ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, July 26, 2009

တို့မြို့ က မဟာသင်္ကြန်

တတိယအကြိမ် မဟာသင်္ကြန်
ပထမဦးဆုံး ကုန်ဆုံးသွားသော အစားအသောက်များ (ဒါတောင် ပွဲအလည်ကျမှ ကြွေးတာနော်)
အဓိက ရေပက်နေသော ခလေးများ

မဟာ ဆိုတာကတော့ ကြီးမားသောပေါ့နော်... ဒါပေမယ့် သိပ်မကြီးမားတဲ့ မဟာသင်္ကြန်ကြီးကို ကျနော်တို့ မြို့ မှာ မနေ့က (၇လပိုင်း၊ ၂၅ရက်နေ့၊ ၂၀၀၉ ခုနှစ်) စနေနေ့မှာ နေ့လည် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပခဲ့ကြပါတယ်၊ ဒီနှစ်သင်္ကြန်ဟာ တတိယအကြိမ်မြောက်ပါပဲ၊ ဗမာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရင်း ဒီသင်္ကြန်ကို ကျင်းပလာခဲ့တာ ၃ နှစ်ပြည့်မြောက်သွားပါပြီ၊ ဒီလိုအချိန်အခါမျိုးမှာ ဗမာပြည်နဲ့ ဆန့်ကျင်ပြီး ကျင်းပရတာက ရာသီဥတု အနေအထားကြောင့်ပါ၊ ပြီးတော့ ကျနော်တို့ နယ်မြေတ၀ိုက်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီလိုရိုးရာအတာသင်္ကြန်ကျင်းပတော့မယ်ဆိုရင် ပတ်ဝန်းကျင်မှာရှိကြတဲ့ မြို့ နယ်တွေ အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး လုပ်လေ့လုပ်ထရှိကြတယ်၊ ဘာကြောင့်လဲဆိုတော့၊ တမြို့ မှာကျင်းပမယ်ဆိုရင် လူစည်ကားအောင်ရယ်၊ ပွဲကျင်းပတဲ့အခါ က ကြမယ့် သင်္ကြန်ယိမ်းတွေအတွက်ရယ် အစစ အရာရာတွေ ကြောင့်ပါ၊ အဓိက ကြွားရမယ်ဆိုရင် ကျနော်တို့မြို့ မှာက ဒီအနားတ၀ိုက်မှာရှိတဲ့ မြို့ တွေရဲ့  သင်္ကြန်တိုင်းမှာ လိုက်ကနိုင်တဲ့ ယိမ်းအဖွဲ့ကြောင့်ပါပဲ၊ ကျနော်တို့မြို့ မှာက တိုင်းရင်းသားများလည်း စုံတော့ ရခိုင်ယိမ်း၊ ဗမာယိမ်းနဲ့ ကရင်ဒုံးတွေလဲ ရှိကြပါတယ်၊ ဒါကြောင့် တခြားမြို့ တွေက သင်္ကြန်ကျင်းပမယ်ဆိုရင် ကျနော်တို့မြို့ ကို တိုင်ပင် ဖိတ်ခေါ်လေ့ရှိပါတယ်၊ ကျနော်တို့မြို့ ကလည်း ကိုယ့်မြို့ မှာ ကျင်းပမယ်ဆိုရင် ဒီလိုပဲ တိုင်ပင် ဆွေးနွေးရတာပေါ့၊ ဒီလိုပဲ တမြို့ ပြီး၊ တမြို့  အချိန်တွေခွဲပြီး ကျင်းပလာရတာကြောင့် ဒီနှစ်မှာ သင်္ကြန်ကို နောက်ကျစွာ ကျင်းပလိုက်ရတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ရိုးရာယဉ်ကျေးမှုကို အစဉ်တစိုက် ထိန်းသိမ်းနိုင်တဲ့ အတွက် ကိုယ့်မြို့ က မြန်မာနိုင်ငံသားများကို ကျေးဇူးတင်မဆုံးပါပဲ၊ ပိုပြီးကျေးဇူးတင်ရတာက အနီးအနားမြို့ တွေကနေ လာရောက်ပူးပေါင်းကာ အားပေးကြသော၊ တင်ဆက်ကပြသွားကြသော Albany မြို့ မှ သင်္ကြန်ယိမ်း (ကလေးနှင့် လူကြီး) Buffalo မြို့ မှ အဆိုတော်များကို ကျေးဇူးတင်မိပါတယ်။

ဒီနှစ်သင်္ကြန်ကို ကျနော်တို့မြို့ က City Hall မှာ အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်၊ ပတ်ဝန်းကျင်မှာ ရှိကြတဲ့ Albany, Ithaca, Syracuse, Rochester နှင့် Buffalo မြို့ များမှ မြန်မာနိုင်ငံသားအပေါင်းနှင့် နိုင်ငံခြားသားများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်၊ ဤဘလောဂ့်လာ မိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ......

