ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, October 11, 2009

Lazy Club အတွက် အမှတ်တရပိုစ့်


သူငယ်ချင်းတွေကို Lazy Club USA tour 2009 အကြောင်းလေးကို အရင်က မိတ်ဆက်ခဲ့ဖူးတယ်၊ ကျနော်တို့ မြို့ မှာ Show ပွဲလေး လုပ်မယ်ဆိုတာလည်း ပြောပြခဲ့ဖူးတယ်၊ ဒီလိုနဲ့ဘဲ ပွဲလေးကလည်း ပြီးသွားပီ၊ ပိုစ့်တင်သင့် မတင်သင့်လည်း အကြာကြီး စဉ်းစားနေခဲ့တယ်၊ Show အစအဆုံးကိုလည်း ကျနော် မှတ်တမ်းတင်ဖြစ်ခဲ့တယ်၊ ဒီမှတ်တမ်းလေးတွေကို တင်ပြရင်လည်း အဆင့်အတန်းမရှိတာတွေကို တွေ့ရ၊ မြင်ရမှာ ဆိုးတာနဲ့ဘဲ Lazy Club နဲ့ ပတ်သက်တာလေးတွေတော့ တခုမဟုတ်တခု တင်လိုက်မယ်လို့ ဆုံးဖြတ်ချက်ချခါ အောက်က ပိုစ့်လေးကို ဗဟုသုတလေးတွေ ဖြစ်သွားအောင်ရယ်၊ ကိုယ့်လူမျိုးတွေအကြောင်းကို သိသွားနိုင်ရန် ရေးပေး လိုက်ပါတယ်ဗျာ (ကိုယ့်ပေါင်ကိုလှန်ထောင်းတာပေါ့) …...

မြန်မာနိုင်ငံသားတွေဟာ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အတတ်ပညာကို တကယ်ပဲ လိုက်စားတတ်ကြတယ် ဆိုတာ ကျနော် အတော်လေးဖတ်မိခဲ့ပါတယ်၊ ဒါပေမယ့် ဒီဘက်ခေတ်ကိုရောက်လာတော့ မြန်မာနိုင်ငံသား တွေလည်း ခေတ်မှီလာတယ်နဲ့ တူကြပါတယ် အပြောင်းအလဲလေးတွေဖြစ်ကုန်လို့ ....

နောက်ပြီး မေတ္တာတရားလည်း အင်မတန်မှ ကြီးမားကြပါပေတယ်၊ ဥပမာအနေနဲ့ ပြောရရင်၊ ၈၈ မှာ တုန်းက စစ်တပ်ကို အခုပဲ သတ်မယ်၊ ဖြတ်မယ်နဲ့ စစ်တပ်က အာဏာလည်း သိမ်းပြီးရော သူတို့တွေပဲ ကြံ့ဖွတ် လုပ်သူကလုပ်၊ စစ်ထဲဝင်သူက၀င်နဲ့ အနှစ် ၂၀ တောင် ကျော်ခဲ့ပါပကော၊ အတော်လည်း အမေ့အပျောက် လွယ်ပြီး၊ မေတ္တာတရားတွေနဲ့ ဝေဆာနေလိုက်ကြတာ၊ အတော်လေးကို မျိုးချစ်ခင်လူမျိုးတွေပါပဲ။ ဒီလို မေတ္တာ တရားတွေ ပွါးများတတ်တဲ့ လူတွေက ကိုယ့်အချင်းချင်းကြတော့ မနာလိုဝန်တိုမှုတွေက အပြည့်နဲ့၊ တချို့ ဆို မစားရတဲ့ အမဲ သဲနဲ့တောင် ပက်သွားကြသေး ....

အဆိုတော်တွေ မင်းသားမင်းသမီးတွေက အတော်ကြီးကျယ်တယ်လို့ ပြောတဲ့သူတွေကလည်းပြော တကယ်တမ်း မိမိဘက်ကို ကျတော့် ပြန်လည်ဝေဘန်သုံးသပ်ခြင်းများ မရှိကြ ....

