62 နှစ်မြောက် အာဇာနည်နေ့
ဗမာ့သမိုင်းတလျှောက်မှာ အာဇာနည်ပေါင်းမြောက်များစွာ ရှိခဲ့ပါတယ်၊ အဲ့ဒီအထဲမှာမှ တိုင်းပြည်ကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် အသက်တွေပေးရင်း ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်ရဲဘက် ၉ ယောက်ကို ဗမာ့သမိုင်းမှာ အာဇာနည်ခေါင်းဆောင်များလို့ ကဗျည်းထိုးခဲ့ကြတယ်… ဒီကိစ္စတွေကို ပြောမယ်ဆိုရင် ဦးနေ၀င်းကြီး ကတောင် ကျေးဇူးတရားသိတတ်တဲ့ လူသတ်ကောင်လို့ အမည်တပ်ရင် မမှားဘူးလို့ ကျနော်ထင်မြင်မိပါတယ်…. (ဦးနေ၀င်းကို ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုအပေါ် လူသတ်ကောင်လို့သုံးနှုံးလိုက်ပါတယ်)၊ ဘာဖြစ်လို့လဲဆိုတော့ သူ့လက်ထက်မှာ အာဇာနည်နေ့ကို တိုင်းသိပြည်သိ ကျင်းပပေးခဲ့လို့ပါ။
(သူကအဓိကသမိုင်းတရားခံနော် ခွင့်လွှတ်မယ်လို့တော့ မထင်နဲ့) ဒီလက်ရှိစစ်အာဏာရူးတွေ (နအဖ) တိုင်းပြည်ကို အာဏာသိမ်းခါ တက်လာပြီး ၁၉၈၉ ခုနှစ် နောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါကို မှေးမှိန်စေရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ပြည်သူများက အသိအမှတ်မပြုစေရန်၊ အာဇာနည်နေ့ကို စတင်၍တိုက်ခိုက်ခါ သမိုင်းထဲမှ ဖယ်ထုတ်နေခဲ့ပါတယ်၊ ဒါတွေကို အမှန်တရားကို လက်ခံသော ဗမာနိုင်ငံသားများအားလုံး အသိပင် ဖြစ်ပါတယ်၊ (ယနေ့အချိန်အထိ ပြည်တွင်းက သတင်းစာများမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ နှိုးဆော်စာများ မတွေ့ရသေးပါ)။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ ဗမာ့တပ်မတော်ရဲ့  ဖခင်ဆိုတာကိုကော ဘယ်သူငြင်းနိုင်မှာလဲ ?
ဒါပေမယ့် ခက်နေတာက သမိုင်းအမှန်ကိုသိရက်နှင့် မိမိကောင်းစားရေး၊ မိမိအသက်ရှင် ရပ်တည်ရေးတို့ကို ရှေးရှုနေတဲ့ လူအများကတော့ စစ်အာဏာရှင်တွေဘယ်လိုပဲလုပ်လုပ် လက်ခံနေဆဲပါပဲ၊ ထိုအထဲမှာ အခြေအနေအမျိုးမျိုးအရ သူတို့ရဲ့ လက်အောက်မှာ အသက်ရှင်ရပ်တည်ရင်း တိုင်းပြည်အကျိုးကို တဖက်တလမ်းမှ ဆက်လက်သယ်ပိုးနေသော ပြည်သူ့စစ်သားများကိုတော့ မဆိုလိုပါ၊ သူတို့ကို ဗိုလ်ချုပ်၏ သားများလို့ ကင်ပွန်းတပ်ပါရစေ (ဥပမာ-နအဖ၏ လျှို့ ဝှက်စာတမ်းများကို အများပြည်သူထံသို့ ဖြန့်ဖြူး ပေးနေသော၊ နအဖကို အနီးကပ်စောင့်ကြည့်နေသော နအဖ၏စနစ်ကြီးကိုဖြိုလှဲရန် အသင့်စောင့်ဆိုင်းနေသော ပြည်ချစ်စစ်သားများ) ကို ဆိုလိုပါသည်။
နအဖရဲ့  စစ်အာဏာရှင်စနစ်ဆိုးကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပန်းနေသော ၀န်ကြီးချုပ်များ၊ စီးပွါးရေးပညာရှင်များ၊ အုပ်ချုပ်ရေးပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် အခြေခံ လက်လုပ်လက်စားများ (ဥပမာ -စွမ်းအားရှင်နှင့် ကြံဖွတ်များ)ကို အထက်က မေးခွန်းလေးကို မေးလိုက် ပါရစေ၊ ဗိုလ်ချုပ်ဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့  ဖခင်ဆိုတာ ဟုတ်ပါသလားလို့ ?
