ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, July 24, 2009

အင်္ဂလိပ်စကားပြောတတ်သော အဒေါ်ကြီး

Yeah .. Yeah .. အလုပ်ကောင်းသော အဒေါ်


နေ့တဓူဝ အလုပ်တွေကို လုပ်နေရတာကြာလာတော့ အတော့်ကိုပျင်းရိလာတယ်၊ ဒီနေ့လည်း ပျင်းပျင်းနဲ့ပဲ အလုပ်ထဲကို ရောက်ခဲ့တယ်၊ Office Tracker တွေကို စစ်ပြီးတော့ သွားရမဲ့နေရာနဲ့ လူနံမည်ကိုကြည့်ဖြစ်တယ်၊ သွားရမယ့်ဆေးရုံက “သွားဆေးရုံ”၊ လူနာက ကရင်အမျိုးသမီး အဒေါ်ကြီးတယောက်ပါ။


ဒါနဲ့ သူနဲ့ ချိန်ထားတဲ့ ရုံးအ၀င်ဝက Waiting Room ကို ထွက်လာခဲ့တယ်၊ သူကအဆင့်သင့်ပဲ ကျနော့်ကို စောင့်နေခဲ့တယ်၊ အချိန်လေးစားတဲ့ လူတယောက်ဖြစ်နေတော့၊ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘူး၊ သူ့ကို ကားပေါ်တင်ကာ သွားရမယ့်ဆေးရုံဆီသို့ ကားကိုစတင်မောင်းခဲ့တယ်၊ အကျင့်ပါနေတဲ့အတိုင်း ကားပေါ် ပါလာတဲ့လူတွေကို မပျင်းရအောင် အာလာပ သလာပ တွေ စပြီးပြောဖြစ်ခဲ့တယ်၊ ဒါနဲ့ပဲ English စကားနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ရောက်သွားပါလေရော ….


ကျနော် - “မူးဂါး က အခုကျောင်းတက်နေတာလား?” (ကျောင်းဆိုတာ New Refugee များကို ကျနော်တို့ ရုံးကသင်ကြားပေးနေတဲ့ ESL ကိုပြောတာလေ)၊


အဒေါ် - “အေး..ဟုတ်တယ်… ဆရမ Mary အခန်းမှာလေ…”


ကျနော် - “ဘယ်လိုလဲ မူးဂါး .. အင်္ဂလိပ်စကား ကော ပြောတတ်နေပြီလား? သင်ရတာကော အတော်လွယ်သလား?”


အဒေါ် -“အစကတော့ ဒီနိုင်ငံမှာ အင်္ဂလိပ်စကားကို ဘယ်လိုသင်ရမလဲမသိ.. ကြောက်နေတာကွဲ့ .. အခုတော့.. လွယ်လွယ်လေးပါကွယ်…. ပြောရင်းပြောရင်း… အတန်းထဲမှာ အကုန်နားလည်သွားပြီကွဲ့ ….”


ဒါနဲ့ပဲ သူတတ်ကျွမ်းမှုတွေကို ကျနော့်အား အားရပါးရ ကြွားနေတော့တယ်.. စကားအရမ်းပြောချင်ခဲ့တဲ့ ကျနော် တောင် နားညီးသွားခဲ့တယ်၊


ဒါနဲ့ ဆေးခန်းထဲလဲ ရောက်ရော … ကျနော်က သူ့အတွက် Register တွေဘာတွေလုပ်ပြီး စိတ်ချလက်ချ.. Cafeteria ကို မနက်စာ စားဖို့ ၀န်ထမ်းများကို ခွင့်တောင်း၍ထွက်လာခဲ့တယ်… အေးအေးဆေးဆေးပါပဲ … နာရီဝက်လောက် ကြာသွားခဲ့တယ်။


စားသောက်လို့ ပြီးစီးသွားတာနဲ့ ဆေးခန်းထဲကို ပြန်အ၀င်မှာ အဒေါ်ကြီးတယောက် မျက်ရည်မျက်ခွက်နှင့် မျက်မှောက်ကြုတ်ကာ ကျနော်လာရာဘက်ကို ဆေးခန်းအ၀ Lobby ကနေ ငေးကြည့်ရင်းစောင့်နေတယ်၊


ကျနော် - “အော်… မူးဂါး တောင်ပြီးသွားပြီပဲကိုး ? ဆောရီးပါနော်မူးဂါး ကျနော် အစာစားနေတာ အတော်ကြာသွားတယ် … ပြန်လို့ ရပြီထင်တယ်နော်… ” အဒေါ်ကြီးခမျာ… ပါးစပ်ထဲတွင် ဂွမ်းများ ပလုံးပထွေးနှင့်… ၀ီးဝီ…၀ီးဝီ… ၀ါးဝုံး..၀ုန်ဝါးဝီ… လို့ပြောနေခဲ့တယ်၊ ကျနော်လုံးဝနားမလည်ခဲ့ပါ… သူဘာပြောနေလဲပေါ့.. ကျနော်ကြားနေခဲ့တာ အားလုံးက လေသံတရွှီးရွှီးနဲ့ “ ၀-လုံး” အသံတွေကြီးပဲ ဒါနဲ့ကျနော်က သူ့ကိုခေါင်းခါပြကာ.. ဘာမှနားမလည်ဘူးလို့ ပြန်ပြောလိုက်တယ်….


သူလဲစိတ်မရှည်တော့ပဲ ပါးစပ်ထဲက ဂွမ်းများကို ထွေးထုတ်ကာ..တရှုံ့ ရှုံ့ ..နဲ့ ငိုကြွေးရင်း၊ သူ့သွားများကို ကျနော့်အား ပြသခဲ့တယ်၊ ဟိုက်..ရှာလဖတ်ရည်.. အခုနက တွေ့ခဲ့တဲ့ အဒေါ်ကြီးရဲ့  အရှေ့ ဘက်က သွား ၃ ချောင်း ဘယ်ရောက်သွားပါလိမ့်၊ “မူးဂါး သွားတွေ ဘယ်ရောက်ကုန်လဲ မူးဂါး?”


“ဟို ချရာဝန်အ၀ုတ်ပေါ့ .. အ၀ုန်လုံးဝုတ်လိုက်ဝီ” အဒေါ်က ဘာမှ ပြန်မပြောဘူးလား? ဟင့်အင်း… အင်္ဂလိပ်စကားမှ မတတ်ပဲ.. (ပလုံးပထွေးနဲ့) ဒါနဲ့ ခုနက အဒေါ်ပြောတော့ အတန်းထဲမှာ အင်္ဂလိပ်စကား အတော်တတ်နေပီဆို… ဒါကြောင့် ကျနော်က အဒေါ်ကို တယောက်ထဲ ထားခဲ့တာပေါ့၊


ဒါနဲ့ ကျနော်လည်း အဒေါ်ကြီးကို ကားပေါ်တင်ကာ ရုံးသို့ပြန်လာခဲ့တယ်၊ ပြီးတဲ့အခါ အဒေါ်ကြီးရဲ့  ဆရာမက ဘယ်သူလဲဆိုတာ သွားပြီးစုံစမ်းခဲ့တယ်၊ ပြီးတော့ Mary နဲ့ တွေ့ခဲ့တယ်၊ Mary ကို အကျိုးအကြောင်းများ ရှင်းပြလိုက်တယ်၊ ဒါကို ကျန်တဲ့ကျောင်းသားများက ၀ိုင်းဝန်းမေးမြန်းကြတော့ ကျနော်ကလဲ ဖြစ်စဉ်အတိုင်း အကုန်ရှင်းပြလိုက်တာပေါ့၊ Mary နဲ့ အတူ အခန်းထဲရှိ အသက်ကြီးရွယ်အို ကျောင်းသားများက ကျနော့်စကား အဆုံးမှာ အားရ..ပါးရ တ၀ါး..၀ါး..တဟား…ဟား.. ဖြင့် ၀ိုင်းရယ်လိုက်ကြတယ်၊


ဟုတ်ပါတယ် Mary က အဒေါ်တို့ကို အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာမတယောက်ပါ၊ ဒါပေမယ့် သူသင်တဲ့နည်း က ဒီလိုမျိုးဗျ.. Mary ပြောနေတာတွေကို တပည့်တွေနားမလည်လွန်းတော့၊ တပည့်တွေစီကနေ.. Mary က ကရင်စကားကို ပြန်သင်ခဲ့တယ်၊ ဒါနဲ့ Mary တယောက် ကရင်စကားကို ထမင်းစားရေသောက် ပြောတတ် သွားခဲ့တယ်၊ ဒီလိုနဲ့ပဲ ကျောင်းသားတွေက ကရင်လို Meaning ကို နားမလည်ရင် ဆရာမက English to Karen Dictionary ကို ကြည့်ပြီး အမြဲရှင်းပြလေ့ရှိတယ်၊ Mary က ဒီနည်းနဲ့ပဲ တပည့်တွေကို အင်္ဂလိပ်နဲ့ကရင် နှစ်ဘာသာကို ဘာသာပြန်ကာ သင်ပေးနေကြောင်း သိလိုက်ရတယ်…


ဒါနဲ့ပဲ အဒေါ်ကြီးက အင်္ဂလိပ်စကားဘယ်လောက်တတ်သလဲဆိုတာကို ကျနော် သိလိုက်ရတယ်၊


ဒါနဲ့ ကျနော်က ဆရာမ Maryကို ခွင့်တောင်းကာ အဒေါ်ကြီးနှင့်အတူ အတန်းထဲရှိ ကျောင်းသူ/သားများကို ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားအောင် ရည်ရွယ်၍ အောက်က Youtube ဗွီဒီယိုလေးကို ပြသလိုက်တယ်.. တခန်းလုံး ရယ်သံများနှင့် ပြည့်လျှံသွားတော့တယ်ဗျား....


ဒီဗွီဒီယိုလေးကြည့်ရင်း လာလည်သူအားလုံး ရယ်သွားနိုင်ကြပါစေလို့ ……




မူးဂါး = အဒေါ်


(မှတ်ချက် - အဖြစ်ပျက်အမှန်ကို ဇတ်လမ်းအဖြစ် ဖန်တီးခြင်းပါ အကယ်၍ မရယ်ရပါက နားလည်ပေးစေလိုပါတယ်)


ကိုဇော်

16 comments:

kyalkalay said...

11111111111111111

kyalkalay said...

လန်းတယ်

you tube မပါပဲ စာ ဖတ်တာနဲ့တင် ရီရတယ်

video လဲ ကြည့်ရော

အဆဲခံပီးရီသွားတယ်

ငါ့ အကိုတွေလိုင်းပြောင်းကုန်ပီ

ကိုဇော် ဟာသရေး
ဦးလူထွေး ကအပြာတွေရေး

ဟားဟား

Anonymous said...

ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးဟားးးးးးးးးးးးး
ရီရတာဗိုက်တောင်နာတယ်
အဲ့ဒီမူးဂါးကြီးနဲ့တွေ့ ပြီး
ပြုံးပြနှုတ်ဆက်ချင်လိုက်တာ
ဟီးးးးးးးးးးးးးးးးးးးးးးး ဆိုပြီးလေ

ရေးပါးးးးးးးးးးးးးရေးးးးပါများများရေးနော်ကိုကြီး
ချစ်တဲ့
မြူးလေး

လူရိုင်းလေး said...

ဗီဒီယိုလေးက ရယ်ရလိုက်တာဗျာ
ကျွန်တော် အသစ်တင်ရင်လဲ လာအားပေးပါအုံးနော်

rose of sharon said...

