ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, December 30, 2009

နှစ်ဟောင်းကို (၂၀၀၉) နှတ်ဆက်ခြင်း

စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ တို့ အပြန်အလှန် အာဏာသိမ်းကြကာ 2009 ခုနှစ်ကြီး ကုန်ဆုံးတော့မှာပါလား? အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားလို့ လူသားတွေရဲ့ အသက်ဟာလည်း တနှစ် ပိုကြီးလို့ သွားခဲ့ပြီ၊ 2009 ခုနှစ်ကြီးဟာ ပြဿနာတွေ ပေါင်းစုံနဲ့ ကျွန်ုပ်တို့ကို နှတ်ဆက်နေပြီ၊ ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ဘက်ခြမ်း အထိ မငြိမ်းချမ်းနိုင်သေး၊ ဘုရားသခင် တွေလည်း အဖိနှိပ်ခံ တွေဘက်က မရပ်တည်နိုင်သေး၊ ဒါပေမယ့် ကျွန်ုပ်တို့ ကိုယ့်အားကို ကိုးပြီး 2010 နှစ်သစ်ကြီးမှာ လွတ်မြောက်မှု ပေါင်းစုံ တွေရဲ့ သရဖူကို ဆောင်းနိုင်ဖို့
ဝိုင်းဝန်းကြိုးစား ကြရအောင် ……

ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်း လာမည့် ၂၀၁၀ ခုနှစ်တွင် ဒုက္ခအပေါင်းမှ ကင်းဝေး၍ အေးချမ်းသာယာ သော ဘ၀ ပိုင်ရှင်များ ဖြစ်နိုင်ကြပါစေလို့ …..

၂၀၀၉ ခုနှစ်၏ အရှုပ်တော်ပုံများကို သရုပ်ဖော်ထားသော jibjab တို့၏ ဟာသာ ဗွီဒီယို ဖိုင်လေးကို ကြည့်ရင်း ၂၀၀၉ ခုနှစ်ကို နှုတ်ဆက်နိုင်ရန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ ……..



(မှတ်ချက် - ဗွီဒီယိုကို http://sendables.jibjab.com/ မှ ရယူသည်)

8 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ် ကိုဇော်ရေ..
နှစ်တွေသာ မမြဲခြင်းသဘောအရ ပြောင်းလဲသွားတယ်။
ကျန်တာတွေက ဒီအတိုင်းပါဘဲလား။

ဒါပေမဲ့
ဘယ်လိုဘဲဖြစ်ဖြစ် ၂၀၁၀မှာတော့ လိုအင်တွေ အတိုင်းအတာတစ်ခုအထိတော့ ပြည့်တန်ကောင်းပါရဲ့ ။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

Anonymous said...

Heay!!!!!
Happy New Year

မြစ်ကျိုးအင်း said...

ကိုဇော်ရေ နှစ်သစ်မင်္ဂလာဖြစ်ပါစေ နော်

Khyl said...

မင်္ဂလာရှိသော နှစ်သစ်ပါ ကိုဇော်ရေ... ပြန်လင့်လိုက်ပါပြီနော်...

ကိုလူထွေး said...

ကိုဇော်ရေ...
ဗွီဒီယိုက ပြုံးစရာလေးတွေ အပြည့်ပဲဗျ...

မကြာခင်ကျရောက်တော့မယ့် နှစ်သစ်ကို ပျော်ရွှင်အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ...

ဒီမှာတော့ နှစ်ကူးပြီးသွားပြီဗျ...

းဝ)

Unknown said...

Happy new year!
Great video!

မမသီရိ said...

Wishing you 2010 full of laugh!!!

Nge Naing said...

Happy New Year ပါ ကိုဇော်ရေ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ။