“တလုပ်စားဖူး သူ့ကျေးဇူး” တဲ့ ဒီစကားဟာ မြန်မာလူမျိုးတွေရဲ့  ရိုးစင်းသော မေတ္တာ၊ စေတနာတွေကနေ စတင်မြစ်ဖျားခံလာတဲ့ ဝေါဟာရလေး တခုဆိုရင် မမှားပါဘူး .... စစ်တပ်အပေါ် စစ်သားများက သစ္စာရှိနေလို့ ယနေ့ စစ်တပ်ဟာ တိုင်းပြည်အာဏာကို မြဲမြံစွာ စုပ်ကိုင်ထားနိုင်တာပါ၊ ကျနော်တို့ကလည်း ပြည်သူကို ချစ်တဲ့ ပြည်သူပြည်သားမှန်တယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ တကယ်တမ်း စစ်မှန်တဲ့သစ္စာတရားတွေ မြဲမြံနေမယ် ဆိုရင် ကျနော်တို့ ပြည်သူ ပြည်သားတွေလည်း အမြန်ဆုံး လွတ်မြောက်မှုကိုရကြမှာပါ။
....................
ယနေ့ထောင်အသီးသီးမှာ ရောက်နေကြတဲ့ အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်တွေထံမှာ ကျနော်တို့ ထမင်းတလုပ်စားဖူးမှ ကျေးဇူးတင်ရခြင်းမဟုတ်ပါ၊ မြန်မာပြည်ကြီး လွတ်မြောက်ဖို့ မိမိတို့ရဲ့  အသက်သွေးချွေးတွေကို စတေးနေတဲ့ ဒီကျောင်းသားခေါင်းဆောင်တွေရဲ့  ကျေးဇူးတရားဟာ မြင်းမိုရ်တောင်မက ကြီးမားလှပါကြောင်း ကျနော်သတ်မှတ်လိုပါတယ် .... ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟာလည်း မြတ်သောအလုပ်တခုပါ၊ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့  (၄၇) နှစ်မြောက် မွေးနေ့တွင် ကိုမင်းကိုနိုင်အား ဤနေရာမှ ရှီခိုးကန်တော့၍ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် .... ဤယနေ့မှသည် ကိုမင်းကိုနိုင်တယောက် ကျမ္မာရွှင်လန်း၍ ဘေးဘယာ ရောဂါများကင်းဝေးကာ စစ်အာဏာရှင် စနစ်တို့ကို တွန်းလှန်နိုင်ပြီး အကျဉ်းထောင်ထဲမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ....
.................
(မှတ်ချက် - စနစ်တကျ မရေးနိုင်ဘဲ အထက်က ဗီဒီယိုဖိုင်လေးဖြင့်သာ ပိုစ့်လေးတခုရအောင် ဆားချက်လိုက်တာကို နားလည်ပါရန်)
(မှတ်ချက် - စနစ်တကျ မရေးနိုင်ဘဲ အထက်က ဗီဒီယိုဖိုင်လေးဖြင့်သာ ပိုစ့်လေးတခုရအောင် ဆားချက်လိုက်တာကို နားလည်ပါရန်)
ကိုဇော်
7 comments:
ဝေးးးးးးးးးးးးးးး
တစ် တစ် တစ် လို့ အော်ခွင့်ရတာ။
မယ်မယ်ကိရယ်။ ပါးလုံးရယ်။ ၀က်ရယ်။ မြူးရယ် မရောက်သေးလို့ပါ။
ကိုမင်းကိုနိုင် အတွက် ကိုဇော်နဲ့ ထပ်တူ မွေးနေ့ ဆုတောင်းလေးပြုလိုက်ပါတယ်။
ဒီမွေးနေ့မှစ ကိုမင်းကိုနိုင် တစ်ယောက် ဘေးဘယာ ရောဂါကင်းလို့ အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သော အသီးအပွင့်များကို မကြာခင် ကျန်းမာ ရွှင်လန်းလွတ်လပ်စွာ ဆွတ်ခူးနိုင်ပါစေဗျာ။။။။။။
ကို မင်းကိုနိုင်တယောက် အာဏာရှင်တို့  မတရား နှိပ်စက်ညှင်းပန်းခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး ၊ တောင်းတသော ဆန္ဒများ ပြည့်စုံရပါစေ ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ် ။
ကိုမင်းကိုနိုင် ကျန်းမာချမ်းသာပါစေခင်ဗျာ..............
ကိုဇော်နဲ့ တူ ဆုတောင်းသွားပါတယ်။
ပြည်သူ့ အခွန် စားသုံးကြသူတွေ ပြည်သူတွေပေါ် သိတတ်ပါစေလို့ လည်း ဆုတောင်းလိုက်ပါတယ်။
မအယ်
ကိုမင်းကိုနိုင်ကို ကျနော်အပြင်မှာမသိပါ
အပြင်မှာမတွေ့ဖူးပါ ဘာမှလည်းမပတ်သက်ဖူးပါ ဒါပေမယ့် သူ့ရဲ့ပြည်သူအတွက်စွန့်လွတ်အနစ်နာခံတဲ့အာဇာနည်စိတ်ဓါတ်အတွက် သူဟာ ကျနော်လေးစားရတဲ့ HEROတစ်ယောက်ပါ
ကိုမင်းကိုနိုင်ကျန်းမာပါစေ
အာဏာရှင်စနစ်ဆိုးပပျောက်ပါစေ ။
သူရဲကောင်းမင်းကိုနိုင် တယောက် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်နော်
.....
လူဂျီး ပျောက်ပျောက် ဘာလုပ်နေတုံး အပေါ်က အိန်ကျယ်တော့ ငါ မရှိတုံး သောင်းကျန်းသွားတယ် မလား ဟွန်းးး
ကောက်တယ် ကွေးတယ် ဘယ်လိုမှ ပြန်မဖြန့်ဘူး ဒါဗြဲ ၁ မရလို့ သွားမယ် လိုက်ထော်နဲ့ ဒုန်းးးးးဒုန်းးးးးးးးးး
Post a Comment