ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, August 7, 2009

၂၁ နှစ်မြောက် ရှစ်လေးလုံးနှင့် ရင်ဖွင့်ခြင်း

မမေ့အပ်သော ရှစ်လေးလုံး

ကျနော်တို့ရဲ့  ဘ၀တွေဟာ မြန်မာပြည်နဲ့ ဝေးကွာရင်း နိုင်ငံတချို့ ကို ရောက်ကာ တစစီလွင့်...ပြန့်..ကျဲ... ကုန်ပါပြီ၊ မိဝေး၊ ဖဝေး နှင့် ဆွေမျိုးများနှင့်လည်း ဝေးကွာခဲ့တာ ၁၀ စုနှစ်တွေ လွန်မြောက်ခဲ့ပြီ.... ဘ၀ တကွေ့မှာ ကြုံတွေခဲ့ရတဲ့ အမှုပေါင်းလည်း မနည်းတော့ပြီ.. တွေ့ကြုံဆုံခဲ့ရတဲ့ လူတွေကလည်း ဒုနဲ့ ဒေးပါပဲ.. ထိုအထဲမှာ Thai နိုင်ငံမှာ နေရင်း တွေ့ကြုံဖူးသူတွေကလည်းမနည်း။ ယခုအမေရိကားမှာတောင် ဆက်ဆံနေရ သူတွေကလည်း များနဲ့ .. လူတွေနဲ့ ထွေရာလေးပါး ပြောကြားရင်း ရှစ်လေးလုံး (၈၈၈၈) ဆိုတဲ့အကြောင်းကို ရောက်ရောက်သွားမိတယ်.. ပါလာတဲ့ဝါသနာအရ မြန်မာနိုင်ငံသားတွေကို ဗဟုသုတ ပွားခြင်တယ်၊ ကိုယ်သိထားတာလေးတွေ ကိုယ်နားလည်ထားတာလေးတွေကို ပြန်လည်ဝေမျှခြင်တယ်၊ ဒီတော့ လျှာရှည်ရတော့တာပေါ့.. ဒီမှာတင်ပဲ ၁၀ တန်းအောင်ခဲ့သူတို့ တက္ကသိုလ်တက်နေသူတို့နဲ့ စကားပြောမိခဲ့တယ်၊ ပြောရင်းနဲ့ ရောက်သွားတာက မြန်မာ့သမိုင်းအကြောင်း.. သူတို့စီက ပြန်ကြားရတာက ရင်ဝကိုဖနှောင့်နဲ့ ဆောင့်ကန်လိုက်သလိုပဲ (၈၈၈၈) ရှစ်လေးလုံးကို မကြားဖူးကြောင်း၊ ရှစ်လေးလုံးဟာ ဘာလဲဆိုတာတောင် မသိကြောင်း .. စသဖြင့်ပေါ့.....


သမိုင်းဆိုတာ လူသားများအတွက် အင်မတန်မှအရေးကြီးသော မှတ်တိုင်ကြီးတခုလို့ ပြောရင် မှားလိမ့်မယ်လို့ မထင်ပါဘူး... နိုင်ငံတနိုင်ငံရဲ့  သမိုင်းကို သိဖို့၊ ထိန်းသိမ်းဖို့ လက်ဆင့်ကမ်းဖို့ ရန်မှာ နိုင်ငံသားတိုင်းရဲ့  တာဝန် ဖြစ်တယ်လို့ ကျနော်ယူဆမိပါတယ်၊ ထို့အတူပဲ မြန်မာနိုင်ငံရဲ့  သမိုင်းကို မြန်မာနိုင်ငံသားတိုင်း သိထားဖို့ တာဝန်ရှိတယ်လေ... ထိုသမိုင်းကို တွေ့ကြုံဆုံလာတဲ့ လူဟောင်းများက မျိုးဆက်သစ်များကို လက်ဆင့်ကမ်းဖို့ရန်မှာ လည်း သမိုင်းပေးတာဝန်တရပ်လို့ ယူဆမိတယ်၊ အုပ်ချုပ်သူအာဏာပိုင်များက မည်သို့ပင် ဖျောက်ဖျက် စေကာမူ တာဝန်သိ ပြည်သူများက ဆက်လက်ထိန်းသိမ်းပြီး လက်ဆင့်ကမ်းဖို့ရန်မှာ အရေးကြီးဆုံးလို့ ယူဆမိပါတယ်.... ဒါကြောင့် မျိုးဆက်သစ်များဟာ မိမိလူမျိုးများရဲ့  သမိုင်း၊ မိမိနိုင်ငံတော်ရဲ့  သမိုင်းကို ဆက်လက်လေ့လာပြီး ထိန်းသိမ်းကာ လက်ဆင့်ကမ်းကြစေလိုပါတယ်...

