ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Tuesday, January 26, 2010

ကရင်နှစ်သစ်ကူး ဖိတ်ကြားလွှာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့သို့ မြန်မာနိုင်ငံမှ နိုင်ငံသားများဟာ ၁၉၉၉ ခုနှစ်တွင် စတင်၍ အခြေချ နေထိုင်ရန် ရောက်ရှိလာခဲ့ကြပါတယ်၊ လက်ရှိအချိန် အထိလည်း လာရောက် နေကြဆဲပါ၊ အများစုမှာ ကရင်အမျိုးသားများ ဖြစ်ကြပြီး၊ လက်ရှိလူဦးရေ စုစုပေါင်းမှာ ၃၀၀၀ ကျော်မျှ ရှိလာပါပြီ၊ မြန်မာနိုင်ငံသား အားလုံးတွင် ကရင်အမျိုးသားများမှာ ၂၀၀၀ ခန့်ရှိကြပါတယ်။
ဤမြို့ရှိ မြန်မာနိုင်ငံသားများမှာ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသော အားဖြင့် ရိုးရာ ယဉ်ကျေးမှု ပွဲတော်များကို နေရာဒေသ၊ ရာသီဥတု၊ အချိန်ကာလအရ ကျင်းပလေ့ ရှိကြပါတယ်။

ကရင်အမျိုးသားများဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် တခုဖြစ်သော ကရင်နှစ်သစ်ကူးပွဲတော် ကိုလည်း နှစ်စဉ်လိုလို ( ၂၀၀၂ ခုနှစ်) မှ စတင်၍ ယူတီကာမြို့တွင် ကျင်းပလာခဲ့ကြတာဟာ ဒီနှစ်ဆိုရင် (၈) ကြိမ်မြောက် ပြည့်မြောက်ခဲ့ပါပြီ။

ကရင်အမျိုးသားပြက္ခဒိန်အရ ကရင်သက္ကရာဇ်ဟာ ယခုနှစ်တွင် ၂၇၄၉ ခုနှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်၊။ ယူတီကာ ကရင်နှစ်သစ်ကူး ပွဲတော်သို့ အနီးအနားရှိ မြို့များမှ မြန်မာနိုင်ငံသားများ အပြင် ဝေးလံသော တခြားပြည်နယ် များမှာလည်း နှစ်စဉ် လိုလို လာရောက် ပါဝင် ဆင်နွှဲကြပါတယ်၊ ယခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို အောက်ပါ အစီအစဉ် အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ် ….

အစီအစဉ် ပထမပိုင်း

နှစ်သစ်ကူး ဆုတောင်းခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်း

အထက်ပါ အစီအစဉ်ကို အောက်ပါ ဘုန်းတော်ကြီးကျောင်းနှင့် Church များတွင် သက်ဆိုင်ရာ ဘာသာအလိုက် နံနက် ၉ နာရီမှ ၁၁ နာရီ အထိ ဇန္န၀ါရီလ ၃၀ ရက်နေ့ ၂၀၁၀ ခုနှစ် (စနေနေ့) တွင် ပြုလုပ်သွားပါမည်။
(1) Tabernacle Baptist Church (Utica, NY)
(2) Utica Karen Church (Utica, NY)
(3) ရွှေဝါရောင် မဂ္ဂင်ကျောင်းတိုက် (Utica, NY)

အစီအစဉ် ဒုတိယပိုင်း

နှစ်သစ်ကူး အခမ်းအနား အစီအစဉ်ကတော့ …..

နေ့ရက် - ဇန္န၀ါရီလ (၃၀) ရက်နေ့ ၂၀၁၀ ခုနှစ် (စနေနေ့)
အချိန် - နံနက် ၁၁ နာရီ မှ ညနေ ၃ နာရီ ခွဲ အထိ
နေရာ - Mahawk Valley Community College (Gymnasium) 1101 Sharman Drive, Utica, NY 13501

ကရင်နှစ်သစ်ကူး ပွဲတော်သို့ ကရင်နှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေး ကိုယ်စား မြန်မာနိုင်ငံသား အားလုံးကို ဖိတ်ကြားလိုက်ပါတယ် ခင်ဗျား …….

(မှတ်ချက် - နှစ်သစ်ကူးပြီးရင် ဒို့မြို့က မြန်မာနိုင်ငံသားတွေ ဘယ်လောက် တော်ကြောင်း ဆက်လက် ကြွားသွားပါအုံးမည် စောင့်မျှော်ကြပါလို့ ....... )

ကိုဇော်

1 comments:

kiki said...

အဝေးရောက် တိုင်းရင်းသား များ စည်းလုံးညီညွတ်စွာ နေထိုင်ရင်း ကိုယ့်ယဉ်ကျေးမှု ပွဲတော်များ ဆက်လက် ကျင်းပနိုင်ကြတာ ဝမ်းသာစရာပါပဲ ။ ( ကိုယ့် ပြည်အတွင်းမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့  ကချင် မနောပွဲကတော့ အနှောက်အယှက်များစွာ နဲ့ လို့  ကြားလိုက်ရတယ်.... . အံ့  ရော .. အံ့ ရော.. )

နိုင်ဂံဂျားရောက် ရွှေမြန်မာ များ တော်ပုံ တော်ကြောင်း ကို သိလိုပါသည် .. စောင့်မျှော်လျှက်ပါ ကိုဇော်ရေ ။