ကရင်နှစ်သစ်ကူး ပွဲတော် အခမ်းအနား ကျင်းပရာ စင်မြင့်
Connecticut ပြည်နယ်မှ ခလေးငယ်လေး တယောက်မှ ကရင်ရိုးရာ တူရီယာ တခုဖြစ်သော တနသောတူ ခေါ် မြန်မာ အခေါ် (ဆောင်း) ဖြင့် တီးခတ် သီချင်း သီဆို နေစဉ်
တဆယ်ဝါ့ တာ့ဟယ် ကလိ ဟူ ခေါ်သော ၀ါးအလံတိုင် များဖြင့် ကပြ ဖျော်ဖြေရန် အစဉ်သင့် ဖြစ်နေကြသော ခလေးငယ်များ
တဆယ်ဝါ့ တာ့ဟယ် ကလိ ဟူ ခေါ်သော ကရင်ရိုးရာ ယဉ်ကျေးမှု အက တမျိုးဖြင့် ကပြ ဖျော်ဖြေ နေကြစဉ်
ကရင်အမျိုးသားများ၏ ဖိတ်ကြားမှုအရ လာရောက် ကပြ ဖျော်ဖြေ ခဲ့ကြသော ရခိုင် အမျိုးသမီးငယ်များ၏ ရခိုင် ခေတ်လေးခေတ် ရိုးရာ ယဉ်ကျေးမှု အက
ဤ ကနေ့ ကျရောက်သော ကရင် နှစ်သစ်ကူး မှာ အင်္ဂလိပ် ခုနှစ် ၂၀၀၉ ဒီဇင် ဘာလ ၁၆ရက်၊ မြန်မာ သက္ကရာဇ် ၁၃၇၀ ပြာသို လဆန်း ၁ ရက်နေ့၊ ကရင်အမျိုးသားများ ပြက္ခဒိန် ၂၇၄၉ ခုနှစ် သလေ လဆန်း ၁ ရက်နေ့ ဖြစ်ပါတယ်၊ ကရင့်အမျိုးသား ရိုးရာ ယဉ်ကျေးမှု များကို ဆက်လက် ထိန်းသိမ်းနိုင်ရန် နိုင်ငံ တကာ ရောက် ကရင် အမျိုးသားများက နှစ်စဉ်လိုလို နှစ်သစ်ကူး ပွဲတော်ကို ကျင်းပလေ့ ရှိကြပါတယ်၊ ကျနော်တို့ လက်ရှိ အခြေချ နေထိုင်နေသော ယူတီမြို့ တွင်လည်း ကရင် အမျိုးသားများဟာ မိမိတို့ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းသော အားဖြင့် နှစ်စဉ် လိုလို ကျင်းပလေ့ ရှိကြပါတယ်၊ သို့သော ရာသီဥတုနှင့် ပတ်ဝန်းကျင် အနေအထား အရ၊ ရက်၊ လ၊ နှစ် အတိအကျကို မကျင်းပနိုင်ခဲ့ကြပေ။
..............
ဒါကြောင့် ယခုနှစ် ယူတီကာမြို့၏ ကရင်နှစ်သစ်ကူး ပွဲတော်ကို January လ ၃၀ ရက် ၂၀၁၀ ခုနှစ် (မနေ့က)စနေနေ့ တွင် ကျင်းပ ခဲ့ကြပါတယ်၊ ရာသီဥတုမှာ အလွန် စိုးရွား နေသော်လည်း လူအများက ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသော အားဖြင့် တတပ်တအား ပါဝင် ဆင်နွှဲ ခဲ့ကြပါတယ်၊ ယခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်သို့ ယူတီကာမြို့ အနီးတ၀ိုက် ရှိ မြို့နယ်များမှ မြန်မာနိုင်ငံသားများ အပြင် တခြားပြည်နယ် များမှ မြန်မာနိုင်ငံ သားများ၊ ယူတီကာမြို့ရှိ Church များမှ သင်းအုပ် ဆရာများ၊ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာမှ ၀န်ထမ်းများနှင့် မြန်မာနိုင်ငံမှ ဘာသာ ပေါင်းစုံနှင့် လူမျိုး အသီးသီး များ အားတက် သရောဖြင့် တက်ရောက် ခဲ့ကြပါတယ်။
..............
