ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, December 16, 2009

Ticket တစောင်ကပေးသော အတွေး

ပြီးခဲ့တဲ့ Thanks Giving Holiday မှာ ရခဲ့တဲ့အတွေ့အကြုံလေးတခုကို မျှဝေပေးခြင်လို့ အောက်ပါပိုစ့်လေးကို ရေးလိုက်တာပါ ……….

နိုဝင်ဘာလကုန်ပတ်မှာ Thanks Giving Holiday အတွက် အလုပ်တွေပိတ်ခဲ့တယ်၊ အိမ်အသုံးဆောင် ပစ္စည်း တခုဝယ်ဖို့အတွက် Wal Mart ကို ကားလေးတစီးနဲ့ Shopping ထွက်ခဲ့ရင်း၊ အိမ်ဘေးနားက ကလေး တယောက်ကိုလည်း အဖေါ်အဖြစ်ခေါ်သွားမိခဲ့တယ်၊ သူက အသက် ၇ နှစ်အရွယ်လေးပါ၊ ကျနော်တို့နေတဲ့ NY မှာ ဆောင်းရာသီကို ရောက်နေပေမယ့်လည်း ဒီနှစ်မှာ Snow အရမ်းနည်းနေခဲ့တယ်၊ ဒါကြောင့် ဒီအချိန်မှာ ကားမောင်းလို့ ကောင်းနေတုန်းပါပဲ၊ ရာသီဥတုက သိပ်မအေးလှပေမယ့် စနိုးမရှိတော့ ကားတွေကလည်း လမ်းပေါ်မှာ အပြည့်ပါပဲ၊ ဒါနဲ့ပဲ ဒီက လေးကို အဖေါ်အဖြစ်ခေါ်သွားခဲ့ပါတယ်။

ဈေးဝယ်ပြီးအပြန်မှာ ကံဆိုးချင်တော့ မူးယစ်ဆေးဝါးစစ်ဆေးခြင်လို့ လမ်းကိုပိတ်ပြီး စစ်နေတဲ့ ရဲကား နှစ်စီးနဲ့ တိုးခဲ့တယ်၊ သူတို့က ဒီလိုမျိုးလမ်းပိတ်ပြီးစစ်တာ စစ်ခဲပါတယ်၊ ကျနော်လည်း ရှေ့က ကားများနည်းတူ တရွေ့ခြင်း ကားကို တစ်ဘီးခြင်းလှိမ့်ကာ မောင်းသွားခဲ့တယ်၊ ကျနော်တို့ကားကို ဓါတ်မီးနဲ့ထိုးပြီးကြည့်ရင်း ကားထဲက ကိုယ်တော်ချောလေးကို သွားတွေ့တော့ ကျနော့်ကားကို လမ်းဘေးထိုးပြီး ရပ်ခိုင်းလိုက်တယ်၊ ကျနော်လည်း အလိုက်တသိနဲ့လမ်းဘေးထိုးရပ်ခဲ့တာပေါ့၊ ၃ မိနစ်လောက်ကြာရင်ပဲ ရဲတယောက် ကားနား ရောက်လာပြီး ကားမောင်းလိုင်စင်ကိုတောင်းခဲ့တယ်၊ ပြီးတော့ သူက အထဲက ကလေးရဲ့ အသက်ကိုမေးတော့၊ ကျနော်က ၇ နှစ်ဖြစ်ကြောင်းပြန်ဖြေခဲ့တယ်၊ ဒါနဲ့သူက ဘာ့ကြောင့် ခလေးကားထိုင်ခုံမယူလာရလဲ မေးခဲ့တယ်လေ၊ ကျနော်ကလဲ ဘယ်ရမလဲ လေ့လာထားတဲ့ အတွေ့အကြေုံတွေကို ထုတ်သုံးပြီး ရဲကိုပြန်ပြော တော့တာပေါ့၊ ဘယ်ရမလဲ မြန်မာနိုင်ငံသားပဲ၊ သူများနိုင်ငံမှာ လာနေတယ်ဆိုပြီး အောက်ကြို့မယ်တော့ မထင်နဲ့ပါဘူး (လာနေရတာကိုပဲ ၀မ်းသာလှပါဘိ)၊ ဟုတ်တယ်မဟုတ်လား? ကျနော်က ရဲကို ဒီလိုပဲ ပြန်ဖြေ လိုက်တယ် “ဒီကလေးက ၇ နှစ်ပြည့်ပြီဗျ! ခလေးထိုင်ခုံ (Child Seat) မလိုတော့ဘူး” ရဲက ဘာပြန်ပြော လဲဆိုတော့ ဥပဒေမှာ ခလေးအသက် ၈ နှစ်ထိ ကားထိုင်ခုံလိုကြောင်းပြန်ပြောခဲ့တယ်၊ ကျနော်လည်း ပြန်မငြင်း ရဲတော့ Yes တွေသာ ထပ်ကာလုပ်ရင်း သူပေးလိုက်သော Ticket ကို ယူလိုက်ကာ အိမ်ပြန်လာခဲ့လိုက်တယ်။