ပြောနေရင်း စကားက လိုရာကို မရောက်တတ်တော့ဘူး အညွှန်းတွေကများနဲ့၊ အဆိုတော်များ၊ လေးဇီးကလပ် ၀ိုင်းတော်သားတွေ့နဲ့တွေ့ရင်း နေထိုင်ရင်း တွေ့ကြုံခဲ့ရ တာလေးတွေကတော့ ….

အဆိုတော်၊ မင်းသားမင်းသမီးတွေက ကြီးကျယ်ကြတာလား?
ကြီးမှတော့ ကျယ်တတ်ကြမှာပေါ့နော်…. (စတာပါ) လူတွေဟာ တယောက်နဲ့တယောက် ဘယ်လိုမှ မတူညီ ကြတော့ ကြီးကျယ်တဲ့လူတွေရှိသလို မကြီးကျယ်တဲ့လူတွေလည်း ရှိမှာ ဧကန်ပါပဲ၊ လူဆိုတာ မိမိပိုင်ဆိုင်လာတဲ့ အဆင့်အတန်း တခုအပေါ်မှာ ထိုအဆင့်အတန်းကို ထိန်းသိမ်းဖို့ရန်မှာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ အားလုံးသိကြမှာပါ၊ အနည်းနဲ့အများတော့ မိမိရဲ့  အောင်မြင်မှုအပေါ်မှာ ၀မ်းသာလုံးဆို့၍ မာနအနည်းငယ် တော့ ထောင်လွှားဖြစ်ကြမှာပါ၊ ဒါကတော့ အောင်မြင်မှုကိုပီတိဖြစ်၍ ဖြစ်ပေါ်လာခြင်းလို့ ကျနော်မျိုး ယူဆ မိပါ တယ် ....

ကျနော်တို့မြို့ ကို Lazy Club နဲ့အတူ ကိုRဇာနည်၊ ကိုဇော်ပိုင်၊ ကိုချစ်ကောင်းနဲ့ သဇင်တို့ လာရောက် သီဆို ဖျော်ဖြေခဲ့ကြပါတယ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရောက်ရှိပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ နယူးယောက်မြို့ သို ပြန်လည်ထွက်ခွာခဲ့ကြပါတယ်၊ စတိတ်ရှိုးကိုတော့ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) မှာ သီဆိုဖျော်ဖြေခဲ့ကြပါတယ် ....

စတိတ်ရှိုးမစခင် တရက်မှာပေါ့ …….
လူငယ် ၃ ယောက်က အဆိုတော်များရှိရာ အိမ်သို့ ရောက်လာပြီး တံခါးခေါက်ကာ ကိုနိုင်ဇော်(ဂီတာသမား)နှင့် ရင်းနှီးကြောင်း၊ စကားပြောခြင်ကြောင်း တောင်းဆိုတော့၊ မြို့ ခံ တယောက်ကနေပဲ ကိုနိုင်ဇော်ကို ခေါ်ပေး ခဲ့တယ် သူတို့အားလုံးဟာ အိမ်ရဲ့  အပေါ်ထပ်မှာနေကြတော့ ကိုနိုင်ဇော်က အပေါ်ထပ်မှ ဆင်းလာခဲ့တယ် သူတို့ကိုလည်း တွေ့ရော ဘယ်သူနဲ့မှ သိကျွမ်းခဲ့ဖူးခြင်းမရှိခဲ့ပါ ဒါနဲ့ပဲ ကိုနိုင်ဇော်ကလည်း ဂီတကို စိတ်ပါဝင် စားတဲ့ လူငယ်များလို့ သတ်မှတ်ပြီး သူတို့သိချင်တာလေးတွေကို သင်ပြပေးခဲ့တယ်၊ ဒါနဲ့ မတော်သေးတဲ့ လူငယ် ၃ ယောက်က စတိတ်ရှိုးတွင် သူတို့ကို သီချင်းပေးဆိုရန် ကိုဇော်ပိုင်နှင့် ကိုနိုင်ဇော်တို့ထံ တောင်းဆိုခဲ့တယ်၊ ဘယ်သူမှ လက်မခံတော့ပဲ သူတို့ကို အိမ်မှပြန်ရန် မနည်းတောင်းပန်ခဲ့ရတယ်၊ ကိုယ်တော်ချောများက အိမ်ရှေ့  လည်းရောက်ရော … မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ခရားရေလွှတ် xxxxxxx (ဆဲခြင်း) လွှတ်တော့်တာပါပဲ... ပြေချင်တာက မြန်မာနိုင်ငံသားများက မစားရတဲ့အမဲ သဲနဲ့ပက် တတ်ကြတာလေ၊ အဆိုတော်တွေက ကိုယ့်ကိုအဆင့်အတန်းပေးပြီး ဆက်ဆံတာကို မိမိတို့က မူးရမ်းကားတော့ ဘယ်သူက လာပြီး မာနမကြီးဘဲ နေနိုင်တော့မှာလဲ ဒီတော့ သူတို့တွေ နောက်ထပ်ဧည့်သည်နှင့်တွေ့ရန် ရင်လေးခဲ့ရ တော့တာပေါ့ …. အဲ့ဒီညကစပြီး အိမ်တံခါးမကြီးကို Locked လုပ်ခဲ့ရတော့တယ် (မြန်မာပြည်မှာသာ ဒီလူတွေရှိနေရင် ဒီလို အဆိုတော်တွေ အနားမပြောနဲ့ စင်နားတောင် ကပ်လို့ရကြမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်)။

