ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Monday, July 20, 2009

ဒိုမြို့ က ညီလာခံကြီး

ယူတီကာ ညီလာခံကြီး အောင်မြင်စွာပြီးစီး

ပြီးခဲ့တဲ့ ဇွန်လကုန်အပတ်နဲ့ ဇူလိုင်လကုန်အပတ်တွေမှာ ကျနော်အလုပ်တွေအများကြီး ရှုပ်နေလို့ ဘလောဂ့်တွေကို သိပ်မလည်ဖြစ်ခဲ့ဘူး၊ ဒါပေမယ့် အဆင်သင့်ရင် သင့်သလိုတော့ တချို့ ဘလောဂ့်တွေကို လည်ခဲ့ပါတယ်၊ အလုပ်အရမ်းများနေတာက ကျနော်တို့ မြို့ မှာ ညီလာခံကြီးတရပ် ကျင်းပနေလို့ပါပဲ၊ ဒီညီလာခံအကြောင်းကို ပြီးပြီးချင်းမှာပဲ ပိုစ့်အဖြစ်တင်ပေးဖို့ စီစဉ်ခဲ့ပါသေးတယ်၊ ဒါမေယ့် အစဉ်မပြေခဲ့လို့ အခုမှဘဲတင်ပေးလိုက်ပါတယ်၊ သတင်းအဖြစ်မသတ်မှတ်နိုင်ရင်လဲ Documentary အဖြစ် သဘောထားကာ လေ့လာနိုင်ကြပါတယ်။
ဒီပိုစ့်လေးကို ရေးဖို့ရည်ရွယ်ခဲ့တာလဲ ကြာခဲ့ပါပြီ၊ ဒါပေမယ့် ဓါတ်ပုံတွေစနစ်တကျ မစုစည်းနိုင်သေးတာရယ် ညီလာခံလာတက်တဲ့ ရဲဘော်တချို့  မပြန်သေးတာရယ်၊ တခြားကိစ္စများနဲ့ အလုပ်များနေတာရယ်တွေကြောင့် အခုမှပဲ ရေးဖြစ်တာပါ၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ၊ ပြည်ပရောက်ကိုရောက်ရှိနေကြတဲ့၊ အထူးသဖြင့် North America ကို ရောက်ရှိနေကြတဲ့ မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့၊ မြန်မာနိုင်ငံသား Activists တွေ စုပေါင်းပြီး၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ညီလာခံတခု ကျနော်တို့မြို့ မှာ ကျင်းပခဲ့ပါတယ်။

ဒီညီလာခံကြီးဖြစ်မြောက်ဖို့ အမေရိကားတိုက်မှာရှိကြတဲ့ ဒီမိုကရေစီဘက်တော်သားအချို့ က ၂၀၁၀ မှာ ကျင်းပမဲ့ နအဖ၏ မတရားရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ခိုက်ရန် စတင်၍ Lobby လုပ်ခဲ့ကြပါတယ်၊ ပြီးနောက်တခြား တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီဘက်တော်သားများက စိတ်ဝင်စားကာ ပါဝင်လာကြပြီး၊ လအနည်းငယ်ကြာ Tele Conference လုပ်၍ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ Teele Conference ဆုံးဖြတ်ချက်များအရ ယနေ့အချိန်တွင် ညီလာခံကြီး တခု အရေးပေါ်လိုအပ်နေကြောင်း ဆုံးဖြတ်ချက်ကျခဲ့ပါတယ်၊ ဆက်လက်ပြီး ညီလာခံဖြစ်မြောက်စေရန် ၀ိုင်းဝန်းပြီး သယ်ဆောင်လာခဲ့ကြပါတယ်၊ အထူးသဖြင့် အမေရိကားရှိ ပြည်နယ်အတော်များများမှ တော်လှန်ရေး၊ နိုင်ငံရေးနှင့် အတတ်ပညာရှင်များ တိုင်းရင်းသားခေါင်းဆောင်များ၊ ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာ့အင်အားစုများ၊ စုပေါင်းကာ ကျနော်တို့မြို့  (NY, Utica) တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