Ticket ဆိုလို့ ရထားတို့ ကားတို့ စီးတဲ့ Ticket တော့ မဟုတ်ပါဘူးနော်၊ အမှု တခုခုကျူးလွန်တဲ့အခါ ရဲက ပေးလိုက်တဲ့၊ တရားရုံးတက်ရမယ့် Ticket လေးပါ၊ ဒီအချိန်မှာ တခါတည်းပြေးသတိရသွားတာက၊ အာရှက နိုင်ငံများနဲ့ အမိမြန်မာပြည်ကြီးကိုပေါ့၊ ငါတို့နိုင်ငံမှာဆို ကားထဲကနေ ခေါင်းကလေးပြူ လက်ကလေးထုတ်ပြီး ပရုတ်လုံးတွေကို ထမင်းတစ်နပ်စာ/ အရက်တစ်ပုလင်းစာ လောက် ပေးလိုက်ရင် ဘာအသံမှ ထွက်မှာမဟုတ် ဘူး၊ ဒီကောင်တွေမှ ကြီးကြယ်နေလိုက်တာလို့၊ တွေးမှသာတွေးရတာ မတွေးရဲဘူးဗျ၊ သူတို့ သိသွားရင် ဒီကောင်လာဘ်ထိုးဖို့ ကြံစည်နေတယ်ဆိုပြီး ကိုယ့်ကို နောက်ထပ်အမှုတခု ထပ်တိုးလိုက်မှာကြောက်နေမိတယ်၊ ဒီလို တာဝန်နှင့်ဥပဒေကို တန်ဖိုးထားတတ်တဲ့နိုင်ငံမှာ တခဏတာ လာရောက်နေထိုင်ခွင့်ရတာကိုပဲ အင်မတန်မှ ကျေနပ်နေမိတယ်လေ၊ လူတယောက်ရဲ့ဘ၀ရပ်တည်ခွင့်ကို အရသာရှိရှိကြီး ခံစား နေရတယ်ဆိုတော့ ဒီထက်ပိုပြီး စောဒကတော့ မတက်ခြင်တော့ပါဘူး၊ ဒီလောက်နဲ့ပဲကျေနပ်ပြီး ရလာတဲ့ Ticket ကို ယူကာ ကားကို အိမ်သို့ ပြန်မောင်းလာခဲ့မိတယ်။

အိမ်ကို ပြန်ရောက်တာနဲ့ အင်တာနက်မှာ Child Seat နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဟိုရှာဒီဖွေ လိုက်ကြည့် မိတော့ Ticket မရခင် November 24 ရက်နေ့ကပဲ ထွက်လာတဲ့ ဥပဒေအသစ်မှာ ခလေး အသက် ၈ နှစ်အထိ ခလေးထိုင်ခုံ သုံးရမယ်လို့တွေ့ရှိခဲ့တယ်၊ ဒါနဲ့ ကိုယ်က ရဲကို ပြန်ပြောခဲ့တဲ့ စကားကိုပဲ ပြန်ကြားယောင်ပြီး ရှက်နေမိခဲ့တယ်၊ ပြီးတော့ Ticket ထဲက ရုံးချိန်းရက်ကို ပြန်ကြည့်တော့ ရုံးတက်ဖို့ ပေးထားတဲ့ရက်စွဲက December 14 ရက်တဲ့၊ အဲ့ဒီနေ့ကိုပဲ ရုံးချိန်းရက်ကိုထိုင်စောင့်ကာ တရားရုံးတက်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့လိုက်တယ်။

December 14 ရက်နေ့ ညနေ ၃၊၀၀ နာရီ ရုံးချိန်းအချိန်ကို ရောက်ခဲ့လေပြီ၊ ချိန်းထားတဲ့ တရားရုံးက New York Mills Village Court ဒီလိုနဲ့ အလုပ်ထဲကနေခွင့်ယူပြီး ချိန်းထားတဲ့တရားရုံးကို ကားကလေးမောင်းပြီး တယောက်တည်းထွက်ခဲ့တယ်၊ တရားရုံးရောက်တော့ ကိုယ့်လိုလူတွေ အများကြီးတန်းစီးပြီးစောင့်နေကြတယ်၊ ၃၊၀၀ နာရီ ထိုးတာနဲ့ ကွက်တိ တရားသူကြီးက သူနေရာကို သူရောက်လာခဲ့တယ်၊ ဒါနဲ့ပဲ မြန်မာပြည်ကြီးကို ပြေးမြင်ယောင်ပါလေရော၊ မြန်မာနိုင်ငံကတရားသူကြီးတွေ အချိန်ကိုဘယ်လောက် လေးစားလည်းဆိုတာကို ပြန်လည်သတိရနေခဲ့တယ်၊ မြန်မာနိုင်ငံမှာဆို တခါတခါ တရားသူကြီးက တရားရုံးကို ရောက်မလာတတ်လို့ လူအုပ်ကြီးက စောင့်နေရတာ တမော၊ ၁ နာရီ ၂ နာရီ စောင့်ပြီးသည့်တိုင်အောင် သူတို့ရောက်မလာလို့ ရုံးစားရေးများက ရက်ချိန်းတွေပြန်ပေးပြီး မောင်းထုတ်ခဲ့တာလည်း အခါပေါင်းမနည်း၊ ခက်နေတာက ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကြီးကိုပဲ ခလုပ်တိုက် တိုက်နေမိတယ်၊ အုပ်ချုပ်မှုနှင့် တရားစီရင်ရေး ညံ့ဖြင်းတဲ့ ဒီနိုင်ငံ ကြီးအကြောင်းကို စဉ်းစားမိတိုင်း ရင်မောရပါဘိ၊ နောက်ပြီး မြန်မာနိုင်ငံမှာဆို တရားရုံးကို ပထမ စ ၀င်တာနဲ့ ရုံးစာရေးများကို အနားနားကပ်သွားပြီး မိမိ စာရင်း ပါမပါ သွားကြည့်ရန်ကိုပင် ပိုက်ပိုက်တို့ကို အားကိုးရပြီ၊ နောက်တခုက မှတ်ပုံတင်ပါလား? ဆိုသည့် ပြဿနာက ပထမ၊ မပါလာရင်တော့ ထုတ်တော့ ပိုက်ဆံ၊ မြန်မာပြည်မှာ ဖြစ်ပျက်နေတာက နောက်ပိုင်းဆို လမ်းဘေးမှာ တံတွေးထွေးရင်တောင် မှတ်ပုံတင်မေးမည့် အခြေအနေသို့ ရောက်တော့မည့်အလား? ဒီမှာတော့ ဒီလိုမဟုတ်၊ အမေရိကားကို နည်းမျိုးစုံနဲ့ ရောက်လာ တယ်ဆိုပေမယ့် တရားမ၀င် ၀င်ရောက်လာတဲ့ သူတွေတောင် သက်ဆိုင်တဲ့ပြည်နယ်များက လိုအပ်တဲ့ Points တွေ ရှိနေရင် မှတ်ပုံတင် ထုတ်ပေးကြတယ်၊ ဒါတွေကို တွေးမိတိုင်း အမိမြေက နိုင်ငံသားများကို အလွန်ပင် သနားကြင်နာမိနေတယ်၊ မိမိနိုင်ငံမှာမွေး မိမိနိုင်ငံမှာကြီးပြင်းပြီး မိမိနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ/သားတွေကိုတောင် မှတ်ပုံတင် မထုတ်ပေးတာ ဒုနဲ့ဒေးပါ။

ဒီအကြောင်းလေးတွေ တွေးနေရင်းနဲ့ပဲ …. တရားသူကြီးက မိမိအမည်ကို ခေါ်ခဲ့တယ်၊ တရားသူကြီးကို ဆက်ဆံ ရတာလည်း သူနဲ့ကိုယ်နဲ့ Co-worker တွေလိုပါပဲ၊ သူတို့မှာ- တရားသူကြီးဆိုပေမယ့် မောက်မာမှုတွေမရှိ၊ မိမိရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အလုပ်သဘောတရားကိုသာ ရှေးရှုနေကြတယ်၊ မြန်မာနိုင်ငံက တရားသူကြီးများဆို စကားကိုလည်း ပြောခြင်သလို၊ မပြောခြင်သလို၊ တလောကလုံးကပဲ သူတို့ လုပ်စာကို စားနေသယောင်ယောင်၊ ဒီနိုင်ငံမှာတော့ ဒီလိုမဟုတ် တရားခံရဲ့ အမှုကိုဖတ်ရင်း တရားခံတယောက် ဘာလိုအပ်နေသလဲဆိုတာကို အလိုလို အလိုက်သိတတ်ကြတယ်၊ တရားသူကြီးက … ကျနော်ကျူးလွန်တဲ့ အမှု ကို ဖတ်ပြပြီး … ဟုတ် မဟုတ် မေးခဲ့တယ်၊ ကျနော်ကလည်း Yes ပေါ့ …. ဒါနဲ့ သူက ထပ်ပြီး .. ဒီအပြစ်နဲ့ ပတ်သက်ပြီး Guilty or Not? I know that you are not guilty. ဒီစကားကို ကြားရင်းနဲ့ပဲ ကျနော် ရင်ထဲမှာ ပီတိတွေ ဖြစ်ပေါ်လာခဲ့တယ်၊ တရားခံကို ဘယ်လိုလွတ်မြောက်စေမလဲ ဆိုတာကို သူတို့ အလိုလို အလိုက်သိနေခဲ့တယ်၊ ဘယ်လောက် လေးစားစရာ ကောင်းလိုက်သလဲဆိုတာ၊ ကိုယ့်နိုင်ငံက လူမျိုးလား တခြားနိုင်ငံက လာရှုပ်တဲ့ လူမျိုးလား? သူတို့ မခွဲခြား၊ သူတို့ သိတာက အားလုံးဟာ လူသားတွေပဲ …. ကျနော် ဟာ တရားဝင်နေထိုင်နေတဲ့ လူလား? တရားမ၀င် နေထိုင်နေတဲ့ လူလား? သူ မမေးမြန်းခဲ့၊ သူမှာရှိတဲ့ အလုပ် တာဝန်ကိုသာသူလုပ်ဆောင်ခဲ့တယ်၊ ကျနော်သာ မြန်မာနိုင်ငံမှာ ဖြစ်ပြီး နိုင်ငံခြားသား တယောက် ဖြစ်ခဲ့မယ်ဆိုရင်၊ တရားသူကြီးနဲ့ တွေဖို့ကို စဉ်းစားလို့တောင် ရမှာမဟုတ်၊ တရားရုံးမှာ တမျက်စီးလှည်းတဲ့ လူကတောင် မှတ်ပုံတင်မရှိလို့ တရားရုံးအရိပ်ကို နင်းခိုင်းကြမှာမဟုတ် ..... အုပ်ချုပ်နေတဲ့ သူတွေကတောင် လူသားချင်းစာနာမှုဆိုတာကို နားမလည်နေမှတော့ လက်အောက်ငယ်သားများက ဘယ်လိုလုပ်သိနိုင်မှာလည်း၊ နောက်ပြီး လာဘ်ပေးလာဘ်ယူစနစ်ကြီးကို မိသားစုများ ဘ၀ရပ်တည်ရေးအတွက် တည်ဆောက်ထားတဲ့ နိုင်ငံကြီးမှာ ၀မ်းစာရေးအတွက် ဒီလိုဖြစ်နေကြတာ မထူးဆန်းတော့ပါဘူးလို့လည်းထင်မိတယ်။
............
ဒါနဲ့ တရားသူကြီး မေးခဲ့တဲ့ မေးခွန်းကိုတာ့ ဆုံးအောင် ပြန်ဖြေလိုက်ပါတယ် I am not guilty. I would like to see DA (District Attorney) ပေါ့၊ တရားသူကြီးက အမှုစာကို DA ထံ လက်လွှဲပေးပြီး၊ ကျနော်က DA နောက်ကနေ လိုက်သွားခဲ့တယ်၊ DA နဲ့ တွေ့တော့၊ ဒီတခါဟာ ပထမဦးဆုံး အကြိမ်ပါပေါ့၊ ဥပဒေပြောင်းသွား တာလည်း မသိလိုက်ပါဘူးပေါ့၊ နောက်တခါ ဘယ်တော့မှ မဖြစ်စေရပါဘူးပေါ့၊ ကျနော်တို့ကလည်း Refugee တွေပေါ့၊ ခလေးကလည်း Refugee ပါပဲ၊ New York က ဥပဒေတွေကို စတင်ပြီးလေ့လာနေတုန်းပါပေါ့၊ ဒီလိုတွေပြောပြီး အယူခံဝင်ခဲ့လိုက်တယ်၊ သိတယ်မဟုတ်လား မြန်မာနိုင်ငံသားပဲလေ ငိုတာကတော့ ဘာရမလဲ အားရပါးရပဲပေါ့ (ငိုပြတာနော် .. တကယ်မဟုတ်)၊ DA ကြွေသွားအောင်ကို ငိုပြလိုက်တာပေါ့၊ ဒါနဲ့ စေတနာ ကောင်းတဲ့ DA လို့ ပြောရမယ်ထင်တယ် (ဖါးထားတာ၊ ဖါးထားတာ)၊ နောက်တခါ ဒါမျိုးထပ်မလုပ်မိဖို့၊ ခလေး ထိုင်ခုံသုံးဖို့ ပြောဆိုကာ ကျနော့်အမှုကို Dismiss လုပ်ပေးလိုက်တယ်၊ ဒါနဲ့ တရားသူကြီးဆီကို ပြန်လာကာ တရားသူကြီးရဲ့ Dismiss အမိန့်ကို ကြားနာပြီး၊ ၀မ်းသာအားရနဲ့ အိမ်ပြန်လာခဲ့တော့တယ် ငါဒီကနေ့ ကံကောင်းပါလားလို့ Point လည်း မပေး ဒါဏ်ငွေလည်း မဆောင်ရ ……….

