ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ပွဲတော်. Show all posts
Showing posts with label ပွဲတော်. Show all posts

Thursday, July 1, 2010

ယူတီကာမြို့၏ ၇ ကြိမ်မြောက် ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနား


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ရှိ ယူတီကာမြို့ ကလေးသည် မြန်မာနိုင်ငံမှ အခြေချ နေထိုင်ရန် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အများစု နေထိုင်ရာ မြို့တမြို့ အဖြစ် ထင်ရှား ကျော်ကြား လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်၊ တခြားနိုင်ငံမှ နိုင်ငံသားများလည်း မြန်မာနိုင်ငံသားများ နည်းတူ အရင့်အရင် ကတည်းက ရောက်ရှိလာခဲ့ ကြပြီး ယနေ့ထိ တိုင်လည်း ဆက်လက် လာရောက် နေထိုင်ကြ ဆဲပါ၊ မြန်မာနိုင်ငံသားများ မှာတော့ 1999 ခုနှစ်မှ စတင် ရောက်လာခဲ့ကြပြီး ယနေ့ထိတိုင် ဆက်လက် လာရောက် နေကြဆဲပါပဲ၊ လက်ရှိ အခြေချ နေထိုင်ရန် ရောက်ရှိလာနေသော နိုင်ငံသား အသစ်များမှာတော့ ဘူတန်နိုင်ငံရှိ နီပေါလ် လူမျိုးများ ဖြစ်ကြပါတယ်။

အမေရိကား နိုင်ငံတွင် နိုင်ငံတကာမှ ဒုက္ခသည်များကို အခြေချ နေထိုင်ရန် နိုင်ငံတော် အစိုးရမှ တိုက်ရိုက် တာဝန်ယူပြီး၊ အမေရိကန် နိုင်ငံအတွင်း ဒုက္ခသည်များ၏ အရေးရာ ကိစ္စများကို ဆက်လက်တာဝန်ယူရန် အမေရိကားရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)နှင့် ဘာသာရေး အဖွဲ့အစည်းများမှ တာဝန် ယူလျှက် ရှိနေပါတယ်၊ ထိုအဖွဲ့အစည်းများတွင် ဒုက္ခသည်များ အတွက် သီးသန့်ဖွဲ့စည်းထားသော အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGOs)များမှာ ဒုက္ခသည်များ၏ အရေးကို များစွာ အကူအညီ ပေးနိုင်ကြောင်း တွေ့ရှိလာရပါတယ်။

နယူးယောက်ပြည်နယ်ရှိ ယူတီကာ မြို့တွင်လည်း ထိုနည်းတူစွာ ဒုက္ခသည်များကို အကူအညီ ပေးနေသော အစိုးရ မဟုတ်သော အဖွဲ့စည်း တခု တည်ရှိနေပါတယ်၊ ထိုအဖွဲ့အစည်းမှာ Mohawk Valley Resource Center for Refugee (MVRCR) ဖြစ်ပါတယ်၊ MVRCR သည် နိုင်ငံတကာမှ ဒုက္ခသည်များကို ပြန်လည်နေရာ ချထား ရေး၊ အလုပ်ရရှိရေး၊ ယာယီ စားဝတ်နေထိုင်ရေး၊ ပညာရေး စသော အကူအညီများ ပေးကာ ဘ၀အသစ် ထူထောင်နိုင်ရန် လုပ်ဆောင်ပေးလျှက် ရှိနေပါတယ်၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဒုက္ခများ နေ့တွင်လည်း နိုင်ငံတကာမှ နိုင်ငံသားများ၏ ယဉ်ကျေး မှူများကို ဒေသခံများနှင့် ရင်းနှီးမှူရရန်နှင့် ဒုက္ခသည်များ၏ ဘ၀ကို စာနာ နားလည်စေရန် ဒုက္ခသည်များ နေ့ကို ကျင်းပပေးလေ့ ရှိပါတယ်။