(အကယ်၍ ဗမာစာကိုတောင်မှာ မဖတ်တတ်ရင်တော့ သူတို့တွေ သိကြမှာတော့ မဟုတ်ပါ)
(အကယ်၍ ဗမာစာကိုတောင်မှာ မဖတ်တတ်ရင်တော့ သူတို့တွေ သိကြမှာတော့ မဟုတ်ပါ)
ဗမာ့သမိုင်းတလျှောက်တွင် ဗမာလူမျိုးများသည် ကျေးဇူးရှိသူကို ကျေးဇူးဆပ်ကြပြီး၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလာခဲ့သည်ကို တွေ့မြင်ခဲ့ကြရမှာပါ၊ သို့သော် ယနေ့ခေတ်သို့ရောက်မှသာ အုပ်ချုပ်သူ လူတန်းစားများ သည်၊ မိမိတို့ စနစ်ဆိုးကြီးခိုင်မြဲစွာရပ်တည်နိုင်ဖို့အတွက် ဗမာလူမျိုးတို့၏ ကျေးဇူးသိတတ်သော သမိုင်းကို ဖျောက်ဖျက်နေကြပါတယ် (ကျေးဇူးကန်းနေကြခြင်းပါ)။
နောက်ပြီး မျိုးဆက်သစ်များကိုလည်း သူတို့ရဲ့  စနစ်ကြီးတွင် တသားထဲကျသွားအောင် သင်ကြားထိန်းကြောင်း နေပါတယ်၊ ဗမာပြည်ရှိ ရုံးများ၊ ကျောင်းများ၊ ဌာနဆိုင်ရများတွင် ဗိုလ်ချုပ်၏ ပုံများချိန်ဆွဲခဲ့ရမှ ယခုအခါ သူတို့ပုံများဖြင့် အစားထိုးခဲ့ကြပါတယ်၊ မည်သည့်သမိုင်း အစဉ်အလာရ သူတို့ဟာ တိုင်းပြည်ကို ကယ်တင်ခဲ့သော ကယ်တင်ရှင်များ ဖြစ်ခဲ့ပါသလဲလို့ မေးလိုက်ပါရစေ၊ (ပြည်သူ့အာဏာကို မတရားသိမ်းပိုက် ထားပြီးတော့) အခြေခံပညာရေးများတွင်လည်း ဗိုလ်ချုပ်တို့၏ သမိုင်းများကို ဖျောက်ဖျက်နေပါသေးသည်။
စစ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်မှာ ပြည်သူတရပ်လုံးအား အတိတ်က သမိုင်းများကို မေ့လျှော့စေရန် နည်းပညာများဖြင့် စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ပါသည်၊ အနာဂတ်မျိုးဆက်များကို မိမိတို့ပြုလုပ်ခဲ့သော သမိုင်းများကိုမသိရှိရန်ရည်ရွယ်၍ သမိုင်းအမှန်များကို ဖျောက်ဖျက်နေကြပါသည်၊ မျိုးဆက်အသစ်တဆက် ဖြစ်ပေါ်လာတဲ့အခါ သူတို့သွားလိုသော စနစ်ကြီးဆီသို့ တိုင်းပြည်ကိုဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မည်သို့ပင် ဖျောက်ဖျက်စေခါမူ တိုင်းပြည်ကိုချစ်သော ဗမာနိုင်ငံသားများ၊ ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းပြည်ကိုတကယ်စေတနာမှန်ဖြင့် တိုးတက်စေလိုသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများမှ အာဇာနည်နေ့ကို ဆက်လက်ထိန်းသိမ်းကြပြီး၊ မိမိတို့ကိုယ်တိုင်ပင် အာဇာနည်များ အဖြင့် ဗမာ့သမိုင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…
(ဤပိုစတာလေးဖြင့် ဗိုလ်ချုပ်အား အလေးပြုလိုက်ပါတယ်)
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤနေရာမှ အလေးပြုလိုက်ပါသည်။
မှတ်ချက်၊ ၊ (ဓါတ်ပုံများကို (http://arzarni.blogspot.com/, http://hteinkmin.blogspot.com/ ) ကူးယူရရှိပါသည်)
မှတ်ချက်၊ ၊ (ဓါတ်ပုံများကို (http://arzarni.blogspot.com/, http://hteinkmin.blogspot.com/ ) ကူးယူရရှိပါသည်)
13 comments:
1st
ဟုတ်တယ်
အဒီစစ်တပ် မ ရှိ မှတိုင်းပြည်သာယာမှာ
ကိုကြီးးးးးးးးးးးးး
အာဇာနည်ကြီးများကို
အလေးလာပြုပါတယ်ရှင့်
မြူးလေး
သမိုင်းကိုမှောက်လှန်ဖို့ကြိုးစားရင်း
သူတို့ကိုယ်တိုင် သမိုင်းမှောက်သွားလိမ့်မယ်
မယုံရင်ကြည့်နေ
အပြင်မှာချိတ်ဆွဲထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို
သူတို့ဖယ်ရှားပစ်လို့ရပါလိမ့်မယ်
ဒါပေမယ့်....
