
အာဆီယံခေါင်းဆောင်များ စည်းဝေးပွဲအပြီးမှာ အိမ်ရှင် စင်္ကာပူဝန်ကြီးချုပ်က ဇိမ်ခံသင်္ဘောကြီးတစင်းပေါ်မှာ ညစာစားပွဲကျင်းပပေး၏။ နဲနဲညနက်လာတော့ ခေါင်းဆောင်ကြီးတွေ နဲနဲထွေလာကြသည်၊ ထိုစဉ်မှာ မလေးရှားဝန်ကြီးချုပ်က အလွန်အရသာရှိသော ပန်းသီးများချကြွေးကာ ဘယ်လိုလဲ စားလို့ကောင်းလား ဟုမေးလေသည်။ အားလုံးက အရမ်းအရသာရှိလိုက်တာဟု ဖြေဆိုကြလျှင် ပန်းသီးတောင်းများယူ၍ ရေထဲပစ်ချလိုက်၏၊ အားလုံးက ဘာဖြစ်လို့လဲ မေးသောအခါ ကျွန်တော်တို့ဆီမှာ ဒါမျိုးတွေက ပေါလွန်းလို့ဟု ခပ်ကြွားကြွားလေး ဖြေသည်။
အိမ်ရှင်ဝန်ကြီးချုပ်ကလည်း အားကျမခံ အလွန်အရသာရှိသော ချော့ကလက်တွေ ချကြွေးရင်း ချော့ကလက် ပါကင်များကို ရေထဲပစ်ချပြကာ ကျုပ်တို့ဆီမှာ ဒါမျိုးအရမ်းပေါတာဟု ၀င့်ကြွားစွာဆိုပြန်လေသည်။
ကျန်ခေါင်းဆောင်များက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြွားစရာရှာစဉ်းစားကြ၏။ ဒါပေမယ့် သိကြတဲ့အတိုင်း အာဆီယံ ၁၀ နိုင်ငံထဲမှာ သူတို့ ၂ နိုင်ငံကို ယှဉ်နိုင်သူက မရှိသလောက် ….
အဲ့ဒီအချိန်မှာ မြန်မာခေါင်းဆောင်က ၀ုန်းကနဲထရပ်ပြီး သူ့လူတွေဘက်ကို ကြည့်ကာ ဟေ့ တယောက် လာစမ်းဟု ခပ်မာမာလှမ်းခေါ်လိုက်သည် …
ထိုအခါ ပုခုံးအပေါ်တွင် အခွေအခက်များ တလက်လက်တောက်ပြောင်နေသော မြန်မာစစ်ဗိုလ်ချုပ် တစ်ယောက်က ခပ်ကုပ်ကုပ်လေး သူ့အနားမှာလာရပ်၏ ။ ခေါင်းဆောင်ကြီးက ထိုစစ်ဗိုလ်ချုပ်၏ လည်ကုတ် ကို ကိုင်ကာ သင်္ဘောဝရန်ဒါ အနီးသို့ ဆွဲခေါ်သွားပြီး ရေထဲသို့ဆောင့်ကန်ချလိုက်လေသည် … ပြီး နေရာသို့ ပြန်လာပြီး ကြောင်အမ်းအမ်းနှင့် သူအားဝိုင်းကြည့်နေသူ အားလုံးကို ၀င့်ကြွားကြွားကြည့်လိုက်ရင်း …..