ယခုနှစ်တွင် ကမ္ဘာ့ဒုက္ခသည် များနေ့ကို MVRCR မှ ကြီးမှူး၍ ဇွန်လ၊ ၂၆ရက်၊ ၂၀၁၀ ခုနှစ် (စနေနေ့) တွင် ကျင်းပ ခဲ့ကြပါတယ်၊ ယခုလို နှစ်စဉ် ကျင်းပခဲ့တာဟာ ယခုနှစ်တွင် 7 နှစ် တင်းတင်းပြည့် ခဲ့ပါပြီ၊၊

နှစ်စဉ်နှစ်တိုင်း လိုလို မြန်မာနိုင်ငံသားများက အကများဖြင့် ဦးဆောင် ဖျော်ဖြေလေ့ရှိပါတယ်၊ အထူးသဖြင့် ကရင်အမျိုးသား အကများဖြင့် လည်းကောင်း၊ အခြားတိုင်းရားသား ပေါင်းစုံ ရိုးရာအက များဖြင့် လည်းကောင်း ဖျော်ဖြေ ဖြစ်ခဲ့ကြပါတယ်၊ အခြေအနေ အမျိုးမျိုးကြောင့် ယခုနှစ်မှာတော့ မြန်မာနိုင်ငံသားများ မပါဝင်ဖြစ်ခဲ့ကြပါ သို့သော် နိုင်ငံတကာရှိ နိုင်ငံသား အမျိုးမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှု ဖက်ရှင် လမ်းလျှောက်ပွဲ ကိုတော့ မြန်မာနိုင်ငံသားများ ပါဝင် သရုပ်ဆောင် ခဲ့ကြပါတယ်၊ ယခုနှစ် အထူးအစီအစဉ် အဖြင့် ယူတီကာမြို့သို့ မကြာသေးခင်ကမှ အခြေချ နေထိုင်ရန် ရောက်ရှိလာသော ဘူတန်နိုင်ငံသား နီပေါ လူမျိုးများက ပြဇတ်တို ဇတ်လမ်း တပုဒ်ဖြင့် ကပြ ဖျော်ဖြေခဲ့ကြပါတယ်၊ ပွဲတော်ကို မြို့တော်ဝန်မှ ဖွင့်လှစ်ပေးပြီး၊ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့မှလည်း လာရောက် သရုပ်ပြခဲ့ကြပါတယ်၊ ဆေးရုံများမှ လည်းကောင်း ကြက်ခြေနီအဖွဲ့မှ လည်းကောင်း၊ မြို့ခံ လူမှူရေး အဖွဲ့ပေါင်းစုံမှလည်း သရုပ်ပြ အမျိုးမျိုးနှင့် ပညာပေး အမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြပါတယ်၊ ပွဲတော်ကို ဖြစ်မြောက်ရေးကို ဦးဆောင်ခဲ့သော MVRCR မှ စက်ဘီး ၁၀ စီးကိုလည်း မဲဖောက်ပေးခဲ့ပါတယ်၊ လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စည်ကား သိုက်မြိုက်စွာဖြင့် ညနေ ၅ နာရီကျော်တွင် ပွဲတော်အား အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြပါတယ်။

MVRCR ၏ ကြိုဆိုရေး အဖွဲ့


နိုင်ငံတကာ ရိုးရာ ယဉ်ကျေးမှူ အ၀တ်အစား ဖက်ရှင်ပွဲ

နိုင်ငံတကာ ရိုးရာယဉ်ကျေးမှူ အ၀တ်အစား ဖက်ရှင်ပွဲ

မိုးရွာနေချိန်မှာတောင် ပွဲတော်အား လာရောက် အားပေးနေကြပုံ


စက်ဘီးလေးများ မဲဖောက်ပေးနေစဉ်

မြန်မာနိုင်ငံမှ ကရင်နီ ညီအကိုမောင်နှမများ အမှတ်တရ

ဘူတန်နိုင်ငံမှ နီပေါလ် လူမျိုးများရဲ့ ပြဇတ်တို ဇတ်ဝင်ခန်း
မှတ်ချက် - ယူတီကာ မြို့လေးရှိ လူမျိုး/နိုင်ငံသား ပေါင်းစုံ၏ စည်းလုံးညီညွတ်ရေးအား ဝေမျှခြင်း သက်သက်ပါ ....
ကိုဇော်