စတိတ်ရှိုးနေ့မှာပေါ့
အမိမြေနှင့်ဝေးကာ တိုင်းတပါးမှာ လာရောက်နေထိုင်နေကြတော့ ဒီနိုင်ငံမှာလုပ်တဲ့ စတိတ်ရှိုးတွေမှာ စင်ပေါ်တက်ခွင့်ကို ခွင့်ပြုပေးခဲ့ကြတယ် …. ဒီမှာတင်ပဲ ဗီဇ ပြကြတော့တာပေါ့ ပန်းကုံးလေးတွေနဲ့ ဆုငွေတွေ တက်ပေးတဲ့ လူတန်းကြီးဟာ စင်ရဲ့  ဒီဘက်နဲ့ ဟိုဘက်မှာအပြည့် အဆိုတော်များတောင် တခါတခါ သီချင်းအဆို တန့်သွားသေး၊ ပန်းကုံးနဲ့ ဆုငွေကို အကြောင်းပြုကာ ဓါတ်ပုံရိုက်ချင်သူများ သက်သက်သာ စင်ပေါ်တက်ခဲ့ကြ တယ်၊ မြန်မာနိုင်ငံမှာဆို ဒီလိုအခွင့်အရေး ရဖို့ဝေးသေးနော် ….

တခြားနိုင်ငံက စတိတ်ရှိုးတွေလည်း ကျနော်နည်းနည်းပါးပါး သွားရောက်ကြည့်ဖူးပါတယ် ဒီလိုမျိုး စင်ပေါ်တက်သွားကာ ဓါတ်ပုံအရိုက်ခံတာမတွေ့ဖူးပါဘူး …. နောက်ပြီး မစားရတဲ့ အမဲ သဲနဲ့ ပက်တဲ့ လူငယ်က သူ့ဇတ်လမ်းကို ဒီမှာ လာဆက်ခဲ့တယ်လေ၊ ကိုဇော်ပိုင် ဆိုတဲ့အလှည့်မှာပေါ့ ..... ကိုဇော်ပိုင် ကိုင်ထားတဲ့ Microphone ကို လက်ထဲမှ လုယူပြီး ဇော်ပိုင့်အစား သူ့က အဆိုတော်လုပ်ကာ သီချင်းဆိုခဲ့တယ် ၀ိုင်းထိန်းတဲ့ လူများက သူ့ထံ မိုက် လိုက်တောင်းတော့ စင်ကို တပတ်ပြီး တပတ် ပတ်ကာ လိုက်တန်းပြေးတန်း ကစားခဲ့ကြတယ်၊ ရီရမလို ငိုရမလို ဆိုတာ ဒါမျိုးလားပဲ … ဆဲတဲ့ ပရိသတ်က ဆဲ ရီတဲ့ ပရိတ်သတ်က ရီနဲ့ ပွဲကို ပျက်လုမတတ်ဖြစ်ခဲ့ရတယ်၊ ဒီလူက ဒီလောက်နဲ့တင် မတော်သေးပါ ကိုချစ်ကောင်းကို စင်ပေါ်တက်၍ အတင်း မ ချီခဲ့တယ် ပြန်ပြုတ်ကြလိုက် ပြန်ချီလိုက်နဲ့ လူတွေအတော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။