ဗမာပြည်လွပ်လပ်ရေးရပြီး နောက်ပိုင်းမှာ ဗမာပြည်ရဲ့  သမိုင်းမှာ အရေးကြီးဆုံး သမိုင်းမှတ်တိုင်ဟာ (၈၈၈၈) ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး ဖြစ်တယ်ဆိုတာကို ဘယ်သူမှညင်းလို့မရပါဘူး.. ထိုသမိုင်းတရပ်ကို အမှတ်ရစေရန် အောက်တွင် ဓါတ်ပုံတချို့ ကို အင်တာနက်မှာ ရှာဖွေပြီး တင်ပြပေးလိုက်ပါတယ်၊ နေရာအတိအကျ မရေးလိုက်နိုင်တာကို နားလည်းပေးစေလိုပါတယ်... ဒီဓါတ်ပုံတချို့ ကို တင်ပြရင်း ယခင်က ရေးထားပြီးမတင်ဖြစ်သေးတဲ့ ပိုစ့်လေးကို ရှစ်လေးလုံးကို မသိသေးတဲ့ လူများအတွက် စိတ်ဓါတ်ကျခါ ယခုတင်ပြပေးလိုက်ပါတယ်..



အပေါ်ပုံပေါ့ ရဲနေတဲ့ သွေးတွေ

ပြည်သူကို ချစ်ခဲ့တာလည်း သူတို့ပါပဲ

ရပ်ကွက်ထဲရှိ အခြေခံလူတန်းစားများလည်း ပါဝင်ခဲ့တယ်


ပြည်သူတွေကလည်း အင်နဲ့အားနဲ့


စစ်သားတွေဟာ ဒီလိုပဲ ရက်စက်ခဲ့ကြတယ်


ဒီလိုပဲ ကျောင်းသားကြီးတွေ ကျဆုံးခဲ့ရတယ်



ပထမဦးဆုံး မိန်းခလေးကျော်းသူ မ၀င်းမော်ဦး လေး ကျဆုံးခဲ့ရတယ်




Out-Group အုပ်စုဝင်များထံသို့ ……


ဒီလကုန်ပိုင်းမှာ ကျောင်းတွေပြန်တက်ရတော့မယ်ဆိုတော့ ကျနော့်စာအုပ်စင် ရှင်းလင်းခြင်းဇတ်လမ်းကို စတင်နေရတော့တယ်၊ ကျနော် စာအုပ်တွေကို ပြန်လည်ရှင်းနေရင်း ပြီးခဲ့တဲ့ Semester မှာ သင်ကြားခဲ့တဲ့ Sociology (IS – 101) ရဲ့  စာအုပ်လေးကို သွားတွေ့မိတယ်၊ ဒီစာအုပ်လေးရဲ့ နာမည်ကတော့ (Sociology – FOR THE TWENTY-FIRST CENTURY ပါ Fifth Edition ပါ ရေးသားသူတွေကတော့ Tim Curry, Robert Jiobu, Kent Schwirian) တို့ဖြစ်ပါတယ်။


ကျောင်းပြန်တက်ဖြစ်ရင် လုပ်နေကြထုံးစမ်းများဖြစ်တဲ့အတိုင်း၊ တခြားလိုအပ်တဲ့ကျောင်းသားတွေကို အလကားပေးမလား? (လိုအပ်သူရှိရင်ပေါ့နော်)၊ Book Store မှာ သွားပြန်ရောင်းမလား? (ချွေတာရေးလေးတွေပေါ့) စဉ်းစားရင်း ဒီစာအုပ်လေးကို ဟိုလှန်၊ ဒီရှာ ပြန်ကြည့်နေမိတယ်။


