ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, January 8, 2010

ABOUT MONEY



WITH MONEY YOU CAN BUY A HOUSE, BUT NOT A HOME.


WITH MONEY YOU CAN BUY A CLOCK, BUT NOT TIME.


WITH MONEY YOU CAN BUY A BED, BUT NOT SLEEP.


WITH MONEY YOU CAN BUY A BOOK, BUT NOT KNOWLEDGE.


WITH MONEY YOU CAN SEE A DOCTOR, BUT NOT HAVE GOOD HEALTH.


WITH MONEY YOU CAN BUY A POSITION, BUT NOT RESPECT.


WITH MONEY YOU CAN BUY BLOOD, BUT NOT LIFE.


WITH MONEY YOU CAN BUY SEX, BUT NOT LOVE. ……


THIS CHINESE PROVERB BRINGS LUCK. IT ORIGINATED FROM THE NETHERLANDS. THIS PROVERB HAS GONE AROUND THE WORLD 8 TIMES. NOW IT IS YOUR TURN TO HAVE GOOD LUCK ONCE YOU HAVE RECEIVED IT! THIS IS NOT A JOKE YOUR LUCK WILL ARRIVE BY MAIL OR VIA THE INTERNET JUST SEND A COPY TO THE PEOPLE WHO REALLY NEED LUCK. DO NOT SEND MONEY, BECAUSE YOU CANNOT BUY LUCK, AND DO NOT KEEP IT FOR MORE THAN 4 DAYS. ONE MAN, GOT HIS FIRST COPY OF THE PROVERB IN 1953 AND ASKED HIS SECRETARY TO MAKE HIM 20 COPIES. NINE HOURS LATER HE WON 99 MILLION IN THE LOTTO. START SENDING!


အထက်ကစာနဲ့ ဆင်တူလေးတွေကို ငယ်ငယ်က အလယ်တန်း ကျောင်းသားဘ၀နဲ့ အထက်တန်း ကျောင်းသား ဘ၀ များတုံးက တွေ့ခဲ့ဖူးတယ်၊ ခလေးဘ၀က ဆိုတော့ အသိတရားထဲကို ဗျာများစေခဲ့တယ်၊ ဇဝေဇ၀ါတွေ ဖြစ်စေခဲ့တယ်၊ တကယ်ပဲလား? ယုံရမှာလား? ဆိုသော မေးခွန်းတွေနဲ့ အတူ အကြောက်တရားတွေ၊ အယုံ တရားတွေနဲ့ ဖြတ်သန်းခဲ့ရတယ်၊ တချို့စာတွေမှာဆို တကယ် မဝေပေးရင် ဘယ်လို ဒုက္ခရောက်မယ်၊ ဘယ်လို တွေ့ကြုံရမယ် ဆိုတာတွေနဲ့တောင် ခြောက်လှန့်ထားသေးတယ်၊ ဒီလိုစာမျိုးတွေဟာ အာရှဘက်က လုပ်တာများပြီး အများအားဖြင့် Chinaရဲ့ ယဉ်ကျေးမှုတွေ ဖြစ်နေတယ်၊ ဒီလိုမျိုးစာတွေကို အခုအချိန် ယူအက်စ်ကို ရောက်နေသည့် တိုင်တောင် နိုင်ငံတကာက လူမျိုးပေါင်းစုံက စာတွေ ဝေမျှတဲ့ အကျင့်ကို ဆက်လက် ကျင့်သုံးနေတာကို တွေ့နေရပြန်ပါတယ်၊ ဒီစာလေးကို မနေ့က အမေရိကန် သူငယ်ချင်း တယောက် text massage ပို့လိုက်လို့ ရထားတာပါ၊ ဒါမျိုးတွေကို အားလုံးလည်း တွေ့ဖူးကြမှာပါ၊ မတွေ့ဖူးသေးတဲ့ လူတွေလည်း ပိုက်ဆံရဲ့ တန်ဖိုးရှိကြောင်းကို သိရအောင်နဲ့ ငယ်ငယ်က ဘ၀များကို ပြန်ပြောင်း သတိရနိုင်အောင် အတွက် ဖေါ်ပြပေးလိုက်တာပါ။

(မှတ်ချက် - ဓါတ်ပုံကို စာနဲ့ လိုက်အောင် ကိုယ့်ဟာကို အင်တာနက်ထဲကနေ ရှာပြီး ထည့်ပေးလိုက်တာပါ - ဓါတ်ပုံကို အောက်ပါလင်ခ့်မှ ရရှိသည်)
http://uk2.net/blog/wp-content/uploads/mooooney.jpg

ကိုဇော်

7 comments:

Anonymous said...

ဆားချက်တယ်ပေါ့လေ ဟုတ်လား
ကိုလူထွေးဆီက ဆားတွေယူပြီး ချက်တာလား

HRmyanmar said...

လေ့လာမှတ်သားရန်ရောက်ခဲ့ ပါတယ်ခင်ဗျာ
ခုချိန်ထိ ဇဝေဇ၀ါဖြစ်နေတုန်းပဲး)

Nge Naing said...

ကိုဇော်ရေ လာဖတ်သွားပါတယ်။ ပိုက်ဆံပေးဝယ်လို့ မရတာတွေ အများကြီး ရှိတယ်ဆိုပေမဲ့ အခုခေတ်မှာ ပိုက်ဆံနဲ့ပဲ အလဲအလည် လုပ်နေရတော့ ပိုက်ဆံက လူတွေအတွက် အဓိကအကျဆုံး အခန်းကဏ္ဍမှာ နေရာယူနေတာကိုတော့ ငြင်းလို့မရပါဘူး။ သတိတရားရအောင် အသိပေးတဲ့တဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

တရုတ်စကားပုံက ဘယ်နှယ်လုပ် နယ်သာလန်ကနေ လာတာလဲဗျ...

email နဲ့ ပို့တာ ရဖူးပါတယ်.. မှတ်သားစရာမို့ နှစ်သက်မိပါတယ် ကိုဇော်ရေ...

းဝ)

Khyl said...

လာလည်သွားပါတယ် ကိုဇော်ရေ..

သူကြီးမင်း (တုံးဖလား) said...

money is second God.
Money makes easy.

အခုဆိုရင် မန်းနီးဟာ ပထမနေရာတောင် ရောက်နေသလိုလိုပါဘဲ။

အပျော်တွေ ပျော်ဝင်နိုင်ပါစေဗျာ။

သီဟသစ် said...

ကိုဇော်ရေ

နှစ်သစ်မှာ ခြေလှမ်းသစ်တွေနဲ့ ပျော်ရွှင်စွာ စတင်နိုင်ပါစေဗျာ

:)

ခင်မင်စွာဖြင့်
သီဟသစ်