ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Thursday, July 29, 2010

ရန်သူ

လူတယောက်နှင့် တယောက်၊ အကြောင်းတရား မတိုက်ဆိုင်မှူကြောင့် ပြသနာ ဖြစ်ကာ ခိုက်ရန် ဖြစ်ပွား ခဲ့ကြတယ်၊ တဆက်တည်းမှာပဲ ထိုလူနှစ်ယောက်ဟာ စိတ်မထိန်း နိုင်ပဲ သတ်ပုတ်ကြတယ်၊ အဲ့ဒါကို ‘ရန်’ ဖြစ်ကြတယ်လို့ လူတွေက သတ်မှတ်လိုက်ကြတယ် ….. အဲ့ဒီအခါ ရန်ဖြစ်ကြတဲ့ လူနှစ်ယောက်ဟာ ရန်သူ တွေ ဖြစ်သွား ကြတာပေါ့ …… နောက်ပြီး တယောက်က တယောက်ကို ရန်သူ လို့ သတ်မှတ် လိုက်ကြတယ် ….. ဒါဟာ သဘာဝ တရားပါပဲ …..

(ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားမှူ အပေါ်နဲ့ ပြသနာ အပေါ် မူတည်ပြီး ရန်သူလို့ သတ်မှတ်တဲ့ ကာလ တွေဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်၊ နောက်ပြီး အချင်းချင်း ပြသနာ အပေါ် မူတည်ပြီး၊ ကြေအေး သွားကြတဲ့ အခါမှာလည်း သူတို့ဟာ ရန်သူ အဖြစ်ကနေ သာမာန် လူများသော်လည်းကောင်း မိတ်ဆွေများ သော် လည်းကောင်း ပြန်လည် ပြောင်းသွား နိုင်ကြပါတယ်)

လူနှစ်ယောက် ရန်ဖြစ်နေတဲ့ ကာလမှာ တယောက်နှင့် တယောက်က အပြန်အလှန် ရန်သူလို့ သတ်မုတ် ခေါ်ဝေါ်ကြတာ ဘယ်သူ့မှာ အပြစ်ရှိတယ်လို့ ထင်ကြပါသလဲ? ဒါဟာ သူတို့ နှစ်ဦးရဲ့ (ဘက်နှစ်ဘက်ရဲ့) လွပ်လပ်တဲ့ ကိုယ်ပိုင် သတ်မှတ်ခြင်း ပဲလေ ….. ဒီနေရာမှာ ရန်သူလို့ အပြန်အလှန် သတ်မှတ်ကြတာဟာ၊ မတရား ဘူးလို့၊ မှားတယ် လို့ ဘယ်အရာနဲ့ တိုင်းတာလို့ ရမှာလဲ? ဘယ်သူ့က မခေါ်သင့် ဘူးလို့ အပြစ်တင်လို့ ရမှာလဲ?

ကမ္ဘာနဲ့ ယှဉ်ပြီး ပြောရမယ် ဆိုရင် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ကြတယ် ဆိုရင်လည်း ရန်သူနိုင်ငံ များလို့ သတ်မှတ်ကြမှာပဲ၊ ဘာကြောင့် ဆိုတော့ ရန်ဖြစ်နေကြတာကိုး၊ စစ်တိုက်တဲ့ အသုံးအနှုံး အရတော့ စစ်ဘက်များလို့ တမျိုး သတ်မှတ်နိုင်ပါသေးတယ်၊ ဒီနေရာမှာ တဘက်လူကို ငဲ့ညာပြီး ချစ်သူများလို့ အပြန် အလှန် တင်စားမဲ့ နိုင်ငံများ/လူများ ရှိကြမယ်လို့တော့ ကျွန်တော်မျိုး မထင်ကြောင်းပါ။

ရန်သူ ဆိုတဲ့ အခေါ်အဝေါ်ကို တင်ပြခြင်တာက မြန်မာနိုင်ငံနဲ့ ပတ်သက်နေလို့ပါ ……… မြန်မာပြည် သမိုင်း တလျှောက်မှာ ကျောင်းသားနှင့် ပြည်သူ ပူးပေါင်း၍ စစ်အာဏာရှင် စနစ်ဆိုးကြီးကို ပုန်ကန် တော်လှန်ရန် နှလုံးရည်ဖြင့် လည်းကောင်း၊ လက်ရုံးရည်ဖြင့် လည်းကောင်း တိုက်ပွဲပေါင်း မြောက်များစွာ ဆင်နွဲခဲ့ကြပါတယ်၊ ဆင်နွှဲနေကြဆဲပါ၊ အဲ့ဒီအခါ လက်နက်ကိုင် လမ်းစဉ်ကို ယုံကြည်ကြသော ကျောင်းသား ပြည်သူများက လက်နက်စွဲကိုင်၍၊ တော်လှန်ရေး တပ်ဦးများအဖြစ်/စစ်တပ် တစ်တပ်အဖြစ်၊ ရပ်တည်ကာ တိုက်ပွဲ ၀င်လျှက် ရှိနေပါတယ်၊ ဒီအခြေ အနေမျိုး အထိ တိုက်ပွဲဝင်နေကြသည်မှာ တော်လှန်ရေး သမားများက ပြည်သူများ ဘက်မှ အာဏာရှင် စနစ်ကို အမြစ်ဖြုတ် ရန်နှင့် အာဏာရှင် များဘက်မှလည်း သူတို့ အာဏာ ဆက်လက် တည်မြဲရေး အတွက် တဖက်နှင့် တဖက် ရန်ဖြစ်/စစ်ဖြစ် နေကြခြင်း ဖြစ်ပါတယ်။