စာမဖတ်တာကြာတော့ စာရွက်တွေကိုသာလှန်ရင်း Study Tip တွေနဲ့ Definition လေးတွေသာ ကြည့်ဖြစ်ခဲ့ တယ်၊ ဒီလိုနဲ့ပဲ Group အကြောင်းတင်ပြထားတဲ့ Chapter 6 ကို ရောက်သွားခဲ့တယ်၊ အဲ့ဒီအခန်းမှာ Group နဲ့ ပတ်သက်တဲ့ အကြောင်း အရာလေးတွေကို စိတ်ဝင်စားသွားတာနဲ့ ပြန်လည်ဖတ်နေမိတယ်။ Group ကို ဒီစာအုပ်က ဘယ်လိုဖွင့်ဆိုထားလဲဆိုတော့ …


Group> A collection of people who take each other’s behavior into account as they interact, who develop a sense of togetherness.


တပြိုင်နက်တည်း ကိုယ့်ဟာကိုယ်လဲ Group နဲ့ ပတ်သက်တာလေးတွေကို Definition ဖွင့်ဆိုရင်း မြန်မာပြည်သားများကို အုပ်စုလေးတွေ ခွဲပြီး Criticize လုပ်ခဲ့မိတယ်၊ Group လေးတွေကတော့ …….
1. In-group> Group to which people feel that they belong.… ဒီ group ကတော့ ခံစားချက်တူတဲ့သူများ အတူတကွ ပေါင်းစည်းခြင်းပါ၊


2. Out-group> Group to which people feel that they do not belong.… ဒီ group ကတော့ ဘယ်သူနဲ့မှ မပေါင်းတဲ့သူတွေပါ၊

အထက်ပါ In-group နဲ့ Out-group တွေကို IS 101 ဆိုတဲ့ စာအုပ်က အနက်ဖွင့်ဆိုထားတာပါ။



In-group အုပ်စုဝင်များ


In-group ကို ဗမာပြည်မှာ ကျနော်က Groups ၂ ခု အဖြစ် ထပ်ပြီး ခွဲခြားလိုက်ပါတယ်၊ အဲ့ဒါတွေက ……….


၁) တော်လှန်သူများအုပ်စု (မျိုးချစ်များ)
မိမိလူမျိုးအတွက် မိမိအမျိုးသားများအတွက်၊ မိမိနိုင်ငံတော်အတွက် အသက်တွေဘ၀တွေကိုပေး စတေးကာ အမှန်တရားနှင့် လွပ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော နိုင်ငံသားအုပ်စုများဖြစ်ကြပါတယ်၊ လွပ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ်ခံပြည်သူများ (အောက်ခြေပြည်သူမှအစ ဒေါ်အောင်ဆန်းစုကြည်အထိ)။


၂) အုပ်ချုပ်ဗိုလ်ကျသူများအုပ်စု (မျိုးဖျက်များ)
မိမိကောင်းစားရေး မိမိ မိသားစုကြီးပွားရေး မိမိတို့အုပ်စု တစ်စုတိုးတက်ရေး၊ မိမိတို့အာဏာရရှိရေးနှင့် တည်မြဲရေးတို့ အတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဟု လူထုကိုဖိနှိပ်ကာ မိမိရရှိတဲ့ အခွင့်အရေးများကိုအသုံးချ၍ စိုးမိုးချယ်လှယ်နေသော အာဏာရူးသူများဖြစ်ကြပါတယ်၊ အာဏာတည်မြဲရန် တိုက်ပွဲဝင်ဝင်နေကြတဲ့ အုပ်ချုပ်သူပြည်သူများ (အာဏာပိုင်များအားလုံး - ကြံဖွတ်နှင့်စွမ်းအားရှင်အပါအ၀င် ရယက မှ အစ နအဖ အဆုံး၊ ဦးသန်းရွှေ အထိ)