ညီလာခံ၏ ထူးခြားချက်မှာ မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းများမှ ဦးဆောင်ခြင်းမဟုတ်ပဲ အညတရ နိုင်ငံရေးနှင့် တော်လှန်ရေးမှ အောက်ခြေလူတန်းစားများက တသီးပုဂ္ဂလအဖြစ် ဦးဆောင်ခါ ဤညီလာခံကြီးကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်၊ ညီလာခံသို့ အမေရိကား အရှေ့ပိုင်း၊ San Francisco မှ ညီလာခံကိုယ်စားလှယ်များက Motorcade ကြီးဖြင့် ၃ ရက်အကြို ကားမောင်း၍ ချီတက်လာခါ လမ်းတွင်ရှိသော ညီလာခံကိုယ်စားလှယ်များကို ၀င်ရောက်သယ်ဆောင်၍ ညီလာခံကြီးသို့ ချီတက်လာခဲ့ပါသည်။

ညီလာခံကြီး ပြီးစီးသွားသည့် နောက်နေ့တွင် ညီလာခံလာ အမေရိကန်အရှေ့ ပိုင်းရှိ ကိုယ်စားလှယ်များက ညီလာခံ အပြန်လမ်းခရီးတွင် Buffalo မြို့  Niagara Fall သို့ ၀င်ရောက်၍ နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မီးရှိုပွဲကို ကျင်းပဆန္ဒပြ ခဲ့ကြပါတယ်၊ ပြီးနောက် မိမိတို့ နေရပ်များသို့ ပြန်သွားခဲ့ကြပါတယ်။ (ဓါတ်ပုံများကို အောက်တွင် ကြည့်နိုင်ပါသည်)

ညီလာခံ အကျဉ်း

မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ မဟာဗျုဟာညီလာခံတရပ်ကို မြောက်အမေရိကတိုက်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများဖြစ်သော သံဃာ့ခေါင်းဆောင်များ၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တိုင်းရင်းသား ညီအကိုများ၊လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ NLD ပါတီဝင်များ၊(FBF) မှ အဖွဲ့ဝင်များ စုပေါင်းပြီး အမေရိကန်ပြည် ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့မှာ ဇူလိုင်လ (၃)ရက်၊ (၄) ရက် နှစ်ရက်တိုင် ကျင်းပခဲ့ပါသည်။

၎င်းညီလာခံမှ ညီလာခံကျင်းပရခြင်း၏ အခြေခံမူပေါ်လစီ (၃)ရပ် ချမှတ်နိုင်ရေးအတွက် (၃)လခန့် ကြိုတင်ပြင်ဆင်ပြီး အပတ်စဉ်တယ်လီဖုန်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး အောက်ပါအခြေခံမူ (၃)ရပ် ကိုချမှတ်ကာ ညီလာခံကိုကျင်းပခဲ့ပါသည်။
(က) ၂၀၁၀ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်တိုက်ဖျက်ရေး။ (ခ) စစ်အာဏာရှင်စနစ်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ)။ (ဂ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဟူသော မူသုံးရပ်ကို ညီလာခံမှ အတည်ပြုခဲ့ကြပြီး စစ်အာဏာရှင်စနစ်အား “ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်သွားရေး” ဟူသော မဟာဗျူဟာကိုချမှတ်နိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ တိုက်ပွဲစဉ် အဆင့်အလိုက် ရှင်းလင်းစွာ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ (၆)ရပ် ကိုဖွဲ့စည်းခဲ့ကြပါသည်။ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား တိုက်ပွဲဝင်မည့် မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များ နှင့်မဆို ကျယ်ပြန့်သော မြန်မာ့အမျိုးသားကွန်ဂရက်တရပ်ကို ဖွဲ့စည်းနိုင်ရန်အင်အားစုအသီးသီးသို့ ကမ်းလှမ်းပြီး၊ စုစည်းညီညွတ်စွာ စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များမှ တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။နောက်ဆက်တွဲ ထုတ်ပြန်ချက်များ၊ ညီလာခံအတွင်းတင်သွင်းလိုသော စာတမ်းများ၊ ညီလာခံ၏ အသေးစိတ်ဆုံးဖြတ်ချက်များကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ညီလာခံ၏ မှတ်တမ်း ဓါတ်ပုံတချို့ ကို အောက်တွင် တင်ပြပေးလိုက်ပါတယ် …..
(အမေရိကန် အနောက်ခြမ်းမှ ချီတက်လာသော Motorcade ကြီး ညီလာခံသို့ ရောက်ရှိလာစဉ်)


(ညီလာခံသို့ ကားတမ်းဖြင့် ချီတက်လာသော ရဲဘော်များ)

(ညီလာခံ ခေါင်းစီးနှင့် သဘာပတိများ ထိုင်ခုံ)

(ညီလာခံ ပထမနေ့မှ ဓါတ်ပုံ တချို့ )