စတိတ်ရှိုးပြီးလို့ အဆိုတော်များ အိမ်ပြန်လာတော့လည်း လူငယ်တသိုက်က အိမ်ထဲဝင်မရလို့ အိမ်ဝမှာ ရပ်ကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနှင့် xxxxxx လုပ်ခဲ့ကြသေး၊ သူတို့အုပ်စုပြန်သွားလို့ မကြာခင်မှာပဲ ကံကောင်းတဲ့ အုပ်စုတစုက တံခါးအဖွင့်နဲ့ ကြုံသွားကာ အိမ်ပေါ်တက်၍ အဆိုတော်များကို သွားရောက်နူတ်ဆက်ခဲ့ကြတယ် ပွဲမှာ အရမ်းပင်ပန်းခဲ့လို့ အနားယူမယ်ရှိသေး သူတို့က လာစကားပြောကြတော့ အဆိုတော်များခမျာ မနားရပဲ စကားလက်ဆုံ ပွားကြရတော့တာပေါ့၊ ဒါကိုအလိုက်မသိတဲ့ ဧည့်သည်များက အဆိုတော်တွေကို အိပ်ယာဝင်ရန် အခွင့်မပေးခဲ့ပေ (ဧည့်သည်အားလုံးအမျိုးသမီးတွေဖြစ်ပြီး မူးနေကြတယ်)၊ သို့သော်လည်း အဆိုတော်များက အတင်းအိပ်ယာထဲဝင် ခဲ့ကြတော့ လာလည်တဲ့ ဧည့်သည်များက အဆိုတော်များစားသောက်ရန်မှာထားတဲ့ အစားအသောက်များကို ဇိမ်နဲ့ထိုင်ကာ စားသောက်ခဲ့ကြတယ် သူတို့လည်း ပြန်ရော အကုန်လုံးလည်း ကုန်သွားရော … ကဲ ကြည့်ကြပါ တော့ ဘယ်သူတွေက ဘယ်လိုဧည့်ခံရတော့မှာလည်း၊ ဒီလိုလူမျိုးတွေ များများ တွေ့ရတော့ အဆိုတော်တွေ တီးဝိုင်း သမားတွေက ဧည့်သည်ဆို အတော်လေးကို ကြောက်နေကြပြီပေါ့။ ဒါတောင် ငမူးတကောင်က ကိုRဇာနည်ကို အိမ်မှာလာရစ်သေးတယ် Rဇာနည်ဆိုပြီးသား သီချင်းတပုဒ်ကို သူက ဘာဖြစ်လို့ မဆိုပေးလဲ ဆိုပြီးတော့ အရစ်တက်နေတာ ကျနော့် သူငယ်ချင်းတယောက်က ပြန်မောင်းထုတ်လိုက်လို့ ပြန်သွားခဲ့တယ်။

သီချင်းဆိုပြီး Lazy Club အဖွဲ့က Buffalo မြို့ မှာ ရှိတဲ့ Niagara fall ကို သွားချင်လို့ ကျနော်တို့ လိုက်ပို့ခဲ့တယ်၊ ကျနော်တို့အဖွဲ့ နိုင်ယာဂါရာကိုသွားမှာ သတင်းပေါက်ကြားခဲ့တယ်လေ၊ ဒီလိုနဲ့ ဒီမြို့ မှာ ရှိတဲ့ လူတွေက သူတို့သွားရာကို မိသားစုလိုက် ပျော်ပွဲစားလိုမျိုးလိုက်ချင်လို့ အမျိုးအမျိုး တောင်းဆိုခဲ့ကြတယ် ဒါကို လှည့်ရင်း ပတ်ရင်း ရှောင်တိမ်းခဲ့ရသေး Buffalo မြို့ က သတင်းထောက်များကလည်း မြန်လိုက်တာ မြန်မာစီအိုင်ဒီကလား အောက်မေ့ရတယ် ကျနော်တို့ Cell ph နံပတ်များကို မည့်သည့်နည်းလမ်းများနှင့် ရသွားသည်မသိ ရသွားကာ တလမ်းလုံး ဆက်သွယ်မေးမြန်း၍ သူတို့လိုက်လာရန် ပြောဆိုမေးမြန်းခဲ့ကြတယ်၊ ဒီတော့ ကျနော်က နောက်ကို လှမ်းမေးလိုက်ရတယ် ကိုဇော်ပိုင်ရေ ဘယ်လို လုပ်ကြမလဲ? …