အထက်ပါ In-group ၀င်များဟာ မိမိအုပ်စုအပေါ်သစ္စာခံ၍ မိမိတို့လျှောက်လှမ်းနေသော လမ်းတွင် ဆက်လက်တိုက်ပွဲဝင်နေသော အုပ်စုဝင်များဖြစ်ကြပါတယ်။ ဥပမာအားဖြင့် - မြန်မာပြည်ဒီမိုကရေစီရရန် တိုက်ပွဲဝင်နေသော အုပ်စုများက မိမိတို့အုပ်စုအပေါ် ဆက်လက်သစ္စာခံ၍ ဆက်လက်တိုက်ပွဲဝင်နေသလို …… အာဏာတည်မြဲရန် ဆက်လက်ဆုပ်ကိုင်ထားနေသော စစ်အာဏာရှင်များကလည်း မိမိတို့ အုပ်စုအပေါ် သစ္စာခံကာ ဆက်လက်တိုက်ပွဲဝင်နေကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသားများကို လေ့လာကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ခေတ်စနစ်တခုသို့ ကူးပြောင်းရန် တော်လှန်ရေးလုပ်နေသာ၊ ဖြစ်နေသော ကာလဖြစ်သည်ကို တွေ့ကြရမှာပါ၊ ထိုခေတ်စနစ်သစ်ကြီးကို သွားရန် လက်ရှိဖြစ်တည်နေသော ခေတ်စနစ်ဟောင်းကို ဖယ်ရှားနိုင်ဖို့က အလွန်အရေးကြီးပါတယ်၊ အဲ့ဒီအခါမှာ အုပ်စုနှစ်စု ဖြစ်ပေါ်လာပါတယ်၊ နိုင်ငံသားအုပ်စုလို့ အသုံးပြုပါရစေ၊ မိမိနိုင်ငံတော်ကို ခေတ်စနစ်အသစ်ကြီးဆီသို့ ပြောင်းလဲရန် ၀ိုင်းဝန်းကြိုးစားနေသော (In-group 1) အုပ်စုနှင့်၊ မိမိနိုင်ငံကို လက်ရှိခေတ်စနစ်အဟောင်းထဲမှာပင် ဆက်လက်ဖြစ်တည်နေခြင်သော (In-group 2) အုပ်စုတို့ ဟူ၍ ပင်ဖြစ်ပေသည်၊ ထိုအုပ်စု ၂ စုမှာ အဖိနှိပ်ခံပြည်သူနှင့် အုပ်ချုပ်သူလူတန်းစားများဖြစ်ကြသည်။
ထိုအုပ်စု၂ စု မှာ ရိုးသည်ရှင်းသည် မိမိယုံကြည်မှုကို ဆုပ်ကိုင်၍ ဆန့်ကျင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ မိမိအုပ်စုနှင့် အတူတကွ တိုက်ပွဲဝင်နေသော အုပ်စုများဖြစ်သောကြောင့် In-group များဟု သမုတ်လိုက်ပါ တယ်။


Out-group အုပ်စုဝင်များ

ကမ္ဘာပေါ်တွင် ရေ၊ မြေ၊ လေ၊ သဘာဝအရ၊ အရာရာတိုင်းဟာ ဒွန်တွဲပြီး ဖြစ်ပေါ်တည်ရှိနေတယ်ဆိုတာ ယျေဘုယအားဖြင့် ညင်းမရတဲ့ ကိစ္စများသာ ဖြစ်ပါတယ်၊ အပူနဲ့အအေး၊ အလင်းနဲ့အမှောင်၊ ထို့အတူ ကမ္ဘာဦးအစက လူသားများရဲ့  သတ်မှတ်ချက်များအပြင်၊ လူ၊ သတ္တ၀ါတွေမှာရော ဖို၊ နဲ့ မ၊ ဆိုတာတွေ ဖြစ်တည်ခဲ့တာ ယနေ့အထိပါပဲ၊ ခေတ်စနစ်ရေစီးကြောင်းအရ၊ သဘာဝလွန်ဖြစ်ရပ်များကို မဆိုလိုပေ၊ မည်သို့ဆိုစေ သဘာဝလွန်ဖြစ်ရပ်များဟာ Creation ဖန်တီးကြံဆမှုများသာ ဖြစ်တယ်လို့ ကျနော်မှတ်ယူ လိုက်ပါတယ် (တဖက်ဇောင်းပေးပြောခြင်းအရ)။

