ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, January 17, 2010

I Have a Dream

မနက်ဖြန် January 15 ရက်နေ့ဟာ မာတင်လူသာကင်း နေ့ပါ၊ ဒီနေ့ကို အမေရိကား ရောက်လာ ပြီးမှသာ ပထမဦးဆုံး ခံစားရဖူးတာပါ၊ ဒီနေ့ကို ရောက်လာတော့၊ ဒီမှာရှိနေကြတဲ့ သူငယ်ချင်းတချို့က ပြောကြတယ်၊ ဒီနေ့ဟာ အမေရီကားက လူမည်းတွေ လွပ်လပ်ရေး ရလာတဲ့နေ့တဲ့၊ တကယ်ဆိုတော့ မဟုတ်ပါဘူး၊ ဒီနေ့ဟာ အမေရီကားရှိ ပြည်သူများ အားလုံးနှင့် ကမ္ဘာပေါ်မှာ ရှိကြတဲ့ နိုင်ငံအားလုံးမှာ မှီတင်း နေထိုင်နေကြတဲ့ ပြည်သူပြည်သားများ အားလုံးကို၊ နိုင်ငံသား အခွင့်အရေးနဲ့ တန်းတူရည်တူအရေးတွေ၊ အသိပေးခဲ့တဲ့ နေ့တနေ့ ပါ၊ ဒီနေ့ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်ကလဲ နှစ်စဉ်လိုလို ကျင်းပလေ့ရှိကြပါတယ်၊ အုပ်ချုပ်မှု စနစ်နှင့် အုပ်ချုပ်သူများ ပေါ်မူတည်ပြီး တချို့နိုင်ငံတွေ ကတော့ဖြင့် မကျင်းပကြပါဘူး၊ ဒေါက်တာ မာတင်လူသာကင်း ဟာ ကမ္ဘာကျော် Civil Right Movement ခေါင်းဆောင်တစ်ဦး ဆိုတာ သမိုင်းမှာ သက်သေတွေ ရှိနေပါတယ်။
သူရဲ့ ကမ္ဘာကျော် မိန့်ခွန်း တခုဖြစ်တဲ့ " I Have a Dream" ဆိုတဲ့ မိန့်ခွန်းလေးကို အမှတ်တရ အဖြစ် အောက်မှာ တင်ပေးလိုက်ပါတယ် ....

8 comments:

Nge Naing said...

ကိုဇော်ရေ
ဗဟုသုတရသွားပါတယ်။ မြန်မာလို ပြန်ပြီး ပြန်တင်နိုင်ရင်တော့ သိပ်ကောင်းမှာပဲ။

သူကြီးမင်း (တုံးဖလား) said...

ဖတ်ပြီး နားထောင်သွားပါတယ်။

စဉ်းစားမိတယ်။
ကျနော်တို့မှာကော အိပ်မက်မရှိနိုင်ဘူးလား။

ဂျူနို said...

ဟုတ်ပါ့ ကိုဇော်ရေ
i have a dream
yes we can တို့က ကမ္ဘာကျော် စကားတွေပဲ။
အားမငယ်ပါနဲ့လေ
ရွေး ကောက်ပွဲ ပြီးရင် စစ်တန်းလျားကို ပြန်မှာပါတို့
စစ်တတ်က သေနပ်ပစ်ရင် မိုးပေါ်ထောင် မပြစ်ဘူးတို့လည်း ကမ္ဘာ ကျော်ပါတယ်။


မအယ်

ahphyulay said...

ကျွန်တော်တို့ ဆီမှာလဲ စေ စားချင်နေတဲ့  အိမ်မက်
လေးတစ်ခု ကတော့ ရှိနေပါဗျာ။ဒီအိမ်မက်လေးက
ဆယ်စုနှစ်တွေ အလီလီ ဖြတ်သန်း ခဲ့ ရပြီး ရာစုနှစ် နား
တောင်ရောက်လာခဲ့  ရပါပြီလေ။ အငွေ့ လေးအဖြစ် ရှိနေ
သေးတဲ့  ဒီအိမ်မက်လေးကို ဝိုင်းဝန်း အကောင်အထည် ဖေါ်
ကြ ပါစို့  ကိုဇော်ရေ.....

သီဟသစ် said...

ကိုဇော်ရေ

We have a dream ပါဗျာ..
တကယ်ဖြစ်လာမည့် အချိန် ဘယ်တော့လဲတော့ မသိ

ခင်မင်စွာဖြင့်
သီဟသစ်

PhyoPhyo said...

We have a dream !!

Anonymous said...

လာဖတ်သွားပါတယ် ကိုဇော်ရေ နောက်ကျနေတဲ့အတွက် စိတ်မရှိနဲ့နော်

Khyl said...

လာလည်တယ် ကိုဇော်ရေ.... အလုပ်တွေ ရှုပ် အရှုပ်တွေလုပ်နေလို့ ခုမှရောက်တယ်... ဆောရီး...