ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, February 28, 2010

“ငါးထောင်” ဖိုးလောက်

ဒီပိုစ့်လေးရေးထားတာက အတော်တော့ ကြာသွားပါပြီ ရေးဖြစ်သွားတာက ကိုသားကြီး ကြောင့်ပါ၊ မတင်ဖြစ်ခဲ့ တာက ကျနော့်အားနည်းချက် ကြောင့်ပါ အခုတော့ ပိုစ့်မတင်ဖြစ်တာ ကြာသွားလို့ အပြင်းပြေ ဖတ်လို့ရအောင် မိတ်ဆွေများ အတွက် တင်ပေးလိုက်ပါတယ် ……

ဇတ်လမ်းက ဒီလိုပါ ....

ကျနော်ကတော့ အားရပါးရ … ၃ ထောင်ဖိုးလောက် ပါလိုက်မယ်ဗျာ” ကိုRကြီးရဲ့ အပြောပါ၊ “ဟေ့လူ … ခင်ဗျား ၂ ထောင်ဖိုးပဲ ပါဗျာ... မီးမလာသေးဘူးဗျ”၊ ဒါကတော့ ကိုဂျင်ပိရဲ့  လှမ်းအော်လိုက်တဲ့အသံပါ၊ ဒီစကားလုံး အဆန်းတွေ ကြားထဲမှာ အူကြောင်ကြောင် ဖြစ်နေတာက ကျနော်-ငတုံးလေးပါ၊ တဆက်တည်း မှာပဲ “ကိုဇော်ရေ မီးမလာသေးဘူးနော်” လို့ လှမ်းမေးလိုက် သူကတော့ အဆိုတော် ကိုဇော်ပိုင်၊ ကျနော် ကလည်း ရောကောသောကောနဲ့ ခေါင်းလှမ်းညိမ့်လိုက်မိတယ်၊ ဟုတ်ပါတယ် တကယ်တော့ အဲ့ဒီနေ့က မီးတကယ် မလာသေးပါဘူး ……

ဖြစ်ပုံတွေကတော့ ဒီလိုပါ …. ကျနော်တို့မြို့ကို Lazy Club အဖွဲ့သားတွေနဲ့အတူ အဆိုတော်တွေ ရောက်လာတဲ့ နေ့က၊ သူတို့ကို လေယဉ်ကွင်းက သွားကြိုခဲ့ကြတယ်၊ လေယဉ်ကို ၃ နာရီနီးပါးစီးလာခဲ့တော့ တချို့ တွေက အိမ်သာတက်ချင်၊ ရှုးရှုးပေါက်ချင် ခဲ့မိကြတယ်၊ သူသူငါငါပေါ့ အပေါ့တို့ … အလေးတို့… ဆိုတာ လွယ်မထား ကောင်းဘူးလေ၊ အပေါ့ အလေး သွားချင် ခဲ့သူကတော့ ကိုRကြီးပါ၊ လေယဉ်ကွင်းကနေ အိမ်ကို ရောက်ရောက်လာချင်း ရေအိမ်သွားချင်ခဲ့တာနဲ့ .. သူက လှမ်းပြီး အော်ခဲ့တာပါ၊ အော်လိုက်ပုံကတော့ “ကျနော် ကတော့ အားရပါးရ ၃ ထောင်ဖိုးလောက် ပါလိုက်မယ်ဗျာ” ဒီစကားကို စကြားလိုက်ခြင်းမှာ ကျနော်က ကြောင်တောင်တောင်ဖြစ်ခဲ့ပါတယ်၊ ကိုဂျင်ပိကြီး ပြန်နောက်လိုက်တာနဲ့ပဲ ဘာကိုဆိုလိုနေတာလည်း ကိုတော့ … ရန်ကုန်သားပဲဗျာ ဒီလောက်တော့ သဘောပေါက်တာပေါ့ .. သိပ်မတုံးရှာပါဘူး၊ ချက်ဆိုနားကွက်က မီးတောက်ဆိုသလိုပေါ့(ဟဲ..ဟဲ..ဟဲ..) သဘောပေါက်သွားခဲ့တယ်၊ အမိမြေမှာ လက်ရှိခေတ်စားနေတဲ့ မော်ဒန် အသုံး အနှုံးလေးတခုပါ (ဘန်းစကား လို့လည်း အသိအမှတ် ပြုကြပါတယ်) စကားပြောတဲ့နေရာမှာ ထောင် ဆိုတဲ့ စကားလုံးကို ထဲ့ထဲ့ပြီး ပြောနေကြတာလေ၊၊