(မှတ်ချက် - မြန်မာပြည်၌ မိမိတွေ့ကြုံဖူးမှုများကို မှီငြမ်း၍ လက်ရှိဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို မျှဝေပေးခြင်းသာ)
ကိုဇော်

11 comments:

Nge Naing said...

လူတိုင်းလူတိုင်း ဥပဒေရဲ့ အကာအကွယ်ကို ခံစားပိုင်ခွင့် ရှိပါတယ်။ ဒါနဲ့ ကလေးထိုင်ခုံနဲ့ ထိုင်ရမှာက ရှစ်နှစ်အထိတောင်လား များလိုက်တာ။

စည်သူ said...

ကိုဇော်ရေ..
တင်ပြချက်လေး ကောင်းတယ်ဗျ..

DA ကလေ.. သီချင်းဆိုတာ ကျွန်တော် ကြားလိုက်တယ် ရင်ခုန်သံမမှန်အောင် ကိုယ့်ရဲ့ အသဲလေး.. ကျွေပြီးးးးးးးး ဟဲဟဲဟဲ..း)

ပျော်ရွှင်ပါစေ
စည်သူ။

Anonymous said...

DA ကြွေအောင်လုပ်တတ်တယ်ဆိုတော့
လာလေ့လာရအုံးမယ် သင်ပေးမှာလားဟင်?

လူရိုင်းလေး said...

DA က မိန်းကလေးပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ကိုဇော်ရေ ဒါကြောင့် ကြွေသွားတာပေါ့ နောက်ပိုင်းဆိုရင် ခါးပတ်တင်မဟုတ်ဘဲ ပိုပြီး လုံခြုံအောင် လက်ပတ် တွေ ခြေပတ်တွေ လည်ပင်းပတ်တွေပါ ဝတ်ခိုင်းနေမယ်ထင်တယ် :)

Anonymous said...

စာလေးလာဖတ်တယ်
ဟုတ်တယ်နော် မြန်မာပြည်ကြီးထဲက
အကောင်တွေ နဲ့တော့ တခြားဆီပေါ့

ရုံးပတေသီးလေး said...
This comment has been removed by the author.
Anonymous said...

ဗဟုသုတဖြစ်စေလို့ကျေးဇူးပါ
များများမျှဝေပေးစေချင်ပါတယ်

ခင်မင်စွာဖြင့်
လုံမလေး

HRmyanmar said...

လေ့လာမှတ်သားသွားပါတယ် ကိုဇော်ခင်ဗျ
DA ဘယ်လိုချုပ်လိုက်တာလဲ အစ်ကို
ပြောစရာတွေဖြစ်ကုန်ပြီနော်း)ိ

Unknown said...

ဟီးးးး ကျွန်တော်လဲ Ticket ရထားတယ်။
speedy ticket & traffic light ticket ၂ခုကို ရက်ပိုင်းအတွင်း ဆက်တိုက် ထိထားလို့ ဒီခရစ်စမတ်ကို ဘာပစ္စည်းမှာ ဝယ်တော့ဘူး။

မြစ်ကျိုးအင်း said...

ဘယ်အကြောင်းပဲပြောပြော နောက်ဆုံးတော့ မြန်မာပြည်ကြီးအကြောင်းပဲရောက်တာပဲ
မြန်မာပြည်မှာဆိုရင်လေ............ ဆိုပြီး မကောင်းတဲ့ ခံစားချက်တွေပဲ ကပ်ပါလာနေတယ်လေ။
တကယ်တော့ ကျနော်တို့ နိင်ငံက သဘာဝတရားက ပေးထားတဲ့ သယံဇာတတွေနဲ့ ပြည့်စုံလွန်းပါတယ်ဗျာ။
ူလူမှန်နေရာမှန် မရှိတာကြောင့်ပါ ....။

သူကြီးမင်း (တုံးဖလား) said...

နှိုင်းယှဉ်စရာရှိတော့လဲ နှိုင်းယှဉ်ရတာပေါ့ဗျာ။
ဒါမှလဲ ဗဟုသုတရကြမှာလေ။
တော်ကြာ ဘယ်နေရာရောက်ရောက် ငါတို့နှင့်အတူတူဘဲလို့ ထင်နေကြမှာ စိုးရိမ်ရတယ်လေ။

ဒါမျိုးလေးတွေက ပြည်ပရောက်သူတွေက မျှဝေပေးမှ သိခွင့်ရကြမှာလေ။

ပျော်ရွှင်ပါစေ။