အာဏာရှင်များ ဘက်မှ လက်နက်မဲ့ ပြည်သူများအား လည်းကောင်း၊ လက်နက်ရှိ ပြည်သူများအား လည်းကောင်း တိုက်ပွဲ သဏ္ဍန် ပေါင်းစုံဖြင့် တိုက်ခိုက် လာခဲ့သည်မှာ အနှစ်နှစ် အလလကပင် ဖြစ်ပါတယ်၊ ဒီနေရာမှ နှစ်ဘက် အုပ်စုများက တဘက်နှင့် တဘက်ကို၊ မိမိတို့၏ ရန်သူများဟု မသတ်မှတ်ပဲ မိတ်ဆွေများဟု သတ်မှတ်နေပါက၊ သတ်မှတ်သည့် ဘက်က ရှုံးနိမ့်လိမ့်မည်မှာ မုချဧကန်ပါ၊ စစ်ပွဲတို့ မည်သည်မှာ ခလေး၊ လူကြီး၊ မိန်းမ၊ ဟူ၍ ရွေးချယ်ခွင့် မရှိပဲ မိမိအသက်ကို ကာကွယ်ရန်နှင့် မိမိစစ်ပွဲ အောင်နိုင်ရန် အသေအကြေ တိုက်ခိုက်ကြခြင်းပါ။

အခုလို မြန်မာစစ်အာဏာရှင်များနှင့် ဒီမိုကရေစီ ဘက်တော်သားများ/ကျောင်းသား ပြည်သူများ ဖြစ်နေသော စစ်ပွဲတွင် မည်သည့် ဘက်က ရွပ်ရွပ်ချွံချွံ/အသေအကြေ တိုက်ခိုက်နေသလဲ ဆိုတာ သမိုင်း အထောက် အထားများက သက်သေ ပြနေပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းကြီးက ကျောင်းသား သမဂ အဆောက်အဦးကြီးကို မိုင်းခွဲ၍ မညှာမတာ ဖျက်ဆီး ကာ ကျောင်းသူ/သား များကို သေကြေ စေခဲ့ပါတယ်၊ ကျောင်းသူ/သား များစွာကိုလည်း ထောင်သွင်း အကျဉ်းချခဲ့ပါတယ်၊ အကယ်၍ စစ်အာဏာရှင်များကသာ ကျောင်းသူ/သားများကို ရန်သူဟု မသတ်မှတ်ခဲ့ပါက၊ ဤသို့ တိုက်ခိုက်ခဲ့မည် မဟုတ်ပါ၊ ၁၉၈၈ အရေးတော်ပုံကြီး တွင်လည်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းက ကျောင်းသူ/သား ခလေးများကိုပင် အသေအကြေ တိုက်ခဲ့တာတွေဟာ သမိုင်းမှာ အထင်အရှားပါ၊ နိုင်ငံတကာ၏ စံချိန် သတ်မှတ်ချက် အရ အသက် ၁၈ နှစ် အောက် ခလေးများဟာ လူမမယ် တွေပါ၊ သို့သော် စစ်အာဏာရှင်များက သူတို့၏ တိုက်ပွဲတွင် ခလေးဟု မသတ်မှတ်ခဲ့ပါ၊ ကျောင်းသား လူငယ်များနှင့် ပြည်သူ/သားများကို သူတို့၏ ရန်သူများသာ သတ်မှတ်ခဲ့၍ ယခုလို တိုက်ခိုက်ခဲ့ခြင်းပါ။

မြန်မာ့ သမိုင်းမှာ အဖေကို ဖမ်းမမိလို့ မိခင်နှင့် နို့စို့အရွယ် သမီးငယ်ကို ဖမ်းဆီးသွားခဲ့တာလဲ အထင်အရှားပါ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဖမ်းဆီးသွား၍ အကျဉ်းထောင်ထဲတွင်သာ မီးဖွားစေခဲ့တာလည်း မေ့ပျောက် လို့ မရနိုင် စရာတွေပါ။