Thursday, February 4, 2010

ကရင်နှစ်သစ်ကူး ပွဲတော်အမှတ်တရများ

ကျနော်တို့ မြို့က (၂၇၄၉ ခုနှစ်) ကရင်နှစ်သစ်ကူး ပွဲတော်မှာ အမှတ်တရ ရိုက်ကူးထားတဲ့ ဗွီဒီယို ဖိုင်လေး တွေကို တင်ပြပေးချင်ခဲ့တာ အရမ်း ကြာခဲ့ပါပြီ သို့သော် အခြေအနေ အရ အလုပ်မအားသဖြင့် အချိန်မှီ မတင်ပေးနိုင်ခဲ့တာကို အားမလို အားမရ ဖြစ်နေခဲ့ပါတယ် ... ဒါကြောင့် တင်ထားပြီးသား အကတစ်မျိုးနှင့် စုပေါင်း သီချင်း ဆိုထားမှုများကို အပေါင်းအသင်းများ ကြည့်ရှု့နိုင်အောင် တင်ပြပေးလိုက်ပါတယ်ဗျာ ....



Utica Karen Youth အဖွဲ့အစည်းမှ လူငယ်များ စုပေါင်း သီချင်း ဆိုနေကြစဉ်



ယူတီကာမြို့ရှိ ကရင်လူငယ်များက ၀ါးညှပ်အကဖြင့် ဖျော်ဖြေ တင်ဆက်နေပုံ ...

ကျန်ရှိနေသေးသော် ဗွီဒီယို ဖိုင်များကိုလည်း အစဉ်ပြေသလို ... ဆက်လက် တင်ပြပေးသွားပါ့မယ်နော် ....

(မှတ်ချက် - Professional မရိုက်တတ်သဖြင့် သဘော မတွေ့ပါက ဤနေရာမှ တောင်းပန် လိုက်ပါတယ်)
ကိုဇော်

Saturday, January 30, 2010

ယူတီကာ ကရင်နှစ်သစ်ကူးပွဲတော်


ကရင်နှစ်သစ်ကူး ပွဲတော် အခမ်းအနား ကျင်းပရာ စင်မြင့်

ကရင်နှစ်သစ်ကူး ပွဲတော် အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားပေးနေသော ကရင်အမျိုးသားကြီး ဦးမန်းသောင်းတင်
ကရင်နှစ်သစ်ကူး ပွဲတော် အခမ်းအနားသို့ လာရောက်၍ ကျေးဇူးတင် စကားပြောကြားပေးသော Mahawk Valley Community College မှ President Vanwagoner

ကရင်နှစ်သစ်ကူး ပွဲတော်တွင် လာရောက် ကပြ ဖျော်ဖြေ သွားသော Buffallo မြို့မှ ကရင်ဒုံယိမ်း အဖွဲ့ တဖွဲ့

Buffallo မြို့ ကရင် ဒုံးယိမ်း အဖွဲ့မှ ဒုံယိမ်း အကဖြင့် ကပြ ဖျော်ဖြေ နေကြစဉ်

Utica မြို့မှ ကရင် ခလေးငယ်များ ၀ါးညှပ် အကဖြင့် ကပြ ဖျော်ဖြေ နေစဉ်

Connecticut ပြည်နယ်ရှိ ကရင် ဒုံယိမ်းအဖွဲ့မှ ဒုံယိမ်း ကပြ နေကြစဉ်

Connecticut ပြည်နယ်မှ ခလေးငယ်လေး တယောက်မှ ကရင်ရိုးရာ တူရီယာ တခုဖြစ်သော တနသောတူ ခေါ် မြန်မာ အခေါ် (ဆောင်း) ဖြင့် တီးခတ် သီချင်း သီဆို နေစဉ်

Utica မြို့ရှိ ကရင် ခလေး ငယ်များမှ ကရင် သက်ကြီး ရွယ်အို များအား ကန်တော့၍ သီဆိုသော ကရင် အခေါ် မူးရိုးဖေါ သီချင်း ဖြင့် ကန်တော့ နေကြစဉ်

