ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Monday, January 4, 2010

အကျင့် နှင့် ပတ်သက်သော တရားခံ


လူတွေမှာ အကျင့် အမျိုးမျိုး ရှိတတ်ကြပါတယ်၊ ကောင်းသော အကျင့်တွေဟာ ကောင်းကျိုး တွေကို ပေးတတ် သလို၊ မကောင်းသော အကျင့် တွေဟာလည်း ဆိုးကျိုးတွေ ပေးတတ်ကြ ပါတယ်။

ဒီအကျင့်နဲ့ ပတ်သက်လို့ ကျနော့်မှာ တင်ပြစရာလေးတွေ ရှိနေပါတယ်၊ ဝေမျှချင်တယ် ဆိုရင် ပိုပြီး မှန်လိမ့် မယ်လို့ ယုံကြည် မိပါတယ်၊ ဒီဘလောဂ့်လေး ရေးဖြစ်တဲ့ ရည်ရွယ်ချက် ကိုက ကျနော် နေနေတဲ့ မြို့က မြန်မာနိုင်ငံသားများ အကြောင်းတွေကို တင်ပြခြင်လို့ ဆိုတော့ ရေးသင့်တယ်လို့တော့ ထင်တာပဲ၊ ပြဿနာရဲ့ အစက ဖိနပ်အကြောင်း ကပါ။
........
အမေရိကန် အရှေ့ပိုင်း ရဲ့ ဆောင်းတွင်း ရာသီဥတုဟာ အအေးဓါတ် လွန်ကျူးပါတယ် ဒီကနေ့လို ရာသီမှာ အအေးချိန်ဟာ မိုင်းနက်စ် ၀န်းကျင်နှင့် မိုင်းနက်စ် အောက်ကို မကြာခဏ ရောက်နေ တတ်ပါတယ်၊ ဒီလို ရာသီမှာ ဆောင်းတွင်းခံ အ၀တ်အစားများ နှစ်ထပ် သုံးထပ် နှင့် စနိုးခံ ဖိနပ်များ ၀ပ်လေ့ ရှိတတ်ကြ ပါတယ်၊ အမေရိကန်မှာ မွေးပြီး အမေရိကန်မှာ ကြီးပြင်းကြတဲ့ လူမျိုးများဟာ ဒီလိုပဲ အမြဲ ၀တ်ဆင်လေ့ ရှိကြပါတယ်၊ အအေးဒါဏ် ကာကွယ်နိုင်ရန်နှင့် အအေးကြောင့် ဖြစ်တတ်သော ရောဂါများမှ ကာကွယ်နိုင်ရန် ဖြစ်ပါတယ်။

အဖြူတွေထက် အစွမ်းထက်သော မြန်မာနိုင်ငံသားများမှာ ပူနွေးသော ဒေသမှာ မွေးဖွား ကြီးပြင်းလာပြီး၊ ဒီ အအေးလွန် နိုင်ငံများ ရောက်တော့ သူတို့လို မ၀တ်ဆင်ကြပဲ၊ ခြေအိတ်များ စွပ်ကာ ခြေညှပ် ဖိနပ်များနှင့် လမ်းသလား နေကြပါတယ်၊ ဒါကြောင့် Flu နှင့် Allergy အမျိုးမျိုး ဖြစ်ကြကာ ဆေးရုံ ဆေးခန်း များတွင် တန်းစီလျှက် ရှိနေတတ်ကြပါတယ်၊ ဒါကို မနှစ်မြို့တဲ့ ဆရာဝန်များက အအေးလုံခြုံသော အ၀တ်အစားများနှင့် Shoes များ Boots များ ၀တ်/စီး ကြရန် မကြာခဏ တိုက်တွန်းတတ် ကြပါတယ်၊ ကိုယ့်မြန်မာနိုင်ငံသား များကလည်း နဂိုတည်းကမှ စကားက သိပ်နားထောင် တတ်ကြတာကိုး၊ သူတို့ ကြောက်တာဆိုလို့ စစ်တပ် တခုတည်းပဲ ရှိကြတယ် ဆိုတော့၊ သာမန် ကျန်းမာရေးအရ ယဉ်ကျေးမှု အရ ပြောသော စကားများကို နားထောင်လေ့ မရှိကြပါ၊ နောက်တကြောင်းက သူတို့ကို ပြောလည်း သူတို့က စကားနားမလည်ကြတော့၊ စကားပြန် လုပ်ရတဲ့ လူများသာ နားမကြား ၀ံ့သာ ဖြစ်နေရတယ်လေ၊ နားလည်နေတော့ ကိုယ့်လူမျိုးကို သိက္ခာ ကျစေတဲ့ စကားများကို နာမိရတော့ တာပေါ့။

