ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, July 29, 2009

ဒါ ... တို့ ဗမာ ကွ

ဗမာပြည်အတွက် အမှတ်တရ

ဘာရယ်လို့တော့ မဟုတ်ပါဘူး၊ ဒီကနေ့ အမေရိကားမှာ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉၀၀ ကျော် Fortwayne မြို့ မှ New York City ရှိ UN ရုံးချုပ်သို့ လမ်းလျှောက်ချီတက်နေသော ရဲဘော်များရဲ့  Blog (http://longmarchforburma.blogspot.com/) သို့ သွားရောက်လည်ပတ်ရင်း အမှတ်မထင်တွေ့လိုက်သော ဓါတ်ပုံလေးများကို အပေါင်းအသင်းများ၊ မြန်မာနိုင်ငံသားများစီသို့ ဗဟုသုတ ပွားချင်တာနဲ့ အောက်က ဓါတ်ပုံလေးတွေကို ဝေမျှလိုက်တာပါ၊ BURMA RD တဲ့ ဗမာဟာ တချိန်မှာ အမည်တလုံးနှင့် နိုင်ငံတကာ တန်းဝင်ခဲ့တယ်ဆိုတာ ကျနော်တို့ အားလုံးအသိပါပဲ၊ ဒါကြောင့် ယနေ့အချိန်ထိ BURMA လို့သာ နိုင်ငံတကာက သိရှိနေတုန်း၊ အသိအမှတ်ပြုနေတုန်းပါပဲ၊ ဒါကို မင်းဆိုးမင်းညစ်များက၊ ပြည်သူတွေကို လူမထင်ပဲ၊ အတင်းအကြပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဖြစ် နိုင်ငံတော်ရဲ့ အမည်ကို ပြောင်းလဲခဲ့ပါတယ်၊ သို့သော်... နေရာအတော်များများတွင် BURMA သာလျှင် ဆက်လက်တည်မြဲနေကြောင်း တွေ့ရှိရပါတယ်၊ ဒီကိစ္စကို အဓိက သက်သေပြချင်တာရယ်၊ ပြည်သူကို အသိအမှတ်မပြုပဲ၊ ပြည်သူ့ရဲ့ ဆန္ဒကို မကောက်ခံပဲ အာဏာကို အလွဲသုံးစားလုပ်ကာ အမည်ပြောင်းလဲခြင်းကို ပြသချင်တာရယ်ပါ။

ဒီလမ်းလေးဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ရဲ့ အရှေ့အလယ်ဘက်အခြမ်းတွင် တည်ရှိသော ကမ္ဘာကျော် တက္ကသိုလ် (Conrill University) ရှိရာ Ithica မြို့ တွင် တည်ရှိပါတယ်၊
အောက်ပါပုံမှာ ကျနော်တို့ရဲ့  ချီတက်သူ ရဲဘော်များက ထိုနေရာအရောက် BURMA RD ဆိုင်းဘုတ်နှင့် အမှတ်တရ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်၊ ဒီရဲဘော်များဟာ ဒီကနေ့ဆိုရင် မိုင်းပေါင်း (၅၄၀) ခရီးပေါက်ခဲ့ပါပြီ၊ ဒီချီတက်သူရဲဘော်များအား တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ အားပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။
ဝဲမှယာ ရဲဘော်မောင်မောင်တိတ်၊ ရဲဘော်ကဘောယူ၊ Odood, Alexander နှင့် ရဲဘော်ကျော်ရှိန်

ဤရဲဘော်များ၏ ဘလောဂ့်မှာ http://longmarchforburma.blogspot.com/ ဖြစ်ပါတယ်၊
(မှတ်ချက် - ပိုစ့်ရေးနေတာတွေ မပြီးနိုင်လို့ ဆားချက်လိုက်တာပါ၊ အမြင်တူသူများ ခံစားနိုင်ပါစေ၊ ဘလောဂ့် ကြော်ညာခြင်တာလဲ ပါ ပါတယ်ဗျာ.... အမှားပါးရင် နားလည်ပေးပါရန်)
ကိုဇော်

11 comments:

kyalkalay said...

111111111111111111111111

kyalkalay said...

I am agree with u

we are Burma

we are Burmese

rose of sharon said...