“ကိုဇော်ရေ ဘယ်ဖုန်းပဲ လာလာ မကိုင်နဲ့တော့ဗျာ” ပြောလိုက်တာကတော့ ကိုRဇာနည်နှင့် ကိုဇော်ပိုင်၊ ကျနော်လဲ မကိုင်ရဲတော့ဘူး ဖုန်းကို vibrate လုပ်ကာ ဖုန်းဝင်လာတိုင်း နံပတ်ကို ကြည့်ရင်း မသိတဲ့ ဖုန်းဆို လုံးဝ မကိုင်ရဲတော့ဘူး၊ Buffalo လည်း ရောက်ရော အသင့်ဖိတ်ခေါ်ထားတဲ့ Asian Buffet ဆိုင်က ဖိတ်ကျွေးမှု ကြောင့် သွားရောက်လည်ပတ်ကာ နေ့လည်စာကို စားသောက်ခဲ့ကြကာ ထိုမှတဆင့် Niagara fall သို့ သွား ရောက်လည်ပတ်ခဲ့ကြပါတယ်။ ကိုရွှေဖိတ်ကျွေးသည်တွေက စားသောက်ပြီးတာနဲ့ ကျနော်တို့နဲ့အတူ Niagara fall သို့ အလည်အပတ်လိုက်ခဲ့ကာ ဓါတ်ပုံရိုက်ခဲ့ကြသေးတယ်၊ ညနေမိုးချုပ်တော့မှ ကျနော်တို့အားလုံး Niagara fall မှ ကျနော်တို့မြို့ သို့ ပြန်လာခဲ့ကြတယ်။

လူ့သဘာဝအရ လူတွေမှာ မိမိတို့ ကိုယ်စီ ကိုယ်ပိုင်လွပ်လွပ်လပ်လပ် နေချင်ကြတာများပါတယ် များသော အားဖြင့် လူတွေဟာ တစိမ်းတယောက်နဲ့တွေ့ရင် သာမန်ထက် အနေရအထိုင်ရခက်တတ်ကြပါတယ်၊ အဆိုတော်တွေဟာ ပရိသတ်တွေရဲ့  အားနဲ့ အသက်ရှင် ရပ်တည်နေရတယ် ပရိသတ်ဆိုတာ သူတို့ရဲ့  အားအင်တွေ ဆိုတာ ကျနော်လည်း နားလည်ပါတယ် ဒါပေမယ့် ပရိသတ်တွေဟာ သူတို့အတွက် အဆိပ်ပင်တွေတော့ မဖြစ်သင့်ပါဘူး ... ဒီတော့ သာမန်လူတွေနဲ့အတူ အဆိုတော်များဟာလည်း သူတို့ရှိတဲ့ အချိန်မှာ သူတို့ကိုယ်ပိုင် လုပ်စရာတွေ ရှိတတ်ကြတယ် သူတို့ လုပ်နေတဲ့ လုပ်ငန်း တွေတိုးတက်အောင် လေ့လာစည်းပူးခြင်း လုပ်ငန်းတွေကိုလည်းလုပ်ရတယ်၊ အလုပ်ဖိစီးမှုတွေများတဲ့အခါ လူ အတော်များများဟာ ကျန်တဲ့ အချိန်များကို အနားယူတတ်ကြတယ်၊ ဒါမှလည်း ကျမ္မာကြမှာကိုး ဒီလိုပါပဲ အဆိုတော်များဟာလည်း သာမန်လူသားတွေပါပဲ သူတို့ရဲ့  အနားယူမယ့်အချိန်မှာ စိတ်အနှောင့်အယှက်တွေဖြစ်လာရင် မည်သူမဆို စိတ်ပျက်ကြမယ် ပြောဆိုဆက်ဆံမှုတွေ တင်းမာလာကြမယ် ဒီမှာပဲ ပရိသတ်က ဒီလိုလူမျိုးတွေကို အမြင် ကတ်မယ် ကြီးကျယ်တယ်လို့ ပြောကြမှာပါ ….

