ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, November 20, 2009

ပြည်သူ


မြန်မာနိုင်ငံတွင်ဖြစ်သည်။

ဦးနေ၀င်းအား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်းတင်ပြသည်။
ဦးနေ၀င်းက ပြည်သူတွေကို “မိုးပေါ်ထောင်မပစ်ဘူး” ဟု ခြိမ်းခြောက်လေ၏။

ဦးမောင်မောင်အား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်း တင်ပြသည်။
ဦးမောင်မောင်က “မစောင့်နိုင်ကြတော့ဘူးလား” ဟု ချော့လေ၏။

ဦးစောမောင်အား လက်အောက်ငယ်သားများက ပြည်သူတွေ မငြိမ်သက်ကြောင်း တင်ပြသည်။
ဦးစောမောင်က “ကျုပ်တို့ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဟု ကတိပေးလေ၏။

ဦးသန်းရွှေအား လက်အောက် ငယ်သားများက ပြည်သူတွေမငြိမ်သက်ကြောင်း တင်ပြသည်။
ဦးသန်းရွှေက “ ဘာ … ပြည်သူ တွေ … ဟုတ်လား … ဘယ်ကလူတွေလဲ၊ ပြည်မြို့ ကလား ? ” ဟု ပြန်မေးလေ၏။

တင်ပြသူ (Clinton)
(မှတ်ချက် - Forward မေးက ရထားတဲ့ ဟသလေးကို မျှဝေးပေးလိုက်တာပါဗျာ)

9 comments:

သူကြီးမင်း (တုံးဖလား) said...

ပြည်မြို့သူတွေ ချောတယ်လို့တော့ ကြားဖူးသား။ အဲဒါကြောင့် အဲဒီလို ပြောတာထင်ပါရဲ့ ။

ပျော်ရွှင်ပါစေ။

Anonymous said...

ဟုတ်လား ????? ပြည်မြို့ ကသူတွေ ကချေားကြလို့ လား???????????????
မြူးလေး

လူရိုင်းလေး said...

တစ်ခါမှ ပြည်မြို့ကို မရောက်ဘူးတာ နာတယ်ကွာ မဟုတ်ရင် လက်တွေ့ အချောလေးတွေ ကြည့်ရမှာ ဟဲဟဲ :)

kiki said...

ဒီလဒ အိုကြီးက တပြည်သူ မရွှေထား ကို မျှော်နေတာ ထင်ပါရဲ့ ..း))))

မမသီရိ said...

း))

ကိုဇော်.. နေကောင်းလား

Anonymous said...

ငနွားကြီးသန်းရွေက
ပြည်သူဆိုတာ သိမှတော့
မြန်ပြည်ကြီး ဒီလောက်ဖြစ်နေဖို့ မှ မရှိတာ

ဂျူနို said...

ဦးနေ၀င်းက ပြည်မြို့နားက ကိုး။ ဒါ့ကြောင့် သန်းရွှေတုန် သွားတာ နေမယ်။

မအယ်

Nge Naing said...

ကိုဇော်ရေ
အဲဒါ ဟာသ မဟုတ်ဘူးလေ။ အဟုတ်ပဲ သူတို့ဒီလို ပြောခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ဆိုရင် ဆန္ဒမစောကြပါနဲ့ လို့ ရေဒယိုမှာ မကြာခဏ ပြောတာကို နားထဲက အခုထိကြားယောင်နေတယ်။ စောမောင်လည်း မေလရွေးကောက်ပွဲမှာ မဲပေးဖို့ အသွားမှာ သူ့ကို သတင်းထောက်က မေးတော့ နိုင်တဲ့ပါတီကို အာဏာ ချက်ချင်း လွဲပေးမယ်လို့ ပြောတာ TV ထဲမှာ အခုထိ မြင်ယောင်နေသေးတယ်။

ကိုလူထွေး said...

အပေါ်က သုံးခုက အကြောင်းအရာအားဖြင့် အမှန်တွေပါ...

နောက်ဆုံးတခုကလည်း ဆိုလိုချက်ကဖြင့် မမှားလောက်ပါဘူးနော့်...

းဝ)