“ကျုပ်တို့ဆီမှာ ဗိုလ်ချုပ်တွေ အရမ်းပေါတယ်ဗျာ” ဟု ပြောလိုက်လေတော့သည်။
(တင်ပြသူ - moekenlay)
(မှတ်ချက် - မေးထဲက ရလာတဲ့ ဟာသလေးတခုပါ ရင်ဘတ်တူသူများ ငါးထောင် ဖိုးလောက် ခံစားသွားနိုင်ပါတယ်ဗျာ)
ကိုဇော်
14 comments:
သဘောကျသွားတယ် ကိုဇော်ရေ့ ။ ဟာသကို ပြောတာပါ :P
ဟုတ်ပါ့။ ပေါပါ့။
ပြည်သူ သိတဲ့ ဗိုလ်ချုပ်ဆိုတာတော့ တယောက်တည်းပါ။
မအယ်
သိပ်ကောင်းတဲ့ ဟာသလေးပဲ။ မျှဝေပေးတာ ကျေးဇူးပဲ။ ဒါကိုဖတ်ပြီး အီရတ်ကို အမေရိကန်တိုက်တုန်းက အော်စီစစ်တပ်တွေ ပို့ပေးလို့ လစ်ဘရယ် အစိုးရကို သရော်တဲ့ ဟာသတခုကို သတိရမိတယ်။ အဲဒီဟာသမှာ အဲဒီချိန်က အော်စီဝန်ကြီးချုပ် John Howard မျက်နှာနဲ့ ခွေးပုံကို ဆွဲပြီးတော့ အဲဒီခွေးကို အမေရိကန်သမ္မတ ဘုရှ်က ကြိုးနဲ့ ဆွဲခေါ်နေတဲ့ ကာတွန်းကို သတင်းစာထဲမှာ ဖေါ်ပြထားတာကို ၀န်ကြီးချုပ် John Howard တွေ့တော့ ရီပြီးတော့ တော်တော် နောက်တဲ့ကောင်တွေပဲ ဆိုတာပဲ ပြောတယ်။ မြန်မာပြည်မှာ အဲဒီလိုသာ ပါရင်တော့ သတင်းစာတိုက်လည်းပြုတ်ပြီး ရှိရှိ ပတ်သက်သူ အားလုံးလည်း ထောင်ကျမှာ သေချာတယ်။ အခုလည်း ဒီလိုဟာသမျိုးကို မြန်မာပြည်မှာသာ ဖေါ်ပြလိုက်ရင် ရှိရှိသမျှ ထောင်နန်းစံရဖို့ သေချာတယ်။
ကိုဇော်ရေ အပေါ်က မေးလ်က အစ်မမှတ်ချက်ပါ။ အစ်မ အမျိုးသား မေးလ်နဲ့ ၀င်သွားတာ ဆောရီးပဲ။
ဟုတ်ပါ့ကိုဇော်ရ
သဘောကျသွားတယ်..း)
အလဲ့ လိုင်းပြောင်းပြီး ဟာသရေးတော့မလို့လား လူဂျီးရေ ဟိဟိ ရီရတယ် ဗြဲဟဲဟဲ
သဘောကျတယ် ကိုဇော်ရေ..
yu ya
ဟာသဆိုပေမယ့် တကယ့်အဖြစ်မှန်လည်းပဲဖြစ်ပါတယ်
ပေါလွန်းလို့ဗျာ
အကုန်တန်းစီပြီးရေထဲပစ်ချလိုက်ဖို့
ကောင်းတယ်
သဘောကျတယ်ဗျိုးးးး
ရင်ဘတ်တူသူငါးထောင်ဖိုးဆိုတာကဘာတုန်းဗျာ ငါးထောင်တန်ငွေစက္ကူလား :P
ပြောပြဦးလေကိုဇော်ရေးးးးးးးးးးး
ဟဲဟဲ..
ဒီလို အကောင်တွေ ရေထဲကန်ချလိုက်တာတောင် စားမဲ့  ငမန်းတွေ မရှိကြဘုး ... ရွံ စ ရာ တွေ နဲ့  ပေါလွန်းလို့ တဲ့  ...
ပေါလွန်းလို့တဲ့။ တကယ်ထိတယ်။
ပေါလွန်းတယ် ဟုတ်ပါ့ ရေထဲသာကန်ချတဲ့ ကန်လိုက်လေ
ရေထဲကန်ချလိုက်တာက ရေညစ်ပတ်နေသေးတယ်..
မီးရှို့လိုက်ရမှာဗျ...နော်...
ငါးထောင်ဖိုးလောက်ခံစားသွားပါတယ်
ငါးထောင်တန်တအုပ်ဖိုး ခံစားသွားတယ် ကိုဇော်ရေ...
းဝ)
Post a Comment