လူအချင်းချင်း ဆက်ဆံမှုမှာ အပြန်အလှန်နားလည်မှုဟာ အလွန်အရေးကြီးကြောင်း လူသားများ သိရှိသွားပါက လူအားလုံး ငြိမ်းချမ်းစွာ ဆက်ဆံနိုင်လိမ့်မည်ဖြစ်ကြောင်း .... ကိုယ့်ပေါင်ကိုလှန်ထောင်းခြင်း ဇတ်လမ်းကို ခဏ ရပ်နားခွင့်ပြုပါ။

အမှတ်တရ ဓါတ်ပုံများ

Lazy Club ပွဲတွင် ကိုချစ်ကောင်းနှင့် အတူ “ရေစီးချောင်းသံယောဇဉ်” သီချင်းကို စုံတွဲသီဆိုခဲ့သော
ဂျိန်းဖောသူလေးတယောက် သူ့ နာမည်လေးကို သိချင်ရင် မြူးလေးကို သွားမေး
ကိုဇော်ပိုင် သီချင်းဆိုနေစဉ်

ဘေစ့်သမား ချင်းအမျိုးသားလေး ကိုဂျင်ပိနှင့်အတူ ဒရမ်မာ ကိုမရ တို့ပါ

ကရင်အမျိုးသား ကီးဘုတ်သမား ကိုအောင်ဒူးနှင့် ကိုRဇာနည်တို့

ကိုRဇာနည်နှင့် ဂီတာသမား ကိုနိုင်ဇော်ပါ

အဆိုတော်များ၊ Lazy Club ၀ိုင်းတော်သားများနှင့် Asian Buffer မှ မြန်မာများ အမှတ်တရ

ကိုချစ်ကောင်းနှင့် Niagara Fall အမှတ်တရပါ

ကိုဇော်ပိုင်နှင့် Niagara Fall အမှတ်တရပါ

အဆိုတော်သဇင်နှင့် Niagara Fall အမှတ်တရပါ

ကို Rကြီးကို မြောက်ပေးရင် တကယ်လုပ်တယ်ဗျ

Asian Buffet ဆိုင်ရှင်များနှင့် စားသောက်ပြီး အမှတ်တရ

(မှတ်ချက် - ဤပိုစ့်တွင် မြန်မာနိုင်ငံသားများဆိုသည်မှာ ပြုလုပ်သူများကိုသာ ဆိုလို၍ မြန်မာနိုင်ငံသား အားလုံးကို မဆိုလိုကြောင်း - တင်ခြင်သော ပိုစ့်များ မတင်ဖြစ်ပဲ ရင်တွင်းဖြစ်များကို တင်မိ၍ နားလည်ပေးကြပါရန်)

ကိုဇော်

16 comments:

ဝက်ဝံလေး said...

ကိုဇော်ဓာတ်ပုံတွေကို အကြီးချဲ့ကြည့်လို့မရဘူး သဇင့်ပုံတခုပဲကြည့်လို့ရတယ် ဒါဘာသဘောလဲပြောပါ ဟွင်းးးးး

ဝက်ဝံလေး said...

ကိုဇော်က တကယ့် ဘောဒီဂတ်ပဲ ဒါကြောင့် ဝံလေးကိုလဲ ဘောဒီဂတ်လာလုပ်ပေးပါ ပြောနေတာပေါ့လို့ ဂမှာ ကိုရီးယားမင်းသားတွေ လိုက်နှောင့်ယှက်လို့ပြေးနေရတယ် သိလားလို့ ဟားဟားးးးးးးးးးးး

ဝက်ဝံလေး said...

video လေးတင်နိုင်ရင် သိပ်ကောင်းမှာပဲနော် အခုတော့ စာ ဖတ်ရတာ အားမရဘူး ချစ်ကောင်းကို လုပ်ပုံပဲ မျက်စိထဲ မြင်ယောင်ပြီး ရီလိုက်ရသေးတယ်

ဝက်ဝံလေး said...