ကျနော်တို့ မြို့ က ခလေးများသင်္ကြန်အကဖြင့် ဖျော်ဖြေနေစဉ်
အဖြူခလေးများလည်း မြန်မာခလေးများနှင့်အတူ ပျော်လို့ရွှင်လို့
Albany မြို့ မှ ၀ပျိုဖြူများ... အဲဟုတ်ပေါင် လှပျိုဖြူများရဲ့  သင်္ကြန်ယိမ်း
သကြန်ရေပက်ဖို့ ပြင်ဆင်စရာမလိုတဲ့ သောက်ရေပိုက်မှ ရေပက်နည်း

အစားအသောက်နေရာမှာ စုဝေး၍ အရိပ်ခိုကာ ရှုစားနေသာ ပရိသတ်ကြီး




ဒါကတော့ ယူတီကာ မြို့  သင်္ကြန်ယိမ်းမှ မမ တချို့ 
(စိတ်မဆိုးနဲ့နော်.. သူတို့အပျိုတုန်းကဆို အတော်လှလို့ပြောတယ်)


ပွဲလာပရိသတ်ကြီး



တို့မြို့ က ငွေဖလားနဲ့ ပိတောက်ပန်း


ဒီကလေးတွေ အရမ်းဆိုးဗျ စင်အပေါ်ကနေ ရေတက်ပက်နေတာလေ



(မှတ်ချက် - အလုပ်များရင်း ဓါတ်ပုံရိုက်ရသောကြောင့် စုံလင်မှု မရှိပါသဖြင့် ရှိသမျှလေးနှင့် ရှုစားသွားပါလို့၊ အားနည်းချက်ရှိပါက နားလည်စေလို)

ကိုဇော်

17 comments:

တလနွန် said...

သင်္ကြန်အခုမှကျတဲ့ မြို့ လေးနှင့်အတူ သင်္ကြန်ယိမ်းလာကြည့်သွားပါတယ်ခင်ဗျာ..
မုန့် လုံးရေပေါ်လည်း မကျွေးဘူး :)

kyalkalay said...

တယ်ညံတဲ့အကို
hot တွေ short တွေရိုက်လာတာဟုတ်ဘူး

လူရိုင်းလေး said...

နောက်တော့ နောက်ကျပေမယ့် ကိုယ့်ရိုးရာသင်္ကြန်လေးကို ပျော်ပျော်ရွှင်ရွှင် စည်းစည်းကားကားနဲ့ ကျင်းပနိုင်ခဲ့တာပဲနော်။ ပီတိဖြာပါ၏ ခင်မျာ။

Nge Naing said...

သင်္ကြန်ပုံတွေ ကြည့်သွားပါတယ်။ သင်္ကြန်က အခုမှ ကျင်းပတာလား။ ရာသီဥတုကို ကြည့်ပြီး ကျင်းပတယ်ထင်တယ်။ ဆစ်ဒနီမှာတော့ ဧပြီမှာပဲ ကျင်းပတယ်။ ဒါပေမယ့် Autumn ဆိုတော့ နည်းနည်းတော့ အေးတယ်။

ကောင်းကင်ပြာ said...

သင်္ကြန်လာကျတယ်ကွ၊ ပျော်စရာပါ၊ သင်္ကြန်ပုံတွေ တွေ့တာနဲ့ စိတ်ကို လန်းဆန်းစေပါတယ်

ဝက်ဝံလေး said...

အွန်းးး ဓာတ်ပုံတွေဆိုလို့ သူ့ပုံများ ပါမလားလို့ လိုက်ရှာသေးတယ် ပါလဲ ပါဘူး (နှုတ်ခမ်း ထော်လန် စွာဖြင့် ပြောသွားသည်) နေလေ သူ့ဓာတ်ပုံကျတော့ ပြဘူး ဘာလဲ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာစိုးလို့လား ဟွန်းးး သွားမယ် ဓာတ်ပုံတွေကို ပြူးပြဲအောင် ကြည့်သွားတယ် မကျေနပ်ဘူး ဟွန်းးးး

kiki said...