ကရင် ခလေး အမျိုးသမီး ငယ်များက ကရင် သက်ကြီး ရွယ်အိုများအား လက်ဆောင် ပစ္စည်းများဖြင့် လက်ဖွဲ့ နေကြစဉ်
ကရင် အမျိုးသားငယ် များကလည်း ကရင် သက်ကြီး ရွယ်အို များအား လက်ဆောင် ပစ္စည်းများဖြင့် လက်ဖွဲ့ နေကြစဉ်
တဆယ်ဝါ့ တာ့ဟယ် ကလိ ဟူ ခေါ်သော ၀ါးအလံတိုင် များဖြင့် ကပြ ဖျော်ဖြေရန် အစဉ်သင့် ဖြစ်နေကြသော ခလေးငယ်များ
တဆယ်ဝါ့ တာ့ဟယ် ကလိ ဟူ ခေါ်သော ကရင်ရိုးရာ ယဉ်ကျေးမှု အက တမျိုးဖြင့် ကပြ ဖျော်ဖြေ နေကြစဉ်
ကရင်အမျိုးသားများ၏ ဖိတ်ကြားမှုအရ လာရောက် ကပြ ဖျော်ဖြေ ခဲ့ကြသော ရခိုင် အမျိုးသမီးငယ်များ၏ ရခိုင် ခေတ်လေးခေတ် ရိုးရာ ယဉ်ကျေးမှု အက

Utica မြို့မှ ကရင် ဒုံယိမ်း အဖွဲ့၏ သီချင်း ဆို ဖျော်ဖြေ တင်ဆက်မှု တခု
ဤ ကနေ့ ကျရောက်သော ကရင် နှစ်သစ်ကူး မှာ အင်္ဂလိပ် ခုနှစ် ၂၀၀၉ ဒီဇင် ဘာလ ၁၆ရက်၊ မြန်မာ သက္ကရာဇ် ၁၃၇၀ ပြာသို လဆန်း ၁ ရက်နေ့၊ ကရင်အမျိုးသားများ ပြက္ခဒိန် ၂၇၄၉ ခုနှစ် သလေ လဆန်း ၁ ရက်နေ့ ဖြစ်ပါတယ်၊ ကရင့်အမျိုးသား ရိုးရာ ယဉ်ကျေးမှု များကို ဆက်လက် ထိန်းသိမ်းနိုင်ရန် နိုင်ငံ တကာ ရောက် ကရင် အမျိုးသားများက နှစ်စဉ်လိုလို နှစ်သစ်ကူး ပွဲတော်ကို ကျင်းပလေ့ ရှိကြပါတယ်၊ ကျနော်တို့ လက်ရှိ အခြေချ နေထိုင်နေသော ယူတီမြို့ တွင်လည်း ကရင် အမျိုးသားများဟာ မိမိတို့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းသော အားဖြင့် နှစ်စဉ် လိုလို ကျင်းပလေ့ ရှိကြပါတယ်၊ သို့သော ရာသီဥတုနှင့် ပတ်ဝန်းကျင် အနေအထား အရ၊ ရက်၊ လ၊ နှစ် အတိအကျကို မကျင်းပနိုင်ခဲ့ကြပေ။
..............
ဒါကြောင့် ယခုနှစ် ယူတီကာမြို့၏ ကရင်နှစ်သစ်ကူး ပွဲတော်ကို January လ ၃၀ ရက် ၂၀၁၀ ခုနှစ် (မနေ့က)စနေနေ့ တွင် ကျင်းပ ခဲ့ကြပါတယ်၊ ရာသီဥတုမှာ အလွန် စိုးရွား နေသော်လည်း လူအများက ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသော အားဖြင့် တတပ်တအား ပါဝင် ဆင်နွှဲ ခဲ့ကြပါတယ်၊ ယခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်သို့ ယူတီကာမြို့ အနီးတ၀ိုက် ရှိ မြို့နယ်များမှ မြန်မာနိုင်ငံသားများ အပြင် တခြားပြည်နယ် များမှ မြန်မာနိုင်ငံ သားများ၊ ယူတီကာမြို့ရှိ Church များမှ သင်းအုပ် ဆရာများ၊ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာမှ ၀န်ထမ်းများနှင့် မြန်မာနိုင်ငံမှ ဘာသာ ပေါင်းစုံနှင့် လူမျိုး အသီးသီး များ အားတက် သရောဖြင့် တက်ရောက် ခဲ့ကြပါတယ်။
..............
(မှတ်ချက် - ယခင်နှစ်များတွင် အခမ်းအနားသို့ လူဦးရေ ၂၀၀၀ ကျော် တက်ရောက်ခဲ့သောလည်း၊ ယခုနှစ် ပွဲတော် ကျင်းပနေ ချိန်တွင် အပူချိန်မှာ ဇီးရိုးနှင့် မိုင်းနက်စ်သို့ ရောက်နေပါ ခဲ့ပါတယ်၊ ဒါကြောင့် လူဦးရေ တစ်ထောင်ခန့်သာ တက်ရောက်နိုင်ခဲ့ကြပါတယ်၊ ဗွီဒီယို မှတ်တမ်းများကိုလည်း အချိန်ရသလို တင်ပြပေးသွား ပါ့မယ်)
ကိုဇော်

