ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, December 9, 2009

Write for Rights

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ၆၁ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ၊ ဒါပေမယ့်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများက ထိုပဋိဥာဉ်ကို ၀ိုင်းဝန်း လက်မှတ် ထိုးခဲ့ကြပြီး ပြောင်ပြောင်တင်းတင်းပင် လူ့အခွင့်အရေးများအား ဆက်လက်ချိုးဖေါက်နေကြတာကို ၀မ်းနည်း စွာပင် တွေ့မြင်နေရပါတယ်၊ ဒီလို လူ့အခွင့်အရေးများကို ချိုးဖေါက်နေသူများကတော့ အများစုမှာ အုပ်ချုပ်သူ လူတန်းစားများ၊ အာဏာပိုင်များနှင့် အအုပ်ချုပ်ခံ အရပ်သူ/အရပ်သား တချို့တို့ ဖြစ်နေပါတယ်။

သို့သော်လည်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကာ၊ အကာအကွယ်ပေး ထိန်းသိမ်းနေကြသော နိုင်ငံတချို့ကိုလည်း တွေ့မြင်ကြရမှာပါ၊ ထို လူ့အခွင့်အရေးများကို အချိုးဖောက်ခံနေရသော ကမ္ဘာပေါ်ရှိ လူသားများကို ကျောသား ရင်သားမခွဲခြားပဲ ညီရင်းအကို သွေးချင်းများသဖွယ် ချစ်ခင်လျှက် တစိုက်မတ်မတ် အကာအကွယ်ပေးနေသော ကမ္ဘာကျော်အဖွဲ့အစည်းကြီးများလည်း ဒုနဲ့ဒေးပါပဲ၊ ထိုထဲမှ နာမည်ကျော် လူသိများသော အဖွဲ့အစည်းတခုကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ခေါ်) Amnesty International ပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကြီးက ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးအချိုးဖေါက်ခံလူသားများအား မိမိတို့နှင့် သွေးမတော် သားမစပ်ပဲ လူသားချင်းစာနာမှုများထားကာ အကာအကွယ်ပေးလျှက်ရှိနေပါတယ်၊ ကမ္ဘာပေါ်ရှိလူသားများဟာ အသိပညာများ တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးသိမ်မွေ့လာကြပြီး၊ လူသားမှန်လျှင် မိမိနှင့် မျိုးမတူသူ အုပ်စုများဟု မခွဲခြားတော့ပဲ တသွေးတည်းတသားတည်းဟု အသိအမှတ်ပြုကာ၊ ကမ္ဘာ့အရှေ့ခြမ်းက မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုကို ကမ္ဘာ့အနောက်ခြမ်းက အမေရိကန်များ၊ ယူရိုပီယန် များက မတရားမှုဟုသတ်မှတ်ပြီး၊ ကမ္ဘာသိအောင် အော်ဟစ်တောင်းဆိုနေကြပါပြီ။

အထက်ကပြောခဲ့သော အသိပညာ ဆိုသည်မှာ အတန်းပညာများ၊ အသက်မွေး ပညာများကို ကျောင်း/တက္ကသိုလ်တက်ရောက်သင်ကြားခဲ့ကာ ဘွဲ့ရပြီးစီးလာခြင်းကို ဆိုလိုခြင်းမဟုတ်ပါ၊ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်၍၊ တရားခြင်း မတရားခြင်းကိုလည်း သိမြင်တတ်ခြင်းတို့ကို ဆိုလိုခြင်းပါ၊ မြန်မာနိုင်ငံမှာလည်း အသိပညာရှင်တွေ ဒုနဲ့ဒေးပါပဲ ဒါပေမယ့် အမှန်တရားကိုယနေ့အချိန်ထိ မမြင်နိုင်ပဲ မျက်လုံးမှိတ်နေကြကာ မတရားမှုများဘက်တွင် အသက်ရှင်ရပ်တည်လျှက် ရှိနေကြပါတယ်။
.....
ပြောနေရင်းနဲ့ လိုရင်းတောင် မရောက်တော့ဘူး၊ Amnesty International အဖွဲ့ကြီးက ဒီနှစ် လူ့အခွင့်အရေး ကြေငြာစာတမ်း နှစ်ပတ်လည်မှာ Global Write-a-thon! လို့ခေါ်တဲ့ Action တခု လုပ်နေပါတယ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိပါ၊ အသေးစိတ်ကို ဒီလင့်ခ် ကနေသွားကြည့်နိုင်ပါတယ် (ဒါကတော့ US အတွက်လင့်ခ်ပါ)၊ ၀မ်းသာစရာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် ၁ မှာ သတ်မှတ်ထားခြင်းပါ။

ဒီလိုနဲ့ ဒီဇင်ဘာ (၈)ရက်နေ့မှာ ကျနော်တို့ နယူးယောက် Upstate တ၀ိုက်မှာ တက်ကြွစွာ လူအခွင့်အရေး လှုပ်ရှားနေသူ (AI-USA) အဖွဲ့ဝင် (Patt) တို့ ဇနီးမောင်နှံနဲ့ အတူ ကျနော်တို့မြို့က ရွှေဝါရောင် ကိုယ်တော် နှစ်ပါးနှင့် New York ပြည်နယ် Herkimer မြို့  လေးရှိ Herkimer County Community College သို့ ချီတက်သွားကြကာ လက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့ကြပါတယ်၊ ကျောင်းသား ၂၀၀ ကျော် လာရောက် လက်မှတ်ထိုးပေးခဲ့ကြပါတယ်၊ ကျနော်နှင့်အတူ ရွှေဝါရောင်ကိုယ်တော်များကလည်း လက်မှတ်ဝိုင်းထိုး ပေးနေကြသော ကျောင်းသူ/ကျောင်းသားများကို မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးအချိုးဖေါက်ခံရခြင်း အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြပါတယ်၊ AI အဖွဲ့မှ - ရောက်ရှိလာသော ကျောင်းသူ/ကျောင်းသား များကို နွားနို့နှင့် ကွတ်ကီးများကြွေးကာ ဧည့်ခံခဲ့ကြပါတယ်၊ လက်မှတ်ထိုးပွဲကို နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပခဲ့ကြပါတယ်၊ ဒီနှစ် AI အဖွဲ့ရဲ့  Global Write-a-thon နဲ့ ပတ်သက်ပြီး နှစ်သက်မိတဲ့ စာသာလေးက Write for Rights တဲ့၊ ဒါကြောင့် ဒီစာသားလေးကို နှစ်သက်မိရင်း ဒီပိုစ့်လေးရဲ့ ခေါင်းစဉ်အဖြစ် ကူးချ ခဲ့ပါတယ်၊ မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးအပြည့်အ၀ရှိသော နိုင်ငံသစ်ကြီးဆီသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ….. အမှတ်တရ ဓါတ်ပုံတချို့ကို အောက်တွင် ဖေါ်ပြလိုက်ပါတယ်။
....
AI ဆိုင်းဘုတ်နှင့် HR ကြေငြာချက်များ

AI အဖွဲ့ဝင် ကျောင်းသားတစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပိုစတာ

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

ရွှေဝါရောင်ကိုယ်တော်များနှင့် Mr. Patt

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

(မှတ်ချက် - ကိုယ်ပိုင်အယူအဆများနှင့် လူ့အခွင့်အရေးကြေငြာစာတမ်းနှစ်ပတ်လည်နေ့အတွက် အမှတ်တရ တင်ပေးခြင်းပါ တပြိုင်နက်တည်း မြန်မာနိုင်ငံသားများ လက်သည်းစိတ်လို့ လက်ထိပ်နာ နိုင်ကြပါစေလို့ ... )
......
ကိုဇော်

11 comments:

Nge Naing said...