ပျော်စရာ ကြီးပါလားဟေးးးး
အချိန်အခါ မတူကြပေမဲ့ ရိုးရာ မပျက်လေး ကြိုးစားထားကြတာ ...

နောင်နှစ်တွေမှာလည်း ဆက်လက် တည်ရှိ ဖို့ ဆန္ဒပြု ပါတယ် ။။

ငှက်ကလေး said...

ပထမဆုံးပုံက အင်္ကျီအစိမ်းနဲ့ ဗွီဒီယိုကိုင်ထားတဲ့ တယောက်လား ဒါမှမဟုတ် နောက်ဆုံးပုံက ဝတုတ်ကြီးလားးး အာ......... သိတော့ဘူး ကွယ် မုန့်လဲ ဂယ်ကျွေးမှာလဲ ဟုတ်ပဲနဲ့ ဟွန်းးးး သွားမယ် တာ့တာ ဘိုင် (ဟိဟိ လာတော့ပြောဦးနော် ဟုတ်လားမဟုတ်ဘူးလား မှားလားမှန်လား ဆိုတာ နော် ) တာ့တာ

သားကြီး said...

wooowww!!!
လွမ်းသွားတယ်ကိုဇော်ရေးးးး
ဒီမှာတောင်သင်္ကြန်ပွဲမနွဲနိုင်တာကြာပေါ့
ကိုဇော်တို့ဆီမှာဖြစ်ဖြစ်မြောက်မြောက်လုပ်နေတာ
မြင်၇တော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဝမ်းသာပီတိဖြစ်ရကြောင်းပါဗျာ :)

Lucifer said...

ဘာပဲဖြစ်ဖြစ် ရိုးရာအမွေထိန်းသိမ်းတာ ဂုဏ်ယူစရာပါ..

မမသီရိ said...

ဟိုနေ့ထဲ ရောကခဲ့တယ် ကိုဇော်ရဲ့
မန့်မရတာနဲ့ ဒီတိုင်းပြန်သွားတာ
မြန်မာ့ကျေးလက်ဒေသ တခု ကသင်္ကြန် ကို ပြန်ခံစားရတယ်
ကိုဇော်တို့ စီစဉ်တာပေါ့ ဟုတ်လား
ပျော်စရား ကြီးဝေ.. နော်

Unknown said...

သင်္ကြန်ဆို လာခဲ့ အရမ်းချစ်တာဗျ..... မန္တလေးသားလေ.... သဘောပေါက်....
တပုံမကျန် ငေးသွားတယ်......
ဝေမျှတာကျေးဇူး

မိုးစက်အိမ် said...

သင်္ကြန်လေး လွမ်းတယ်ဗျာ...ခံလည်းခံစားရတယ်
ခုလို ပုံလေးတွေနဲ. တကူးတက ဖော်ပြပေးတာ ကျေး
ဇူးပါဗျာ ... တခုခုတော.တခုခုဘဲဗျာ ... ခံစားရတယ်

Anonymous said...

ကိုဇော်
သင်္ကြန်လေးလွမ်းစရာနော်

rose of sharon said...

ပုံတွေကြည့်ပြီးရောပျော်သွားတယ်

စည်သူ said...

ကိုဇော်ရေ ရောက်ပါ့ဗျာ..
အကြွေးလာဆပ်သွားတယ်..။

ဟ........အရမ်းကိုပျော်ဖို့ကောင်းတယ်ဗျာ..။
လွမ်းတယ်ဗျာ သင်္ကြန်မကျရတာ ငါးနှစ်တောင်ရှိသွားပြီး

ဝပျိုဖြူများ ရှေ့မှာကနေတဲ့ တစ်ယောက်က
မဟုတ်မှလွဲရော ကိုဇော်ပဲဖြစ်ရမယ်..ဟီးဟီး

အေးဗျာ...

ဒီဘလော့ဂ် လောကထဲရောက်မှ
မမြင်ဖူးတာတွေမြင်ရ၊ မကြားဖူးတာတွေကြားရ
မသိသေးတဲ့အ၇ာတွေ သိရတယ်ဗျာ...။

ခင်မင်စွာဖြင့်
...............စည်သူ။

ကိုလူထွေး said...

ဟာ...
အခုမှတွေ့လို့ အခုမှရေးရတယ်...
ပျော်စရာကြီး...

ရက်ရွှေ့ဆိုင်းခံရတဲ့ထဲမှာ သင်္ကြန်လဲ ပါတာပေါ့...

းဝ)