In-group အုပ်စုနှစ်စုနှင့် လုံးဝဆန့်ကျင်ပြီး အုပ်စုတစု ဖြစ်တည်နေတာကို မြန်မာ့သမိုင်းတလျှောက်မှာ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ်၊ အဲ့ဒီအုပ်စုဟာ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟု နှလုံးမူထား သော ဘယ်ဖက်ကိုမှ မလိုက်ပဲ လှေကြုံစီးနေသော အုပ်စုဖြစ်ပါတယ်၊ သို့သော ထိုအုပ်စုများဟာ သာကူးများသာ ဖြစ်ပါတယ်၊ အကယ်၍ တိုင်းပြည် ဒီမိုကရေစီ ရသွားလျှင်လည်း သူတို့ စံစားမည်၊ အကယ်၍ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲသွားရင်လဲ သူတို့ စံစားသွားမည်၊ ဒါကြောင့် သူတို့ကို သစ္စာမဲ့ ၀ါဒီများလို့ အမည်ကင်ပွန်းတပ်လိုက်ပါတယ်၊ Sociology အရ သူတို့ကို Out-group အုပ်စုဝင်များလို့ သတ်မှတ် လိုက်ပါတယ် (ကိုယ်ပိုင် right အရ)။

ဝေဘန်ခြင်း

မြန်မာ့သမိုင်းတလျှောက်မှာ ဒီ Out-group တွေဟာ ဘယ်ဖက်ကိုမှ မပူးပေါင်းပဲ မိမိကြီးပွါးရေး မိမိကောင်းစားရေးအတွက် စီပွားရေးများကိုသာ ဦးတည်၍ တစိုက်မတ်မတ်လုပ်လာခဲ့ကြပါတယ်၊ တချို့  မိဘများဆို သူတို့သားသမီများကို နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားများ၊ ပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လုံးဝမပတ်သက်ကြရန် တားမြစ်ခြင်း၊ အပေါင်းအသင်း မလုပ်ရန် တားဆိုခြင်းများ လုပ်လာခဲ့ကြပါတယ်၊ ဆက်လက်လုပ်ဆောင်နေဆဲပါ။ အဲ့ဒီတော့ တိုင်းပြည်တခုမှာဖြစ်ပေါ်နေတဲ့ အရေးမှန်သမျှဟာ ထိုတိုင်းပြည်မှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသားများအားလုံး၏ အရေးဖြစ်ပါတယ်၊ ဒါကို လစ်လျှူရှုနေမယ်ဆိုရင် နိုင်ငံသားစိတ်ဓါတ်မရှိခြင်း နိုင်ငံသားများအပေါ်သစ္စာမရှိခြင်း၊ ကိုယ့်အမျိုးကို ကိုယ်မချစ်ရာ ရောက်တယ်လို့ ကျနော်ဒီနေရာကနေ ဝေဘန်လိုက်ပါတယ်။ လူသားတွေရဲ့  အကျိုးကို သယ်ပိုးခြင်းဟာ ဘုရားလောင်းတွေရဲ့  တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာ ပွင့်ပေါ်လာခဲ့သမျှ ဘုရား တွေဟာ လူသားတွေကို လမ်းမှန်ကို ညွန်ပြခဲ့ကြပါတယ်၊ လူသားများကို အမှန်တရားတွေ သင်ကြားပေးခဲ့ကြတယ်၊ လူသားများရဲ့  အကျိုးကို သယ်ပိုးခြင်းဟာ အကျိုးမရုတ်တတ်ပါဘူး၊ ဒါကြောင့် အဖိနှိပ်ခံ ပြည်သူပြည်သားများဘက်မှ ရပ်တည်ပေး၍ မြန်မာပြည်ကြီး အမြန်ဆုံးလွတ်မြောက်စေရန်၊ ဒီမိုကရေစီအရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်စေရန် မြန်မာနိုင်ငံသားများ အခြင်းခြင်း တညီတညွတ်တည်း စည်းစည်းလုံးလုံးနှင့် တိုက်ပွဲဝင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ Group အကြောင်းတွေကို ခွဲခြားရင်း ဝေဘန်မှုလေး တွေကို လျှောက်ရေးကာ ဤစာကို ဒီမှာတင်ပဲ ရပ်နားလိုက်ပါတယ်။

(မှတ်ချက် - မိမိ၏ တဦးတည်း သဘောဆန္ဒဖြင့် စိတ်ကူးတည့်ရာ ရေးမိသောကြောင့် ခံစားချက်တူသူများ မျှဝေခံစားသွားကြပါရန်)
ကိုဇော်

11 comments:

kiki said...