အမြင်တူစွာခံစားသွားပါတယ်...

ငှက်ကလေး said...

လုံးဝ ဥသုန် မဘုတ် ဆုံ အပေါ်က ၂ ယောက်ကို ထောက်ခံပါတယ် အဟီးးး ဆော်တီးး မြန်မာကမို့လို့ အကျင့်ပါသွားရင် ခွင့်လွှတ်

ကိုဇော် ဘယ်တယောက်လဲလို့ မေးနေတာ အာပေါက်တော့မယ် မပြောလဲ နေ ပျံမယ် ဟွန်းးး ဘိုင်

လူရိုင်းလေး said...

အခုအချိန်ထိပါပဲ ကျွန်တော်တို့က Burma ကလာတယ်လို့ ပြောမှ သိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Burma ဆိုတာလေးကို ကြိုက်နှစ်သက်မိတယ်။

သားကြီး said...

အဲဒီဘလော့ကိုအရင်ကတည်းကအလည်ရောက်တယ်ခင်ဗျ
အပုံတွေလည်းမြင်ဖူးတယ်
ခုလိုပြန်ဖေါ်ပြတော့လည်းထပ်ကြည့်ရတာပေါ့ဗျာ
ဘလော့ပိုင်ရှင်လည်းဝမ်းသာအားရဖြစ်မှာပါပဲ
ဆားချက်တယ်လို့မယူဆပါဘူး

စည်သူ said...

ဟုတ်ပဗျာ ကိုဇော်ရေ

Burma လို့ပဲ လူအတော်များများကသိတာ
အခုမှပဲ Myanmese ဖြစ်သွားတယ်

ကိုဇော်ညွှန်ရာကို သွားလိုက်အုံးမယ်ဗျာ...
ခင်မင်ခြင်းများစွာဖြင့်
စည်သူ

Anonymous said...

ဒီမှာမွေးတဲ့ ကျမသမီးလေးကို မေးကြည့်ဖူးတယ်..ခလေးအတွေးဘယ်လိုနေလဲဆိုတာ သိရအောင်လို့ပါ..

ဘားမားနဲ့ မြန်မာ ဘယ်ဟာက ပိုပြီးခေါ်လို့ကောင်းလဲ
ဆိုတော့ ခလေးပြန်ဖြေတာက ဘားမား တဲ့လေ...
ခလေးက ဖြေတုန်းက အသက် ရ နှစ်ရှိပါပြီ..

mie nge

ahphyulay said...

သူတို့ ချီတက်နေကြတာဟာ ချောက်ရေနံမြေသပိတ်
တပ်သားတွေ ရန်ကုန်ကို ချီတက်နေသလိုပါပဲ။
လူမျိုးခြားတွေကို ဆန္ဒတွေထုပ်ဖေါ်ပြသတုံးကတော့ 
အတိုင်းအတာတစ်ခုအထိ ထိရောက်အောင်မြင်ခဲ့ ဘူး
ပါတယ်။ နွားလို တစ်ဘို့ ထဲကြည့် တတ်သူတွေနဲ့ ယှဉ်
ယင်တော့ နွားပါးစပ်ထဲ ပလာတာအတင်းထိုးထည့် 
နေသလိုဖြစ်နေမှာပါပဲ။

kiki said...

တို့  ဗမာ တွေ .. အရေးကြီးက သွေးစည်းကြ ။

ကိုအဖြူလေးရေ ..သူတို့ကို ကျေးဇူးရှင်နွားတွေနဲ့ မနှိုင်းပါနဲ့နော် ။ ပလာတာလည်း မကျွေးပါရစေနဲ့ ..

တလောကလုံးမှာ ရှိရှိသမျှ သတ္တဝါတွေထက်ကို နိမ့်ကျနေတဲ့ သက်ရှိအကောင်တွေ ..ဘယ်မျိုးစုက လာတယ်မှန်းတောင် မသိနိုင်တဲ့ အရာတွေလေ ။
ဆက်ပြောရရင်.....အကုသိုလ်တွေဖြစ်တော့မယ်....

ကိုလူထွေး said...

ဆားချက်တယ်မထင်ပါဘူး ကိုဇော်ရေ...
အမြင်တူတဲ့အတွက် အားပေးပါတယ်...