စစ်ပွဲတပွဲတွင် ရန်သူကို ရန်သူဟု စစ်အာဏာရှင်များ သတ်မှတ်ပုံမှာ အရမ်း တိကျ လွန်းတယ်ဆိုတာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကလည်း သက်သေ ပြခဲ့ပါတယ်၊ မိမိတို့ ကိုးကွယ်နေသော ရဟန်းတော်များ ကိုပင် ရန်သူဟု အသိအမှတ်ပြုကာ လမ်းဘေးမီးတိုင်များတွင် ကြိုးတုန်ချည်နှောင်ကာ တမျိုး၊ ထောင်သွင်း အကျဉ်းချကာ တဖုံ၊ ထင်ထင်ရှားရှား သတ်ဖြတ်ပုံက တမျိုး၊ အမျိုးမျိုး သက်သေ ပြခဲ့ကြပါတယ်။

ရန်သူ တဖက်နှင့် တဖက် အပြန်အလှန် တိုက်ခိုက်ကြတဲ့ အခါ တဖက်သားကို အနိုင်ရဖို့ရန် နည်းလမ်း မျိုးစုံကို အသုံးပြုကြတာဟာလည်း ရန်ဖြစ်ခြင်း/စစ်တိုက်ခြင်း/တိုက်ခိုက်ခြင်းတို့ရဲ့ သဘောသဘာဝပါပဲ၊ ထိုနည်းဖြင့် စစ်အာဏာရှင်များ၏ ရန်သူများ ဖြစ်ကြတဲ့ အတိုက်အခံ အင်အားစုများ/ ပြည်သူများ/ ကျောင်းသားများ/ ရဟန်းများ ကို အာဏာရှင်များက အင်အား ချည့်နဲ့ သွားစေရန် နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြေမှုန်း နေသည်မှာ လက်တွေ့မြင်တွေ့ နေရပါတယ်။

ပြည်သူများ၏ ပညာရေး၊ လူမှူရေး၊ စီးပွါးရေး၊ ဘာသာရေး ဘက်ပေါင်းစုံအား၊ အားအင်ချည့်နဲ့ သွားအောင် တိုက်ခိုက်နေကြပါတယ်။

ဒီနေရာမှာ ရဟန်းရှင်လူ ကျောင်းသူ/သား ပြည်သူများ ကလည်း မိမိတို့၏ တဖက်လူ/ရန်သူကို၊ ရန်သူဟု သတ်မှတ်နိုင်ရန်မှာ အလွန်အရေးကြီး နေပါတယ်၊ ဒါမှသာ ရန်သူကို အောင်နိုင်ရန် တိုက်ခိုက်နိုင်မည့် အင်အားများ ရရှိနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒီနေရာမှာ .. ကျွန်တော့် အဖိုး တပ်မတော်မှတ်တမ်းရုံးက အရာခံဗိုလ်ဟောင်း ဦး-င်ေ-ာင်က ၈၈ အရေးတော်ပုံ ကာလတုံးက ပြောခဲ့ဘူးတဲ့ စကားလေးကို အမှတ်ရသွားတယ် …. …. “ဟေ့ကောင် …. မင်းတို့လို လမ်းပေါ်မှာ လက်ခလေးတွေ ထောင်ရင်း ဒို့အရေးလုပ်နေတဲ့ လူတွေဟာ၊ စစ်တပ်ရဲ့ ရန်သူပဲကွ…. မင်းတို့က …. မင်းတို့ရဲ့ ရန်သူကို တိုက်ချင်ရင် ဒီအတိုင်း တိုက်လို့ မရဘူး….လက်နက်ရှိတဲ့ ရန်သူကို လက်နက်နဲ့ တိုက်မှ ရမယ်ကွ ……. ရန်သူကို ရန်သူလို့ သတ်မှတ်နိုင်ရမယ်ကွ” …….

စစ်အာဏာရှင်များကို ရန်သူတပ်၊ နောက်လိုက်များကို ရန်သူ့လူများဟု ပြောဆိုမိသည့် ကျွန်တော့်အား မကျေ မနပ်ဖြင့် ခွန်းတုံ့ပြန်ခဲ့သော လူတစ်ယောက်အား ပြန်လည် ချေပခြင်း ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။

ဤနေရာမှာ စစ်တပ်တွင်းက ပြည်သူများဘက်မှ ရပ်တည်နေသော ပြည်သူ့စစ်သားများကို မဆိုလိုပေ ….

(မှတ်ချက် - ဤပိုစ့်နှင့် ပတ်သက်၍ ဆွေးနွေးလိုပါက ကွန့်မန့်တွင် လိုအပ်သလို ဆွေးနွေးနိုင်ပါကြောင်း)

ကိုဇော်

2 comments:

သူကြီးမင်း (တုံးဖလား) said...

အားလုံး မေတ္တာတရားပြဋ္ဌာန်းကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အင်း.. ပြောတာပြောရတယ်။ အားတော့ သိပ်မရှိလှပါဘူး။

ခြင် said...

ကိုဇော်ရေ... တွေးစရာပါပဲ.... ပို့လေးက ကောင်းလိုက်တာ..

ခြင်တော့ ပျားတုတ်ခံနေရတယ်... ဟီး..