အော် ဒါနဲ့ မြန်မာစာ သတ်ပုံပြင်ပေးမလို့ ရယ်(ရီ)ကိုလေ ရယ်လို့ သုံးရင်သုံးမဟုတ်ရင် ရီ လို့ သုံးတယ် ရည် လို့ မသုံးဘူးသိလား စာဖတ်ရင်း အမှားတွေ့လို့ ထောက်ပေးသွားတယ်နော်

သူကြီးမင်း (တုံးဖလား) said...

အေးဗျာ...
လူငယ်တွေနဲ့တော့ ခက်ပါတယ်။ ဒီကြားထဲ အရမ်းမူးနေကြတော့ ပိုဆိုးတာပေါ့။
လွတ်လပ်တဲ့နိုင်ငံရဲ့  လွတ်လပ်မှုကို အပြည့်အ၀ အသုံးချချင်ကြတယ်ထင်ပါ့။

ပျော်ရွှင်ပါစေ။

ဝက်ဝံလေး said...

ဟေ့ ဘယ်မှာလဲ ယောင်း ဘယ်မှာလဲ ဖွားကိ ဘယ်မှာလဲ နဝေဒိန်းဒေါင်မြင်းကြီး အရှင်လူထွေး ဘယ်မှာလဲ အရိုင်းအစိုင်း ဟေ ငါ နိုးပြီကွ ဟေ့ မိုက်ရင် ထွက်ခဲ့ကြ ဘယ်ခွေးမှ လူမထင်ကွ (အယ် ခွေးကိုလူထင်စရာလားလို့နော် ) ခစ်ခစ် သိဘူးလေ အရက်သမားတွေ အဲလိုပြောလို့ ပြောကြည့်ထှာ

ဝက်ဝံလေး said...

အော် ကိုကိုမောင် ဒေါ့ ယူကေ လာပြီ မသောင်းကျန်းတော့ဘူးနော် ပြန်တော့မယ် တာ့တာ ကိုဇော်ရေ ဒီလောက်သောင်းကျန်းရလဲ ကျေနပ်လိုက်တော့မယ်နော် ဟက်

ဝက်ဝံလေး said...

သိတယ် ဂျိန်းဖော သူနံမည်က မြူးသျှီရီတဲ့ ဟုတ်တယ်မလား ကိုဇော် ဟားဟားးးးးးးးးးးးးးးး အော် ဒါနဲ့ သဇင် သီချင်းဆိုနေတဲ့ပုံမပါဘူးလားလို့ ဟက် ဘာလဲ တယောက်တည်းပဲ ကြည့်မယ်ဆိုပြီးသိမ်းထားသလား လူကြီးနော် မရိုးဘူး ဟွန်းးးးးး

kiki said...

မြန်မာတွေ တလွဲဆံပင်ကောင်းကြတယ် ဆိုတာ အဲဒါမျိုးလည်းပါမှာပေါ့ ...
ကိုယ့်လူမျိုးအချင်းချင်း မကူညီချင်ရင်တောင်မှ မနှောက်ယှက်သင့်ပါဘူးလေ ...
လူမျိုးခြားတွေ အနေနဲ့  ပိုပြီး အထင်သေးစရာ တွေ ဖြစ်စေမဲ့  အပြုအမူ ၊ အပြောအဆိုတွေ ကို ဆင်ခြင်သင့်ပါတယ် ...

စကားမစပ် .. R ဇာနည်က အဲ့ လောက် အမြင့် ရုပ်တုကြီးအပေါ် ဘယ်လို ခွတက် သွားတာလည်း ဟင်... ? ? ? .. စပ်စုတာ ပါ .. ချစ်ကောင်းကလည်း ဖွေးနေတာပဲ နော် ...
သဇင်လေးအကြောင်း သပ်သပ် တပုဒ်ရေးပြ ပါ ...း)

မဆုမွန် said...