၈၈၈၈ ... ဆိုတာ ဘာလဲ လို့  မသိကြ ၊ မကြားဘူးကြသေးတဲ့ သူများ ၊ သိရက်နဲ့ မေ့ချင်ယောင်ဆောင်နေကြသူများ အမှတ်ရစေဖို့  သမိုင်းဝင် ပုံများ ကို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ် ။
အမှန်တရားဆိုတာ ဖုံးကွယ်လို့  မရစကောင်းပါဘူး လေ ။

မမသီရိ said...

ကိုဇော်
Group တွေအကြောင်းစိတ်ဝင်စားဖွယ် ဗဟုသုတ ဖြစ်ဖွယ်ရေးထားပေးတယ် ကျေးဇူးတင်မိသလိုပဲ
၈လေးလုံးက ပုံဟောင်းတွေကို စိတ်မကောင်းကြီးစွာနဲက ပြန်အောင်းမေ့သွားပါတယ်..
သမိုင်းဆိုတာ ဖုံးကွယ်တိုင်း ပျောက်သွားတတ်တာမျိုး မဟုတ်တဲ့အတွက်..မသမာသူတွေ နောင်တရမဲ့နေ့လဲ ရှိနေအုံးမှာ အသေအချာပါပဲ

မမသီရိ said...
This comment has been removed by the author.
rose of sharon said...

မျှဝေခံစားသွားပါတယ်

သားကြီး said...

သံသရာတစ်ကွေ့ပြန်လည်လာရင် သင်းတို့
အားရေးရေး အားပါးပါး လို့ အော်ကြဖို့သာပြင်
သမိုင်းတစ်ခုလုံးကို သွေးအတိဖုံးအောင်သင်းတို့
လုပ်ဆောင်ခဲ့ကြပြီ
အချိန်တန်ရင်တော့သာ..........

kyalkalay said...

ဪ ကိုယ်တိုင်မြင်တွေ. ခဲ့ရတဲ့သူတွေ ဘယ်လောက် ဝမ်းနဲကြေကွဲမလဲနော်

လက်တွဲဖော်လက်တွဲဖက်တွေ ရက်ရက်ဆက်ဆက်ပြစ်သတ်ခံခဲ့ရတာ

ရာဇဝတ်သားလဲမဟုတ်

သူပုန်လဲမဟုတ်

မတရားတာလဲမလုပ်ပဲနဲ့

သေနတ် နဲ့ပြစ်သတ်ခံရတယ်

ရင်နင့်လိုက်တာ

Anonymous said...

ရင်နင့်လိုက်တာ
သင်းတို့အချိန်လာတော့မှာပါ

Anonymous said...

ကိုကြိး
ရင်နှင့်စရာ အကြောင်းတွေ ပြန်ကြည့်လဲအသစ်ပြန်ဖြစ်နေတာပဲ
မြူးလေးကတော့မမှီခဲ့ပါဘူး
မြန့် မာ့သမိုင်းအကြောင်းလဲ
မဖတ်ခဲ့ရဘူး ဒါပေမဲ့ ကျေးဇူးရှင်
မိဘတွေ နဲ့ အကိုတွေ အမတွေ
ဆီက လေ့လာခဲ့ပါတယ် သိနိုင်အောင်ကြိုးစားခဲ့တယ်
မြန်မာတယောက်နနေ နဲ့ မြန်မာ့ သမိုင်းကို သိအောင်ကြိုးစားခဲ့တယ်
ဘာကြောင့် ဒီနေ ရာရောက်နေသလဲ ဘာကြောင့်
မြန်မာဒီလိုဖြစ်နေသလဲ ဆိုတာ မေးခဲ့ ရင်
အဖြေမှန်ပေးနိုင်ဖို့ အမြဲလေ့လာခဲ့တယ်
သိအောင် မိဘတွေ ကလဲပြေားပြခဲ့တယ်
မြန်မာ့သမိုင်း မှာဒါတွေ ဖြစ်ခဲ့တယ်ဆိုတာ
အားလုံးသောမြန်မာတွေ သိနေစေချင်ပါတယ်
သိနေကြသလို မသိနိုင်တာလဲဖြစ်ပါတယ်
ဒါပေမဲ့ သိအောင်ကြိုးစားသင့်တယ်လေ