(ညီလာခံ ပထမနေ့ တွင် အဖွဲ့အစည်းအသီးသီး၏ အလံတော်များနှင့် ကျဆုံးလေပြီးသော သူရဲကောင်းများအား အလေးပြုနေကြစဉ်)


(ညီလာခံ ပထမနေ့ ၇လ၊ ၃ ရက်၊ ၂၀၀၉ ခုနှစ်၊ မှတ်တမ်းများ)


(ညီလာခံ ဒုတိယနေ့ ၇လ၊ ၄ ရက်၊ ၂၀၀၉ ခုနှစ်၊ မှတ်တမ်းများ)
(ညီလာခံအပြီး မှတ်တမ်း ဓါတ်ပုံ အချို့ )
(အမေရိကား အရှေ့ဖက်အခြမ်းရှိ ညီလာခံ ကိုယ်စားလှယ်များ အပြန်ခရီး Niagara Fall တွင် နအဖ၏ အခြေခံ ဥပဒေ အား မီးရှို့  ၍ ဆန္ဒပြနေစဉ်)
(ညီလာခံ ကိုယ်စားလှယ် ဆရာကြီး ဒေါက်တာ ဆလိုင်း ထွန်းသန်းမှ နအဖ၏ အခြေခံ ဥပဒေ အား မီးရှို့ ၍ ဆန္ဒပြနေစဉ်)

ဤညီလာခံနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက .. အောက်ပါညီလာခံ လိပ်စာတွင် သွားရောက်လေ့လာနိုင်ပါတယ် ….http://conf09.blogspot.com/

15 comments:

rose of sharon said...

ညီလာခံအကြောင်းဖတ်သွားပါတယ်.. ဓာတ်ပုံတွေလဲကြည့်သွားတယ်...

မမသီရိ said...

ဓါတ်ပုံတွေ မြင်ရတာ အားတက်ဖွယ်ရာ တစုံတရာ ရှိမဲ့ ပုံ ပါပဲ ကိုဇော် ရေ..

kyalkalay said...

be right back at night

တလနွန် said...

အားတက်ဖွယ် မြင်ကွင်းတစ်ခုပါ...

စည်သူ said...

လေးစားပါတယ် ကိုဇော်..။

ငှက်ကလေး said...

အားပေးလျက်ပါ ကိုဇော်ရေ

မဆုမွန် said...

ညီလာခံကျင်းပနိုင်ခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးဖြတ်ချက်တွေအတွက် ဂုဏ်ယူပါတယ်

သားကြီး said...

အမိနိုင်ငံသားကောင်းတစ်ယောက်အနေနဲ့
ခုလိုလုပ်သင့်လုပ်ထိုက်တာကို စည်းစည်းလုံးလုံး
လုပ်ဆောင်သွားတာမြင်ရတော့ ဝမ်းသာစိတ်နဲ့အတူ ပီတိတွေဖြာရပါတယ်
ကိုယ့်ကိုကိုယ်လည်းပြန်ရှက်မိတယ်
ငါ ငါ့နိုင်ငံငါ့လူမျိုးကောင်းစားဖို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာလေးတောင် မပါဝင်ရသေးပါလားလို့

လူရိုင်းလေး said...

အားရစရာကောင်းလှပါတယ် ကိုဇော် လူရိုင်းလေးတို့ ပါဝင်မစည်းရုံးနိုင်သေးတာကိုပဲ စိတ်မကောင်းဖြစ်မိတယ် ဒီအချိန်မှာ အကုန်လုံးက ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးကြည့်ရမယ့် အချိန်မဟုတ်လား။

Anonymous said...

ကိုကြီးးးးး
ပို့စ်လေးလာဖတ်တယ်
ဂုဏ်ယူပါတယ်ရှင်
း)
ချစ်တဲ့
မြူးလေး

kyalkalay said...

ဟဲဟဲ ကိုဇော် လေးစားတာသိတယ်ဟုတ်

ရှေ့ကသွားလို့ကတော့ လိုက်ပီးသား

Anonymous said...

ကိုဇော်ရေ...... အောင်မိုးဝင်းတို့ကို ပုံထဲမှာ တွေ့တယ်....
ဝမ်းသာပါ၏ သူငယ်ချင်းတွေ ပုံကို တွေ့ရလို့......
ဝမ်းသာပါ၏ ညီညွတ်မှု တခုကို မြင်လိုက်ရလို့.....

Anonymous said...

ကိုကြီး
လေးစားတယ်

ငှက်ငယ်လေး said...

:)

ငှက်ငယ်လေး said...

ပုံလဲပါဘူး