တီထွင်တဲ့နေရာမှာတော့ ကိုယ့်မြန်မာမို့လို့ မြှေက်ပြောတာမဟုတ်ဘူးဗျ - ကမ္ဘာပေါ်မှာ တခြားလူမျိုးတွေ မတီထွင်ဘူး သေးတဲ့ တီထွင်မှုတွေကို သူတို့လုပ်တတ် တီထွင်တတ်ကြတယ်ဆိုရင် မမှားနိုင်ပါဘူး (စကားပြော တဲ့နေရာမှာနော်)၊ ........
ထူးဆန်းတာတခု ပြောပြရအုံးမယ် ၈၈ ကာလမတိုင်ခင်မှာ ခေတ်စားခဲ့တဲ့ အကြောင်းအရာလေး တခုပါ (ကောလဟလလား? အမှန်တကယ်လား? တော့ အသေအချာမသိပါ)၊ မွန်ပြည်နယ်မှာရှိတဲ့ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် (ရွာလွတ်ရွာ)မှာ ဂျပန်ခေတ်မှီ လူတယောက်ရှိခဲ့တယ်၊ သူဟာ လေယာဉ်တစီးစမ်းသပ် တည်ဆောက်နေတယ်လို့ ဦးနေ၀င်းကြီးကြားတာနဲ့ သူ့ကို ရန်ကုန်ကိုခေါ်ပြီး ထိန်းသိမ်း ခဲ့တယ်လို့ သိရတယ် (ကောလဟလ ဖြစ်ခဲ့ရင် ဤနေရာကနေ တောင်းပန်လိုက်ပါတယ်)။

ပြောချင်တာက မြန်မာတွေ တကယ်တော်တဲ့အကြောင်းပါ၊ အထက်က ပြောနေတဲ့ လက်ရှိ ခေတ်စားနေတဲ့ ၁ ထောင်ဖိုး၊ ၂ ထောင်ဖိုး၊ ၃ ထောင်ဖိုး၊ ဆိုတဲ့ အသုံးအနှုံးတွေဟာ ခေတ်ကာလပေါ်မူတည်ပြီး သရော်တဲ့စကား ခေတ်ကာလတခုရဲ့ အခြေအနေတခုကို ပြန်လည်ထင်ဟပ်နေတယ်လို့ ယူဆမိပါတယ်၊ လက်ရှိမြန်မာနိုင်ငံမှာ ကျနော်တို့ခေတ်ကလို ၅ပြား၊ ၁၀ပြား သုံးလို့ မရတော့ဘူးဆိုတာ လူတိုင်းသိကြမှပါ၊ (ကျေးဇူးရှင်တွေ ကြောင့်လေ)၊ ဒီတော့ ဒီခေတ်လူငယ်တွေဟာ ၁ ထောင်တန် သုံးနေတဲ့ခေတ်မို့လို့၊ စကားတွေ ပြောကြတဲ့အခါမယ် ထောင် ဆိုတဲ့ စကားကို ခေတ်သုံးဝေါဟာရတခုအဖြစ် သုံးနှုံး ပြောဆိုနေကြတယ်လို့ ယူဆမိပါတယ်၊ ကျနော်တို့ထက် အရင့်အရင် လူကြီးများနဲ့ ကျနော်တို့မြန်မာပြည်မှာ ရှိနေတုန်းကလည်း၊ အခုလို ခေတ်သုံး ဝေါဟာရ အသစ်အဆန်း တွေကို လူငယ်တွေကြားမှာ ပြောကြားနေကြရင်း၊ ကြာလာတာနဲ့ အမျှ နေ့တဒူဝ သုံးအဖြစ် လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားကာ အသုံးပြုလာကြတာပါပဲ၊ ဒီလိုဝေါဟာရ အသစ်တွေဟာ မြန်မာစကားမှာ အရမ်းခေတ်စားပြီး ကျန်တဲ့ တခြားဘာသာစကား တွေမှာလည်း အနည်းနဲ့ အများရှိတတ်ကြမှာပါ (ဒါပေမယ့် ကြားတော့ မကြားဖူးသလောက်ပါ)၊ ဒီစကား ဝေါဟာရတွေဟာ တရားဝင်သုံး၊ ရုံးသုံးဘာသာစကားများအဖြစ် အသိအမှတ် မပြုထားပေမယ့်လည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာတော့ အစဉ်ပြေစွာ သုံးနှုံးပြောဆိုနေကြပါတယ်၊ နောက်ပြီး ဒီလိုစကားအသုံးအနှုံး တွေကို အဓိက တီထွင်ကြတာက လူငယ် တွေပါပဲ၊ လူငယ်တွေဆိုတာ လူငယ်တွေပီပီ အသစ်ကို မြတ်နိုးတယ်၊ အသစ်ကိုရှာဖွေမယ်၊ ဖန်တီးမယ်၊ နောက်ပြီး အသုံးပြုမယ်၊ ခေတ်ဆိုတာကလည်း နောက်ပြန် နေတာမဟုတ်ပဲ ရှေ့ကိုသွားနေတာ ဖြစ်နေတော့ အသုံးအနှုံးတွေဟာလည်း အသစ်…..အသစ်တွေ ထွက်နေတာပါပဲလေ၊ ဒီနေရာမှာ မိခင် ဘာသာစကားကို ဖျောက်ဖျက် စေချင်တဲ့စိတ် အလျှဉ်းမရှိပါနော်။

ဒီလိုခေတ်နဲ့လိုက်ပြီး သုံးနှုံးနေတဲ့ စကားတွေထဲမှာ ကျနော်တို့ခေတ်မှာ သုံးနေခဲ့တဲ့ စကားလုံးလေးတွေ ရှိခဲ့တယ် - အဲ့ဒါက ဒိုး တော့မယ်ကွာဆိုတာ၊ ဒိုး = သွား ၊ သွားမယ်ဆိုသော စကားလုံးအစား ဒိုး တော့မယ်လို့ ပြောကြတယ်၊ ဒီစကားကို လက်ရှိ လူငယ်၊ လူကြီး၊ အားလုံးသိကြမှာပါ၊ နောက်ပြီး ဒီလိုစကား အသုံးအနှုံး များဟာ နေရာဒေသ တခုနှင့်တခု ဖလှယ် တာတွေကိုလည်း တွေ့ရမှာပါ၊ သိပ်မကြာခင် နှစ်တွေကမှ စသုံးခဲ့တဲ့ စကားလေးလုံးတွေ ဖြစ်တဲ့ ပါးပါးလေးတို့၊ အရမ်းလန်းတယ် တို့ဟာလည်း စကားလုံးအသစ် တွေပါပဲ၊ ဒီလိုမျိုး စကားလုံးလေးတွေဟာ လူငယ်တွေအဓိက ပြောကြပေမယ့် အသုံးပြုချိန်ကြာလာတာ နဲ့အမျှ လူကြီးများပါ နားရည်ဝလာကာ မသုံးဆွဲသည်ရှိသော နားလည်သော အဆင့်ကိုတော့ ရောက်ရှိလာခဲ့ ကြပါတယ်။

ဒီလိုပဲ မြန်မာလူငယ်တွေရဲ့ တီထွင်မှုနဲ့ ပတ်သက်ရင် နောက်ထပ် ချီးကျူးစရာလေး တခုလဲ ရှိသေးပါတယ်၊ မြန်မာစကားကိုပင် မြန်မာအချင်းချင်း မသိအောင် သွယ်ဝိုက်/ပြောင်းပြန်လှန်/အစားထိုးပြီး ပြောနေကြသော စကားများစွာပင် ရှိနေပါသေးတယ်၊ ကျနော်တို့ ငယ်ငယ်ကပင် တီထွင်ပြောဆိုခဲ့သော စကားများကို လက်ရှိလူငယ် တချို့ကလည်း ဆက်လက် သယ်ဆောင်လာကာ ပြောဆိုသုံးနှုံးနေကြပါတယ်၊ လက်ရှိခေတ် လူငယ်/လူကြီးများ သိရှိပြီးဖြစ်တဲ့ ဘန်းစကား/စကားဝှက် တွေထဲမှာ မိန်းမလျှာ များလို့ ပြောရမလား? အခြောက်တွေလို့ ပြောရမလား? Gayတွေ ပြောတဲ့ စကားဆိုရင် ယနေ့အထိ ခေတ်စား နေတုံးပါပဲ၊ ဥပမာလေး တွေ ပြောပြရမယ်ဆိုရင် …. ငေါတကာတို့က မော်ရကိန်းမတွေနော် … ယော်တကောက် ကျော်တကားတွေ မဟော်တကုတ်ဘူး … လော်တကာတော့ မထော်ရကိနဲ့ ၊ ဒေါ်ရကုတ်စော်ရကာ မော်ရကိသွားမယ် ၊ (ပြောနေရင်း ကျက်သီးတောင် ထလာပြီ ... အဟိ..အဟိ...) …. စကားရဲ့ ဆိုလိုရင်းက (ငါတို့က မိန်းမတွေနော် ယောင်္ကျားတွေမဟုတ်ဘူး လာတော့ မထိနဲ့ တုတ်စာ မိသွားမယ်)၊ ဒီလိုမျိုး စကားတွေကို၊ လူကြီးတချို့က မကြိုက်ကြဘူးဗျ၊ သူတို့က ဒီလိုမျိုး စကားတွေကြားရင် .. ဘာကောင်တွေလည်းကွ သောက်ရူးတွေလိုဘဲ .. မြန်မာစကားကို မြန်မာလိုပြောပေါ့နဲ့ စိတ်ဆိုးတတ် ကြပါတယ် … သူတို့ရဲ့ အမြင်အရ သူတို့အပြစ်မြင်တာလည်း သူတို့ရဲ့ အယူအဆနဲ့တော့ မှန်ချင်မှန်မှာပါ၊ ဒါပေမယ့် စကားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တီထွင်တာ အပြစ်မရှိဘူးလို့ မြင်ပါတယ်၊ သူနေရာနဲ့သူ လိုအပ်လာရင် လိုအပ်သလိုသုံးဖို့ အသုံးဝင်တယ်ဆိုတာ လက်တွေ့ ဖြစ်ကြုံဖူးသူတွေ သိကြမှာပါ။
ဥပမာအနေနဲ့ပြောပြရရင် …