(မှတ်ချက် - ယခင်နှစ်များတွင် အခမ်းအနားသို့ လူဦးရေ ၂၀၀၀ ကျော် တက်ရောက်ခဲ့သောလည်း၊ ယခုနှစ် ပွဲတော် ကျင်းပနေ ချိန်တွင် အပူချိန်မှာ ဇီးရိုးနှင့် မိုင်းနက်စ်သို့ ရောက်နေပါ ခဲ့ပါတယ်၊ ဒါကြောင့် လူဦးရေ တစ်ထောင်ခန့်သာ တက်ရောက်နိုင်ခဲ့ကြပါတယ်၊ ဗွီဒီယို မှတ်တမ်းများကိုလည်း အချိန်ရသလို တင်ပြပေးသွား ပါ့မယ်)
ကိုဇော်
8 comments:
ကရင်နှစ်သစ်ကူးပွဲလေးလာကြည့်တယ်
ပုံတွေက အကြီးချဲ့လိုမရပါလား
အဖွားက မျက်လုံးမှုံတယ်လေ မမြင်ရဖူးဖြစ်နေတယ်
ကိုဇော်က ကရင်လား
ဟုတ်ပ .. ပုံတွေ အကြီးချဲ့ ကြည့်လို့ မရဘူး ကိုဇော်ရေ ...
ကရင်စာ နဲ့ ရှမ်းစာ ၊ ဆင်တူသလိုလိုပဲနော်...
ကိုဇော် က နေတဲ့ ပုံလဲ မမြင်ပါလား ..း)
ဝါးညှပ်အကလေး ကပြပါ ..း)
ကရင်နှစ်သစ်ကူးပွဲ ကျင်းပတာ နောက်ကျတယ်နော့် ဆစ်ဒနီမှာတော့ ကြိုပြီး ကျင်းပတယ်။ ကရင်တွေက နေရာတိုင်းမှာ သိပ်ညီညွတ်တယ် ချီးကျူးစရာပဲ။ ဆစ်ဒနီမှာတုန်းကလည်း တော်တော်စည်တယ်။
အဖွားတို့ရှိတဲ့ ဧရာဝတီတိုင်းထဲက ရွာမှာဆို ကရင်နှစ်ကူး တအားပျော်ဖို့ကောင်းတာဗျာ
ပျော်ပွဲရွှင်ပွဲတွေ အများကြီးပဲ။ ဒုံးယိမ်းတွေက အပြိုင်အဆိုင် ၊ လှေလှော်ပြိုင်ပွဲ ၊ ချောတိုင်တက်ပွဲ၊ ဘော်လီဘောပွဲ ။ ဘောလုံးပွဲ တွေနဲ့ မမေ့နိင်လောက်အောင် ပျော်ဖို့ကောင်း တာပါပဲ။
နိင်ငံရပ်ခြားရောက်နေပေမယ့် ရိုးရာဓလေ့ကို ထိန်းသိမ်းတာ သိပ်ကောင်းတယ်။
ပျော်စရာကြီးပါလား။ ဒီမှာကတော့ ကရင်လူမျိုးနည်းလို့လားမသိဘူး။ ကရင်နှစ်သစ်ကူး မကြားမိဘူး။ နားမဖွင့်ထားလို့လဲ ဖြစ်နိုင်ပါတယ်လေ။
အဆင်ပြေပျော်ရွှင်ပါစေ။
ဓာတ်ပုံလေးတွေကြည့်ပြီး ကြည်နူးဝမ်းသာသွားပါတယ်ဗျာ
အမိနိုင်ငံပြင်ပရောက်နေပေမဲ့ ကိုယ့်ယဉ်ကျေးမှု အစဉ်အလာလေး
တွေတိုင်တစ်ပါးမှာလည်းပြသနိုင်တာတွေ့ ရတဲ့ အတွက်
ကြည်နူးပါတယ် ကရင်နှစ်သစ်ကူးဆိုပေမဲ့ လည်းဒါဟာ
မြန်မာနိုင်ငံကို ကိုယ်စားပြူတဲ့ အတွက် မြန်မာနိုင်ငံက တိုင်းရင်းသား
ယဉ်ကျေးမှု တစ်ခုဆိုလည်းမမှားပါဘူးဗျာ . . .:)
09428169604
Post a Comment