ကိုဇော်ရေ ဒီနေ့မှာ ဒီပို့စ်တင်တာ သိပ်ကောင်းတယ်။ ကျွန်မ ဘလော့ဂ်မှာလည်း တင်ထားပါတယ်။

ဂျူနို said...

ကိုဇော်ရေ
အချိန်ပေး ရေးထားတာတွေ ဖတ်ပြီး အချိန်ပေး တွေးရ အုန်းမယ်လို့ တွေးမိပါတယ်။

လက်သည်း စိတ်တိုင်း လက်ထိပ် မနာတတ်ပါဘူး ကိုဇော်ရေ ထုံနေရင် ပြောပါတယ်။



မအယ်

Anonymous said...

လက်သဲစိတ်တိုင်းသာ
လက်ထပ်နာနိုင်ရင် မြန်မာပြည်
ဒီမိုကရေစီ ရတာကြာလှပေါ့

ahphyulay said...

နောက်တစ်ခုရှိသေးတယ်လေ။
ကရိုင်စလာ ကားကုမဏ္စီ ကလုပ်တဲ့  ဘာလင်တံတိုင်းကြီးမှာ
နိုဘယ်လ် ဆုရှင်တွေ စုရုံးတက်ရောက်တဲ့ အခန်းအနား
ပြကွက်လေးလေ။ စိတ်မကောင်းဖြစ်ရသလို ကြည်နူးပီတိလဲ
ဖြစ်ရပါတယ်။ အမေစုအတွက်၊ ကြယ်လေးတပွင့် အတွက်ပါလို့ ။

rose of sharon said...

အတူတကွဆုတောင်းမိပါတယ်....

kiki said...

လူသားဆန်တဲ့  လူသားတွေ အတွက် အသက်တွေ ဘဝတွေ စွန့် လွှတ်ပေးအပ် ခဲ့ရသူများ အတွက် ဂုဏ်ယူ မိပါတယ် ။
ဒါပေမဲ့ ဘေးထိုင် ဘုပြော နေကြသူများ ကို တွေ့ရတိုင်း စိတ်မချမ်းသာ ဖြစ်ရတယ် ကိုဇော် ရေ...
လက်ထိပ်တင်မက .. တကိုယ်လုံး ရှိရှိသမျှ နဲ့  စိတ်ဓါတ်တွေ ထုံနေပေနေကြသူတွေ အတွက် ကုရာနတ္ထိ ဆေးမရှိ သလိုပဲ ...

ကိုလူထွေး said...

ဆိတ်မှနာ သာမှနေ... လို့ပြောင်းပြောရမလိုဖြစ်နေပြီ...

HRmyanmar said...

လေ့လာမှတ်သားသွားပါတယ် ကိုဇော်
ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဓါတ်ပုံတွေပါ အားပေးသွားပါတယ်ခင်ဗျ

လူရိုင်းလေး said...

အခုလို ရရင်ရသလို မြန်မာ့ ဒီမိုကရေစီရေး အတွက် ကြိုးစားနေတဲ့ ကိုဇော့်ကိုလဲ လေးစားပါတယ် ခင်မျာ

ဝက်ဝံလေး said...

အဟေးးအဟေးးးးးးးးးး ဆံပင် ကောက်ကောက်နဲ့ က ကိုဇော်ကြီးလားးးးးးးးးးး ဗျိုးးးးးးးးးးးး

အရိုင်း မတွေ့တာကြာပေါ့ နင် ဘယ်မှာသွားပုန်းနေလဲ ပြောစမ်းးးးးးးးးး ငါ့ကို နာဒေါ့မယ် နင်ဒေါ့လားးးးးးးး ဟွန့်

ဝက်ဝံလေး said...

ရော့ကွာာာာာာာာာာာ ၁၁ မီးငြိမ်းအောင် ၁၁ ခု ကွ ငှဲငှဲ