အထက်ကပုံလေးကတော့ သီးလေးသီးအဖွဲ့ ယူတီကာမြို့ မှာ ကခဲ့တဲ့ ရမ ဇတ်တော်ထဲက ဇတ်ဝင်ခန်းလေးတခန်းထဲက ပုံပါ၊ သီးလေးသီးအဖွဲ့ ဟာ ယူတီကာမြို့ ရဲ့ ဖိတ်ကြားချက်အရ လွန်ခဲ့တဲ့ မတ်လ 7 ရက် စနေနေ့ မှာ လရောက်ဖျော်ဖြေခဲ့ပါတယ်၊ ပရိသတ်အများကလည်း ပျော်ရွှင်စွာနဲ့ တခဲနက်အားပေးကြပါတယ်၊ နယူးယောက်ပြည်နယ် အထက်ပိုင်း upstate မှာ ရှိတဲ့ Albany, Syracuse, Utica, Ithica, Rochester နဲ့ Buffalo, မှာ ရှိတဲ့ မြန်မာနိုင်ငံသားများ တက်ရောက်အားပေးကြပါတယ်၊ ပရိသတ်အားလုံး 500 လောက်ရှိမယ်လို့ ခန့် မှန်းရပါတယ်၊ ဒီနယ်တ၀ိုက်မှာ ရှိတဲ့ မြန်မာနိုင်ငံသားများဟာ နှစ်ပေါင်း 10 ကျော် မြန်မာ့အငြိမ့်များနဲ့ ကင်းကွာခဲ့ကြတာမို့  အားကြိုးမန်တက်စွာပဲ အမြို့ မြို့ မှ တက်ရောက်အားပေးကြပါတယ်၊ ဒီပွဲကို New York upstate မှာ ရှိတဲ့ မြန်မာနိုင်ငံသားအချို့ က မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းများအား ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖို့ အခြေခံပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြေင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အငြိမ့်ပွဲငတ်နေတဲ့ မြန်မာနိုင်ငံသားများအတွက်လည်း အားရကျေနပ်မှုများရခဲ့ကြပါတယ်။

ဒီဓတ်ပုံကတော့ ကိုဇီးသီးနဲ့ မင်းသမီးတို့ သရုပ်ဆောင်ထားတဲ့ရမဇတ်တော်ထဲက ဇတ်ဝင်ခန်းက ပုံပါ။

သီးလေးသီးတဖွဲ့ လုံး စုံလင်စွာပါဝင်တဲ့ ဇတ်ဝင်ခန်းတခုက ပုံပါ။

0 comments:
Post a Comment