ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, October 7, 2009

ကြောက်တတ်ရင်...


ကြောက်တတ်ရင် မလုပ်နဲ့
ကြောက်တတ်ရင် မရေးနဲ့
ကြောက်တတ်ရင် မပြောနဲ့


နှုတ်ပိတ်ကာ နေ နေလို့
ရလိမ့်မယ် ထင်မနေနဲ့
ဆွံ့အဆဲ ဒီမိုကရေစီ


ရေးချပါ ကမ္ဘာသိစေဖို့
မြင်မိတာ အော်ဖတ်မိပြန်တော့
စာမထင်သေးတဲ့ ဒီမိုကရေစီ

ပြစ်ပယ်နေကျ နိုင်ငံ့အကျိုး
ခေါင်းငုံ့ခံ ဒီစိတ်ဓာတ်ကြောင့်
ပုံမပေါ်သေးတဲ့ ဒီမိုကရေစီ

သိသင့်ပြီ ဒီအချိန်၌
ရဲသင့်ပြီ ဒီအချိန်၌
တိုက်သင့်ပြီ ဒီအချိန်၌
နှစ်ပေါင်းများစွာ...
ငါတို့မျှော်လင့် တောင်းဆိုနေတဲ့
ဒီမိုကရေစီ က
ရသင့်ပြီ ဒီအချိန်၌


သို့သော်.....

ကြောက်စိတ်ကို မွေး
အတ္တကို သွင်း၍
သည်းခံ ခေါင်းငုံ့
ကိုယ့်အကျိုးသာ မြင်နေလျှင်တော့
လူရယ်မမည် ရှင်သန်၍သာ
စစ်ဖိနပ်အောက်ဝယ် နေလေတော့ ။ ။

လူရိုင်းလေး

15 comments:

Angel Shaper said...

တစ် တစ် တစ်.....
ဘူတုန်းကြောက်လို့ အိမ်ထဲပုန်းနေတာ။
ထွက်လာခဲ့စမ်း ခုံဖိနပ်နဲ့ ရိုက်ပစ်မယ်။ အဟဲ။။။

Angel Shaper said...

ဖတ်သွားတယ်နော်။

HRmyanmar said...

ကိုဇော်ရေ ကဗျာလေး ဖတ်မှတ်သွားပါတယ်ခင်ဗျာ

Nge Naing said...

အားမလို အားမရလေသံနဲ့ ရေးထားတဲ့ ကဗျာလေး သိပ်ကောင်းပါတယ်။ တချို့ကလည်း မလုပ်တာ ကြောက်လို့ မဟုတ်နိုင်ပါဘူး။ လုပ်နည်းလုပ်ဟန် မသိလို့ မလုပ်တဲ့သူလည်း အများကြီး ရှိနိုင်ပါတယ်။

ဂျူနို said...

စစ်ဖိနပ်အောက်ဝယ် နေလေတော့တဲ့
ဒိထက်ကြောက်စရာကောင်းတာ မရှိပါ။

Anonymous said...

Angel ကပြေားတယ်
ခုံဖိနပ်နဲ့ ရိုက်မယ်တဲ့
ဘူဒူလဲဟင် ပုန်းနေတာ
ကဗျာလေးလာဖတ်တယ်သိလား

လူရိုင်းလေး said...

ကိုဇော်ရေ အခုလို ကဗျာလေးကို တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါတယ် ခင်မျာ

Anonymous said...

ကောင်လေးရေ
သတိရနေတယ်

ခရောင်း

နွေဆူးလင်္ကာ said...

အန်တီစုရေးခဲ့တဲ့ Freedom from fear ကို သတိရတယ်။

ဝက်ဝံလေး said...

အယ် အရိုင်းကဗျာလား ဒါက ဟယ် ဒါဆို လူကြီး ခင်ဗျား ဆားချက်တယ်ပေါ့ ဟုတ်လား ဟီးးးးးး

ဝက်ဝံလေး said...

အရိုင်း နင် သူများကိုတင်ခိုင်းတာ မရှက်ဘူးလား နင် ကိုယ်တိုင်တင်ပါ့လား စာပြန်ရေးလေဟာ နင်ကလဲ ငါတို့ရှိပါတယ် နင် ပျင်းတယ် မလား နံပျင်း ဟွင်းးးးးးးး

လူရိုင်းလေး said...

ဝက်မလေးရေ
နင်ထင်တာတွေ တက်တက်စင်အောင် လွဲပါတယ်ဟယ်
ကိုကြီးဇော်က လူတော်တွေကို ဖိတ်ခေါ်တာပါ
ဟဲ ဟဲ

သူကြီးမင်း (တုံးဖလား) said...

ကောင်းလိုက်တဲ့ ကဗျာလေး။

စည်သူ said...

ကဗျာကို အသံထွက်ပြီး ဖတ်လိုက်တယ်ဗျာ.
အရမ်းကောင်းတယ်..

ရေးသားချက်ကလည်း.. မာန်ပါတယ်

ခင်မင်စွာဖြင့်
စည်သူ။

ဝက်ဝံလေး said...

ဘာမှ ဘာမှ ငါ ထင်တာလွဲတာမဟုတ်ဘူး ဟွင်းးးးး နင့်နင် တင်လို့ရရဲ့သားနဲ့ သူများကို တင်ခိုင်းတာလေ ကောင်စုတ်ရ နံပျင်း နံပျင်း ဒါပဲ ဘိုင် တာ့တာ