ရီလဲရီသွားတယ်... သနားလည်းသနားတယ်.... ဘာသာစကားအစဉ်မပြေလို့ဒုက္ခရောက်ရသူတွေ ခဏခဏတွေ့ဘူးတယ်....

kiki said...

ဟုတ်ပ ...
ဒီ Italian-English ကို forward mail နဲ့ ဦးဆုံး နားထောင်ဖူးတဲ့ အချိန် ကစပြီး ဖွင့်တိုင်း ရယ်မိတယ် ....
You Tube နဲ့ ကတော့ ခုမှ တွေ့ ဖူးတာ ..

နောင်လည်း ကိုယ်တွေ့  ဟာသလေးတွေ ဖြန့် ပါအုံး ကိုဇော်ရေ ...
ဝုတ် ဝါး ...ဝုတ် ဝယ် ဝေါ်...ဝီး ဝီး..ဝဲ ..ဝဲ( သွားနှုတ်ပြီးကာစ အဒေါ်ကြီး လေသံ ဖြင့် ပေါ သည် )

တလနွန် said...

ရယ်ရတယ်ဗျို့  :) ရေးထားတာရော Youtube ရော ရယ်ရတယ်။ ဟာသလည်း ဖြစ်တာပဲနော် :)

သားကြီး said...

ဖြစ်မှဖြစ်ရလေမူးဝါးရယ်
နေရင်းထိုင်ရင်းသွားနှုတ်ခံထိရတယ်လို့
စာဖတ်ပြီးလည်းရယ်ရတယ်
ဗွီဒီယိုကြည့်ပြီးလည်းရယ်ရတယ်
ကဲ...ဒီလောက်ဆိုအပြစ်မမြင်တော့ပါဘူးဗျာ
အသစ်တင်လိုက်ပြီဆိုတော့ ဟီးး

ရွက်လွင့်ခြင်း said...

တော်တော်လေးကို ရယ်ရပါတယ်
လေယူလေသိမ်းကြောင့် မလိုလားအပ်တဲ့ အဓ္ဓိပါယ် လွှဲမှုတွေ ဖြစ်ကုန်တာပါ

မမသီရိ said...

:)
Yeah.. Yeah... :)

ဝက်ဝံလေး said...

ကိုဇော်ရေ ဘာလို့မရယ်ရရမှာလဲ ရယ်ရတယ် ဟားးးဟားးးးး ဆင်ခြင်မှညီမလဲ အဲဒီလိုပဲ သိပ်နားမလည်ရင် သူတို့ပြောတာ အင်းအင်း နဲ့ ခေါင်းငြိမ့်ခဲ့လိုက်တာပဲ ဟဟဟဟ

အဲဒီ youtube ကြည့်ပြီးသွားပြီ ရယ်ရတယ် ခစ်ခစ်

ကိုလူထွေး said...

i want two piece on the plate
i want a fock on the table
i want a sheet on the bed
you son on the beach

PEACE ON YOU, Ko Zaw...

Ha.. Ha.. Ha..

(ကြယ်ကလေး ကိုလူထွေးကို ရေးသွားတာ ရက်စက်တယ်...)

Anonymous said...

ကိုဇော်
လာရီသွားတယ်

ကောင်းကင်ပြာ said...

တို့လဲ ၀င်ရယ်တယ်ကွ၊ :)

Unknown said...

ကိုဇော်ရေ.... ရေးထားတာလဲရီရတယ်.... Youtube link လဲ ကြည့်ရော.... ကျွန်တော့်အမေ.... ရီလိုက်တာ.... မနဲရေတိုက်ယူရတယ်.... :D

စည်သူ said...

ကဲ...ကိုဇော်ရေ

မူဂါးနဲ့လည်းစကားပြောသွားတယ်

ဗီဒီယိုလည်းကြည့်သွားတယ်

ကောင်းတယ်ဗျာ.. အား၇င်အားသလိုပြန်ကြည့်မယ်ဗျာ..။
ခင်မင်စွာဖြင့်
...............စည်သူ။