ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, November 29, 2009

ပိုင်ဆိုင်မှု


အတွေးတွေ နယ်ချဲ့
ဆွဲထုတ်မှ ထွက်ကျလာတဲ့
လုံးဝိုင်းဝိုင်း စာသားတွေနဲ့
ငါ မပျော်ပိုက်ဘူး

ခံစားချက်တွေ ကင်းမဲ့
ကိုယ်တွေ့ကြုံမှ ရေးလို့ရတဲ့
ကဗျာ တစ်ပုဒ်တည်းနဲ့
ငါ မရှင်သန်ဘူး

ကာရံတွေ သံစဉ်တွေ
ပညာရှင် တစ်ယောက်လို
ပိုင်နိုင်စွာ ငါမသိလို့
ခဲတံနဲ့ ခဲဖျက်ပဲ ငါပိုင်တယ်

ငါရေးတဲ့ စာသားတွေ
ကာရံတွေမဲ့ လင်္ကာတွေမဲ့
မင်းတို့ မမြင်နိုင်တာ
အဓိပ္ပာယ်မမဲ့တဲ့ ရသတွေ

ခဲတံကို ကောက်ကိုင်
ခဲဖျက်ကို ပြင်ဆင်လိုက်ချိန်မှာတော့
နှလုံးသားထဲက စာသားတွေ
အဆင်သင့် ရှိနေခဲ့ပြီ

ဘယ်သူတွေ ဘာထင်ထင်
ဘယ်သူတွေ ဘာပြောပြော
ငါ ရှင်သန်နေတာက
ဝေဖန်လာမယ့် စကားသံတွေနဲ့ပါ ။ ။

...
လူရိုင်းလေး
....
ဓါတ်ပုံကို အောက်ပါလင့်ခ်မှ ယူထားပါတယ် .....

7 comments:

rose of sharon said...

လေးစားပါတယ်... :P

စည်သူ said...

ကဗျာ အောက်ဆုံးအပိုဒ်ကို သဘောကျသွားတယ် ကိုဇော်ရေ..

ပျော်ရွှင်ပါစေ
စည်သူ။

ဝက်ဝံလေး said...

ဟဲ့ အရိုင်းရယ် နင်ကလဲ ကဗျာ ရေးချင်ရင်ကိုယ့်ဘလော့ဂ်မှာ ကိုယ်ရေးပေါ့ ဟွန့်
ဘာတွေ ဖြစ်နေတုံး အရိုင်းရ ဘယ်သူက ဘယ်သူ့ကိုဝေဖန်မှာတုံး ငါကလေ ကဗျာမှာ အားနည်းတော့ သိဘူးရယ်

ကိုကြီးဇော်ရေ မြူးလေးက ဘာဖြစ်တာလဲဟင် ဘယ်သူက ဘာပြောလို့ လဲဟင်

ဟင်းးးးးး ဘလော့ဂ်မဂင်းးး တဲ့ ခဏလေးကို ဘာတွေ ဖြစ်သွားမှန်း မသိပါဘူးရယ် ......

kiki said...

ပိုင်ဆိုင်တာတွေ ဒီလောက်ပဲ ထုတ်ပြောတာက
အခွန်ကောက်မှာ စိုးလို့လား ဟင်..
ခဲတံ နဲ့  ခဲဖျက် ပဲ ဆိုရင်လည်း အလုပ်မဖြစ်သေးပါဘူး ကိုဇော် ရေ ။။။

အနည်းဆုံး စာရွက်စုတ်လေး နဲ့ ချွန်စက်လေး (သို့ မဟုတ် ဓါးတိုလေး )ပါရှိအုံးမှ နော် ...း))

သူကြီးမင်း (တုံးဖလား) said...

တစ်ခုခုတော့ တစ်ခုခုဘဲ။

ဘလော့ဂ်လောကကြီးလဲ ၂၀၁၂ ဒီဇင်ဘာ ၂၁ မရောက်ခင် လေမုန်တိုင်းထန်ပြီး ကြွေလွင့်သွားမလား မသိတော့ပါဘူး။ ဘလော့ဂါတွေတိုင်း လှိုင်းပုတ်ခံနေရတယ်ထင်ပါရဲ့ ။

ဆက်လက်မာန်ချီ ချီတက်ကြပါစို့လေ။

အားလုံးအဆင်ပြေပါစေ။

ahphyulay said...

ခံပြင်းတဲ့ အသံတွေ ကိုကဗျာမှာမြင်လိုက်ရတယ်နော်။
လောကဓံရဲ့  ရိုက်ပုဒ်နိပ်စက်မှုတို့ ကြောင့်  ငါ့ ဦးခေါင်း
ထက်တို့ တွင် သွေးသံတို့ ဖြင့် ရဲရဲ နီနေ၏
သို့ သော် ငါသည် ဦး ကားမညွတ်..။ အဲဒီ ဆောင်ပုဒ်လိုပဲ
ကျင့် သုံးပါဗျာ။ ဗမာပြည်က ထောင်မကြောက်တန်းမကြောက်
ပဲ ရင်ကော့ ချီတက်နေတဲ့  နိုင်ငံရဲ့ မှန်တာတွေပဲ ပြောတဲ့ 
နိုင်ငံရေးသမားတွေ အဲဒီအတိုင်း ကျင့် သုံးနေကြပါတယ်လို့ ။

Anonymous said...

ကဗျာကောင်းလေး လာခံစားသွားတယ်
း)