ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Monday, January 25, 2010

တလွဲ

နိုင်ငံရေး ဆိုတာ ……… နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စတွေပါတဲ့ ……. နိုင်ငံရေးဟာ နိုင်ငံတနိုင်ငံမှာ မှီတင်း နေထိုင် နေကြတဲ့ ……. နိုင်ငံသားများ အားလုံးရဲ့ အရေး ကိစ္စများပါတဲ့ ……..

နိုင်ငံရေး သမားများ ကတော့ …. အဲ့ဒီ နိုင်ငံမှာ မှီတင်း နေထိုင်ရင်း အဲ့ဒီ နိုင်ငံရဲ့ အရေး ကိစ္စများကို လုပ်နေကြတဲ့ လူများကို ခေါ်ကြတယ်လို့ ဆိုကြတယ် ….

တချို့ နိုင်ငံရေး သမားများ ကလည်း ….. ဒီလို ဖွင့်ဆိုကြတယ် …… ဆိုက္ကားနင်းနေတာလဲ နိုင်ငံရေး လုပ်နေတာတဲ့ …. တချို့က ထမင်း စားနေတာလဲ နိုင်ငံရေး လုပ်နေတာတဲ့ …… ဆိုက္ကားတွေနင်းရင်း ထမင်းတွေ စားရင်းကနေ … တိုင်းပြည် ဘဏ္ဍာငွေ လည်ပတ်မှုတွေကို လုပ်နေကြလို့လေတဲ့ …..

ဒါဆို ကျနော်ကလည်း …… အိပ်ယာထဲမှာပဲ အိပ်နေတော့မယ်ဗျာ …… ခေါ …………...ခလူး ………………ခွီး ……… ( ဒါလဲ နိုင်ငံရေး လုပ်နေတာပဲလို့ ထင်တယ်? ……)

(မှတ်ချက် - ဘာမှ မလုပ်ပဲ အလကား နေရင်း အိပ်ယာထဲက အော်နေသူ တချို့ဆီသို့)
ကိုဇော်

3 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါ့ဗျာ။
ဒါဆို ကျနော်လဲနိုင်ငံရေးလုပ်လိုက်ဦးမယ်။
ဂလု ဂလု ဂလု။

ပျော်ရွှင်ပါစေဗျာ။

kiki said...

ဘလော့လည်ခြင်းလည်း နိုင်ငံရေးပဲပေါ့ ...
ရေးချင်ရာရေးလည်း နိုင်ငံရေး ဆိုရင်ရော ..
ဝင်ရောတာ. .. ဝင်ရောတာ ... ခလော ခလော..

HRmyanmar said...

တလွဲ နိုင်ငံရေးလာဖတ်သွားပါတယ်
အိပ်ပြီဗျာ ခလော ခလော ခလူး ခလူး :glad: