ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Thursday, December 3, 2009

တမူထူးတဲ့လူ



သူလည်း လူပဲ ...
ဦးနှောက်ရှိလို့ ... ဆုံးဖြတ်တတ်တယ်
အသွေးအသားနဲ့မို့ ... ခံစားတတ်တယ်
နှလုံးသားရှိလို့ ... ချစ်တတ်တယ်
မြန်မာမို့လို့ ... သတ္တိရှိတယ်
.......
သူလို့ တခြားမြန်မာတွေလည်း လူတွေပါပဲ ... ဒါပေမယ့် မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့
ခရီးတခုကို အတူတူ သွားနေကြတယ် .. ဒါပေမယ့် လားရာတော့ မတူညီကြဘူး ...
သူကဘာပြောလည်းဆိုတော့ ....

ဟိတ်!
ကိုယ့်လမ်း ..... ကိုယ်သွား
ကိုယ့်အလုပ် ..... ကိုယ်လုပ်
ကိုယ့်တာဝန် ..... ကိုယ်ကြေ
ကိုယ်သီလ ..... ကိုယ်လုံ
ကိုယ့်သမိုင်း ..... ကိုယ်ရေး
ဒါပဲ
ကျော်သူ


(မှတ်ချက် - ကိုကျော်သူရဲ့  ဓါတ်ပုံလေးကို အီးမေးလ်တခုက ရလိုက်ပြီး ... သူ့ဓါတ်ပုံလေးကိုကြည့်ကာ စိတ် မကောင်းအတော်ဖြစ်သွားခဲ့တယ် ... ဒါနဲ့ ဒီဓါတ်ပုံလေးကို ဘလောဂ့်ထဲမှာသိမ်းထားခြင်လို့ .. ရေးချင်တာ လေးတွေ နည်းနည်းရေးပြီး တင်ထားလိုက်တာပါ ..... အမှားပါရင် နားလည်ပေးပါ .... )

ကိုဇော်

11 comments:

Anonymous said...

ဟိတ်!
ကိုယ့်လမ်း ..... ကိုယ်သွား
ကိုယ့်အလုပ် ..... ကိုယ်လုပ်
ကိုယ့်တာဝန် ..... ကိုယ်ကြေ
ကိုယ်သီလ ..... ကိုယ်လုံ
ကိုယ့်သမိုင်း ..... ကိုယ်ရေး
ဒါပဲ
ကျော်သူ
ကြိုက်သွားပြီ ကိုဇော်ရေ..

လေးစားစွာဖြင့်

rose of sharon said...

ကိုကျော်သူကို လေးစားပါတယ်

kiki said...

သူ့ ရဲ့  လိုရင်း တိုရှင်း ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ အရေးအသား ၊ ယုံကြည်ချက်အတိုင်း မကြောက်မရွံ့ ၊
ဇွဲမလျှော့ပဲ လုပ်ရဲတဲ့ သတ္တိ ၊
လေးစားပြီးရင်း လေးစားရင်းပါ ၊ ကိုဇော်ရေ ။
သူ့ သမိုင်းကတော့ ကောင်းသောနာမည်နဲ့  တွင်ကျန်ခဲ့မှာပါ ။

Nge Naing said...

ဂုဏ်ပြုထားတဲ့ စာသားလေးတွေကို ကြိက်တယ်။ ဒါနဲ့ ဓါတ်ပုံ ကြည့်ပြီး ဘာဖြစ်လို့ စိတ်မကောင်းဖြစ်တာလဲ ကိုဇော်။

ဝက်ဝံလေး said...

လေးစားတယ် ဗျာ ...(ကျော်ဟိန်းလေသံဖြင့်)

လူရိုင်းလေး said...

ဟိတ်!

ကိုယ်ကြောက်.....ကိုယ်ခံ
ကိုယ်မတောင်း.....ကိုယ်မရ
ကိုယ့်အမျိုး.....ကိုယ်ချစ်
ကိုယ့်အကျင့်.....ကိုယ်သိ
ကိုယ့်လူမျိုး....ကိုယ်ဖန်တီး

ဦးကျော်သူကိုတော့ အတုခိုးတာ မဟုတ်ပါဘူး မြန်မာတွေရဲ့ စိတ်ဓာတ်ကို သဘောမကျလွန်းလို့ ရေးလိုက်မိချင်းဖြစ်ပါတယ် အမှားဖြစ်သွားရင် ခွင့်လွှတ်စေချင်ပါတယ်

ကိုယ့်ယုံကြည်ချက်အတိုင်း လျှောက်လှမ်းနေတဲ့ ဦးကျော်သူရေ လေးစားပါတယ်ဗျာ...

ahphyulay said...

မမှားဘူး လုံးဝပဲ။
နံရံ လေးဘက် ကာထားတဲ့  ဗမာပြည်ကြီးထဲမှာနေပြီး
အမှန်တွေကို အမှန်အတိုင်း ပြောရဲနေတဲ့  အနု ပညာရှင်
တစ်ယောက်ကို ဒိထက် ဂုဏ်ပြု သင့် ပါတယ်လို့ ။
သူတို့ လောကမှာ မော်ဂွန်း တင်ရမဲ့  တစ်ယောက် ထဲသောလူ
လို့ မြင်ပါတယ်။ တင်ပေးတဲ့ အတွက် သိပ်ကြိုက်ပြီး သိပ်ကျေးဇူး
တင်ပါကြောင်း......

သူကြီးမင်း (တုံးဖလား) said...

အတော်လေးကောင်းတဲ့ ကြုံးဝါးသံပါဘဲ။ လူတိုင်း သူလို စိတ်ဓါတ်ရှိရင်တော့ အားလုံးအဆင်ပြေမှာ သေချာပါတယ်။

ကိုလူထွေး said...

တကယ်တာဝန်ကျေကြောင်း သမိုင်းရေးနေသူတယောက်ပါပဲ ...
လေးစားစရာကောင်းတယ်...

ဘာလို့စိတ်မကောင်းဖြစ်ရတာလဲ ကိုဇော်ရ...

NweYoe said...

သူပြောတာ အရှင်းဆုံးပဲ ကိုဇော်၊း-)

(သတိတရ ရောက်ခဲ့ပါတယ်)

Unknown said...

ကောင်းတယ် ဗျာ......အခုလို့ ဖတ်ခွင့်၇တယ် ကိုဇေိာကို ကျေးဇူးတင်တယ်........ဦးကျော်သူက တမူးထူး တာ တင်မကဘူး.....တကယ်ကို ထူးတာပါ.....