ပြည်သူတွေရဲ့နှလုံးသားမှာချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတော့ သူတို့ဘယ်တော့မှပျက်အောင်မဖျက်နိုင်ဘူး
ဒါဟာ မှန်ကန်တဲ့သစ္စာတရားပဲ
အာဇာနည်နေ့ အကြောင်းလေး ဖတ်ပြီး
အာဇာနည်ကြီးများ ကို အလေးပြု ခဲ့ပါတယ်
အာဇာနည်နေ့ကိုဘယ်တော့မှမမေ့ဘူး... အတူတူအလေးပြုသွားတယ်
ကိုဇော်ရေ ဟိုးနေ့ကတောင် အကိုကမေးနေသေးတယ် နင် အာဇာနည်နေ့ သတိရသေးရဲ့လား တဲ့ ညီမ မမေ့ပါဘူးနော် ဂျူလိုင် ၁၉ လို့ ကောက်ကာငင်ကာဖြေလိုက်ပါတယ် နော် သိလား ဘယ်တော့မှမမေ့ဘူး ကိုဇော်
ငယ်ငယ်က သင်ရတယ်လေ " ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဂျုလိုင် ၁၉ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ကောင်းစေချင်တဲ့ မှာစကား ငါတို့မမေ့အား" တဲ့ ညီမ အမြဲတမ်းမှတ်မိနေပါတယ် ဒီကဗျာလေးကို လူတွေ ကတော့ ဖေဖော်ဝါရီလမှာ valentine day ကိုပဲ မှတ်မိကြတော့တယ်လေ ဗိုလ်ချုပ်မွေးနေ့ ရှိတာကိုမေ့နေကြတယ် သူတို့ကိုလဲ အပြစ်မဆိုပါဘူးလေ ခေတ်တွေက ဒီလိုဖြစ်ကုန်ပြီကိုးးးးးးးး
ကိုဇော်ရေးတာတွေမမှားပါဘူး အကုန်မှန်တယ် ဒါပေမယ့်အကိုရယ် ဟင်းးးးးးးးးးး လို့သာ သက်ပြင်းရှည်ကြီးပဲ ချလိုက်ပါတော့တယ်
စာအရမ်းရှည်သွားတယ် သိတယ်ဟုတ် ငှက်က အရမ်းစကားများတာ နော် တာ့တာဘိုင်
လွတ်လပ်ရေးခေတ် အာဇာနည်များအပြင် ဒီနေ့အထိ မြန်မာပြည် လွတ်မြောက်ရေးကို အသက်ပေးနေကြသော အာဇာနည်များ အားလုံးကို လေးစား ဦးညွှတ်ပါတယ်...
ကိုဇော်ရေ...
စာရေးတာ မန်ပါတယ်ဗျာ..
ကျွန်တော်လည်း မန်သွင်းပြီးဖတ်လိုက်တာ
ချွေးတောင်ပြန်သွားတယ်...။
ခင်မင်စွာဖြင့်
........စည်သူ။
ကိုဇော်ရေ... လာဖတ်သွားတယ်။ ညီမကတော့ အဲဒီ ဇူလိုင် (၁၉)မှာပဲ မှတ်မှတ်ရရ မြန်မာနိုင်ငံက ထွက်လာခဲ့တာ..........
သမိုင်းကို ဘယ်တော့မှဖျောက်လို့ မရဘူး..
အာဇာနည်ကြီးများကို အလေးလာပြုပါတယ်
ခင်မင်ခြင်းနှင့်
တလနွန်
အာဇာနည်တွေကို လာပြီး အလေးပြုသွားပါယ်။
အာဇာနည်ကြီးများကို အလေးလာပြုပါတယ်။
Post a Comment