စည်းလုံးခြင်းသည် အင်အားတဲ့လေ

ကိုကြီးဆန္ဒနဲ့ ထပ်တူပါပဲရှင်

ချစ်တဲ့
ညီမလေးမြူး

Anonymous said...

ကိုကြိး
ရင်နှင့်စရာ အကြောင်းတွေ ပြန်ကြည့်လဲအသစ်ပြန်ဖြစ်နေတာပဲ
မြူးလေးကတော့မမှီခဲ့ပါဘူး
မြန့် မာ့သမိုင်းအကြောင်းလဲ
မဖတ်ခဲ့ရဘူး ဒါပေမဲ့ ကျေးဇူးရှင်
မိဘတွေ နဲ့ အကိုတွေ အမတွေ
ဆီက လေ့လာခဲ့ပါတယ် သိနိုင်အောင်ကြိုးစားခဲ့တယ်
မြန်မာတယောက်နနေ နဲ့ မြန်မာ့ သမိုင်းကို သိအောင်ကြိုးစားခဲ့တယ်
ဘာကြောင့် ဒီနေ ရာရောက်နေသလဲ ဘာကြောင့်
မြန်မာဒီလိုဖြစ်နေသလဲ ဆိုတာ မေးခဲ့ ရင်
အဖြေမှန်ပေးနိုင်ဖို့ အမြဲလေ့လာခဲ့တယ်
သိအောင် မိဘတွေ ကလဲပြေားပြခဲ့တယ်
မြန်မာ့သမိုင်း မှာဒါတွေ ဖြစ်ခဲ့တယ်ဆိုတာ
အားလုံးသောမြန်မာတွေ သိနေစေချင်ပါတယ်
သိနေကြသလို မသိနိုင်တာလဲဖြစ်ပါတယ်
ဒါပေမဲ့ သိအောင်ကြိုးစားသင့်တယ်လေ


စည်းလုံးခြင်းသည် အင်အားတဲ့လေ

ကိုကြီးဆန္ဒနဲ့ ထပ်တူပါပဲရှင်

ချစ်တဲ့
ညီမလေးမြူး

လူရိုင်းလေး said...

လူရိုင်းလေးတို့ မမှီလိုက်ပါဘူး ကိုဇော် ဒါပေမယ့် ငယ်ငယ်ကတည်းက ၈ လေးလုံးရဲ့ ရင်နှင့်စရာအကြောင်းတွေကို ကြားဖူးလာတော့ တော်တော်ကိုကြေကွဲရပါတယ်။

ကိုလူထွေး said...

မသိသေးတဲ့သူတွေအတွက်ရော
သိပြီးသားသူတွေအတွက်ရော
သိရဲသားနဲ့ မသိချင်ယောင်ဆောင်နေသူတွေအတွက်ရော
သိချင်ပြီး သိခွင့်မရကြသူတွေအတွက်ရော...

အခုလို ပြန်ဖော်ပြပေးတဲ့အတွက် လေးစားပါတယ်... ကိုဇော်ရေ...

ကိုဇော်ပြောတာလည်း မမှားပါဘူး...

လူ့အဖွဲအစည်း တခုဆိုတာဖြစ်လာရင် in ရော out ရောဟာ အမြဲဒွန်တွဲပြီး ရှိနေမှာပါ... စည်းရုံးသင့်ရင် စည်းရုံး တွဲခေါ်သင့်ရင်တွဲခေါ် ဒီလိုပဲ လုပ်ယူရမှာပဲ...

နိုင်ငံရေးဆိုတာကလဲ စည်းရုံးရေးနဲ့အမြဲတမ်းလို ဒွန်တွဲနေတတ်တာ မဟုတ်လား