ဒီပြဿနာရဲ့ အဖြေကို လိုက်ရှာကြည့်တော့ ဒီမြို့ကို ရောက်လာတဲ့ မြန်မာနိုင်ငံသားများဟာ မြန်မာနိုင်ငံရဲ့ နယ်မြေ ဒေသ အသီးသီးက ဖြစ်ကြပြီး၊ အများစုမှာ ဝေးလံ ခေါင်ဖျားသော နယ်စပ် ဒေသများမှ ဖြစ်ကြပါတယ်၊ အများစုမှာလည်း တိုင်းရင်းသားများ ဖြစ်ကြပါတယ်၊ ဒီနယ်မြေ ဒေသများမှာ နေထိုင် ကြီးပြင်းလာကြတဲ့ မြန်မာနိုင်ငံ သားများဟာ အုပ်ချုပ်သူ လူတန်းစားများရဲ့ ဥပက္ခာ ပြုမှုများ ကို နှစ်ပေါင်းများစွာကပင် ခံလာခဲ့ ရပါတယ်၊ အနီးစပ်ဆုံးကို ပြောရမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်နေတယ်လို့ ပါးစပ်ကသာ ပြောပြီး တဘက်မှာ သူတို့ကို နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ်စက်နေလျှက်ပါ။

ဒီတော့ နယ်စပ်ဒေသမှာ ကြီးပြင်းလာကြတဲ့ မြန်မာနိုင်ငံသားများရဲ့ ကျန်းမာရေး နှင့် လူနေမှု အဆင့် အတန်းများမှာ အလွန်အမင်းပင် နိမ့်ကျလျှက် ရှိနေပါတယ်၊ ဖိနပ် မစီးတတ်ခြင်း အလေ့အကျင့်ဟာ ကျန်းမာရေး အရ သောလည်းကောင်း လူနေမှု အဆင့်အတန်း အရ သောလည်းကောင်း၊ လူမျိုး တမျိုး၊ နိုင်ငံသား တခု၏ တိုးတက်မှု အဆင့်အတန်းကို တိုင်းဆ လို့ ရနေပါတယ်။

ဒီတော့ ကျနော်တို့ လက်ရှိ နေထိုင် နေသော မြို့မှ မြန်မာနိုင်ငံသား အချို့ ဖိနပ်မစီး တတ်ခြင်းမှာ အုပ်ချုပ် သူအစိုးရများနှင့် တိုက်ရိုက် ပတ်သက် နေပါလားလို့ သုံးသပ်မိရင်း မိမိနိုင်ငံသားများအား အပြစ်မယူ လိုတော့ကြောင်း သဘောပေါက် လိုက်မိပါတယ်။

(မှတ်ချက် - စိတ်အလို မကျမှုများကို အနှစ်ချုပ်သာ ရင်ဖွင့်မိခြင်း)

ဓါတ်ပုံကို အောက်ပါလင့်ခ်မှ ရရှိပါတယ် .......

7 comments:

မြစ်ကျိုးအင်း said...