ကျနော်တို့ ငယ်ငယ်တုန်းကပေါ့ … ကျောင်းပြေးရင်းနဲ့ ကန်တော်ကြီးပန်းခြံ ထဲကို မကြာခဏ ရောက်ဖြစ်ခဲ့တယ်၊ အဲ့ဒီမှာ လသာ၂ နဲ့ ဒဂုံ၁ ဘက်က ကျောင်းသားတွေနဲ့ ရန်စ’ တွေဖြစ်ခဲ့တယ်၊ အဲ့ဒီနှစ်တွေမှာ လသာ၂ က ကျောင်းသားတွေက ဂိုင် ဆိုတဲ့ ဘန်းစကားနဲ့ တချို့က ဟန် ဆိုတဲ့ စကားတွေကို အသုံးပြုကြတယ်၊ ကျနော်တို့က ကလေး ဆိုတဲ့ စကားနဲ့ သွပ် ဆိုတဲ့ စကားတွေကို စတင်ပြီး အသုံးပြု နေချိန်ပေါ့၊ လသာ ၂ က ကျောင်းသားတွေက ကျနော်တို့ကို ချောင်းရိုက်ဖို့ပြောနေတဲ့ စကားကို သူငယ်ချင်းတယောက်က ကြားသွားပြီး၊ ကျနော်တို့ကို အချိန်မှီသတင်းပေးလို့ လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ရတယ်… (ကိုယ်တွေက ရွှေကျွန်းသားတွေ ဆိုတော့ ဖြစ်လာရင် နောက်မကျ တတ်ကြဘူးလေ) ပြေးတာပဲ တကျိုးတည်း၊ ဒါကြောင့် ဒီလိုမျိုး စကားတွေဟာ တနေရာရာမှာ အသုံးဝင်တယ်ဆိုတာကို ပြောပြချင်တာပါ (ခလေးအတွေးလို့ ယူဆချင်ရင်လဲ သဘောပဲ)။

အထက်ကလို ဥပမာလေး တွေက ဘန်းစကား လေးတွေ အသုံးဝင်ပုံ တွေကို သက်သေတွေ ထူခဲ့ပါတယ်၊ မြန်မာတွေ ဒီလို စကားမျိုး အသစ်တီထွင် တတ်တာဟာ ယနေ့ခေတ်မှ မဟုတ်ပါဘူး၊ ကြားစကားတွေ အရ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကလည်း ဒီလိုမျိုး စကား အသုံးအနှုံးတွေ ဘန်းစကားတွေ တီထွင် တတ်ကြပါတယ်၊ စကားတွေကို မော်ဒန်ဖြစ်အောင် လုပ်တယ်၊ ဘန်းစကားတွေ ဖန်တီးတယ်၊ ဒါကြောင့် “ရင်ဘတ်တူသူများ ငါးထောင်ဖိုးလောက် ခံစားသွားနိုင်ပါတယ်”လို့ ကျနော်က ဒီပိုစ့်လေးမှာ ရေးခဲ့တာကို ကိုသားကြီးက ကွန်မန့်လာပေးရင် မေးမြန်းခဲ့လို့ အခုလို ပိုစ့်လေး တပုတ်အဖြစ် ရေးလိုက် မိတာပါ။
ဘေးကလန်း စကေးကလား သေးကလင် ချင်ရင် ကျနေးကလော်စီ လေးကလာပါနော်လို့ …. (ဒါက ကလေး လို့ ခေါ်တဲ့ စကား)
ငွပ်သာ ပြွတ်သောတာ မယွတ်သုံရင် သွပ်သူကို မွတ်သေး ကြွတ်သိပါလား လို့ .... (ဒါက သွပ် လို့ခေါ်တဲ့ စကား)
သတိ! ဘန်းစကား သင်တန်း ဖွင့်သည်၊ နောက်မကျကြေး ........

(မှတ်ချက် = ဘာရယ် မဟုတ် ဗဟုသုတ အဖြစ်နဲ့ ကိုသားကြီး သိချင်တဲ့ ငါးထောင်ဖိုး ဆိုတာကို ပိုစ့်လေး တပုတ်အဖြစ် မျှဝေလိုက်တာပါ ကိုသားကြီးရေ ဒီပိုစ့်ကိုသာ ဖတ်ကြည့်ပါတော့ဗျာ)
ကိုဇော်

13 comments:

kiki said...

အယ် .. ဘာဒွီဒုံး.. ဖွားမတိပူး.. ဖွားတို့ ခေတ်က ဗန်းစကား မပြော ဘူး ကွဲ့ .. ဇကော ဇလုံ စကားတွေပဲ ပြောခဲ့ကြတာ ... ဟားဟား ..

ဖွားကိ တို့ ခေတ်က ထောင်တန် မရှိသေးလို့ 
၉၀ တန် စကားတွေ ပဲ ပြောရရှာတာ ..

ကိုဇော်ထောင်က ဒဂုံ၁ ထောင် ကျောင်းသားကြီးလား...း)

အလုပ်တွေ ရှုပ်နေဆဲလား..

Anonymous said...

၃သောင်းဖိုးလောက်ဖတ်သွာတယ်
နောက်တခါလျှာလိမ်တဲ့စကားတွေ
မရေးပါနဲ့ဒီကဖတ်တတ်ဖူးရယ် :P

Nge Naing said...

ငါးပြားဆယ်ပြားကို ခုခေတ်မှာ မသုံးတော့ပေမဲ့ ကျွန်မစကားပြောရင်တော့ ပိုက်ဆံလေး နည်းနည်း ရဖို့အရေး ဒီလောက်အထိ အပင်ပမ်းမခံနိုင်ဘူးလို့ ပြောမည့်အစား ပိုက်ဆံလေး ငါးပြားဆယ်ပြားရဖို့အရရေး ဒီလောက်တောင် အပင်ပမ်းမခံနိုင်ဘူးလို့ ပြောနေတုန်းပဲ။
ဟိုခေတ်က ငါးပြားဆယ်ပြားက အခုခေတ်မှာ ထောင်နဲ့လာညီနေတာကိုး ခုခေတ်လူတွေတော့ ဘယ်ပြောတော့မလဲ။

ကိုလူထွေး said...

ဒေါတကီ ပေါတကိုစ့် ကို ကြောတကိုက် တယ် ကိုဇောတကော် ရေ...

ခေတ်ရဲ့ သရုပ်ကို ပေါ်လွင်စေပြီး လူငယ်ဘဝကို လည်း ပြန်အမှတ်ရစေတယ်...

းဝ)

ဂျူနို said...

မအယ် ခေါင်းတွေ တောင် မူးလာတယ်။
၅၀၀၀ဖိုးလောက် ပါခဲ့တယ်ဆိုတာ အများကြီး ပါခဲ့တဲ့ သဘောလား။ အဲ့လို လား။း(

Khyl said...

တများတို့က အီးစကားပြောတာ... ဟီးဟီး....


အူသီးက အောချီးတယ် ပေါ့ရေ.... ငှီးငှီး...

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ။ ဗန်းစကား စကောစကားတွေပါလား။
စိတ်ဝင်စားစရာကောင်းတယ်။းဝ(

ဒါပေမဲ့ အပြာရောင်စာလုံးတွေ မျက်စိကို အတော်ဒုက္ခပေးနေသလားလို့။း)

အဆင်ပြေ ပျော်ရွှင်ပါစေ။

သီဟသစ် said...

ကိုရင်ဇော်ရေ

လိုက်မမီပါလားဗျ
သင်တန်းမတက်တော့ဘူး..
အဲလိုမျိုးများ စာရေးရင် ခက်ဆစ်ပါ တစ်ခါတည်းဖွင့်ပေးပါလို့
:)

ခင်မင်စွာဖြင့်
သီဟသစ်

င မိုး said...

အ ခြောက် စ ကား တွေ မှတ် သား သွား ပါ ရဲ့

လ သာ ၂ က မိန်း က လေး ကျောင်း ပါ ဗျာ

ကျွန် တော် တို့ ဒ ဂုံ ၁ ကျောင်း သား တွေ မိန်း က လေး တွေ ချောင်း ရိုက် တာ တော့ မ ခံ ပါ ရ စေ နဲ့

ခြေလှမ်းသစ် said...

“ငမိုး” ရေ ဟုတ်ပါတယ်ဗျာ လသာ ၂ က မိန်းကလေး ကျောင်းပါ ကျနော်မှားရေးမိတာ တောင်းပန်ပါတယ်ဗျာ လသာ ၁ ပါဗျာ ... ဖြစ်ပျက်ခဲ့တာတွေက ဆယ်စုနှစ် ၂ ခုကျော်သွားလို့ အမှတ်မှားခဲ့တာ တောင်းပန်ပါတယ်ဗျာ ..
ကိုဇော်

Nge Naing said...

ကိုဇော် ဘလာ့ဂ်မှာ လာရေးထားတာ ဘာကိစ္စလဲမသိဘူး။ ကျွန်မကို မပြောဘဲနဲ့ ဘယ်လိုသိမလဲ။ ကျွန်မ မေးလ်လိပ်စာက ngenaing2008@gmail.com ပါ။ ဒါကို ကျွန်မ ဘလော့ဂ်က C-Box မှာ ရေးထားတဲ့ ကျွန်မနာမည် နှပ်လိုက်ရင်လည်း ပေါ်ပါတယ်။ ဒီပို့စ်နဲ့ မဆိုင် ပေမဲ့ C-box မရေးဘဲ ဒီမှာလာရေးရတာက ငယ်နိုင်အတုတွေ C-Box တွေများ ပေါက်ကရတွေ လျှောက်ရေးထားတာ တွေ့လို့ပါ။ C-Box မှာ ကျွန်မက နှုတ်ဆက်တာ တခုပဲ သုံးပါတယ်။ ကျန်တာ ဘာမှ မရေးဘူး။ နှုတ်ဆက်တဲ့ အကြောင်းအရာထက် ပိုပြောစရာ ရှိရင် ပို့စ်တခုခု အောက်မှာပဲ ပြောပါတယ်။ ကိုဇော် မေးလ်ပို့လိုက်ပါနော့်။

victorOway said...

သင်္ကြန်ဆိုတော့ပြောရဦးမယ်။ရှေ့ တန်းထွက်ရင်းတခူးနွေရဲ့ ပူပြင်းမှုတွေကြောင့် နောက်နှစ်အတွက်တောင်ယာခုတ်ထားတဲ့မီးလောင်ပြင်ကြီးကိုဖြတ်ရတာပူပြင်လို့ နေပေါ.။ မောလည်းမောဟိုက်၊ ဒီလိုနဲ့ -ဟိုးအဝေးကမြင်နေရတဲ့ထင်းရူးတောတန်းနဲ့ ဝါးရုံစိမ်းစိမ်းလေးထဲအရောက်သွားပြီးနားမှပဲဆိုပြီးအားတင်းရင်းသေနတ်ကိုထမ်း-- ၀ါးရုံစိမ်းစိမ်းလေးအောက်မှာ ပူအိုက်လွန်းလို့ ဆောင်းထားတဲ့ ဦးထုတ်ကိုချွတ်ပြီးယက်ခတ်ပြီး လေးနုအေးလေးကိုမျှော်ရှိုက်ရင်း--ရုတ်တရက်--ဗွမ်းဆို--ကျနော့ကျောပြင်ပေါ်သို့ အေးစက်လှတဲ့သင်္ကြန်ရေအေးလေး-ရင်ကိုလန်းဆန်းသွားတာပဲ-- ဘယ်သူလည်းလို့ ကြည့်လိုက်တော့--တောင်ပေါ်ကရင်ရွာထဲက ကလေးလေးတစ်ရောက် ကျနော့ကိုပြုံးပြီး-လက်တဘက်မှာလည်း ၀ါးဆစ်ဘူးလေးကိုင်လို့ --ကျနော့်တော်လှန်ရေးဘ၀မှာ-အဲဒီလိုရှားပါးတဲ့သင်္ကြန်လေးကိုသတိရနေဦးမှာပါ။

Dr. Myo Chit said...

တော်တော်ပေါကြောင်ကြောင်နိုင်တဲ့ post တစ်ခုပါ။ post တင်တဲ့လူအနေနဲ့

စဉ်းစားသင့်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ဒီလောက် မပေါသင့်ပါဘူး။