တော်တော်ဆိုးတာပဲနော် အဲ့တာသပ်သပ်မယ့် ဖျက်လိုဖျက်ဆီး စိတ်ရှိတယ် ပြောရမယ် ငါလုပ်ချင်တာလုပ်မယ် ဘယ်သူဂရုစိုက်ရမလဲဆိုတဲ့ သဘောပေါ့ အမျိုးသမီးဧည့်သည်တွေ သောင်းကျန်းပြီး အစားတွေ အကုန်စားသွားတာကို ဖတ်ပြီး ရယ်ချင်သွားတယ် သူတို့လည်း တော်တော်ဆိုးတာပဲနော် လူဇိုးတွေကြီးပါလား

လူရိုင်းလေး said...

အရှင်တော်မြတ် အရိုင်းလေးကို တောင့်တတော် မူနေလား ဝက်ဝံလေး (တောဝက်) အခု ငါကိုယ်တော် ရောက်တော်မူ လာလေပြီတကား
ငါ့ကို စော်ကားရင် Nigara Fall ကနေ မြောပြီး ရန်ကုန်မြစ်ထဲ ပြန်ရောက်သွားမယ်နော် ပြီးမှ အိမ်နောက်ဖေး လမ်းကြားက မြောင်းထဲမှာ ပေါ်လာအုံးမယ် သတိထား ကြားလား

Nge Naing said...

ကိုဇော်ရေ လာဖတ်သွားပါတယ်။ ဓါတ်ပုံတွေလည်း ကြည့်သွားပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲလေ။ အဆိုတော်တွေတော့ အဝေးရောက် မြန်မာတွေကို သိပ်အထင်သေးသွားမှာပဲ ထင်တယ်။ ကိုဇော်တို့ဆီလာတဲ့ အဆိုတော်တွေ ဒီကိုလည်း လာဖူးပါတယ်။ သူတို့ ဆစ်ဒနီကိုလည်း တနှစ်ကျော်လောက်က ရောက်ဖူးတယ်။ ဆစ်ဒနီမှာလည်း ပြီးခဲ့တဲ့ စနေနေ့က မြန်မာပြည်က အနုပညာရှင်တွေကို ဖိတ်ပြီး နာဂစ်ဖြစ်ခဲ့တဲ့ ဒေသက မိဘမဲ့ကလေး စာသင်ကျောင်းတွေအတွက် ရန်ပုံငွေပွဲလုပ်တာ ကိုယ့်လူတွေ လာနှောင့်ယှက်ပြီး ပွဲပျက်မှာကို စိုးရိမ်နေခဲ့သေးတယ်။ ဒါပေယ့် ဘာမှမဖြစ်လိုက်ဘူး တော်ပါသေးရဲ့။ အလုပ်များလို့ ပို့စ်အသစ်မတင်ဖြစ် ဘလော့ဂ်သိပ်မလည် ဖြစ်ဘူး ကိုဇော်ရေ။

Angel Shaper said...

အော်....အပေါ်က သတ္တ၀ါလေး အိမ်တကာပါလားနော့် ဟွန်းးးးးးးးးး
ညင်ကတ်လာပီနော်။
ကိုဇော်ရေ... ဖတ်သွားတယ်။ အဆိုတော် ဖြစ်ချင်တဲ့ သမီးကြီး ရင်တောင်မောတယ် အလဲ့။
ဓာတ်ပုံတွေလဲ ကြည့်သွားပါတယ်နော်။

HRmyanmar said...

ရောက်တယ် ကိုဇော်ရေ.. ပုံတွေကော စာတွေကာ အားပေးသွားတယ်ဗျို့ မိုက်တယ်ဗျာ

ahphyulay said...

ဒီလို လူမျိုးတွေများနေလို့  ဒီလိုလူတွေ အုပ်ချုပ်
လို့ ရနေတာပါလို့ ထင်တာပဲဗျာ။ ဘာပဲပြောပြော
ပို့ (စ)လေးဝင်ဖတ်မိရင်းကြည်နူးမိတာအမှန်ပါ။

rose of sharon said...

ကိုဇော်ရေ.... ဖတ်ပြီးဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်... လူမျိုးခြားတွေ ကိုယ့်မြန်မာလူမျိုးကို ဒီလိုလူတချို့ကြောင့် အထင်သေးမှာ စိုးရိမ်တယ်...