာပြီပေါ့နော့်။ ကျွန်မလည်း စာမေးပွဲကာလမို့ အလုပ်များနေပြီး အခုမှ အချိန်ရလို့ အခုမှ ဘလော့ဂ်တွေကို လိုက်လည်ဖြစ်တယ်။

ခြင် said...

ရောက်ပါတယ် ကိုဇော်ရေ..