Sunday, March 15, 2009

သီးလေးသီးရဲ့ ယူတီကာပွဲ


(သီးလေးသီး ကတဲ့ပွဲထဲက ရမ ဇတ်တော်လာ ဇတ်ဝင်ခန်းတခုက ပုံပါ)


အထက်ကပုံလေးကတော့ သီးလေးသီးအဖွဲ့ ယူတီကာမြို့ မှာ ကခဲ့တဲ့ ရမ ဇတ်တော်ထဲက ဇတ်ဝင်ခန်းလေးတခန်းထဲက ပုံပါ၊ သီးလေးသီးအဖွဲ့ ဟာ ယူတီကာမြို့ ရဲ့ ဖိတ်ကြားချက်အရ လွန်ခဲ့တဲ့ မတ်လ 7 ရက် စနေနေ့ မှာ လရောက်ဖျော်ဖြေခဲ့ပါတယ်၊ ပရိသတ်အများကလည်း ပျော်ရွှင်စွာနဲ့ တခဲနက်အားပေးကြပါတယ်၊ နယူးယောက်ပြည်နယ် အထက်ပိုင်း upstate မှာ ရှိတဲ့ Albany, Syracuse, Utica, Ithica, Rochester နဲ့ Buffalo, မှာ ရှိတဲ့ မြန်မာနိုင်ငံသားများ တက်ရောက်အားပေးကြပါတယ်၊ ပရိသတ်အားလုံး 500 လောက်ရှိမယ်လို့ ခန့် မှန်းရပါတယ်၊ ဒီနယ်တ၀ိုက်မှာ ရှိတဲ့ မြန်မာနိုင်ငံသားများဟာ နှစ်ပေါင်း 10 ကျော် မြန်မာ့အငြိမ့်များနဲ့ ကင်းကွာခဲ့ကြတာမို့  အားကြိုးမန်တက်စွာပဲ အမြို့ မြို့ မှ တက်ရောက်အားပေးကြပါတယ်၊ ဒီပွဲကို New York upstate မှာ ရှိတဲ့ မြန်မာနိုင်ငံသားအချို့ က မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းများအား ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖို့ အခြေခံပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြေင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အငြိမ့်ပွဲငတ်နေတဲ့ မြန်မာနိုင်ငံသားများအတွက်လည်း အားရကျေနပ်မှုများရခဲ့ကြပါတယ်။


ဒီဓတ်ပုံကတော့ ကိုဇီးသီးနဲ့ မင်းသမီးတို့ သရုပ်ဆောင်ထားတဲ့ရမဇတ်တော်ထဲက ဇတ်ဝင်ခန်းက ပုံပါ။



သီးလေးသီးတဖွဲ့ လုံး စုံလင်စွာပါဝင်တဲ့ ဇတ်ဝင်ခန်းတခုက ပုံပါ။

အထက်ကပုံကတော့ သီးလေးသီးပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကြိုးပန်းကျတဲ့ ပွဲဖြစ်မြောက်ရေး အဖွဲ့ ဝင် များနဲ့ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ပုံလေးပါ။