ဖိနပ် စစ်ဆင်ရေးတရပ်ကို ဆက်လက် ဆောင်ရွက်ပါ ရဲဘော် .....။

အပူချိန် ၁၀ လောက်မှာတောင် အအေးဒဏ်မခံ နိင်လို့ အောက်ခဏ ဆင်းရင်တောင် လုံလုံခြုံခြုံ ဖိနပ်ဝတ်ရတယ်။

အဲဒီမှာသာခြေညှပ်ဝတ်ရင် ခြေပြတ်ကျ မလားဘဲ :)

သူကြီးမင်း (တုံးဖလား) said...

အံ့သြစရာပေါ့ဗျာ။
ဒါပေမဲ့
အမှန်ဆို ကျနော်ကိုယ်တိုင်ကလဲ ညှပ်ဖိနပ် ခပ်ကြိုက်ကြိုက်ရယ်။ ဒီရောက်မှ ရှူးဖိနပ်တွေချည်း စီးနေရလို့ စိတ်ပိန်နေတာ။
အပြင်ထွက်ခါနီး ဖိနပ်စီးချိန်ကို သိပ်မပေးချင်ဘူး။ ဖြုန်းကနဲထွက်ချင်စိတ်ပေါက်ရင် ဖြတ်ကနဲ အမြန် ညှပ်ဖိနပ်စီးပြီးသာ သွားလိုက်ချင်တယ်။

ဒါပေမဲ့
အခုလက်ရှိအချိန် ဒီမှာက မိုင်းနပ် ၅ ရှိနေတော့ ရှူးဖိနပ် မဖြစ်မနေစီးရတော့တာပါဘဲ။

ပျော်ရွှင်ပါစေဗျာ။ ဖတ်ရ မှတ်ရတာပေါ့။ ရွှေအကြောင်း။

မိုးစက်အိမ် said...

ရင်းတွင်းကို ခံစားချက် တစ်ခုကို လာဝေမျှ
ခံစားသွားပါတယ် ကိုဇော်ကြီးရေ . . . အဆင်ပြေ
ပျော်ရွှင် ချမ်းမြေ့ ပါစေဗျာ . . . :)

Unknown said...

လွှတ်ပြီး မထောက်ခံရဲဘူးဗျ။ ကျွန်တော် ကိုယ်တိုင် ညှပ် ဖိနပ်စီးတုံးဘဲ ဆိုတော့လေ.. ဟီးးးးး :lol

ဂျူနို said...

စာမတတ်တာ စကား မတတ်တာတော့ စိတ်မကောင်းဘူး ကိုဇော်ရေ။

လုံးဝ စာမရေးတတ် မဖတ်တတ်တဲ့သူတွေကို စာရေး စာဖတ်က စသင်ပေးတဲ့ အစီအစဉ်လေးတွေလည်း ရှိမယ် ထင်ပါတယ်။

ဘာသာ စကားကိုတော့ တတ်အောင် သင်စေချင်တယ်။

မအယ်

လူရိုင်းလေး said...

ထိမှ နာဆိုသလိုပေါ့ ဖြစ်သွားရင်တော့ နောက်မလုပ်ရဲကျတော့ဘူး ထင်ပါတယ်ဗျာ ကျွန်တော်တောင် ဆောင်းတွင်းမှာ အနွေးထည် ပါးပါးလေးဝတ်လို့ ဖျားသွားတာ အခုတော့ ထူထူပဲ ဝတ်တော့တယ် ကြောက်သွားပြီလေ ဟဲ ဟဲ

ကိုလူထွေး said...

ကိကီရေးတဲ့ ဖိနပ်အသစ်နဲ့လမ်းလျှောက်တဲ့ ခြေလှမ်းသစ် အကြောင်း သတိရမိတယ် ကိုဇော်ရေ...

ကျန်းမာရေးအသိရှိကြဖို့ ပညာပေးပွဲတွေ လုပ်ပေးရလိမ့်မယ် ထင်ပါတယ်...